ဂျူဂျူးအကြောင်းလေး လာ Update လုပ်ပါတယ်။
ဂျူဂျူက ဒီဇင်ဘာဖွားဆိုတော့ သူက အတန်းထဲမှာ အငယ်ဆုံးလို ဖြစ်နေတယ်။ ဒီလိုအရွယ်မှာ ခလေးတွေဟာ အသက် ၂လ ၃လလောက် ကွာရင်ကို တွေးခေါ်ပုံ၊ ရင့်ကျက်မှုချင်း မတူနိုင်တော့ တစ်ခါတရံမှာ ဂျူဂျူလေးဟာလည်း သူနဲ့ အတန်းတူတွေလောက်တော့ မရင့်ကျက် မတွေးခေါ်နိုင်တာကို တွေ့ရတယ်။
ဟိုတစ်လောက ကျောင်းက အတန်းတွင်း test အသေးလေးတွေ စစ်တော့ သင်္ချာမှာ ပုစ္ဆာ၂ပုဒ်၃ပုဒ်လောက်က မှား မှားနေတယ်။ ပြန်စစ်ကြည့်လိုက်တော့ သူက မေးခွန်းကိုသေချာမဖတ်တဲ့အပြင် တွေးတာကလဲတစ်မျိုးဖြစ်နေတယ်။
ဥပမာ ယုန်ကလေးမှာ မုံလာဥ ၁၀ဥရှိတယ်။ သူက တစ်ချို့ကို စားပြီးတဲ့ အခါမှာ ၄ဥပဲကျန်တယ်။ ယုန်ကလေး မုံလာဥ ဘယ်နှစ်ဥ စားလိုက်လဲ။
အဲလိုမေးခွန်းမျိုးဆို ဂျူဂျူက ဘယ်လိုတွက်လဲဆိုတော့
10 - 6 = 4
အဲဒီတော့ သူ့အဖြေက ၄ ဖြစ်နေရော .... အဲဒါအပေါ်က မေးခွန်းကို ထပ်မဖတ်ပဲနဲ့ အဖြေနေရာမှာ ၄ ဆိုရေးတော့ ဆရာမက cross ကြီးကြီးကို ခြစ်ပေးလိုက်တော့တာပါပဲ။
ဒါနဲ့ သမီးအဲလိုမဟုတ်ဘူးလေ။ ၁၀ခုမှာ ယုန်လေးက စားလိုက်လို့ ၄ခုပဲ ကျန်တော့ စားလိုက်တာက ၆ခု... အဖြေက ၆ ဖြစ်ရမှာပေါ့ဆို။
သူက အနှုတ်ဆို ရှိတဲ့ အထဲက စားပစ်လိုက်တာနှုတ် ကျန်တာက ၄ဥပဲ။ ဘယ်လောက်စားလိုက်လဲဆိုတာလဲသူသိတယ်။ ဒါပေမဲ့ အဖြေက ကျန်တဲ့ ၄ပဲ ... အဲသလိုတွေ ဖြစ်နေလို့ မနဲရှင်းပြပြီး သင်ပေးနေရတယ်။
နောက်ပိုင်းတော့ မေးခွန်းဟောင်းတွေများများလုပ်ရင်းနဲ့ တဖြေးဖြေးတော့ နားလည်လာပါပြီ။
ပြီးခဲ့တဲ့ အပတ်ကပဲ ဂျူဂျူတို့ စာမေးပွဲတွေဖြေရတယ်။ SA1 လို့ခေါ်ပါတယ်။ (semesterial assessment 1) ပေါ့။ အင်္ဂလိပ်စာနဲ့ သင်္ချာက အမှတ် ၄၀%လောက်စီ ယူပါတယ်။ နောက် SA2 ကျရင် အမှတ်၄၀%၊ အတန်းတွင်းTest တွေ ၊ ပရောဂျက်ကလေးတွေက အမှတ်၂၀%၊ စုစုပေါင်း ၁၀၀% ပေါ့။ သူ့ကိုမေးခွန်းဟောင်းတွေ ၁၀စုံ ၁၅ စုံလောက် ဖိလုပ်ပေးပြီးတဲ့ ခါမှာတော့ တော်တော်လေးကို တိုးတက်လာတာတွေ့ရပါတယ်။ သင်္ချာဆို ကူမွန်ကလဲ တက်ထားတော့ ၁ကနေ ၂၀ အထိက အပေါင်းအနှုတ်ကို စိတ်နဲ့တင် တွက်တတ်နေပါပြီ။ အဲဒါကြောင့် အပေါ်က ပုစ္ဆာမျိုးဆို သူက အဖြေကို စိတ်က ကြိုသိနေပြီး တိုက်ရိုက်ရေးချလိုက်တော့ အတွေးတွေက တလွဲတွေဖြစ်ကုန်တာလဲ ပါပါတယ်။ တရုတ်စာကတော့ SA1 အတွက် ကဗျာလေးတစ်ပုဒ်ပဲ ရွတ်ရပါတယ်။အသံထွက်မှန်မှန်နဲ့ ဟန်အမူအယာလေးပါ လုပ်ပြရပါတယ်။
ခလေးက ငယ်သေးတော့ စာမှာ စိတ်ဝင်စားရကောင်းမှန်းလဲ မသိသေးပါဘူး။ ဆရာမတွေ အိမ်စာပေးရင် သူကျေပွန်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိပါတယ်။ အဲဒီထက်တော့ ပိုမလုပ်ဘူး။ မအေက ပိုတတ်အောင် ဆရာမသင်တာအပြင် ထပ်သင်ပေးတော့မယ်ဆို တီချယ်က အဲဒါမလုပ်ခိုင်းဘူးလေဆို လုပ်ခိုင်းလို့မရပါဘူး။ စာမေးပွဲဆိုတာလဲ serious ထားရကောင်းမှန်း မသိသေးပါဘူး။ မအေလုပ်သူက စာမေးပွဲတွင်းကြီး မှို့ စာဖိလုပ်ရမယ်ပြောရင် စာမေးပွဲတွင်းဆိုတာ ဘာလဲလို့ မေးပြန်တယ်။
မနေ့ညကလဲ ကျောင်းက SA1 အမှတ်တွေ ရလာတာကို မအေလုပ်သူကို မပြောဘူး။ ရုံးရောက်တော့မှ အဒေါ်လုပ်သူက ဖုန်းလှမ်းဆက်တယ်။ အမှတ်တွေ သိရပြီ။ မနက်ကျမှ ဂျူဂျူးကပြောလို့ သူလက်မှတ်ထိုးပြီး ပြန်ပေးလိုက်သတဲ့။ သင်္ချာက ၁၀၀ ပေးတာမှာ ၉၈ မှတ်ရသတဲ့။ အင်္ဂလိပ်ကတော့ ၅၆ ပေးတာ ၅၁ မှတ်ရသတဲ့။ မအေလုပ်သူကတော့ သမီးစာမေးပွဲဖြေပြီး အမှတ်ဘယ်လောက်များ ရမလဲလို့ စိတ်ဝင်တစား မျှော်နေရတာ။ သူကတော့ အမှတ်ရလာတာကို မေ့နေသတဲ့လေ။ အဲဒါသမီး အမှတ်က အတန်းထဲမှာ ဘယ်လိုနေလဲ။ ဘယ်အဆင့်လောက်ရှိလဲ။ ဘေးက သူငယ်ချင်းတွေရော ဘယ်လောက်ရကြသလဲဆို ... ဂျူဂျူ မသိဘူးချည်းပြောတာပဲ။
သူလဲ စာမေးပွဲတွင်းတုံးက တော်တော်ပင်ပင်ပန်းပန်းလုပ်ထားရတော့ စာမေးပွဲတွေ ပြီးသွားတော့ မအေလုပ်သူက သနားလို့ အနားပေးထားပါတယ်။ ၂ရက်၃ရက်လောက် မဂျူဂျူတို့ free ရိုက်နေတာ။ ကူမွန်ကတော့ ပျက်လို့မရဘူး။ တစ်နေ့ တစ်အုပ်ကတော့ လုပ်ရတာပဲ။ ဒါတောင် စနေနေ့က အိမ်ကို ဧည့်သည်တွေလာလို့ ကူမွန်ကို မလုပ်လိုက်ရဘူး။ တနင်္ဂနွေရောက်တော့ မအေ အခန်းထဲ လှဲပြီး အနားယူနေတုံး သူကလဲ ဘေးမှာ TV ကြည့် ။ ပါးစပ်ကလဲ အငြိမ်မနေ။ ကုတင်ပေါ်လဲ ဆော့လိုက်။ တစ်ခါတစ်လေလဲ မအေအိပ်ပျော်ခါနီး လာနှိုးလိုနှိုး။ မအေမျက်လုံး အတင်းဆွဲဖွင့်လိုဖွင့် လုပ်နေလို့ မအေအိပ်နေတုံး ငြိမ်ငြိမ်နေ မနှောက်ယှက်ရဘူးပြောလိုက်တော့ ငြိမ်ပြီး TV ဆက်ကြည့်နေတယ်။
