Friday, December 24, 2010
Screw Driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင် (၁)...
ဆရာမကြီး ပတ္တမြားခင်ကို နောက်တာတော့ မဟုတ်ပါဘူးဗျာ။ ဆရာမကြီးက ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ဆရာမကြီးမှို့ ခုချိန်ထိ လေးစားအားကျလျှက်ပါ။ ခုတလော ဆရာဦးဝင်းငြိမ်းရဲ့ ဆောင်းပါးတွေကနေ ဆရာမကြီးလက်ရာလေးတွေ ပြန်ဖတ်နေရတော့ ဆရာမကြီးရဲ့ အရင်ရေးခဲ့ဖူးတဲ့ ခေါင်းစဉ်လေးသတိရသွားရင်း ကိုယ့်အကြောင်းလေးလဲ ရေးချင်လာလို့ပါ။
့မဆွိတီမယ် ဘလော့တွေ ဖိုရမ်တွေထဲ ဟင်းချက်နည်းတွေသာ တွင်တွင် ရေးနေတာ။ တကယ့် ကန်လန့်ကာနောက်ကွယ်က ဇာတ်လမ်းကတော့ နေ့စဉ် Screw Driver တွေ၊ ပလာယာတွေ၊ တွီဇာတွေကိုင်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရတဲ့ ဘ၀ပါ။ R&D အင်ဂျင်နီယာ ဘ၀မယ်၊ CAD နဲ့ modeling လုပ်ပြီးရင် ပစ္စည်းတွေကို prototype လုပ်ရတယ်။ အစမ်းဆင်ကြည့်ရတယ်ပေါ့။ အဲဒီအဆင့်တွေက designer ကိုယ်တိုင် Screw Driver တွေ၊ ကရိယာတန်ဆာပလာတွေ သုံးပြီး တပ်ကြည့်၊ ဆင်ကြည့်ရတယ်။ ဟိုးနောက်ဆုံး mass production ရောက်တဲ့ အထိ ကိုယ်က process engineer ကိုလည်း တောက်လျှောက် သင်ပေးရသေးတာ ဆိုတော့ အဲလို Screw Driver လို tools တွေနဲ့က အမြဲရင်းနှီးနေရတာ။
ဒီတော့ တစ်ခါတစ်လေ ရှော့ပင်သွားရင် DIY လို Home fix လို ဆိုင်တွေ ရောက်ရင် Screw Driver တွေ အသေး၊ အကြီး၊ အလှ၊ အပြား၊ cross ၊ မျိုးစုံရှာဝယ်တော့တာပဲ။ အဲဒီမယ် floral စကတ်လှလှ၊ နှုတ်ခမ်းနီ၊ ပါးနီနဲ့ မမလှလှ(အဲလေ အန်တီ ၀၀) တစ်ယောက် ကုန်းကုန်း၊ ကုန်းကုန်းနဲ စိတ်ဝင်တစား screw driver တန်းရှေ့မှာ ငေးနေမယ်၊ရွေးနေမယ်၊ ရှာနေမယ်ဆို တီတီဆွိလို့သာ မှတ်ပေရော့ပဲ။ ကိုယ့်မှာ အဲလို ပစ္စည်းတွေထည့်တဲ့ tool box ရှိတယ်။ လူများဆီက မငှါးချင်တာနဲ့ ကိုယ့်ဟာကိုယ် အပြည့်အစုံဝယ်ထားတာ။ အထဲမှာ screw driver ဆိုဒ်မျိုးစုံရှိတယ်။ တွီဇာ၊ ပလာယာ၊ ဂွရှင်၊ အယ်လန်ကီး၊ ကတ်ကြေး၊ ဓား၊ ၀ါယာညှပ်တဲ့ ကပ်ကြေး၊တူသေးသေးလေးတွေ၊ vernier clipper ၊ ပေတံမျိုးံစုံ အစုံပလုံပါပဲ။ အများဆုံးကတော့ အဲဒီ Screw Driver ဆိုဒ်စုံတွေပါပဲ။
အင်ဂျင်နီယာဆိုလို့ နောက်ကြောင်းပြန်ရရင် ဆေးပြုတ်ပြီး အင်ဂျင်နီယာလိုင်းရတယ်ဆိုတော့ အမေ ပထမဆုံးပြောတဲ့ စကားက ငါ့သမီးရယ်တဲ့ မိန်းခလေးနဲ့ အင်ဂျင်နီယာနဲ့ ဖြစ်ပါ့မလားအေ တဲ့ ။ မိန်းခလေးဆိုတော့ အလုပ်ရှာရခက်မှာပဲ တဲ့။ အင်ဂျင်နီယာဖြစ်ရတဲ့ ကြားထဲ ဒုတိယနှစ်မယ် လိုင်းခွဲတော့ အမှတ်နည်းလို့ civil ကို ကပ်ပြုတ်ပြီး စက်မှုဖက်ရောက်ခဲ့ပြန်တယ်။ အမေ့မယ် ပြောစရာ စကားမရှိတော့ပြီ။ မိန်းခလေး စက်မှုအင်ဂျင်နီယာဆိုတော့ စက်တွေထဲ ဖြစ်ပါ့မလားအေ တဲ့။ သူ့သမီး ပိန်ညှော်ညှော် ယဲ့တဲ့တဲ့ကို စိုးရိန်တကြီးပြောရှာတယ်။ စင်္ကာပူဖက် ကျောင်းတက်မယ်၊ အလုပ်ရှာမယ်ဆိုပြန်တော့လဲ အမေ့မယ် စိတ်ပူပြန်တယ်။ မိန်းခလေး၊ စက်မှု အလုပ်ရှာလို့ လွယ်ပါ့မလား ..... .... .... ....
မဆွိတီ NUS မှာ ကျောင်းတစ်နှစ်ခွဲလောက်ဆက်တက်ပြီးတော့ ဘွဲ့လွန်တစ်ခုထပ်ရတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်က ကျောင်းပြီးပြီးချင်း အလုပ်အရမ်းပေါတဲ့ အချိန်ဖြစ်နေတယ်။ ၂၀၀၀ ပတ်ဝန်းကျင်လောက်ပေါ့။ အလုပ်တွေ သတင်းစာကနေ ပစ်တယ်။ အဲဒီတုံးကသိပ်တော့ မရွေးဘူး။ မဲမဲမြင်ရာ ပစ်တာပဲ။ လူကလဲ ကျောင်းပြီးကာစ အလုပ်လုပ်ရတော့မယ်ဆိုတော့ သိပ်တက်ကျွနေတဲ့ အချိန်ပေါ့။ ပထမဆုံး အင်တာဗြူး ၃ခုသွားရတယ်။ လစာကတော့ ၂၀၀၀ ပတ်ဝန်းကျင်။ ကံကောင်းချက်ကတော့ ၃ခုလုံးက အလုပ်ခန့်တယ်ဗျာ။ ပထမဆုံးတစ်ခုက ချန်ဂီနားဆိုတော့ အဝေးကြီးတဲ့၊ ဦးခြိမ့်ကပယ်တယ်။ အဲဒီမယ် ကြုံလို့ပြောရဦးမယ်။ အဲဒီအချိန်က ဦးခြိမ့်ကလဲ အလုပ်ရှာနေတာ။
