ကိုယ့်ဆံပင်တွေ ရှည်နေပြီ။ ရှည်နေပြီဆိုတာထက် ဆံပင်က ပုံပျက်နေတာ။ အရင်က step ညှပ်ထားတာဆိုတော့ ရှည်လာတော့ကြည့်မကောင်းဘူး။ ကပိုကယိုနဲ့ သပ်သပ်ရပ်ရပ်မရှိဘူးလို့ ထင်နေတယ်။ စလုံးရောက်တော့ ဆံပင်ညှပ်ဆိုင် ရှာရတဲ့ ဒုက္ခ တစ်ခုပိုလာတယ်။ အရင်ကတော့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က တရုတ်ဆိုင်တစ်ဆိုင်ကို သတ်သတ်မှတ်မှတ်ထား ညှပ်လေ့ရှိတယ်။ ညှပ်တဲ့သူကိုလဲ တစ်ယောက်ထဲ သတ်သတ်မှတ်မှတ်နဲ့ ညှပ်တယ်။ တစ်ခါသား ကိုယ်ညှပ်နေကျလူ မအားတာနဲ့ တွေ့တဲ့လူက ညှပ်ပေးလိုက်တာ စာကလေးအမွှေးနှုတ်ကေ ဖြစ်သွားလို့ အဲ့ဆိုင် နောက်ဘယ်တော့မှ မသွားတော့ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ ပင်နစူးလားက ညန်မာလို သေသေချာချာပြောညှပ်လို့ရတဲ့ မြန်မာဆိုင်တစ်ခုမှာ စက်ကျနေလေရဲ့။ ခုတော့ သိပ်စိတ်တိုင်း မကျချင်ပြန်ဘူး။
စဉ်းစားမိတာက မဆွိတီမြန်မာပြည်မှာနေတုံးကတော့ ဒီလိုဆံပင်ညှပ်ဆိုင် စိတ်တိုင်းမကျတာတို့၊ ရှာရခက်တာတို့လို့ မရှိခဲ့ဖူးဘူးဂျ။ မရှိဆို မဆွိတီတို့ အိမ်ချင်းကပ်ရပ်က ဆံပင်ညှပ်ဆိုင် ဖွင့်ထားတာကိုး။ အဲဒီမှာ ညီအစ်မတွေချည်း ၅ယောက်တောင်ရှိတာမှာ အစ်မအကြီးဆုံးက အစပြုလို့ ဆံပင်ညှပ်ပညာစသင်ပြီး အောက်က အငယ်တွေအကုန်လုံးကို ပညာအမွေပေးထားတာ။ ခုဆို ကိုယ်စီ အလှပြင်ဆိုင်တွေနဲ့တောင် ဖြစ်လို့ အတော်ကြီးပွားနေကြပြီ။
အဲဒီတုံးက သူတို့ဆံပင်ညှပ်ဆိုင် စ ဖွင့်ကာစ။ ညီအစ်မတစ်ယောက်မှ မရှိတဲ့ကိုယ့်ကို အတော်လဲ ခင်ကြတယ်။ ကိုယ်က တစ်ခါတစ်ရံ သူတို့ရဲ့ လက်တဲ့စမ်းဖက်တောင်ဖြစ်လိုက်သေး။ သူတို့ကလဲ တစ်ခါတရံ သူတို့ဆိုင်မှာ ချိတ်ထားတဲ့ ပြင်သစ်မင်းသမီး ဆိုဖီမာရှူးတို့၊ ဖီဘီကိတ်စ်တို့ ဘာတို့နဲ့ တူတယ်ဆို ကိုယ့်ကို မြှောက်ပြောပြီး ညှပ်ပေး၊ ကျေနပ်နေတာပေါ့လေ။
