Friday, December 10, 2010

ပီအာ ... ပီအာ ... ဘာကြောင့်ဂျက် ...



(ခုလောလောဆယ် စင်္ကာပူမှာ ပီအာတွေ ရီဂျက်မိနေတာနဲ့ ပတ်သတ်ပြီး ဦးခြိမ့်က သူ့ရဲ့ သဘောထား အမြင်ကို ဖိုရမ်မှာ ရေးထားတာလေး တင်ပေးလိုက်ပါတယ်။ )

လွန်ခဲတဲ့ သြဂုတ်လမှာ ၀န်ကြီးချုပ်လီစန်လုံးက နိုင်ငံသားစီစစ်ရေးနဲ့ ပီအာပေးတာနဲ့ပါတ်သက်ပြီး လက်ရှိပြည်ထဲရေးဝန်ကြီးဟောင်း ၀မ်ကန်ဆင်းကို တာဝန်ပေးလိုက်တယ်။ ၀မ်ကန်ဆင်းနဲ့ အဖွဲ့က နိုင်ငံသားလျှောက်လွှာတွေ၊ ပီအာတွေနဲ့ပတ်သက်ပြီး စီစစ်မဲ့တာဝန်ယူမယ်။ ပြန်လည်စစ်ဆေးမယ်လို့ သိရတယ်။

လွန်ခဲ့သော ၂၀၀၅ ကနေ ၂၀၀၈ နှစ်လည်အထိ ပီအာတွေကို လွယ်လင့်တကူချပေးခဲ့တယ်။ ဒီနေရာမှာ မည်သူ့ကိုမျှ မရည်ရွယ်ပါဘူး။ နိုင်ငံခြားသားအားလုံးကို ဆိုလိုပါတယ်။ ဘယ်လောက်အထိ လွယ်လင့်တကူချပေးခဲ့သလဲဆိုရင် စင်္ကာပူနိုင်ငံကို ရောက်တာ ၃လပဲ ရှိသေးတယ်။ ပီအာတင်လိုက်တယ်။ စင်္ကာပူနိုင်ငံကိုရောက်တာ ၆လပဲ ရှိသေးတယ်။ ပီအာရသွားတယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ယခင်တုန်းက ပီအာလျှောက်တဲ့အခါမှာ ပီအာလျှောက်တဲ့သူရဲ့ ၀င်ငွေ၊ မိသားစု၊ သူရဲ့ ပညာရေးအဆင့်အတန်း၊ စင်္ကာပူနိုင်ငံတိုးတက်မှုမှာ သူရဲ့ လုပ်ဆောင်မှု၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု(Skill talent) ၊ စင်္ကာပူနိုင်ငံအတွင်းမှာ ရောက်ရှိပြီး စင်္ကာပူ လူမျိုး ရေမြေတွေမှာ ရင်းနှီး ကျွမ်းကျင်မှုပေါ်မှာ မူတည်ပြီးမှ ပီအာ ပေးလေ့ရှိပါတယ်။

ဒါပေမဲ့ ၂၀၀၅ ကနေ ၂၀၀၈ ခုနှစ်အတွင်း လျှောက်တဲ့သူတချို့မှာ ပညာအရည်အချင်းအားဖြင့် မပြည်စုံတာ၊ skill အားဖြင့် သာမန်မျှရှိတာ၊ စင်္ကာပူလူမှုဝန်းကျင်မှာတောင် မကျင်လည်သေးတဲ့ သူတွေကို ပီအာပေးခဲ့တဲ့အတွက် စင်္ကာပူလူမျိုးတော်တော်များများ ပြသာနာရှာခြင်းကို ခံရလို့ အစိုးရအနေနဲ့ နောက်ပိုင်း ပီအာပေးမယ်၊ ပီအာကို သက်တန်းထပ်တိုးမယ်ဆိုရင် ထပ်မံစစ်ဆေးရမယ်ဆိုတဲ့ လမ်းညွန်မှုမျိုးပေးထားပါတယ်။ အဲဒီလိုလမ်းညွန်မှုများကြောင့် ပီအာသက်တမ်းတိုးရာမှာ နှောင့်နှေးတာမျိုးတွေ၊ ပီအာတွေကိုရီဂျက်ပေးတာမျိုးတွေဖြစ်လာခဲ့တယ်။ ဘယ်လောက်အထိတောင်ဖြစ်ခဲ့သလဲဆိုရင် မိဘ ၂ယောက်လုံးပီအာ၊ ၂ ယောက်လုံး အလုပ်အကိုင်နဲ့ ၀င်ငွေအားဖြင့် မိသားစုဝင်ငွေ ၆၀၀၀-၇၀၀၀ လောက်ရှိသော်လည်း မွေးကင်းစ ခလေးကို မှီခိုပီအာချမပေးတာတွေ အထိ ဖြစ်လာခဲ့ပါတယ်။

