Friday, February 26, 2010

ဆွိxုံ နှင့် စက်ဘီး ဇာတ်လမ်း



၄တန်း၅တန်းလောက်ဖြစ်လိမ့်မယ်။ ဆွိxုံ တို့ စက်ဘီးစီးချင်လွန်းလို့ အိမ်ကအကိုတွေကို သင်ခိုင်းရတာ။ သင်တဲ့ ဘီးကိုလဲကြည့်ဦးလေ။ အဖေတွေ၊အကိုတွေစီးတဲ့ ယောက်ျားစီး အကြီးကြီးကို အပေါ်ဘားတန်းမမှီလို့ ခွကြားထိုးသင်ရတာ။ စက်ဘီးကမှောက်လိုက်၊ လူကမှောက်လိုက်နဲ့ ဒူးခေါင်းမှာလဲ ဒဏ်ရာဒဏ်ချက်တွေကမနည်းဘူး။ သင်တဲ့အကိုတွေကလဲ စက်ဘီးစီးသာသင်တယ်။ ဘယ်လိုဘရိတ်အုပ်ရလဲဆိုတာ သင်မပေးဘူးဗျာ။ ဆွိxုံ တို့ကလဲ စက်ဘီးမှာ ဘရိတ်ပါတယ်ဆိုတာတောင်မသိဘူး။ အဲလောက်ထိ တော်တာ။

ကဲ ... အဲဒီတော့ ကုန်းဆင်းတို့ ဘာတို့ စက်ဘီးအရှိန်နဲ့ မောင်းလာရာကနေ ဘယ်လို ရပ်လဲမေးမလို့လား။ ရပါတယ်လေ။ ကုန်းဆင်းပြေပြေလေးတွေဆို စက်ဘီးက အရှိန်မသေပဲ ဆက်ပြေးနေရင် စက်ဘီးပေါ်ကအမြန်ခုန်ဆင်း၊ စက်ဘီးကြီးနဲ့ အတူ လိုက်ပြေးတာပေါ့။ စက်ဘီးအရှိန်သေလို့ရပ်မှ ကိုယ်လဲရပ်ပဲ။ ကုန်းဆင်းက သိပ်မတ်နေရင်တော့ စက်ဘီးပေါ်ကနေ ဆင်းတွန်းတာပေါ့၊ အပြေးကလေးပေါ့။ အဲလိုနဲ့ ဘရိတ်မအုပ်ပဲနဲ့ စီးနေတာပဲတစ်လလောက်တောင်ရှိပေါ့။

ဆွိxုံ တို့ နေတဲ့ အိမ်ကနေ ဈေးတို့ ဘာတို့ သွားချင်ရင် ကုန်းဆင်းမတ်မတ်လေးကိုကျော်မှ သွားရတယ်။ ကုန်းဆင်းက မတ်ရုံတင်မကဘူး ကုန်းဆင်းအဆုံးမှာ ဂငယ်ကွေ့ ရှိတယ်။ ဘေးမှာရေမြောင်းရှိတယ်။ ရေမြောင်းဆိုပေသိ အမဲရောင်ဗွက်တွေသာ မြင်နေရတာပါ။ စက်ဘီးစီးတိုင်း အဲနေရာရောက်ရင် တွန်းသွားနေကျ။

တစ်ရက်သား ဘီးလေးတွန်းသွားနေတုံး ဘေးကအကိုကြီးတစ်ယောက် စီးလာတာ အေးဆေးပဲ။ အသာလေး စီးပြီး ဂငယ်ကွေ့ကို ကွေ့ချလိုက်တာများ။ အို ... ဆွိxုံ တို့ ကြည့်ပြီး အံ့သြနေတာ။ ဒါနဲ့ သူတောင် ဂလို စီးလို့ရသေးတာ ငါဘာလို့မရ ရမှာလဲဆို။ နောက်တစ်ခေါက်သွားတော့ အဲဒီကုန်းဆင်း ဂငယ်ကွေ့ကြီးကို အလွတ် ဒီတိုင်းကြီး ဆင်းချလာတာ။ ဟမ်မာလေး ... ဘာပြောကောင်းမလဲ ... ဒုံးပျံခွစီးမိတဲ့အတိုင်း စက်ဘီးက အရှိန်မထိမ်းနိူင်ပဲ ဝရုန်းသုန်းကားနဲ့ လမ်းဘေးအကွေ့က ရေမြောင်းထဲ ထိုးကျပါလေရော။ လူလဲ သတိမေ့မတတ်ဖြစ်သွားတယ်။ ကျကျချင်း ဘာမှကို မသိတော့တာ။ သတိရတော့ ရေမြောင်းထဲမှာ။ လူလဲ တစ်ကိုယ်လုံး ဗွက်တွေပေ၊ မဲတူးပြီး စုတ်ပြတ်သတ်ပြီး အီစလံဝေနေပြီ။ ခြေထောက်မှာလဲ ဒါဏ်ရာတော်တော် ရလိုက်တယ်။