တစ်ခါသား ကိုယ်က ၉တန်း အောင်ကာစ လောက်ဖြစ်မယ်။ တီဗွီမှာ သီချင်းဆိုတဲ့ မောင်ဂဋ္ဌုန်စတယ် ထင်တာပဲ။ ဒေါက်ဖြောင့်ကေနဲ့။ သူက နားရွက်ရှေ့က ဆံပင်ဒေါက်ကို လုံးဝရိတ်ချလိုက်ပြီး နားအပေါ်ဖက်မှာ ဖြောင့်ဖြောင့်ကြီးရယ်။ နောက်ပိုင်း အဲဒီကေက ခေတ်စားလာတယ်။ အဲဒါ အိမ်ဘေးက ညီအစ်မတွေဆီမှာ ဆံပင်သွားညှပ်တော့ ဆွိ ခုခေတ်စားနေတဲ့ ဒေါက်ဖြောင့်ကေလေး ညှပ်ပါလားဆို၊ ကိုယ့်ကိုယ်ကို အင်မတန် ခေတ်မီတယ်၊ ခေတ်ရှေ့ပြေးတယ်လို့ထင်နေတဲ့ ဆွိဆွိတီက လုပ်လိုက်လေဆို မီးစိမ်းပြလိုက်တာ ကိုယ်ထားနေကျ ကိုယ့်ရဲ့ ဆံပင်ဖြောင့်ဖြောင့် ဆာမူရိုင်းကေလဲပျောက်လို့ တိုကပ်နေတဲ့ ယောက်ျားစတိုင် ဆံပင်ဖြစ်သွားပါလေရော။ လူကပိန်ပိန်၊ ခန္ဓာကိုယ်က မထွားကျိုင်းရတဲ့ကြားထဲ ယောက်ျားရှပ် အင်္ကျီတွေချည်းပဲ ဝတ်နေမိတော့ မသိတဲ့ သူတွေက ကိုယ့်ကိုယောက်ျားလျှာလိုလို အခြောက်လိုလို ထင်ကြတယ်။ ဘတ်စ်ကားပေါ်ဆိုလဲ စပယ်ယာတွေက ညီလေး ဟိုဘက် နဲနဲတိုးတို့ ဘာတို့ပေါ့။ အဲဒီကေနဲ့ သင်္ကြန်တွင်းရေပက်တော့ အခြောက်လေး ရေပက်နေတယ်ဆိုပြီး ဟိုကစ ဒီကနောက်နဲ့ ငိုအားထက် ရယ်အားသန်တောင်ဖြစ်လို့။ အခြောက်မဟုတ်ပါဘူးဆိုတာ မနဲဖြေရှင်းယူရတယ်။
နောက်တစ်ခါ မှတ်မိတာက အရေးအခင်းပြီး ကျောင်းတွေပြန်ဖွင့်ခါနီး အကြေကောက်ဆို ခေတ်စားလိုက်သေးတယ်။ ကိုယ်က အဲဒီအချိန် ကိုးရီးယား အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတာ။ လုပ်ဖော်ကိုင်ဖက်တွေက လှိုင်မှာ တက်နေတဲ့ ဟော့ရှော့တွေ။ သူတို့တွေက အကြေကောက်တွေ ကိုယ်စီနဲ့ ပျံနေတာပဲကိုး။ အဲဒါနဲ့ ဆွိဆွိတီလည်း သူတို့လိုခေတ်မီချင်တာနဲ့ ထုံးစံအတိုင်း အိမ်ဘေးက ညီအစ်မတွေ လက်ထဲ ကိုယ့်ဆံပင် ဝကွက်အပ်လိုက်တာပေါ့။ ဘာရမလဲနော့။