အဲဒီလိုမျိုးအခြေအနေတွေမှာ ဘယ်နိုင်ငံသားတွေ ပိုထိသလဲလို့ဆိုရင် မြန်မာတွေ၊ ဖိလစ်ပိုင်တွေ ထိပါတယ်။ တကယ်တော့ မြန်မာတွေ ဖိလစ်ပိုင်တွေက ပညာပြည့်စုံသော်လည်း တခြားမြုပ်ကွက်တချို့ကို မပြည့်စုံလို့ပါ။ အဲဒီမှာ လ၀က က သေသေချာချာ စစ်ဆေးမှုကို မလုပ်တောပဲ မြန်မာနဲ့ ဖိလစ်ပိုင်တွေကို အများအားဖြင့် ရီဂျက်ပေးလိုက်တာ များပါတယ်။

စင်္ကာပူမှာ အဓိက လူမျိုးအားဖြင့် တရုပ်၊ မလေး၊ အိန္ဒိယ နွယ်ဖွား ဆိုပြီးရှိပါတယ်။ အဲဒီ ၃မျိုးမှာ မလေး က ကလေးများများမွေးပါတယ်။ တစ်မိသားစုကို ကလေး ၃ယောက်က အနည်းဆုံးလောက်ရှိပါတယ်။ တရုပ်နဲ့ အိန္ဒိယက ကလေးမရတာနဲ့ ရရင်လဲ တစ်ယောက်လောက်ပဲ ပျမ်းမျှရှိပါတယ်။ မူလစင်္ကာပူလူမျိုးကို Balance လုပ်ဖို့အတွက် မလေးများတာကို လူမျိုးရေးမျှအောင်လုပ်ဖို့ တရုပ်လူမျိုးနဲ့ အိန္ဒိယ နွယ်ဖွားကို များများဖြည့်ဖို့ လိုအပ်ပါတယ်။ သူတို့လိုချင်တာ မြန်မာနဲ့ ဖိလစ်ပိုင် မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ကြီးတရုပ်နဲ့ အိန္ဒိယ လူမျိုး ပီအာ နိုင်ငံသားသွားလျှောက်ရင် လွယ်ကုပြီးတော့ တခြားလူမျိုးများ သွားလျှောက်ရင် မုချ ရီဂျက်မိဖို့ အခြေအနေ ရှိနေပါကြောင်း ကျွန်တော့်ရဲ့ အမြင် ရိုးရိုးလေး တင်ပြပါတယ်။

နောက်တစ်ခုက ပီအာနဲ့ပတ်သတ်ပြီး ကျွန်တော်ပတ်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်သွားတဲ့ အကြောင်းအရာပါ။

လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာလူမျိုးယောက်ျားလေး တစ်ယောက် စင်္ကာပူက စကော်လားရှစ်ပေးလို့ ဒီမှာ စကင်ဒရီ ၃ မှာ ကျောင်းလာတက်တယ်။ ခလေးက တော်တော်လေးကို စာတော်ပါတယ်။ သူ့မိဘက စင်္ကာပူမှာ ကျောင်းထားနိုင်လောက်အောင် ၀င်ငွေ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေး တစ်ခုကနေ စင်္ကာပူအစိုးရကနေ ခေါ်လို့ ၀င်ရောက်စာမေးပွဲ ဖြေဆိုရာကနေ စကော်လားရှစ်ရပါတယ်။ သူ့မိဘ ဒီကို လိုက်မလာနိုင်ပါဘူး။ အဲဒီချာတိတ်က သူရဲ့ ရပ်ဆွေရပ်မျိုး ကျွန်တော့်သူငယ်ချင်းက စိတ်ဓါတ်အားဖြင့် စောင့်ရှောက်တာပါ။ အဲဒီချာတိတ်က ကျွန်တော်တို့နဲ့ အတူတူ ကျောင်းပိတ်တိုင်း လာရင်းနဲ့ ၁၃-၁၄ နှစ်သား ဘ၀ကနေ ယခုဘွဲ့ရတာပါ။