နောက်ကြောင်းထပ်ပြန်ရရင် သူ့ခမျာမယ် AIT မှာ စကောလာနဲ့ မာစတာပြီးတော့ စလုံးမယ် အလုပ်လာရှာတာ အဆင်မပြေဘူး။ ။ ဦးခြိမ့်က အလုပ်နဲ့ ပတ်သတ်လို့ ကံသိပ်မကောင်းဘူး။ ဒီကြားထဲ ၉၇ နှစ် အကုန်လောက် ဆိုးရို့စ် - အာရှ စီးပွားကပ်ဆိုက်ချိန်။ အလုပ်ကလဲ ရှားနေချိန်ဆိုတော့ ပိုဆိုးတယ်။ အင်တာဗျူးလေး တစ်ခုရဖို့ကို မလွယ်ဘူးတဲ့။ အလုပ်ကငြိပြန်တော့ EP က ဂျက်တယ်။ နောက်ဆုံး ကြံရမရတဲ့ အဆုံး အေးဂျင့်နဲ့ ဆက်ပြီး work permit နဲ့ စက်ရုံတစ်ခုမယ် operator လောက်အဆင့်နဲ့ စလုပ်ခဲ့ရတာ။ PCB ထုတ်တဲ့ စက်တွေကို ပျက်ရင် လိုက်ပြင်ပေးရတဲ့ EA (Engineering assistant) ။ မဆွိတီနဲ့အိမ်ထောင်ကျပြီး EA ဘ၀နဲ့ပဲ မိန်းမကိုကျောင်းထား၊ ညဆိုင်းတွေဆင်းပြီး အတော်လေး ကသီလင်တနဲ့။ မဆွိတီကျောင်းပြီးခါနီးတော့ သူလဲ စာချုပ်ပြည့်ပြီဆိုတော့ ရတဲ့ ဘွဲ့နဲ့ ကိုက်မယ့် တူတူတန်တန် အလုပ်တစ်ခုရှာနေတာ။ အဲဒီတော့ ၂ယောက်လုံး အလုပ်တွေ ပစ်ကြသပေါ့။ ကိုယ်ကအားနေတော့ သူ့အတွက်လဲ ပစ်ပေးပေါ့။
အဲဒီ ပထမဆုံး ချန်ဂီကအလုပ်က လင်မယား၂ယောက်လုံးကို အင်တာဗျူးခေါ်သဗျာ။ အချိန်ကလဲ ရှေ့ဆင့်နောက်ဆင့်ဆိုတော့ လင်မယား၂ယောက် အတူသွားကြတာပေါ့။ ဘတ်စကားကြီးစီးပြီးတော့သွားကြတာ။ ၂ယောက်လုံးတလှည့်စီ အင်တာဗျူးပြီး အင်တာဗျူးတဲ့ သူက လင်မယားဆိုတော့ အံ့သြနေတာ။ အင်တာဗျူးခန်းထဲမှာ ကြံကြံဖန်ဖန် သူဌေးက အသက် ၁၀နှစ်လောက်ပဲရှိတဲ့ သူ့သားကို ပါခေါ်ထားသဗျာ။ သားလုပ်သူကလဲဟိုဟာမေး ဒါမေးနဲ့ အင်တာဗျူးသပေါ့။ ၁၀နှစ်လောက်ခလေးက အင်တာဗျူးတာဆိုတော့ အဲဒီအထဲက ဦးခြိမ့်က တော်တော် စိတ်တိုနေပြီ။ သူကလဲ သူတို့နှစ်မှာ စာတော်တဲ့ထဲပါတော့ သူကလဲ သူ့ ဘွဲ့ကို သိပ် အလေးထားတာ။ သူ့ pride ကို ထိတယ်၊ ဘာညာပေါ့။
