Wednesday, January 12, 2011
ဝက်သားတုတ်ထိုး၊ ကြာဆံကြော် ...
မဆွိတီတို့ ရန်ကုန်မှာ ဝက်သားတုတ်ထိုး စားရုံတင် အားမရလို့ အိမ်မှာလဲ လုပ်စားပါတယ်။ (ရောက်ရောက်ချင်း နောက်တစ်ပတ်ပါပဲ ... တိန် ... း)
ဝက်သားပြုတ်ခြင်း
Wet market က လတ်လတ်ဆတ်ဆတ် အူချို ၇၀၀ ဂရမ်၊ အသဲ ၃၀၀ ဂရမ်၊ အသား ၅၀၀ ဂရမ် ဝယ်ပါတယ်။ စလုံးက wet market တွေမှာ ကလီစာအစုံမရဘူးခင်ည။ နှလုံးတို့ ကျောက်ကပ်တို့တော့ မစားတတ်လို့ မဝယ်ခဲ့ဘူး။ (ဝက်ကလီစာဝယ်ရင် NTUC တို့ ရှန်စောင်းတို့က မဝယ်ပါနဲ့။ သူတို့က wet market ကလောက် မလတ်ဆတ်လို့ပါ။ )
အိမ်ရောက်တော့ အူချိုတွေကို မလှီးဖြတ်ပဲ မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ် မျာများထည့်ပြီး ၃ကြိမ်လောက် သေချာနယ်ပြီး ဆေးလိုက်ပါတယ်။ (အူချိုက အထဲက အစာတွေမှို့ ရေနဲ့ အထဲကို ဆေးစရာမလိုပါဘူး)။ အသားနဲ့ အသဲကိုတော့ လှီးလို့ကောင်းအောင် အတုံးကြီးကြီးတုံးထားပါတယ်။
အထက်ပါ ကလီစာ ၁.၅ ကေဂျီခန့်ကို ဆားလဖ္ဘက်ရည် တစ်ဇွန်း၊ သကြားလဖ္ဘက်ရည် ၂ဇွန်း၊ ပဲငံပြာရည်အချိုရည် ၇ဇွန်း၊ အနောက်ရည် ၃ဇွန်းခန့်၊ ခရုဆီ ၇ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် ဇွန်းတစ်ဝက်ခန့်၊ တရုတ်မဆလာ နှစ်ဇွန်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါတယ်။ အသဲကိုတော့ ဟင်းအိုးချခါနီးမှ ထည့်မှာမှို့ နယ်ပြီး သတ်သတ်ခွဲထားပါတယ်။
ပြီးရင် ကလီစာတွေကို အိုးထဲထည့် ဆီစားပွဲဇွန်း ၂ဇွန်း၊ နာနတ်ပွင့် ၅ပွင့်ခန့်၊ ထန်းလျှက်၂လုံး၊ ဂျင်းတစ်လက်မလောက်ကို ပါးပါးလှီးထည့်ပြီး မီးအနေတော်နဲ့ (medium) တယ်ပါတယ်။ ရေခန်းသွားရင် ကလီစာတွေ မြုပ်အောင်ရေထပ်ထည့်ပြီး မီးအေးအေးနဲ့ အဖုံးပိတ်ပြီး တည်ပါတယ်။ ကြက်ဥ ၃-၄လုံးလောက်ကိုလဲ ပြုတ်၊ အခွံနွှာပြီး အိုးထဲထည့်ပြုတ်ပါတယ်။