ဂျီစီအီး အိုလယ်ဗယ်ဖြေတယ်။ အမှတ်ကောင်းတယ်။ ဂုဏ်ထူးတွေ အများကြီးပါတယ်။ ဒါကြောင့် ဂျူနီယာကောလိပ်ကို စကော်လားရှစ် အသစ်နဲ့ ထပ်တက်ရတယ်။ အဲဒီနောက် ဂျီစီအီး အေ လယ်ဗယ်ဖြေတယ်။ ဂုဏ်ထူးတွေပါတယ်။
အဲဒီနောက် NUS မှာ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ ကျောင်းတက်တဲ့ အချိန်တွင်းမှာလဲ သူက စာလဲတော် အများကလဲ တင်မြှောက်လို့ NUS အဆောင်တွေမှာ ဟောကျူတာ အဖြစ်သတ်မှတ်ခံရတယ်။ ကျောင်းမှာလဲ ထူးချွှန်တဲ့ ကျောင်းသားအဖြစ် သတ်မှတ်ခံရတယ်။ လစဉ် လစဉ် အတန်းငယ်တွေ ကျူရှင်ပြစားပြီး ၀င်ငွေရှာတာ ကျောင်းမပြီးခင်ကတည်းက တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ရပါတယ်။ ဒီလိုနဲ့ ဘွဲ့ရတယ်။ ဘွဲ့ရတော့လည်း Uppper Second class နဲ့ အောင်တယ်။ သူ့ကို ကုမ္ပဏီကြီးတစ်ခုကနေ အခုမှ ကျောင်းပြီးပေမဲ့ (အလုပ်အတွေ့အကြုံမရှိပါ) လခ ၃၅၀၀ နဲ့ ခန့်လိုက်တယ်။ ပီအာလျှောက်ပါတယ်။

တကယ်တမ်းဆိုရင် ကျွန်တော်တို့ အမြဲနောက်ပြောင်ပြောနေကျစကားနဲ့ ပြောရရင် အဲဒီချာတိတ်ကို စင်္ကာပူရဲ့ မွေးစားသား လို့ ဆိုရမှာပါ။ စင်္ကာပူရောက်ခါစကနေ ယခုအချိန်အထိ စင်္ကာပူနိုင်ငံက ပေးတဲ့ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ စကော်လာက ပိုလို့ မြန်မာပြည်မှာ ကျန်တဲ့ မိဘကိုတောင် ထောက်ပံနိုင်ပါသေးတယ်။

သူပီအာလျှောက်တဲ့ အခါမှ ပီအာရီဂျက်မိပါတယ်ခင်ဗျာ။ သူလို မွေးစားသားကိုတောင် ပီအာ မပေးတဲ့ အခြေအနေပါ။ ပညာရေးအနေနဲ့ တော်တယ်။ စင်္ကာပူမှာ နေလာတာ ၈ နှစ် ကျော်ပါပြီ။ ဒါပေမဲ့ အဲဒီချာတိတ် ပီအာ မရပါဘူး။

ဒါကြောင့် လက်ရှိအခြေအနေကို အားလုံး သိအောင်ပြောပြတာပါ။ ပီအာလျှောက်နေတဲ့ သူတွေ ဘာလို့ ပီအာမရတာလဲဆိုတဲ့ မေးခွန်းမမေးခင် ကျွန်တော်အခု ရေးထားတဲ့ ချာတိတ်အကြောင်းကို အရင်ကြည့်လိုက်ပါ။

အခုလောလောဆယ် ပီအာတင်မယ်ဆိုတဲ့သူများ သတိထားရအောင် ပြောပြလိုက်ပါတယ်။ ၈၀ ရာနှုန်းလောက်က ရီဂျက်မိဖို့ များပါတယ်။
စိတ်ဓာတ်ကျအောင်ပြောတာတော့ မဟုတ်ပါဘူး။ အားလုံး အမှန်ဖြစ်ပျက်နေတာတွေကို သိမြင်အောင်လို့ပါ။ ရွေးကောက်ပွဲအပြီး စင်္ကာပူအစိုးရ မူဝါဒများပြောင်းလဲပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ ပီအာများများ ချပေးဖို့ မျှော်လင့်ရုံ၊ ဆုတောင်းရုံသာ ရှိပါတော့တယ် ခင်ဗျာ။
မောင်ခြိမ့်

