Friday, September 30, 2011

Breaking news: မြစ်ဆုံဆည်တည်ဆောက်ခြင်းအား ရပ်ဆိုင်းထားမည်


ဝမ်းသာစရာ သတင်းကောင်းပါ။ မြစ်ဆုံအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသူများအားလုံးနှင့်အတူ  အတိုင်းအဆမရှိ ၀မ်းမြောက်မိပါသည်။ တစ်ဦးဆောင်သော် မရ။ တစ်သောင်းဆောင်သော်ရ`၏။


Credit to 11 media group.

မူရင်းလင့်ခ်


မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ PDF Print
Thursday, 29 September 2011 16:32
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။


“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။


နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သ၀ဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်သည့် အချက် ၅ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။
(Credit to The Voice Myanmar)

နိုင်ငံခြား သတင်းဋ္ဌာနများမှ Update သတင်းများ
ဘီဘီစီ မြန်မာပိုင်း အစီအစဉ်


Myanmar suspends dam project after rare outcry
Channel News Asia

Burma Suspends China Dam Project

  VOA

Myanmar Suspends dam project after rare outcry

Straits Times News


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို
11 media group 
PDF Print
Thursday, 29 September 2011 17:37

19 comments:

  1. အပြုသဘောဆောင်သော တိုးတက်မှု့များကို ၀မ်းမြောက်ဝမ်းသာ ထပ်တူထပ်မျှ ကြိုဆိုပါတယ် ခင်ဗျာ။

    ReplyDelete
  2. ၀မ်းသာစရာပါ သို့ ပေသိ Dam ဆောက်တာတော့ရပ်ထားမယ် မြေကြီးလုပ်ငန်းတွေ ဆက်လုပ်နေလား တောင်ကတုံးတွေ ဆက်တုံးနေလားကို ဆက်ပြီးစောင့်ကြည့်နေသင့်ပါတယ် Project တခုလုံးကိုရုပ်သိမ်းသင့်ပါတယ် ကျွန်တော်တို့ လိမ်ခံရတာများနေပြီလေ

    ReplyDelete
  3. An Asian Tour OperatorSeptember 30, 2011 at 4:30 PM

    ဟေးးးးးးးးးး

    ReplyDelete
  4. သတင်းမှန်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ စွိတီရေ။
    မြစ်ဧရာထာဝရအေးချမ်းစွာ စဉ်ဆက်မပြတ်စီးဆင်းနိုင်ပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. Ma Ma ,Thanks for sharing Good News!

    ReplyDelete
  6. အတိုင်းမသိ ၀မ်းသာမိပါတယ်။
    (လီယို)

    ReplyDelete
  7. we still need to monitor how they cease the project. really or not ??
    they said nuclear project is postponed but keep
    going on so how???

    ReplyDelete
  8. (Welcome)3
    (Welldone)3
    We have to wait for and watch it weather it's done as they said.I'm pleased for the moment.Tks for sharing good news.
    Gyidaw

    ReplyDelete
  9. they stop irrawaddy project.
    they start thanlwin project.

    ReplyDelete
  10. they stop irrawaddy project.
    they will start thanlwin project.
    twist and turn??

    ReplyDelete
  11. ဝမ်းသာစရာပါပဲ တီဆွိရေ..
    ဒါပေမယ့် အပေါ်မှာ မန့်ထားကြသလို တခြားဘာတွေ ထပ်လုပ်ဦးမလဲ စိတ်ပူရသေးတယ်..နော်
    ပျော်တာတောင် ကောင်းကောင်းမပြောနိုင်ဘူး စိတ်တထင့်ထင့်နဲ့း)
    ချစ်တဲ့
    ညီမ အိမ်မက်

    ReplyDelete
  12. ဝမ်းသာလွန်းလို့မျက်ရည်လည်မိတယ်ဆွိ‌ရေ...။

    ReplyDelete
  13. သတင်းလေးကို ဝမ်းမြောက် ဝမ်းသာကြိုဆိုပါတယ်။

    ReplyDelete
  14. ပျော်ထှာာာ
    ကျေးဇူးအစ်မ
း)

    ReplyDelete
  15. ဝမ်းသာစရာ မင်္ဂလာရှိတဲ့ သတင်းပါပဲ...

    ReplyDelete
  16. ဒီသတင်းကြားရတာ မဲပေါက်တာထက်တောင် ဝမ်းသာမိပါတယ်..
    တစ်နိုင်ငံလုံး စိတ်ချမ်းသာစေမဲ့သတင်းကောင်းဖြစ်ပါတယ်
    အားလုံးနဲ့ထပ်တူ ဝမ်းသာမိပါတယ်။

    ReplyDelete
  17. ဒီသတင်းကြားရတာ .. တို့လည်း ပျော်တယ်၊ ဝမ်းသာတယ်၊ မြန်မာနိုင်ငံတော်ကြီး သဘာဝအလှတရားများ မထိခိုက် မပျက်စီးစေဘဲ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျုပ်တို့ အားအင်တွေပိုတိုးလာပြီ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်တွေကို အသိပညာနဲ့ယှဉ်ပြီး လက်ခံကျင့်သုံးလို့ ခေတ်မီတဲ့ နိုင်ငံသားတွေအဖြစ် ကမ္ဘာကိုမြင်ခွင့်ရစေချင်တယ် . .(###ကိုယ့်နိုင်ငံချမ်းသာဖို့ (အန္တရာယ်မပေးတဲ့)အခြားနိုင်ငံပျက်အောင်လုပ်တဲ့ လူမဆန်တဲ့ အောက်တန်းစားစိတ်ဓါတ်စရိုက်နဲ့ အကောင်တွေကို မုန်းတယ်၊ ရွံတယ်၊ ရှုံ့ချတယ်။###)

    ReplyDelete
  18. အစ်မဆွိရေ...
    စုပေါင်းစွမ်းအားရဲ့ အောင်မြင်မှုရလာဒ်တစ်ခုပါဘဲနော်...။ တကယ်ကို ၀မ်းမြောက်မိပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်တွေ့ကျကျ ခံစားလိုက်ရသလိုပါဘဲရှင်..။

    ReplyDelete