ဝက်အူချို ကျက်ချိန်နဲ့ ဝက်အသားနူးချိန်က အတူတူလောက်ပါပဲ။ ၄၅မိနစ်-၁နာရီလောက်ဆို ကျက်ပါပြီ။ ဝက်အူက အရမ်းပျော့သွားရင်လဲ မကောင်းပါဘူး။ ကိုယ့်စိတ်ကြိုက် အနေမှာ မြည်းပြီး ချနိူင်ပါတယ်။ ဟင်းအိုးချခါနီးမှ အသဲတွေကို ၅မိနစ်ခန့် ထည့်ပြုတ်ပါ။ အသဲက ကြာကြာပြုတ်ရင် မာတတ်လို့ပါ။ ဟင်းအိုးချရင် အရည်တစ်ဝက်လောက်နဲ့ ချပါ။ နောက်မှို့ဆို ဝက်သားတုတ်ထိုးက ခြောက်ခြောက်ကြီးနဲ့ စားမကောင်းလို့ပါ။ အဲဒီအရည်ကလဲ ကြာဆံကြော်နဲ့ ဆမ်းစားရင်ကောင်းမှကောင်းကိုး။
ကြာဆံကြော်ခြင်း
ကြာဆံကြော်လေးကလဲ ပူပူနွေးနွေး စားချင့်စဖွယ်လေးဖြစ်မှ ဝက်သားတုတ်ထိုးနဲ့ လိုက်ဖက်မှာပါ။ ရန်ကုန်မှာ စားခဲ့တုံးက ကြာဆံကြော်ဆို လာချပေးတာ အေးစက်နေတော့ စားရတာ အရသာပျက်လှတယ်။
ကြာဆံ အထုတ်ကြီး တစ်ထုတ်ခွဲလောက်ကို ရေစိမ်ပြီး ခပ်မာမာလေး ပြုတ်ထားပါတယ်။ အိမ်မှာတော့ Chilli brand ကြာဆံကို သုံးပါတယ်။
ကြာဆံအေးသွားရင် ဇလုံခပ်ကြီးကြီးထဲမှာ ကြာဆံကို ကပ်ကြေးနဲ့ အနည်းငယ်ညှပ်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ဆား၊သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီတို့နဲ့ နယ်ပါတယ်။ ကြာဆံတွေကပ်ပြီး လုံးနေရင် ရေအေး အနည်းငယ်ဖြန်းပြီး နယ်ပါ။
ဂေါ်ဖီထုတ် အစိမ်းရောင် အထုတ်ကြီး တစ်ဝက်လောက်ကို လေးထောင့်ပုံ ခပ်ကြီးကြီးတွေလှီးထားပါ။ မုန်ညင်းစိမ်း (အခါး) တစ်ပင်၊ တရုတ်နံနံ ၄-၅ပင်ကိုလည်း တစ်လက်မလောက်စီ လှီးဖြတ်ထားပါ။
ဝက်အူချောင်း၅ချောင်းလောက်ကို ခပ်ပါးပါး၊ အစောင်းလေးတွေ လှီးထားပါ။ ပထမဆုံး non sticker ဒယ်အိုးခပ်ကြီးကြီးထဲ ဝက်အူချောင်းကို ရေမြုတ်အောင်ထည့်ပြီး အရင်ပြုတ်ပါတယ်။ ရေခန်းတော့ ဆီ စားပွဲဇွန်း ၁၀ဇွန်းခန့်ထည့်ပြီး ကြော်ပါတယ်။
ဝက်အူချောင်းတွေ မွှေးပြီး ကျက်လာရင် ဂေါ်ဖီနဲ့ မုန်ညင်းလှီးထားတာတွေ ထည့်ကြော်ပါတယ်။ ကြော်နေတုံး ဆားလဖက်ရည်ဇွန်းတစ်ဝက်၊ သကြား၂ဇွန်း၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အနောက်ရည် တစ်ဇွန်း၊ အကြည်ရည် ၂ဇွန်းခန့် တို့ကိုလဲ ထည့်ပြီး မွှေပါတယ်။ တရုတ်နံနံကို နောက်ဆုံးမှ ထည့်ကြော်ပါတယ်။ အရွက်တွေအားလုံး ကျက်သွားရင် အဖတ်တွေကို သတ်သတ် ဆယ်ထားပါတယ်။ (ဆီနဲ့ဟင်းအရည်တွေ ဒယ်အိုးထဲမှာ ကျန်ပါမယ်)