36 comments:

  1. PR လျှောက်ဖို့တောင် စိတ်ပျက်မိပါတယ် ကျွန်တော့်စီနီယာ အစ်ကို၊ အစ်မများ ခင်ဗျား.....ဒီလိုနဲ့ပဲ ရှေ့ဆက်ရဦးမှာပေါ့လေ။

    ReplyDelete
  2. ပီအာဖြစ်ရင် အခွန်နဲ့စီပီ အက်ပေးနေရအုန်းမယ်
    အီးပီနဲ့လစာများများရရင်ပီး မကောင်းဘူးလာဟင်
    ဒီမှာတော့ တသက်လုံးနေဘူးဗျာ

    ReplyDelete
  3. ၂ခါဂျက်ပြီးသကာလ စိတ်ပျက်သွားပြီ.. လျှောက်တော့ဘူး.. စိတ်နာတယ်..

    ReplyDelete
  4. မမဆွိေ၇ ကျမ တို့  ချောက်ဂျီတီအိုင် ဘလော့မှာ ကူးတင်ခွင့်ပြုပါလို့  ။ အမ၇ဲ့ လင့်လေးပါ ထဲ့တားပါတယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ဆွိရဲ့ ကိုယ်စား ကျွန်တော် ဖြေပေးလိုက်ပါတယ်။ တင်ခွင့်ပေးပါတယ်ဗျာ။ တစ်ခုတော့ ရှိတယ်။ ကျွန်တော့်ရဲ့ ကိုယ်တိုင်အမြင်ကိုပဲ ရေးထားတာပါ။ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက် မှားတယ်ဆိုရင်လည်း ခွင့်လွတ်ကြပါ။

    စကားမစပ် တင်လိုက်ပြီ မဟုတ်လား။

    မောင်ခြိမ့်

    ReplyDelete
  6. သေမယ့်နှစ်မှ စစ်ထဲဝင်မိသလို

    ReplyDelete
  7. အဲလိုပဲ ခံစားရပါတယ်

    ReplyDelete
  8. Most of the scholarship have terms to go back & serve your native country after studies. That's may be the main reasion for his PR rejecting.

    ReplyDelete
  9. အော်.... ဂလိုကိုး..။ ပီအာရီဂျက် တစ်ခါမိဖူးပြီးသားမို့ ကြားရတာကလဲ အားရစရာမရှိတာမို့.. ဒုတိယအကြိမ်ကို ရက်အကန့်သန့်မရှိ နောက်ရွှေ့လိုက်ပါပြီဗျာ။ ပို့စ် အတွက်ကျေးဇူးပါ။

    ReplyDelete
  10. အပေါ်က အနောနိမတ်စ် ပြောတာလဲ ဖြစ်နိုင်ပါတယ်။ စကောလာတွေက တိုင်းပြည်ပြန်ပြီး အလုပ်အကျွေးပြန်ပြုဖို့ဆိုတာ ပြောပါတယ်။ ဦးခြိမ့်က သူ့အမြင်ကိုပဲ ရေးထားတာပါ။
    အန်တီဆွိ

    ReplyDelete
  11. ဟုတ် ဦးခြိမ့် ခွင့်ပြုမယ်ထင်လို့  တင်လိုကါပါတယ် ဟီးဟီး ။
    မမဆွိ စကောလာတွေက တိုင်းပြည်ပြန်ပြီး အလုပ်အကျွေးပြန်ပြုဖို့ဆို တော့ အဲဒီ စကောလာ က ဘယ်ကပေးတာလဲဟင် ။ စ ကပေးတာလို့ထင်ထားတာ။

    ReplyDelete
  12. ဦးခြိမ့်ကြီးကစင်ကာပူပီအာပစ်ပြီး အောင်စီကိုဒါကြောင့်ပြေးဖို့  ကြိုးစားနေတာကို ........