အဲဒီနေ့က အကြေကောက်ကောက်ဖို့ ဆံပင်ဆေးပေါင်းထားတုံး (ခေါင်းပေါင်းကြီးနဲ့) နာရီဝက်စောင့်ရမယ်ဆိုတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး နှပ်ရင်းနဲ့ စာအုပ်ဖတ်နေတာ။ စာအုပ်ဖတ်ရင်း အိပ်ပျော်သွားလိုက်တာမှာ တစ်နာရီလောက်နေမှ နိုးလို့ ဆံပင်ကောက်ထားတာ သတိရတယ်။ သူတို့လဲ ဆိုင်မှာ လူကျလို့ မေ့နေတယ်ဆိုပဲ။ ဆံပင်ပြန်ဖြေအပြီး တစ်ခါဘူးမှ ဆံပင်မကောက်ဘူးသူဆိုတော့ အိမ်ပြန်ပြီး မှန်ကြည့်၊ ကိုယ့်ဆံပင်ကို ကိုယ်ဖြီး၊ အဲကျမှ အောင်မြတ်လေး။ ဆံပင်ကအချိန်လွန်သွားတော့ လိုတာထက် ပိုကောက်ပြီး ကပ္ပလီတွေ ဆံပင်လို ဖြီးလေ၊ ပွလေ။ ပွလေ ဖြီးလေ။ ခေါင်းနပန်းကြီးတယ်ဆိုတာ အဲဒါမှ တကယ်ပဲ။ ကိုယ့်ဆံပင်ကိုယ်ကြည့်ပြီး ဇောချွေးတွေတောင် ပျံလာတယ်။ ဒီလိုတော့ မဖြစ်ချေဘူးဆို ဆိုင်ကိုပြန်သွားဖို့ အခန်းထဲကအထွက် အကိုနဲ့ သူ့သူငယ်ချင်းတစ်သိုက် အိမ်ကိုအလာ ခပ်မှောင်မှောင်အခန်းထဲကထွက်လာတဲ့ ဓာတ်လိုက်ထားသလို ဆံပင်အပွကြီးနဲ့ ကိုယ့်ကိုတွေပြီး သူတို့တွေ လန့်တောင်အော်သဗျား။ (တစ်ချို့လဲ ညီမ ပိုးဖို့လာသူတွေ ... ဤကား စကားချပ် ... ) နောက်မှ ဆေးနဲ့တစ်ခါ ပြန်ဖြောင့်ပြီး ပြန်ဖြေယူရတယ်။ ငိုအားထက် ရယ်အားသန်။ လှချင်ရက် စက်စက်ယို။

ခုတော့ အသက်လည်းကြီးပြီ။ လှတာကလည်း လှချင်တုံးဆိုတော့ ဒီကိစ္စတွေ ရှောင်လို့မရသေးဘူး။ ကိုယ်စိတ်တိုင်းကျမယ်၊ လှမယ်ထင်တဲ့ ဆံပင်ညှပ်ဆိုင်ရှာနေတုံး။ ဟိုတစ်လောက နာမည်ကြီးသွားတဲ့ တင်မိုးလွင်ညီမဆီပဲသွားရမလား။ ပင်နစူးလားက ကိုယ့်အရပ်က အသိတစ်ယောက်ဖွင့်ထားတဲ့ ဆိုင်သစ်ကိုပဲ သွားအားပေးရမလား ...ဘယ်သွားညှပ်ရမလဲ စဉ်းစား နေတုံး။
(ဤပို့စ်သည်လည်း စင်္ကာပူမှာ နေစဉ်က ရေးထားတာ ဖြစ်ပါသည်။ အန်တီဆွိ အသစ်ရေးဖို့ အချိန်မရသေး၍ အဟောင်းလေးတွေပဲ တင်ပေးနေရတာ ခွင့်လွှတ်ကြပါကုန်)

အစ်မဆွိရေ...