စောနက အရွက်ကြော်က စစ်ထားတဲ့ ဆီနဲ့ရေ အရောကို ရေတွေခန်းသွားအောင်တည်လိုက်ပါ။ ဆီနဲရင်ထပ်ထည့်ပြီး ကြက်သွန်ဖြူ chop လုပ်ထားတာလေးတွေ ထည့်ကြော်တယ်။ ကြက်သွန်ဖြူမွှေးလာရင် ကြာဆံနယ်ထားတာ ထည့်ကြော်ပါတယ်။ ကြာဆံမကပ်အောင် ရေများများဖြန်းပြီး ကြော်ပေးရပါတယ်။ ဒါမှ ကြာဆံကြော်က စိုစိုလေးနဲ့ ပိုစားကောင်းပါတယ်။ ကြာဆံကို non-sticker အိုးနဲ့ကြော်ရင် အကပ်သက်သာပါတယ်။ ရိုးရိုးအိုးနဲ့ဆို ကပ်တာနဲ့ ကြော်ရတာ သိပ်ခက်ပါတယ်။ ၄-၅ မိနစ်ကြော်လို့ ကြာဆံကျက်ပြီဆို ခုနက ဆယ်ထားတဲ့ ဟင်းရွက်ကြော် အပေါ်ကလောင်းထည့်ပြီး ချနိူင်ပါပြီ။
အချည်ရည်ဖျော်ခြင်း
ကြက်သွန်ဖြူ၊ ဂျင်းကို ညက်ညက်ပါအောင်ထောင်း၊ မန်ကျည်းရေ၊ ငရုပ်ဆီ၊ ထန်းလျက်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကို ရောကျိုပါတယ်။ ကျိုထားတာ ပွက်ပွက်ဆူလာရင် အပေါ့၊အငံမြည်း၊ လိုတာစိတ်ကြိုက်ထပ်ထည့် ချလို့ရပါပြီ။ အေးသွားရင် ငရုပ်သီးမှုန့် အကျက်မှုန့် အနည်းငယ်ထည့်ဖျော်ပါ။ ကြာဆံကြော်နဲ့စားမဲ့ အချဉ်ရည်ကို ခပ်ကျဲကျဲဖျော်ကြပါတယ်။ ငရုပ်ဆီကတော့ sin sin extra hot ကို သုံးပါတယ်။
ပွဲပြင်ခြင်း
ဝက်အူချောင်းကို တစ်လက်မခန့်စီ လှီးပြီးကြော်ထားပါ။
ဝက်သားတုတ်ထိုးက အသားတွေ၊ အသဲတွေကို ပါးပါးလှီး၊ အူချိုကိုလည်း တစ်လက်မအရွယ်လောက်စီလှီးပြီး ဟင်းရည်ထဲ ပြန်နှစ်ထားပါတယ်။ (ဟင်းရည်ထဲက နာနတ်ပွင့်တွေနဲ့ ဂျင်းတွေကို ဆယ်ပြီး လွှတ်ပစ်ပါ)။
ကြာဆံကြော်ကို ပန်းကန်ထဲထည့်၊ အပေါ်က ဝက်အူချောင်း၊ ဝက်သားတုတ်ထိုးလှီးထားတာထည့်၊ အချဉ်ရည်ရွှဲရွှဲဆမ်း၊ ဟင်းအရည်ဆမ်း၊ အစပ်ကြိုက်ရင် ငရုပ်သီး အကျက်မှုန့်ပါဖြူးပြီး စားနိူင်ပါပြီ။ ( ဂလု ... ကိုယ်တိုင်လည်း ပြန်ဖတ်ပြီး ဂလုပါတယ်ခည) ...
အားပေးကြပါဦး ... ပူပူနွေးနွေး ဝက်သားတုတ်ထိုး ကြာဆံကြော်။
25 comments:
  1. အဟင့်.. စားချင်တယ်နော်.. တီဆွိပုံတွေကြည့်ပြီး သွားရည်ကျနေရတယ်.. ဒီမှာတော့ သက်သတ်လွတ်စားနေရတယ်..