    ReplyDelete
  13. မသန္တာလွင် ခင်ဗျာ။ အဲဒီချာတိတ်ကို စင်္ကာပူအစိုးရက စကော်လားရှစ်ပေးတာပါ။ သူစကော်လားရှစ် ရတုန်းက မြန်မာပြည်ကို ပြန်ရမယ်ဆိုတာ လက်မှတ်မထိုးထားပါဘူး။ မည်သည့်ကန်သတ်ချက်မှ မပါဝင်ပဲ အရှေ့တောင်အာရှ တိုးတက်ရေးအတွက် ပေးတာပါ ခင်ဗျာ။ လွန်ခဲ့တဲ့ လက အဲဒီချာတိတ် လ၀က ကိုသွားတွေ့ပါတယ်။ အသနားခံစာ ပြန်တင်လိုက်ပါ။ ကျောင်းတွေမှာ ထူးချွန်တဲ့ စာရွက်စာတမ်းတွေရှိရင်လဲ တင်လိုက်ပါလို့ ပြောပါသတဲ့။ အခုတော့ အသနားခံစာ တင်ထားတာ တစ်လကျော်နေပြီ ဘာမှ မသိသေးလို့ စောင့်နေတုန်းပါ။

    မောင်ခြိမ့်

    ReplyDelete
  14. 1) NUS အဆောင်တွေမှာ ဟောကျူတာ အဖြစ်သတ်မှတ်ခံရတယ်။
    As far as I know, there is no Hall Tutor for Hostels in NUS University. I guess you are refering to Hall Tutor for NUS High School. NUS High School recruits A-level students as hall tutors if their O-level result is good. (There are a few myanmar students working there as Hall Tutors.)
    2) There are other reasons for his PR being rejected. Main reason should be the one commented by above Anonymous. Or may be becoz he was active in some Myanmar activities. (Guess you know what I mean)
    3) NTU/NUS bachelor graduates (especially if you are graduated with second class upper) are (99%) granted for their PRs. Of course, you must secure a proper job before you apply PR. Please note that it doesn't apply for MSc Students.

    ReplyDelete
  15. yes i totally agree with above Anonymous.. very lucky for me, i got PR 2009 Aug..

    ReplyDelete
  16. 2) There are other reasons for his PR being rejected. Main reason should be the one commented by above Anonymous. Or may be becoz he was active in some Myanmar activities. (Guess you know what I mean)
    ဟုတ်ကဲ့ အဲဒီချာတိတ် ဘယ်ထဲမှာမှ မပါဝင်ပါခင်ဗျာ။ နိုင်ငံရေးလဲ ကင်းရှင်းပါတယ်။ ကျွန်တော်တို့လက်အောက်မှာ ကြီးပြင်းလာတာပါခင်ဗျာ။

    3) NTU/NUS bachelor graduates (especially if you are graduated with second class upper) are (99%) granted for their PRs. Of course, you must secure a proper job before you apply PR. Please note that it doesn't apply for MSc Students.
    မှန်တာပေါ့ဗျာ ၉၉% ကို ပီအာပေးရမှာပေါ့။ မဟုတ်ဘူးလား။ အဲဒီချာတိတ်က second upper class လဲ ဖြစ်တယ်။ အခုလုပ်နေတဲ့ ကုမ္ပဏီကလဲ တော်တော်ကြီးတယ် ကော်ပိုရေရှင်းကြီးပါ။ လခလဲ အခုမှ ကျောင်းပြီးပေမဲ့ ၃၅၀၀ ရတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ ဒါကို ရီဂျက်မိပါတယ်ခင်ဗျာ။

    ReplyDelete
  17. Just a curious Q, what is the entry level salary for fresh graduate and max salary? with thanks

    ReplyDelete
  18. Anonymous said...