မအေလုပ်သူကလဲ အိပ်မပျော် နိုးတ၀က်။ ခဏနေနိုးလာတော့ မဂျူဂျူတို့ TV ကြည့်ကောင်းတုံး။ ကူမွန်ကလဲ မနေ့က အကြွေးနဲ့ ၂ရက်စာ ၂အုပ်ဖြစ်နေတာ သတိရတယ်။ ဒါနဲ့ ကိုယ်ကလဲ လျော့လျော့ပေါ့ပေါ့ စဉ်းစားပြီး ပြောလိုက်တာပါ။ ကူမွန်စာအုပ်လေးဖွင့်။ ခဲတံလေး ခဲဖျက်လေးချပေးပြီး " သမီးရေ ... ကူမွန်တွေ တွက်ရဦးမယ်နော် ... အဲမှာ အဆင်သင့် ရေးရအောင် အမေ ပြင်ပေးတားတယ်။ အရင်လို အချိန်လဲ မမှတ်တော့ဘူး။ သမီး TV လေးကြည့်လိုက် ... ပျင်းရင် ကူမွန်လေး လာရေးလိုက် ... ပျင်းတိုင်းလာရေးနေနော် " လို့ ပြောလိုက်မိတာ ... ဟမ်မလေး မဂျူဂျူ ပြန်ပြောလိုက်တာက တစ်ခွန်းတည်း။
" မေမေ ဂျူဂျူ ခု မပျင်းသေးဘူး ... " တဲ့
ထုံစံအတိုင်း ဒေါ်ဆွိတီတို့ ဘာပြန်ပြောရမှန်းမသိလို့ ပါးစပ်အဟောင်းသား၊ ဒါမျိုးကျ ဂျူဂျူတို့ ရင့်ကျက်ချက်တော့။
ဟားဟား။ ဖတ်ရင်းနောက်ဆုံး တကြောင်းမှ ပြုံးသွားတယ်။
ReplyDeleteဂျူဂျူ့အကြောင်းလေးတွေဖတ်ရတာချစ်စရာ၊ ပြုံးချင်စရာလေး။ ငယ်ဘ၀ကိုလဲ ပြန်သတိရမိတယ်။
ReplyDeleteအဲလို တမူထူးပြီး လွဲတဲ့ ကလေးတွေက ကြီးလာရင် ထူးချွန်တာပဲ။
ReplyDelete:)
ဟဲဟဲ .. ဒါမှ တို့ ညီမလေးကွ
ReplyDeleteရေစင်တို့ကျောင်းက SA1 မဖြေရဘူး တီဆွိရေ
ReplyDeleteမပျင်းသေးတာ..အမှန်အတိုင်းပြောတာလေ...း)))
ReplyDelete" မေမေ ဂျူဂျူ ခု မပျင်းသေးဘူး ... "
ReplyDeleteချစ်စရာလေး..အဲဒါနဲ့ အမ...ကြွေသွားပီး ခွင့်လွှတ်လိုက်ရရော..ဟုတ်
Primary 1 ပဲရှိသေးတဲ့ ကလေးပိစိကို ဘာတွေ လောဘတကြီး တွန်းနေသလဲ... တီတီဆွိနော်...
ReplyDeleteကလေးကိုများ သွားပြီး စာမေးပွဲတွင်းလေး ဘာလေးနဲ့... ဟိုက အခုလို ပြန်မေးသွားတာ့ ကောင်းရော...
ဒီသမီးလေးရဲ့ အပြောကို အားရတယ်... ခွိ... ခွိ...
ကလေး လေး ကချစ်စရာလေးနော် မပျင်းသေးဘူးတဲ့
ReplyDeletecute & intelligent girl..Ju Ju
ReplyDeleteမ (ခင်ပလိုက်ပြီနော် :D) ခွင့်ပြုနော်
ReplyDeleteဂျူဂျူးလေးကချစ်စရာ..
တွေးပုံလေးတွေက..