ဒီနေ့မုန့်လုံးရေပေါ်လုပ်စားရင်းနဲ့ ဓာတ်ပုံလေးတွေရိုက်ထားလို့ လုပ်နည်းလေးလဲ ရှယ်ပေးလိုက်ပါတယ်။
ကောက်ညှင်းမှုန့် (Glutinous Rice Flour) နဲ့ ဆန်မှုန့် (Rice Flour) ကို ၃း၁ အတိုင်းရောပါ။ ဒီနေ့လုပ်တာ ကောက်ညှင်းမှုန့် ဆန်ချင်ခွက် ၆ခွက်၊ ဆန်မှုန့်၂ခွက် ကို ရေချက်အေး ၃ခွက်ထည့်ပြီး ရောသမမွှေ နယ်ပါတယ်။ ၁၀မိနစ်၊၁၅ မိနစ်လောက် နှံ့နေအောင် ခပ်နာနာလေးနယ်ပြီးရင် မုန့်လုံးလို့ရပါပြီ။ မုန့်ပိုနပ်ချင်ရင် ၁နာရီ ၂နာရီလောက် အဝတ်ကလေးရေစွတ် အပေါ်ကတင်ပြီး နှပ်ထားပါ။ ကိုယ်ကတော့ စိတ်မြန်သူဆိုတော့ မနှပ်တော့့ပါဘူး။
ထန်းလျက်ကို ကတ်ကြေးနဲ့ အစိတ်ကလေးတွေ ရအောင်ညှပ်ပြီး မုန့်လုံးတာတွေကတော့ သိပြီးသားမှို့့မပြောတော့ပါဘူး။ ပုံမှာသာကြည့်ကြပါတော့။
ရေနွေးပွက်ပွက်ဆူထဲ မုန့်လုံးထားတာတွေ အသာပစ်ထည့်ပါ။
မုန့်လုံးရေပေါ်ဆိုတော့ ရေပေါ်ပေါ်လာမှ ဇကာလေးနဲ့့စစ်ယူရတာပါ။ မုန့်ကို နှပ်မထားရင် နယ်ပြီးပြီးချင်း လုံးတယ်ဆို မုန့်ပေါ်လာလာချင်း မဆယ်ပါနဲ့။ မုန့်ပိုကျက်သွားအောင် ခဏတဖြုတ်စောင့်ပြီးမှ ဆယ်ပါနော့။.
မုန့်ကလုံးတုံးက သေးသေးလေး။ မုန်ကျက်လာရင် ပွလာလို့ မုန့်လုံးက ပိုကြီးလာပါတယ်။ ဒါကြောင့် သိပ်အလုံးကြီးတွေ မလုံးပါနဲ့။ အလုံးကြီးတော့ ထန်းလျက်နည်းပြီး အရသာမရှိဖြစ်တတ်ပါတယ်။
အုန်းသီးကတော့ wet market တွေမှာ ခြစ်ပြီးသား ဖွေးဖွေးလေးတွေ ရောင်းပါတယ်။ တစ်ကျပ်ဘိုးဆို အတော်ရပါတယ်။ ငှက်ပျောဖတ်ကိုလည်း wet market မှာပဲ ဝယ်လို့ရပါတယ်။ ၅မူးဘိုးဆို ရပါပြီ။ ငှက်ပျောဖတ်လေးနဲ့ဆိုတော့ အမြင်လည်းလှ မွှေးလည်း ပိုမွှေးသလိုပဲလေ။
ဟိုနေ့က ဈေးနောက်ကျလို့ အုန်းသီးခြစ်ပြီးသားမရ ရတာသာဝယ်လာရပါတယ်။ ဒါခွဲဘို့ ခြစ်ဘို့ဆို တစ်ယောက်ယောက် အကူအညီလိုတယ်။ ဘယ်သူလာကူလုပ်ပေးမလဲ စောင့်လိုက်ဦးမယ်။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရလေခြင်း။
ဟိုဘက်က မုန့်လုံးရေပေါ်ကတော့ အုန်းသီး မပါပဲနဲ့ ဘယ်သူစမြိုင်းလိုက်လဲမသိဘူး။ ၄လုံးလျော့နေပြီ ... း )
ဒီညနေ လာရင် မှီသေးလားဟင်...
ReplyDeleteလုပ်ရမှာတော့ ပျင်းတယ်... သို့သော် စားတော့ စားချင်တယ်...
မြင်ရတော့ ပိုဆိုးတယ်...
စားချင်တယ်... စားချင်တယ်... စားချင်ပါတယ်ကွယ်... (မမခင်ဦးမေ၏ လေသံအတိုင်း ထပ်တူ ကူးချသည်..)