    ReplyDelete
  2. မနက်ကတင် ကြာဇံတော့ ကြော်စားလိုက်တာ..
    ဝက်သားတုတ်ထိုးတော့ မစားဖြစ်တာကြာပြီ။
    ဘာလို့လဲ ဆိုတော့ တုတ်နဲ့ မထိုးမိတော့ဘူး။ ခရင်းနဲ့ပဲ ထိုးပြီး စားလိုက်မိလို့.. ဝက်သားခရင်းထိုး ဖြစ်သွားတယ် ဟီးးးးးးးးးးး
    ReplyDelete
  3. ကြာဇံကြော်နဲ့ ဒုတ်ထိုး ဘယ်တော့မှ မရိုးဘူး။ နေ့လည်စာ မစားခင် လာကြည့်လိုက်တာ ဗိုက်ဆာသွားပြီ ဗျာ
    ReplyDelete
  4. မနက်စောစောစီးစီးရုံးမှာ အလုပ်မလုပ်သေးပဲ မဆွိရဲ့ ပို.စ်ကိုဖတ်တာ ဗိုက်တောင်ဆာလာပြီဗျို. ၊ စားချင်စရာကြီး၊ ပင်နဆူလာမှာ ဆိုင်ဖွင့်လိုရပြီ ၊ ကွန်မန်.ရေးတဲ့သူတွေကို 80% discount ပေး ၊ အမြတ်မရ အရင်းပါမကျန်အောင် လာအားပေးပါ့မယ် ၊
    ReplyDelete
  5. စားချင်တယ်ဒါလဲ ရန်ကုန် ပြန်ရမလို စင်ကာပူပဲသွားရမလို ဖြစ်နေပြီ
    ReplyDelete
  6. စားချင်လိုက်တာ.. အိမ်လည်ဖိတ်ပါဗျိုးးးးး)
    ReplyDelete
  7. စလုံးရောက်ရင် မယ်ဆွိတို့အိမ် ရောက်အောင်ဝင်မယ်..
    ဘယ်ဗျာ ..လူကို ဓါတ်ပုံတွေပဲ ပြပြပြီးနှိပ်စက်နေတာ..
    ReplyDelete
  8. မဆွိ ရေ
    အခုတောင်ပြေးစားချင်လာပြီ ရန်ကုန်ရောက်ရင် အဲဒီ၂မျိုး ရယ် မုန့်ဟင်းခါး ရယ် အရင်စားတယ် မန်းလေး ကကြာဇံကြော်နဲ့ ဒုတ်ထိုးက အဲလောက်မကောင်းဘူး
    ဒုတ်ထိုးတော့ လုပ်မစားဘူးဘူး
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  9. အိမ်ကကောင် လုပ်မကျွေးတာ ကြာပေါ့။။ သွားရည် ကျသွားတယ်..
    ReplyDelete
  10. အိပ်ရာထဲက မထသေးဘဲ ကွေးရင်းဖတ်ပြီး သွားရည်ကျသွားတယ်။ ဗိုက်ဆာလာပြီ ......
    ReplyDelete
  11. များနေပြီ... များနေပြီ... နည်းနည်းတော့ များနေပြီနော် ဒေါ်ဆွီတီ...
    တကယ်ပါ ပုံတွေကြည့်ပြီး ဝက်သားမကြိုက်တဲ့သူတောင် အဲလို ကြာဆံကြော်လေးနဲ့ အချဉ်လေးနဲ့ တုတ်ထိုးလေး နဲနဲလောက်နဲ့ စားချင်လာတယ်...
    ReplyDelete
  12. ဗိုက်ဆာတဲ့အချိန် ၀င်လာတာ အစာအသောက်နဲ့ တန်းတိုးလို့ ကြည့်လိုက်တော့ ကိုယ်မစားတဲ့စားစရာတွေပဲ ဖြစ်နေတယ်။ အိမ်က တယောက်နေရာမှာ ၀င်ပြီး ၀က်သားဒုတ်ထိုးတွေကို သွားရည်ယိုသွားတယ်။
    ReplyDelete
  13. He he
    I like that.I like that .