ဖြစ်ချင်တော့ မလှမ်းမကမ်းမှာ ရွယ်တူ ဆော့ဖော် ဆော့ဖက်တွေက ငုတ်တုတ်လေးတွေ ထိုင်ပြီး ဟင်းချက်တိုင်းလားမသိ ဆော့နေကြတာ။ အဲဒီထဲမှာ ဆွိxုံ နဲ့အစကထဲက မတည့်တဲ့ တစ်ယောက်ပါတယ်။ အဖြစ်က ဆွိxုံကို သူက အရိုးပဒေသာမလို့ အိမ်ရှေ့ကဖြတ်တိုင်း မကြားတကြား အော်အော်သွားတာကိုး။ ဒါကို အစကထဲက မကျေနပ်နေရတဲ့ကြားထဲ သူတို့က ဆွိxုံ အဖြစ်ကိုကြည့်ပြီး တဟားဟား ရယ်ကြပါလေရော။ ဆွိxုံတို့ ရှက်ကလဲရှက်။ နာကလဲနာနဲ့ ရှက်ရမ်းရမ်းပြီး အဲ့ထဲက မတည့်တဲ့သူကို ဘလိုင်းကြီး သွားရန်ထောင်လို့ ဘေးကတစ်ခြား သူငယ်ချင်းတွေ ဝိုင်းဆွဲလိုက်ရပါကော။ ဗွက်တွေနဲ့ မဲတူးပြီ ထော့ကျိုးဖြစ်နေတာတောင် ရန်က သွားထောင်နိူင်သေးတယ်။ ငယ်ငယ်က အဲလိုစွာကျယ်လန်ခဲ့တာ။

အဲလိုနဲ့ အရင်းအနှီး ကြီးကြီး ပေးဆပ်လိုက်ပြီးသကာလ။ ဆွိxုံ တို့ သဘောပေါက်လိုက်တယ်။

... စက်ဘီးတွေမှာ ဘရိတ်ပါတယ် ...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

9 comments:

  1. ဟယ် ကျန်း မမဆွိတို့ ငယ်ငယ်က တော်ချက် ..

    ReplyDelete
  2. အလိုတော် ... တော်မှန်းသိကုန်ကြပြီ ... ရှက် ချက်တော့တော်။

    ReplyDelete
  3. ဘ၇ိတ်ကတော့ TT.sweet ၇ယ်,စက်ဘီးမှမဟုတ်ပါဘူးဗျာ
    ဒီအရွယ်အထိနေ၇ာတကာဘ၇ိတ်အုပ်နေ၇တာပါ။

    ReplyDelete
  4. ရန်သွားထောင်ပြီးတော့ အနာက သက်သာသလို ဖြစ်သွားတယ်မို့လား (ညီမလည်း အဲလို လုပ်ဖူးတယ် :D../ ရန်တွေ့တုန်းက အကောင်း၊ အိမ်ကျမှသာ ရှုံမဲ့ပြီး ပြန်ငိုပြတာ မေမေတို့ ဂရုစိုက်အောင်လို့ လေ)

    ReplyDelete
  5. မသိဘူးလား.... ဘရိတ်အုတ်လို့ ရတယ် ဆိုတာ...

်ဟိုတခေါက်က နောက်ကနေ ဝင်ကြုံးတဲ့ စလုံးကြီးကလည်း ကားမှာ ဘရိတ်ပါတာ မသိလိုက်လို့နဲ့ တူတယ်နော်...

းဝ)

    ReplyDelete
  6. ဘရိတ်က တခြားနေရာတွေမှာလည်း ပါသေးတယ် မသိရင် သိအောင် လုပ်ထားအုန်း။ တော်နေကြာ ဗွက်လူးနေမယ်။:))

    ကြက်ဂျင်းကြော် ကြော်စားတယ်။ ကောင်းတယ်။
    ဂျူးဂျူးကို ကြည့်ပြီး သနားတယ်။ မောတယ်။ သာမန် ကျောင်းက စာသင်တာနဲ့ မလုံလောက်ဘူးဆို အဲ့ဒီကျောင်း မထားပဲ ကော မရဘူးလား။ ဗမာပြည်က ကလေးတွေလိုလေ အစိုးရကျောင်း တက်မနေတော့ဘူး။

    ခင်စိန်အကြောင်းတော့ ပြောချင်ပါဘူး နော် ရီရတယ်။ လာလည်တာ ကျေးဇူးပါ။

    ReplyDelete
  7. အမ..အတူတူပဲ.. တက်စီးတုန်းက မြန်မာပြည်က အခြေခံနဲ့ တလှိမ့်လှိမ့်စီးတယ်။ ဘယ်ဘက်က ဘာဘရိတ် ဆိုတာကိုလုံးဝမသိဘူး။ ကြောာက်ကြောက်နဲ့ အမြဲစီးနေတာ.. စီးပီး ၁လလောက်ကြာမှ ဘာက ဘာလဲဆိုတာ သိတာ..။ဟီး

    ReplyDelete
  8. ဆွိရေ...အချစ်မှာ ဘရိတ်ရှိတယ် ဆိုတာရော သိပြီလား...ဟွန်း ဟွန်း ဟွန်း :)

    ReplyDelete
  9. ကြောက်စရာ လန့်စရာ သတ္တိခဲ ဒေါ်ဆွီတီပါတကား...
    သမီးလေး စက်ဘီးစီးသင်ရင် ဘရိတ်ပါတဲ့ အကြောင်း ပြောပြပြီး သင်ပေးဖို့ မမေ့နဲ့အုံးနော်...

    ဟို ချစ်ကြည်တယောက်ကတော့ ဒီအကြောင်းပဲ စဉ်းစားနေတာပဲ ဟီဟိ...
    (ကြုံတုန်းလေး နှိပ်ကွပ်သွားတာ...)

    ReplyDelete