Monday, May 17, 2021
ပထမဆုံး ဆိုင်က မုံညင်းချဉ်နှစ်ထုပ်ကို တစ်လက်မကျော်ကျော် အရှည်လေးတွေ ဖြတ်ပြီး အချောင်းလေးတွေ ပြန်လှီးပါ။
ပြီးရင် မံညင်းချဉ်တွေကို ရေခဲသေတ္တာထဲ ခဏပြောင်းထည့်ထားပါ။
မုံညင်းချဉ် အရည်တွေကို လွှင့်မပစ်ပဲ မုံလာပန်းပွင့် တစိတ်၊ မုံလာဥနီ ၂ဥခန့် ပါးပါး အစိတ်လေးတွေလှီးပြီး ချဉ်အောင် ပြန်စိမ်ပါမယ်၊
.
အချဉ်ရည်မလောက်တတ်လို့ မုံလာဖတ်တွေ မြုတ်အောင် ရှာလကာရည် အနည်းငယ်၊ ရေ အနဲငယ် ရောထည့်နိူင်ပါတယ်။ သကြား စားပွဲဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး ၂ရက် ၃ရက်ခန့် ချဉ်လာသည်အထိ စိမ်ထားပါ။
မုံလာချဉ် စ နယ်ပါတော့မယ်။
ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့ မုံညင်းချဉ်၊ မုံလာပန်းပွင့်၊ ဥနီအချဉ် စိမ်ထားတာတွေကို အရည်တွေစစ်ပြီး အားလုံးရောလိုက်ပါ။ အချဉ်ရေ အနည်းငယ် ပါအောင် ထည့်ပါ။
ပြီးရင် ကြံသကာအခဲ ချေပြီးသား စားပွဲဇွန်း တစ်ဇွန်းခွဲခန့် ၊ ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ ငရုပ်သီး အရောင်တင် (sweet paprika) စားပွဲဇွန်း တစ်ဇွန်း၊ နံနံမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်၊ ဇီယာ မှုန့် လက်ဖက်စားဇွန်း ၄ပုံတစ်ပုံ ခန့်တို့ကို သမအောင် ရောမွှေပေးပါ။
ပုံအချို့ကို google မှ ယူပါတယ်။ credit to original uploader.




No comments:
Post a Comment