နောက်၂ရက်၃ရက်လောက်နေတော့ ကုမ္ပဏီက မဆွိတီကိုပြန်ခေါ်တယ်။ ဦးခြိမ့်ကိုတော့ ပြန်မခေါ်တော့ဘူး။ အလုပ်ကလဲ ပထမဆုံးရတယ်ဆိုတော့ မဆွိတီက ဘရိတ်အုပ်လို့မရဘူး။ အရမ်းကို လုပ်ချင်နေပြီ။ ဦးခြိမ့်က ဖျက်ပါတယ် ခင်ဗျာ။ ဝေးတာရော၊ သူတို့ရဲ့ ပုံစံကို မကြိုက်တာရော။ အဲဒီမှာ မဆွိတီ တော်တော်စိတ်ဆိုးတယ်။ မိဘတွေကို ပေးချင် ကမ်းချင်၊ ကိုယ်ပိုင် ၀င်ငွေရှာချင်နေပြီဆိုတော့ အဲဒီအလုပ်ကို လုပ်ချင်လိုက်တာ တပိုင်းကိုသေလို့။ လင်မယား တော်တော်စကားများကြတယ်။ မဆွိတီတို့ ဆိုးချက်တော့ ယောက်ျားကို ရန်ထောင်တယ်။ တော်က ၂ယောက် အင်တာဗျူးတာချင်း၊ တော့ကို မခေါ်လို့ ကျုပ်ကို မလုပ်ခိုင်းတာလားတွေ ဘာတွေ ဖြစ်ကုန်တယ်။ အမှန်က အဲဒီအချိန်က မဆွိတီတို့က ကလမန်းတီးမှာနေတာဆိုတော့ စင်္ကာပူ အရှေ့နဲ့ အနောက် အရမ်းဝေးတာ လဲပါတယ်။ ဦးခြိမ့်က နောက်အလုပ်တွေလဲတွေ့ဦးမှာပါ။ ရှာပါဦးလို့သာပြောတယ်။
ဒုတိယတစ်ခုက ကုမ္ပဏီက သေးသေးလေး။ သေးတာမှ ဘော့စ်ရယ် ကိုယ်ရယ် ၂ယောက်တည်းလို့တောင်ပြောရမယ်။ ဘော့စ်ကတော်တော်လဲ သဘောကောင်းသဗျ။ အင်တာဗျုးတာမှာ စကားပြောလို့ သိပ်ကောင်းတာပဲ။ ကတ်တလောက်မှာထည့်ဖို့ အတွက် စက်ပစ္စည်း အစိတ်အပိုင်းလေးတွေကို Auto CAD နဲ့ ပုံတွေ ဆွဲပေးရမတဲ့။ သူကဂျူရောင်းဖက်မှာ။ ဦးခြိမ့်ကတော့ ကုမ္ပဏီသေးတယ်။ အာမခံချက်မရှိဘူးတဲ့။ မလုပ်ပါနဲ့တဲ့ ဆိုတော့ မလုပ်ရပြန်ဘူး။ တတိယတစ်ခုကျတော့ ဂျပန်ကုမ္ပဏီဗျာ။ Auto CAD နဲ့ပဲ 3D ပုံတွေဆွဲရမယ်။ 3D modeling လုပ်ရမယ်ပေါ့။ လစာလည်း ပိုတာနဲ့ အဲဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
(ရေးရင်း ရှည်သွားလို့ နောက်မှ ဆက်ရေးပါမည်။)
Subscribe to:
Post Comments (Atom)
မျှော်လျက်...
ReplyDeleteတီဆွိရေ... အလုပ်ရှာတဲ့ အကြောင်းနဲ့ အင်ဂျင်နီယာ ဘ၀ အကြောင်း လေ့လာသွားပါတယ်။ ဆက်ရန်ကိုလည်း မျှော်နေတယ်နော်။
ReplyDeleteမယ်ဆွိ တို့ ကျောင်းသူဘဝက ပိန်ညှော်ညှော် ယဲ့တဲ့တဲ့ လေးဆိုပါလား...
ReplyDeleteထူးဆန်းပါပေ့ကွယ်...