ရားဘာဒယ် ... ရားဘာဒယ် အစ်မရေ ... မနက်ဖြန်လာပါလား ... ၃နာရီ နောက်ပိုင်း ... TT ရယ် KKK တို့ရယ် လာမယ်တဲ့ ...
ReplyDeleteဘယ်သူပါလိမ့်.....
ReplyDeleteTT နဲ့ KKK ဆိုတာ....
အော်...သိပြီ... သူတို့ကိုး...
း-)
များကြတော့ မပြောဘူး...တိတ်တိတ်လေး လုပ်တယ်....
TT ကို သိသော်လည်း KKK ကိုတော့ဖြင့် စဉ်းစား၍ မရပါ...
ReplyDeleteမနေ့က ကိုယ့်ဟာနဲ့ကိုယ် ရွာတွေလည်နေလို့ မလာဖြစ်လိုက်ဖူး ဆွိရေ...
နောက်များမှပေါ့နော်...
တကယ်တော့ အဲဒီနားကို ခဏ ခဏရောက်တယ်...
နောက်ဆိုရင် ဝင်လာခဲ့မယ်နော်... အာလူးပေးရတာပေါ့...
KKK က အီးပီကွင်းလေ...
ReplyDeleteး-)
အမ ရေ... ဆု အ ဖြစ် ပြော် ရအုံး မယ်(ပြော် ကျ လားြ လား အမှတ် မိဖူး..ကျောင်း မှာ ဗမာ စာ ဆို ရင် ဘိတ် ချီး)
ReplyDeleteအမ ရဲ့ အ ချိုးတိုင်း မုန် လုံးရေပေါ် လုပ် တယ်.. မုန့်သားကကောင်းတယ်.(ဆု တို့ စီ မှာ ကောက်ညှင်းမုန့်ကရှား တယ်.နေရာတိုင်း မှာ မရ ဖူး၊ တနေ့ကကံကောင်းချင်တော့ hypermarket တခုမှာရှာတွေ့တယ်) ဆုတယောက်တည်း လှလှ လေးတွေ၊ အလုံးသေးသေးလေးတွေ လုံး။ လုံး လိုက်အ၀တ်ထလျှော်လိုက်နဲ့၊ အလုံးတွေကတလုံးနဲ့တလုံးကပ်ထား မိတယ်.. ဒီအပြင် အချိန်ကလဲတော်တော်ကြာသွားတယ်... ပြုတ်တော့အကုန်ကတ်ကုန်ပြီး ပေါက်ပြဲကုန်တယ်..ဆုတော်တော်စိတ်ညစ်သွားတယ်..မုန်လုံးကြီးအရွယ်ဖြစ်ကုန်တယ်...:P စိတ်မရှေတော့လို့ ကြီး ကြီး လုံးလိုက်တာ... ဒီမှာ ထညက်ကမရှိဖူး.. ကြံသကာတော့ရှိတယ်.. အဲဒါနဲပဲလုပ်လိုက်တယ်. ပေါက် ကုန်တဲ့အလုံးတွေကအချိုရေ တွေထွက်လာတော့....နောက်ဆုံး အရေသောက် မုန့်လုံးရေပေါ်ပေါ့... ဟီးဟီး
နောက်တခေါက်ကြရင်ကောင်းကောင်းလေးလုတ်မယ်.. အမဆီကိုinternet ကနေပိုလိုက်မယ်.. :D
ဆုဆု
မုန့်လုံးရေပေါ်က ချက်ချင်းလုံး ချက်ချင်းထည့်ရင်ပိုကောင်းမယ်။ ဆုဆုပြောမှ သတိရတယ်။ အိမ်မှာ အုန်းသီးတစ်လုံးဝယ်ထားတယ်။ ထန်းလျှက်၊ ကောက်ညှင်းမှုန့် အဆင်သင့်ပဲ။ ဘုန်းကြီးကျောင်းသွားမဲ့နေ့ ယူသွားဦးမယ်။
ReplyDeleteအိမ် က အမေ ကို ph ဆက် ပြော် တာ အမေ ဆို တာ ရယ် လိုက် တာ။ အမ ပြော် သလို ပဲ ချက်ချင်း လုံး ပြုတ် ရ တယ်တဲ့။။။ ဒီတခေါက် experiment မအောင် မြင်။။ တွတ်ပီ ဒီနေ့ကံ မကောင်း ပါ။။ :)
ReplyDeleteမုန့်လုံးရေပေါ် စားချင်လို့ တီတီဆွိနည်းအတိုင်း လုပ်စားလိုက်တယ်.. အဆင်ပြေတယ်..
ReplyDeleteကျေးဇူးတီဆွိ.. =)
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ..