Wednesday, September 22, 2010

မှိုကန်ဇွန်း အစပ်ကြော် ...

မှိုဆိုလို့ ရန်ကုန်မှာနေတုံးကတော့ ကောက်ရိုးမှိုတွေ သိပ်ပေါတာ။ မဆွိတီတို့နေတာက မြို့အစွန်ဆိုတော့ စားပင်၊ သီးပင်စိုက်တဲ့ ခြံတွေပေါတယ်။ မှိုစိုက်တဲ့နေရာတွေက လာရောင်းကြတယ်ထင်တာပဲ။ မပွင့်သေးတဲ့ မှိုအလုံးလိုက်လေးတွေလဲရတယ်။ ကန်ဇွန်းရွက်နဲ့ ကြော်စား သိပ်ချိုတာ။ ကန်ဇွန်းကတော့ မှိုအဆိတ်အတောက်ပြယ်အောင် ထည့်ကြော်ရတယ်လို့ အဖွားပြောတာ ကြားဘူးတာပဲ။

အလွမ်းပြေ ကောက်ရိုးမှို (အင်္ဂလိပ်လိုလဲ straw mushroom ပဲခေါ်ပါတယ် ) ...



original picture link

စလုံးရောက်တော့ စားသောက်ဆိုင်တွေမှာ မှိုကန်ဇွန်းဆို မှာလိုက်ရင် မှိုက စည်သွပ်ဘူးထဲက ဖောက်တဲ့မှိုတွေ ဖြစ်နေတတ်တယ်။ အရသာကလဲ လတ်လတ်ဆတ်ဆတ် ကောက်ရိုးမှိုနဲ့ တခြားစီပါပဲ။ ဒါနဲ့ အိမ်မှာကြော်စားမယ်ဆို NTUC မှာ လိုက်ရှာတော့ မှိုက ဈေးကြီးတယ်။ တစ်ထုတ်ကို၂ကျပ်ခွဲ ၃ခွဲကျပ်လောက်ရှိတယ်။ (မှိုက ဟင်းရံအနေနဲ့ပဲ ချက်တာဆိုတော့ ၃ကျပ်လောက်ဆို အသားဖိုးဖြစ်နေပြီကိုး ...)

အရင်ကတော့ အောက်က မှိုအချောင်းသေးသေးလေးတွေကို ကန်ဇွန်းရွက်နဲ့ ငရုပ်သီးစိမ်းလေးခပ် ဆီကျန်ရေကျန်လေးချက်စားတယ်။ ကြာတော့ အဲလို မှိုမျိုးလဲမစားချင်တော့ဘူး။

Egg mushroom (သို့) Enoki mushroom လို့ ခေါ်ပါသတဲ့။




မှိုနာမည်တွေကို အင်္ဂလိပ်လို သိချင်ရင် ဒီလင့်လေးကို နှိပ်လိုက်ပါ။

ဒီလိုမှိုမျိုးလဲ တစ်ခါကြော်စားဖူးတယ်။ သိပ်မကြိုက်လှဘူး။ အနံ့တစ်မျိုးရှိတယ်လို့ထင်တယ်။

original picture link





ပြီးခဲ့တဲ့အပတ်က ဂျူရောင်းပှိုင့်က Big NTUC ကိုရောက်တော့ မှိုတွေကို တစ်နေရာမှာ စုထားထားတာ တွေ့တယ်။ မှိုမှမျိုးစုံပဲ။ အဲဒီထဲကမှ စားလို့ကောင်းမယ်ထင်တဲ့ king oyster mushroom ကို ဝယ်ခဲ့တယ်။ သူက အရိုးကအရမ်းကြီးပြီး အပွင့်ကသေးသေးလေးရယ်။ ဈေးလဲသိပ်မကြီးလို့ စမ်းစားကြည့်ရအောင် ၂ကျပ်တန်တစ်ထုတ်ဝယ်ခဲ့တယ်။ မှိုပုံကို ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ကပဲရှာပေးလိုက်ပါတယ်။

မှိုကို ပါးပါးလှီး၊ ကန်ဇွန်းရွက်ကိုချွေ၊ ငရုပ်သီးစိမ်း ၃-၄တောင့်ပါးပါးလှီး၊ ကြက်သွန်ဖြူ၊နီ ကိုလည်းသေးသေးလေးတွေ chop လုပ်ထားပါတယ်။ ကြက်သွန်ဖြူကိုတော့ chop လုပ်ပြီးသား ရယ်ဒီမိတ် ထည့်ပါတယ်။



ဒယ်အိုးမီးအနေတော်ထား(medium)၊ ဆီ စားပွဲဇွန်း ၅ဇွန်းလောက်ထည့်၊ ကြက်သွန်နီ၊ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပါတယ်။ (ဆီပြားလေးနဲ့စားချင်လို့ ဆီကို ပုံမှန်ထက် ပိုထည့်ထားပါတယ်။)
ဆီသတ်တာကျက်ပြီး မွှေးလာရင် မှိုအရင်ထည့်၊မှိုနွမ်းပြီးကျက်ပြီဆို ကန်ဇွန်းရွက်ကို ထည့်ပါတယ်။ ဆား၊ ပဲငံပြာရည်အချိုရည် ထည့်ပါတယ်။ ပုဇွန်ခြောက်မှုန့် ညက်နေအောင်ကြိတ်ထားတာကို အချိုမှုန့်အစားထည့်ပါတယ်။

ကန်ဇွန်းရွက်ကျက်ပြီဆို စားလို့ရပါပြီ။
မှိုကထင်ထားတာထက် ပိုနူးညံ့ပြီး အင်မတန်ချိုပါတယ်။
မှိုကန်ဇွန်း အစပ်ကြော် အိအိ၊ချိုချိုစပ်စပ်လေး
စားကြပါဦးရှင်။

16 comments:

  1. မှိုကန်စွန်း အစပ်ကြော် ကြည့်ပြီး ဗိုက်တောင် ပြန်စာလာပြီ။

    ReplyDelete
  2. " မှိုကန်ဇွန်း အစပ်ကြော် အိအိ၊ချိုချိုစပ်စပ်လေး
    စားကြပါဦးရှင် " ဆိုပြီး ပုံကြီးပြပြီး စာဖတ်ပရိတ်သတ်ကြီးကို နှိပ်စက်တာလားဗျာ ...

    အလုပ်မအားသေးတာနဲ. မချက်နိုင်သေးဖူးဗျို. ၊ အလုပ်အားမှပဲ ချက်ကြည့်ရမှာပဲ ၊

    ခင်တဲ့

    Z

    ReplyDelete
  3. မှိုများများ ကန်းစွန်းရွက်နည်းနည်းနဲ့ စားကောင်းမယ့်ပုံလေး.. ဒါနဲ့ မမဆွိက ဂျူရောင်းမှာနေတာလား.. ညီမတို့လဲ ဂျူရောင်းမှာနေတာပဲ..(မသိမသာ စကားခေါ်သွားသည်..) :) :P

    ReplyDelete
  4. စားချင်စရာလေး... ပူးတေက oyster mushroom ပဲ စားဖူးသေးတယ်... မှိုပုံလေးက ချစ်စရာလေး... ကိုယ်လုံးကြီးကြီး ခေါင်းသေးသေးနဲ့.... သူက king oyster mushroom ဆိုတော့ ပိုကောင်းမှာပေါ့....တီဆွိ မှိုကန်ဇွန်း နှိပ်စက်မှုကြောင့် ဗိုက်တောင်ဆာသွားတယ်... ဂလု ဂလု.... ;P

    ReplyDelete
  5. တမျိုးပြီး တမျိုး မရိုးရအောင် နှိပ်စက်ကလူပြုသူ တီတီဆွိ...
    (တွေ့ရင် လည်ပင်းညှစ်မယ်... ဒါပဲ...)