ReplyDeleteအစ်မဆွိနဲ့ မြသွေးနဲ့ အသက်သိပ်မကွာလောက်ဘူးထင်တယ်..။ ဓာတ်ပုံထဲက အစ်မဆွိပုံလေးက မြသွေးတို့ ခေတ်ကပုံလေး..။ ထမီတိုတို၊ ဆံပင်အမောက်ရှေ့ထောင်၊ အကြေကောက်ခေတ်လေ။ ဟေမာနေ၀င်းတီဗွီမှာ အကြေကောက်လေးနဲ့ သီချင်းလာတော့ မြသွေးလည်း သဘောတွေကြပြီး ဆံပင်ဆိုင်ပြေး၊ ကောက်တော့တာပေါ့။ အဲ့ဒီတုန်းက အကြေကောက်ကို ကျစ်ဆံမြှီးသေးသေးလေးတွေ တစ်ခေါင်းလုံး ကျစ်ပြီး ကောက်ရတာမျိုးလေနော်။ မြသွေးလည်း ကောက်ပြီးရော အမေကဆူလိုက်တာ..။ ရှိတဲ့ရုပ်တောင်ပျက်သွားတယ်တဲ့.. ခြင်္သေ့ခေါင်းတဲ့။ အဖေက မီးကျွမ်းကေ တဲ့..။ ခေါင်းတွေ ကြိမ်းစပ်ပြီး ငိုလိုက်ရတာ မှတ်မိနေသေးတယ် အစ်မရေ..။
မတ်စိရာ...ဘယ်လိုနေနေ လှနေတဲ့ဟာပဲ။ ရုပ်ခံ ရှိပြီးသားပါဟ၊ ခေါင်းတုံးသာ တုံးပစ်လိုက်ပါတော့ လှမှာပါပဲ အဟိ....:P
ReplyDeleteဟုတ်တယ်..ဟုတ်တယ်..မချစ်ေ ပြာတာထောက်ခံတယ်..၊လြှပီးသား
ReplyDeleteဟာကို..ပိုက်ပိုက်အကုန်ခြံပီးဘာမှလုပ်မနေနဲ့..ဂတုံးလေးနဲ့ဆိုဦးရှိမ့်က
ပြိုပီးသဘောကျအုံးမှာ...။းD
အင်းနော်၊
ReplyDeleteငယ်ငယ်တုန်းကဆို သိပ်ရီရတယ်၊
အပြုံးပန်းလည်း ဆံပင်တို ရှပ်အိကျီဝတ်ဖူးတယ်၊
အကြေကောက်လည်း ကောက်ဖူးတယ်၊
အရင်တုန်းက ဟာ သတိယသွားပြီ
အခုရော အဲဒီမှာ ညှပ်စရာနေရာ ရသွားပြီလား
ီ
အခု ဆံပင်ရှည်နေတာလေးက ပိုလှနေတယ် မညှပ်ပစ်နဲ့ နော်... :-)
ReplyDeleteLol after reading both post and comments.I am sure whatever style you do,you will be beautiful:}
ReplyDelete{instead of U Chaint,i just say it.....:D.....}
Gyidaw
LOL after reading both post and comments.Whatever style you do,it will be beautiful.{instead of U Chaint,i say it.......:}}}
ReplyDeleteGyidaw
ရုံးမှာ အော်ရယ်မိတော့မလို့ မနည်း နှုတ်ခမ်းကိုက်လိုက်ရတယ်.. :P
ReplyDeleteပုံထဲမှာတော့ လှပါတယ်.. မမသက်ဝေပြောသလို အရှည်လေးနဲ့လဲ လှပါတယ်
ဆံပင်... သူကျမကိုတော်တော်အလုပ်ပေးပါတယ်။ ငယ်ငယ်က ဆံပင်ပုံစံ အသစ်ပေါ်ရင် ညီအစ်မတွေက ကျမကို စမ်းကြည့်ဖို့ ပြောတိုင်း လိုက်လုပ်
ReplyDeleteလေ့ရှိတာလေ။ အခုတော့ အရွယ်ကရလာတာနဲ့ အမျှ ကျွတ်လိုက်တာ မပြောပါနဲ့ တော့။ ဂတုံးလည်းတုံးကြည့်လည်းမရ... အခုတော့ ဘာပုံမှ
လက်တဲ့မစမ်းတော့ပဲ စည်းလို့ ရရုံညှပ်ပြီးစည်းထားလိုက်ပါတယ်။ :)
စွိတီရေ ဆံပင်ပုံလှလှလေး ညှပ်ချင်တယ်ဆိုရင် တီတင့်ဆိုင်ကို လာခဲ့နော်။ စိတ်တိုင်းကျစေရမယ် အာမခံတယ် (ကြုံတုန်းလေးကြော်ငြာဝင်တား))