    ReplyDelete
  14. A ma , thanks for sharing,like it too much,not only this one, all of your posts, you are so sweet
    ReplyDelete
  15. Singapore မှာ ၀ယ်နိုင် တဲ့ တရုတ်မဆလာ Brand လေး တဆိတ်လောက်
    Ma Sweety
    ReplyDelete
  16. တရုတ်မဆလာကို 5 spices လို့ ခေါ်ပါတယ်။ brand ရယ်လို့တော့ မသိဘူး။ အောက်ထပ်က ကုန်စုံဆိုင်လေးတွေမှာ 5 spices လို့သာ မေးဝယ်လိုက်၊ သိကြပါတယ်။ NTUC မှာလဲ spices တွေထားတဲ့နေရာမှာ 5 spices ဆိုတာ ရှိပါတယ်တဲ့။
    http://en.wikipedia.org/wiki/Five-spice_powder
    ReplyDelete
  17. အူချိုမစားရတာကြာပြီ။ တ၀ကြီးစားသွားပါတယ်။
    ReplyDelete
  18. do you know which is the good brand of tee kway? i see a lot of them nowadays in NTUC, bakeries but i don't know which brand to choose.
    do you know how to fry it too?
    many thanks!
    ReplyDelete
  19. ၀က်သားတုတ်ထိုးလုပ်စားချင်နေတာကြာပြီ ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတာ
    ကျေးဇူးပါ ပြောရင်းနဲတောင်စားချင်လာပြီ
    ReplyDelete
  20. အမ .. အကယ်လို့  ထန်းလျက်မရှိလို့  မထည့်ရင်ရော .. အရသာ တစ်မျိုးပြောင်းသွားနိုင်လည်းမသိဘူး .. နောက် တရုတ်မဆလာ အစား ရန်ကုန်ကလာတဲ့ ကုလားလေး မဆလာ သုံးလို့ ရလားမသိဘူးနော် ..
    ခင်မင်စွာဖြင့်
    April
    ReplyDelete
  21. ၀က်သားတုတ်ထိုးကို ကုလားလေးမဆလာထည့်လို့တော့ မဖြစ်ဘူးနဲ့တူတယ်။ မရှိရင် မထည့်တာက ပိုကောင်းလိမ့်မယ်နော်။
    နာနတ်ပွင့်ထည့်ရင်လဲ တရုတ်မဆလာမထည့်လဲရပါတယ်။ နာနတ်ပွင့်ကတော့ ဘယ်နေရာမဆိုဝယ်ရတာ လွယ်တယ်လေ။
    ReplyDelete
  22. မေ့နေလို့။ ထန်းလျှက်အစား သကြားလေးထည့်လဲရပါတယ် ။
    ReplyDelete
  23. Thanks you so much I want to making ;)
    ReplyDelete
  24. တီဆွိရေ အဲ့နာနတ်ပွင့်က ဘယ်နေရာမဆို ဆိုတော့ NTUC မှာရော ရလား ဟင် english လိုဘယ်လိုခေါ်လဲဟင်
    စီတီးဟောဆိုလဲ ဘယ်ဆိုင်မှာဝယ်လို့ ၇လဲခင်ဗျ
    ReplyDelete
    Replies
    1. City Hall မှာတော့သေချာမသိဘူး။ HDB အောက်ထပ်တွေမှာ ရောင်းတဲ့ ဆိုင်လေးတွေမှာလဲ ရပါတယ်။ ကုလား ကုန်စုံဆိုင် လိုဟာမျိုးမှာလဲ ရပါတယ်။ NTUC မှာ သေချာပေါက်ရှိပါတယ်။ Star Anise လို့ခေါ်ပါတယ်။
      Delete