    Just a curious Q, what is the entry level salary for fresh graduate and max salary? with thanks

    ဒီနိုင်ငံမှာ ပုံမှန်ဘွဲ့ရခါစက ၂၅၀၀လောက်ပဲ ရတတ်ကြပါတယ်။ မြန်မာတချို့ကတော့ ၂၀၀၀-၂၅၀၀ နဲ့ လုပ်ကြတာများတယ်။ First class ဆိုရင် အလုပ်အတွေ့အကြုံမရှိပေမဲံလဲ ၄၀၀၀ လောက်ကို ပေးလိုက်ကြတယ်။ မြန်မာပြည်ကလာတဲ့ မြန်မာတွေဆိုရင်တော့ ၁၈၀၀ လောက်ပဲ ရကြတာများတယ်။

    ReplyDelete
  19. Who told you that scholars are to serve
    the home or host country? NUS gives away
    more than 100 research scholarships per
    year for PhD and anyone can compete for
    those scholarships and you can leave or
    stay as you like. Yes there are types of
    less competitive scholarships where the
    recipient will have to compete only with
    people from home countries and such and
    such scholarship recipients have signed
    that they will go back home country.

    There are very competitive scholarships
    open for anyone with right qualifications.

    ReplyDelete
  20. Luckily I (including my family) got PR 2009 Sept.

    ReplyDelete
  21. At the present u n ur family could say luckily got PR 2009. But u must renew it 2014.

    ReplyDelete
  22. post grad scholarship ရသူတွေ၊ poly ကျောင်းပြီးသူတွေ ပီအာ ဂျက်ခံရတာ အနီးအနားမှာ တွေ့ရတယ်။

    တချို့ post grad အတန်းတွေ လာတက်ကြသူတွေက ကျောင်းပြီးရင် ပီအာ ရမလားလို့ မျှော်လင့်ချက်နဲ့ပါ။ ကျောင်းလခတွေကလည်း ဈေးကြီးလာတယ်။ လတ်တလော အခြေအနေအရတော့ ပီအာရဖို့ အရင်လို မသေချာတော့ဘူးဆိုတာ နားလည်ပြီးမှ ကျောင်းတက်မတက်ကို ဆုံးဖြတ်သင့်ပါတယ်။

    ReplyDelete
  23. What a big deal for you all burmese?? Last time when they give PR easily, you all joke abt it. now, tight,so what...

    ReplyDelete
  24. No big deal to all, Anonymous.Not all burmsese want to be a Singapore PR. We can easily save money & go back to our lovely country under the statys of EP. :)

    ReplyDelete
  25. Going home is always in my mind. But there is not much different going back home country and staying here right now.
    The main things is our mind. Depend on how we are keeping our mind. But money is key point and effecting our life.
    One day when we getting old and save enough some money, then our home country is better than here.
    Think about when you need to go hospital for some reasons, Singapore is better than home country.

    ReplyDelete
  26. ok, we can go back to myanmar at the age of 55 with million dollars of money. we can live at InnYar Road with good Bunglow. How is your children? they grown up here, graduated here, do you think they will follow you to myanmar? so how? anything happen to you, who will take care of you? unless you put your children at myanmar since now.

    An1

    ReplyDelete
  27. Educate in Singapore then migrate to Canada, Australia, and NZ. Or work in Singapore then
    save money, go for graduate studies in US, UK
    and Australia. Singapore is not the only place
    on earth for Burmese to live and work.

    I see this as a positive thing. In the past,
    those Burmese who went to AIT, Bangkok for
    post graduate studies are top students from
    YIT and other unis in Burma. That trend had
    stopped in early 2000s. Since AIT graduates
    faced with grim job prospects, most tried to
    get jobs in Singapore and those who find it
    hard to get a job in Singapore headed to the
    west and they have had to struggle there, and
    some sunk, some still swimming but a few have
    made it and they are doing well in US, UK,
    Canada, Europe and Australia (all that nations
    are better than life in Singapore unless you
    have saved a million dollars in bank account
    and drawing six figure salary in Singapore.)
    Hardships made one tougher and swim harder
    to reach better shores. I think I would not
    have left Burma if I could have gotten a job that pays me 500 to 1000 dollars a month.
    Thinking back, although I am still swimming,
    I felt that no jobs back home pushed me to
    better places. So now closure of Singapore
    will drive Burmese out of the city state,
    so we will have better diaspora and we will
    be better off in decades. All dark clouds
    have silver linings in them.

