ဟိုတစ်နေ့က တန်ခူးရဲ့ သားသားလေးအကြောင်း ရေးထားတာလေးတွေ့လို့ အိမ်ကသမီးအကြောင်းဖောက်သည်ချရဦးမယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာက မဆွိတီတို့ မိသားစု မွေးရပ်မြေကို အလည်ပြန်ခဲ့ကြတယ်။ နယ်မှာရှိတဲ့ သမီးရဲ့ အဖေအိမ်ကိုရောက်တော့ သမီးက သိပ်ပျော်တာ။ သူတို့အိမ်နားမှာ ၀က်မွေးတဲ့လူတွေရှိတယ်။ ၀က်မွေးပုံကိုလည်းမေးဦး။ ခြံမရှိဘာမရှိနဲ့ ဒီတိုင်း လမ်းမှာ လွှတ်ထားတာဗျား။ ၀က်တွေက ဗွက်လူးတော့ လမ်းမှာလဲ ဗွက်အိုင်တစ်ချို့နဲ့ပေါ့။ ဒါကိုမြင်တော့ မဆွိတီက မကျေနပ်ဘူး။ လူတွေက စည်းကမ်းမရှိဘူး။ ၀က်မွေးတာတောင် လမ်းမှာမွေးတယ်။ လူတွေသွားရတာ ဒုက္ခရောက်တယ်။ နံလဲနံတာကိုး။ ဆယ်အိမ်ခေါင်းတို့ ဘာတို့ကို မတိုင်ဘူးလား။ ဆိုတော့ သူကဘာပြောတယ်ထင်တုန်း။ မွေးတဲ့သူကိုယ်တိုင်က ၁၀အိမ်ခေါင်းတဲ့လေ။ ကြက်တွေလဲလမ်းမမှာ အများကြီးပဲ(စားတဲ့ ကြက်အစစ်ကို ပြောတာနော် ... ဟွန့် ...)။ တကယ့်ကို တောရွာလေး ရောက်သွားသလိုပဲ။
အဲဒီဝက်တွေထဲက ၀က်မတစ်ကောင်က ၀က်သားလေးတွေပေါက်ပြီး နို့တိုက်နေတာကို သမီးက အထူးအဆန်းနဲ့ အနားကိုသွားသွားကြည့်နေတာ။ တံခါးဝမှာ တုတ်တစ်ချောင်းချထားလို့ ဘာလုပ်တာလဲမေးတော့ ၀က်အိမ်ထဲဝင်လာရင် မောင်းဖို့ဆိုပဲ။ မရွှေဂျူဂျူလက်တောင့်လောက်က ခြံတံခါးဖွင့်ထားတုံး အဲတုတ်ကိုကိုင်ပြီး ၀က်လာရင်ရိုက်ဖို့ဆိုပြီး ငုတ်တုတ်ထိုင်စောင့်နေလေရဲ့။
သင်္မီးအကိုဝမ်းကွဲတစ်ယောက်ရယ်၊ မဆွိတီရယ် ခြံတံခါးဖွင့်ပြီး သမီးအပြင်ဘက်မှာ ပတ်ဝန်းကျင် လေ့လာစူးစမ်းနေတာကို စောင့်ပေးနေရတယ်။ အဲဒီမှာ ကြက်မလေးတစ်ကောင်က အိမ်ခြံဝင်းနားလာပြီး ဟိုယက် ... ဒီယက် အစာရှာနေတာ။နောက်တော့ ကြက်ဖလေးတစ်ကောင်ရောက်လာပြီး ကြက်မလေးကို ရစ်တယ်ခေါ်မလား နောက်က တကောက်ကောက်လိုက် ပြီတော့ဘေးက ရစ်ရစ်ပြီး ပိုးနေတာ။ ကြက်တစ်စုံ အတူုတူ သွားလာနေကြတော့။ မဆွိတီကလည်း သမီးကို ထုံးစံအတိုင်း ကြုံတုံးလေးဆို သမီးရေ ကြက်မနဲ့ကြက်ဖ စုံတွဲ တွေ့လား။ Hen နဲ့ Rooster မတူဘူးနော်။ ကြက်ဖက အမြီးပိုရှည်တယ်၊ အကောင်ပိုကြီးတယ်။ အရောင်က ပိုရဲတယ်၊ ပိုစုံတယ်။ ကြက်မကတော့ ဟိုဘက်က ခပ်သေးသေး၊ အရောင်ခပ်ဖျော့ဖျော့ ။ တွေ့လား ၂ကောင် စုံတွဲလေး ဆိုတော့။ သမီးကဘာပြောတယ် မှတ်လဲ ...
" သူတို့က မင်္ဂလာဆောင်ပြီးပြီ မှို့လို့လား" တဲ့ ....
ကိုယ့်မှာ ရယ်လိုက်ရတာ။ မဂျူဂျုနဲ့တွေ့မှပဲ ကြက်တွေတောင် မင်္ဂလာဆောင်ရမလိုပဲနော်။
သမီးငယ်ငယ်ကတည်းက စလုံးက အိမ်အောက်ထပ်တွေမှာ မလေးတွေ မင်္ဂလာဆောင်တိုင်း ချက်ပြုတ်ကြ သီချင်းဆိုကြတာတွေကို တွေ့ဘူးနေတယ်။ အဲဒီတော့ မင်္ဂလာဆောင်တာဆိုတာ ကိုယ်ချစ်တဲ့သူနဲ့ အတူနေတာ ဘာညာ ရှင်းပြထားဘူးလို့ သူကသိနေတာ။ ဒါတောင် ၃နှစ်သမီးလောက်က သမီးကြီင်္းလာရင် မေမေနဲ့ မင်္ဂလာဆောင်မှာချည်း လုပ်နေလို့ မနဲရှင်းပြလိုက်ရသေးတယ်။
သံဝေဂ ...
2 minutes ago

