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ညီအစ်မတွေချည်း ၅ယောက်တောင်ရှိတဲ့ ဆိုင်ဆိုတော့ ရန်ကင်းက သီရိရွှေစင်ပဲဖြစ်ရမယ်။ ဟုတ်လား တီဆွိ။ ညီမတို.လည်း အဲဒီ့ဆိုင်မှာညှပ်လာတာ ၈တန်း၊ ၉တန်းကျောင်းသူ အရွယ်ထဲကပဲ။ နိုင်ငံခြားထွက်လာဖြစ်တော့လည်း မြန်မာပြည်ပြန်တိုင်း သူ.ဆိုင်မှာ ဖြောင့်ရင်ဖြောင့်၊ ပေါင်းတင်ရင်တင် အနည်းဆုံး ၁ခေါက်တော့ ရောက်ဖြစ်တယ်။
ReplyDeleteအနောနိမတ်စ် များတို့က "ရန်ကင်းမှာနေတယ် .." ဟုတ်ဘူးဂျ။ ရန်ကုန်မြို့ အစွန်နားကပါ။ ညီအစ်မတွေ ခုချိန်ထိ ဆိုင်တွေ ကိုယ်စီနဲ့ အလုပ်ဖြစ်နေဆဲပဲ။
ReplyDeleteဟင် )))) အန်တီတင့်က ဆံပင်ညှပ်ဆိုင်ဖွင့်ထာတာလား။ ဘယ်လိုများ ဘုရားတွေဖူး၊ ဘလော့ဂ်တွေ ရေးနေလဲဟင်...။ ဂယ်ပဲ .. ဂယ်ပဲ အံ့သြတယ်။
ရှင်လေး တို့လဲ ကျွတ်တယ်။ ဒါကတော့ ရိုးနေလို့ ထည့်ကို မပြောတော့တာ မရှင်လေးရေ။ ခေါင်းလျှော်ရည် ရွေးသုံးရင်တော့ နဲနဲသက်သာသလားလို့။
ကျေးဇူးပါ မယ်ကိုးနဲ့ ဂျီးဒေါ်တို့ရေ။
အပြုံးပန်း အန်တီသက်ဝေ၊ ဒီရောက်ကတည်းက တစ်ခါပဲ ညှပ်ရသေးတယ်။ ပုံတော့ သိပ်မဆိုးပါဘူး။ ဒီမှာ စလုံးမှာထက်တော့ ဆံပင်ညှပ်ခ ဈေးကြီးတယ်။ ၂၀-အစိတ် ပေးရတယ်။
အပြုံးပန်းနဲ့ တော်တော်တူတယ်နော်။
အကြည်နဲ့ စုစု သူငယ်ချင်း ၂ယောက်လုံး များကို ဒုက္ခရောက်အောင် မြှောက်ပေးနေကြတယ်။ ဂတုံးတော့ မလုပ်ပါနဲ့ကွယ်။ ခုချိန်ထိ မွေးကတည်းက တစ်ခါဖူးမှကို မတုံးဖူးတာ။ ဦးရှိမ့် ညက်မှောင်ကျုံ့တာ မမြင်ဖူးကြသေးဘူးနဲ့တူတယ် ...း)
မြသွေးက နဲနဲငယ်မယ်နဲ့တူတယ်။ အစ်မလဲ ကောက်ပြီင်္းတော့ အကိုတွေရော၊ အဖေ၊အမေတွေရော ၀ိုင်းပြီး ပြောလိုက်ကြတာ။ ဟေမာနေ၀င်းက စတာ ဟုတ်တယ်။ အဲဒီအကြေကောက်ခေတ်ကို။
အကြေကောက်ပွ သွားတော့ အေဖရိုကေပေါ့ ခုခေတ်ဆိုရှယ်ပဲ တီဆွိရ
ReplyDeletethis post is very funny.. I am reading ur post at office.. i am laughing out loud.. but trying to control . otherwise other staff will realize :D...
ReplyDeleteI never know my post is such funny. Thanks for encouragement to continue writing blog.
ReplyDeleteBy the way, please take care reading the blog at the office.
အမရဲ့ post ကို ဖတ် မိ တော့ငယ်ငယ်က ရယ်စရာမဂ္ဂင်းမှာ ပါ တဲ့ဆောင်းပါ ကိုသတိရ တယ်.. ဆံပင် ကောက်ချင် လို့ အပူပေးတဲ့ မီးကျီခဲ လင် ပန်း ကိုခေါင်း ပေါ် မှာ တင် ထား ပြီး အပူတွေလောင် ကုန်တာ...
ReplyDeleteဆုဆု