    me

    ReplyDelete
  28. စင်ကာပူ လ၀က မှာ လိုအပ်တဲ့ quota ပြည့်သွားတာဖြစ်လို. လောလောဆယ် ပီအာ ဘက်မှာ ကြပ်သွားတာဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့လည်း သူတို.ရဲ့ ပေါ်လစီက အမြဲတမ်း ပြောင်းလဲနေတာ အတွက် နောက်ပိုင်းမှာ ပီအာ လျောက်တာလွယ်ကူနိုင်ပါတယ် ၊ ခက်တာက ကျွန်တော်တို.က ဧည့်သည်ဖြစ်နေတဲ့အတွက် အိမ်ရှင်ရဲ့ (စလုံးရဲ့ ပေါ်လစီ) ရဲ့ မူအရပဲ သွားရမယ်လို. ထင်ပါတယ် ၊ အိမ်ထောင်မရှိတဲ့သူတွေအတွက်တော့ အီးပီနဲ.နေတာ ဘာမှမသိသာလှပေမဲ့ အိမ်ထောင်ရှိတဲ့သူ ၊ ကလေးရှိတဲ့ သူတွေအတွက်တော့ ကလေးရဲ့ ပညာရေးတွေမှာ စင်ကာပူ နိုင်ငံသား ၊ ပီအာ ၊ နိုင်ငံခြားသားရယ်ဆိုပြီး subsidies တွေမှာ သိသိသာသာကြီး ကွာသွားပါတယ် ကလေးပညာရေး အတွက်တော့ မိဘတွေ ပီအာဖြစ်ရင် ပိုသက်သာပါလိမ့်မယ် ၊ လောလောဆယ် အိမ်နီးချင်း နိုင်ငံတွေမှာ စင်ကာပူ ပညာရေးက အကောင်းဆုံး ဖြစ်နေပါတယ် ၊ အမေရိကား၊ သြဇီတို.မှာလည်း ကလေး ပညာရေးအတွက် ကောင်းတယ်လို. ပြောကြပါတယ် ၊ ကျွန်တော့်အတွက်တော့ ဘာပဲပြောပြော စလုံးက မြန်မာပြည်နဲ.နီးပြီး အချိန်မရွေး ရန်ကုန်ကို ပြန်နိုင်လို. ပိုပြီးနှစ်သက်ပါတယ် ၊ စလုံးမှာ နေတာအချိန်ကြာလို. တစ်ခြားနိုင်ငံကိုသွားပြီး အစစအရာအရာ adjust မလုပ်ချင် တော့ပါ ၊ ကျန်းမာရေး ၊ ပညာရေးတွေအတွက်တော့ ပီအာမဟုတ်တဲ့ နိုင်ငံခြားသားတွေအတွက်တော့ စလုံးမှာ ဈေးကြီးလှပါတယ် ၊ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်ကြီးများ အတွက်တော့ စလုံးက အစစအရာရာ ဈေးကြီးမူက မသိသာလှပါ၊ ကလေးရှိတဲ့သူများ ၊ ရေရှည်နေမဲ့သူများ အတွက်တော့ ပီအာရီဂျက်ဖြစ်လည်း အချိန်အနည်း ငယ်စောင့်ပြီး ထပ်မံလျောက်သင့်ပါတယ် ၊ ကျွန်တော် ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက စာမေးပွဲ ခဏခဏကျ ၊ အီးပီ ရီဂျက်အကြိမ်ကြိမ် ထိခဲ့သော်လည်း ထပ်ခါထပ်ခါ ကြိုးပမ်းမူကြောင့် ဘာပဲဖြစ်ဖြစ်ခုချိန်မှာ အတော်အသင့် အဆင်ပြေခဲ့ပြီးဖြစ်ပါတယ် ၊ အီးပီအကြိမ်ကြိမ် ရီဂျက်ဖြစ်ခဲ့ဖူးသော်လည်း ကျွန်တော်ပီအာလျောက်တဲ့ အချိန်မှာ ၂လခွဲနဲ. approve ဖြစ်ပါတယ် ၊ တစ်ခါ တစ်လေပြောရခက်ပါတယ် ၊ ဦးခြိမ့်ရေးသလို ကျွန်တော် ရေးသားချက်ကလည်း ကျွန်တော့် အတွေ.အကြုံ နှင့် ထင်မြင်ချက်သာဖြစ်ပါတယ်၊ ခရီးသွားဖော်အချင်းချင်း အားပေးတဲ့သဘောသာဖြစ်ပြီး အမှားပါလျင် ခွင့်လွှတ်တော်မူကြပါ ၊

    ReplyDelete
  29. Yes I agree with me and ZZZ, i would like to urge all burmese that singapore is not the only places for you all, getting EP, SPass, work permit is enough for your jump boat. save money, learn english and jump to other country...it's better... don't just close your eyes, explore the world...