    ReplyDelete
  6. ဘလော့ဂ်ရေးရင်းနဲ့ ကြာရင်တော့ ချောင်းရိုက်ခံရတော့မယ်နဲ့တူတယ်း) ဂလုတွေ အရမ်းများကုန်ပြီ။

    မြူးမြူး ... အန်င်္တီဆွိက ဂျူရောင်းမှာနေတာဟုတ်ပါတယ်။ ဂျူရောင်းပွိုင့်ကို ခဏခဏရောက်တယ်။
    ဟင်းချက်ဝါသနာပါသူ ဂျူရောင်းသူအချင်းချင်း တွေ့ကြလေပြီ ... ဒန် ..ဒန် ...

    ပူးတေ king တစ်လုံးပဲကွာပေမဲ့ ပုံစံရော၊ အရသာရော တခြားစီပဲ။ ၀ယ်ကြော်ကြည့်နော်။

    ကိုဇက် ... မှိုချက်ရတာလွယ်ပါတယ်၊ မြန်လဲမြန်တယ်။ ချက်စားကြည့်ပါ။
    အမြဲလာဖတ်ပြီး အားပေးလို့ ကျေးဇူးပါနော်။ နှိပ်စက်သလိုဖြစ်တွားရင် ချောတီး ... ချောတီး ...းဝ)

    ReplyDelete
  7. အန်တီသက်ဝေရောက်လာပြီကွ။ သူဒီနေ့ စိတ်ကြီးဦးမလား စောင့်ကြည့်ဦးမယ် ... ဟီဟိ။
    ပုံ
    လည်ပင်းညှစ်မှာ မကြောက်သူ

    ReplyDelete
  8. ဝက်ဝံလေးSeptember 22, 2010 at 8:22 PM

    ဂလု ပလပ် ရှလွတ်
    ခုတော့လဲ ကြေဥကြော်နဲ့ ၂ ပါးသွားနေရပါတယ် လူလဲ လုံးတုတ်ဖြစ်တာမဆန်းပါဘူး ဟင့် ဗြဲ

    ReplyDelete
  9. တက်များတက်မလားမသိ.

    ReplyDelete
  10. တို့လဲမကြောက်ဘူး ဗလတောင့်တယ်။

    ReplyDelete
  11. မှိုနဲ့တည့်တယ်ဆိုလို့..မှိုချည့်စားနေရလို့ လူလဲမှိုပုံဖြစ်နေပေါ့..

    ReplyDelete
  12. အစ်မဆွိရေ
    လသာည ပြန်ရောက်ပြီ။ ခရီးကရောက်တော့ အိမ်မှာ ဘာမှမရှိဘူး။ မရှိဆို အစထဲက ဘာမှမထားခဲ့တာ..(^^)။ အခု အတော်ပဲ။ အစ်မရဲ့ မှိုကန်စွန်းဟင်း စားရင် လည်လည်လာမယ်။ (ချင်ကာပူ ထိလေး))) လာရင် ကျွေးမှာလား...

    ReplyDelete
  13. အစ်မရဲ့ မှိုကန်စွန်းဟင်း စားရင်း လည်လည်လာမယ်။ (ချင်ကာပူ ထိလေး))) လာရင် ကျွေးမှာလား...

    ReplyDelete
  14. အကုန်စားသွားပါတယ်။

    ReplyDelete
  15. ဘာကြော်ကြော် ကြက်သွန်ဖြူနီဆီသတ်ရတာ အရမ်းမုန်းတယ်..။ ဟင့်..။ တီဆွိဟင်းတွေက အရသာခံ...စားတတ်တဲ့သူတွေအတွက် အတော်ကိုကောင်းပါတယ်..။ အနော်ကပျင်းတာနဲ့ အရသာမခံဘူးဗျာ..။ ဗိုက်ဝပြီးရော အများကြီးစားလိုက်တာပဲ..။ ဟင့်..။

    ReplyDelete