    An1

    ReplyDelete
  30. "Last time when they give PR easily, you all joke abt it. now, tight,so what... "

    စနေနေ့ ICAကို ကလေး birth cert သွားလုပ်တော့ ရုံးတောင်မဖွင့်သေးဘူး အပြင်ဘက်မှာတန်းစီနေတဲ့ လူတန်းကြီးက ရုံးအနောက်ဘက်ထိရောက်တယ်..ဝစီကံတွေတယ်ကြောက်ဖို့ကောင်းတာပဲ

    ReplyDelete
  31. we think that it's no value if can get easily

    ReplyDelete
  32. ရောက်ကတည်းက လုပ်နေတဲ့ ကုမ္ပဏီမှာပဲ S-pass နဲ့ နေလာတာ သုံးနှစ်ခွဲ ကျော်ပါပြီ။ အဆင်မပြေလို့ အလုပ်သစ် ပြောင်းချင်နေပါတယ်။ အမျိုးသား (Single) ပါ။ နိုင်ငံသားပြောင်းဖို့ အစီအစဉ်လည်း မရှိပါ။ EP ပြောင်းလျှောက်သင့်ပါသလား ?
    EPက ဘယ်လို ပိုသာတဲ့ အချက်တွေ ရှိပါသလဲ ? ကောင်းကျိုးဆိုးကျိုးတွေ လက်လှမ်းမီသလောက် ပြောပြပေးပါခင်ဗျာ။
    (မြန်မာသံရုံးအခွန် ဆောင်ဖို့အတွက်ကတော့ EP က ပိုဆောင်ရမယ် ထင်ပါတယ်။)

    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  33. အခုလောလောလတ်လတ်ကြားမိတာလေးရှိလို. မှန်မမှန်သေချာချင်လို.ပါ။ အခု သံရုံးမှာ အခွန်ဆောင်ရင် CPF statement ကိုထုတ်ပေးရတယ်လို.ကြားပါတယ်။ ကြားမိကြလား မသိဘူး။
    KT

    ReplyDelete
  34. အဟက်... ISS (NUS) က postgrad diploma တက်တဲ့သူတွေ အရင်က တတန်းလုံး ပီအာလျှောက်ရင် တတန်းလုံး ရပါတယ်။ ပြီးခဲ့တဲ့ SA29 ကစပြီး တတန်းလုံးရှိ မြန်မာများမှာ ၁ယောက်ပဲ ပီအာရပါတယ်။ ရီဂျက်ထိတဲ့သူတွေထဲမှာ အကုန်လုံး လစာ ၂၀၀၀ကျော်ကြတာချည်းပါပဲ။ တချို့ ၃၀၀၀လောက်ကို ရကြပါတယ်။ တရုတ်ကလူတွေ လစာလေး ၁၅၀၀ ၊၁၆၀၀ နဲ့ ပီအာ အကုန်ရသွားပါကြောင်း။

    ReplyDelete
  35. ဦးခြိမ့်နဲ့ အန်တီဆွိရေ.. အခုတော့ EPEC ပါချမပေးတော့ဘူးတဲ့...
    ရှိပြီးသားလူတွေလဲ LTVP ကို ၃ လပဲပေးတော့မယ်တဲ့...ဟူးးးး
    ညီမက အေအိုင်တီကနေ ဒီနှစ်မှ ကျောင်းပြီးပြီလာတာပါ.. သေမဲ့နှစ်မှ စစ်ထဲဝင်မိပြီလားလို့ တောင်တွေးမိတယ်...

    ReplyDelete
  36. ဒီနှစ်ထဲတွင်လဲ မလေးတရုတ်များ လုပ်သက်၁နှစ်မပြည့်သူများပင် ပီအာရ်များရနေတယ်လို့ ကြားမိပါသည်။ Update များရှိရင်လဲ ဝေမျှကြပါအုံး။ လက်ရှိမြန်မာပြည်ကြီးအခြေအနေကလဲ၊ မျှော်တလင့်လင့်များဖြင့် ရင်ခုန်နေကြရပါကြောင်း....

    ReplyDelete