ဟုတ်တယ်။ ကိုကြီးကျောက်က ယုံဘူးလား။ အပျိုတုံးက ၀ချင်တာ။ ဘယ်လောက်စားစား မ၀ဘူးဗျာ။ ခုတော့ ပိန်ချင်တာ။ ဘယ်လောက်လျှော့ လျှော့ ပိန်ဘူးဗျာ။ လူ့ အလို နတ်မလိုက်နိုင်ဘူးဆိုတာ သိပ်မှန်တယ်။
ReplyDeleteအန်တီ၀၀ကြီးလား ၊ ဂျုးဂျူးမွေးနေ.မှာ တွေ.တဲ့ ဓါတ်ပုံမှာ အသက်သိပ်ကြီးပုံမပေါ်သေးပါဖူး ၊ ၄၀ ပတ်ဝန်းကျင်ပေါ့ ၊ အရင်ကတော့ မဆွိ ၊ မသက်ဝေ ၊ ဒေါ်ခင်ဦးမေ တို.ဆိုအသက် ၅၅နှစ် ကျော် အန်တီကြီးတွေမှတ်နေတာ ၊ အမှန်က အသက်တွေ ဒီလောက်မကြီးသေးပါဖူး ၊ ဘလော့တွေကို စဖတ်ခါစက သက်ဝေဆိုလို. ယောကျာင်္းကြီးမှတ်နေတာ ၊
ReplyDeleteအပိုင်း ၂ ကို မျှော်နေပါ့မယ် ၊
Ma Ma Sweet!!
ReplyDeleteYou are not fat, I saw your photo in Juu's Birthday post. You look still young and have nice skin.
Please try to continue next posts.
အပေါ်က z ၃လုံး ပြောသလိုပဲ။အသက်ကြီးလှပြီထင်နေတာ။
ReplyDeleteနယ်နယ်လေးရှိသေးတယ်။
အချိန်ရရင် အပိုင်း ၂ မြန်မြန်တင်ပေးပါဗျို့ 
Can't wait for part two!!!
ReplyDeleteဟောလီးဒေးထွက်ဖို့ တစ်ပတ်လောက် ပျောက်ပါဦးမည်။ လာရောက် အားပေးသူများအားလုံး ကျေးဇူးပါနော်။
ReplyDeleteဟောလီးဒေးသွားတာ ပြန်လာရင် မုန့်ဝယ်လာခဲ့ပါ...း))
ReplyDeleteဒုက္ခပါပဲ ၊ အားလပ်ရက်မှာ ဘလော့တွေလျောက်လည်မလို. ၊ ဘလော့ဂါတွေ ဟောလီးဒေးခရီးထွက်ရင်တော့ ဖတ်စရာ ပို.စ်တောင်ရှိမယ်မထင်ပေါင် .
ReplyDeletelaptop ကို ရောက်ရာအရပ်မှာမှာယူသွား ၊ ရောက်တဲ့အရပ်မှာ အပိုင်း ၂ ဆက်ရေးပါခင်ဗျာ ၊ ဒါဗြဲ ၊ အင်တာနက် အဆင်မပြေသော အရပ်ဆိုရင်တော့ စောင့်ဖတ်ရမှာပဲ ၊ မတတ်နိုင်ဖူး ၊ မဆွိ ရဲ့ ပို.စ်ဖတ်ရတာ သိုင်းအခန်းဆက် ၀ထ္ထုရှည် ဖတ်နေရသလိုပါပဲ ...
စိတ်ဝင်စားစွာဖတ်သွားပါတယ်။ နောက်ဆက်တဲံလည်းမျှော်နေပါမယ်။
ReplyDeletewe wish you and your family a merry Christmas and Happy New Year.
Very interesting your post. Very interested to draw 3D Modeling.
ReplyDeletePlease carry on!
ဖတ်လို့ကောင်းလိုက်တာ
ReplyDeleteအခန်းဆက်တွေမျှော်ပြီးစောင့်ဖတ်နေမယ်နော်
စိတ်ဝင်စားစရာကြီး :)
hello!aunty sweet.
ReplyDeleteWe,I and my wife always envy reading about your lovely family.And we always thought how lucky u are of today.We didn't expect u all would have faced a tough life once what we are facing today cos I am following ဦးခြိမ့် too.Thanks indeed for sharing ur family experiences,aunty sweet.It is really encouraging us.People tend to see the pleasant present only but not past.May your family ever be happier,healthier & wealthier than ever...
မဆွိ
ReplyDeleteဖတ်ကောင်းနေတုန်း ဆက်ရန် ဆိုတော့ ဟတ်ကော့ကြီး ဖြစ်ကျန်ခဲ့ပြီ။
ဒီပို့စ်မှာတော့ ချိုစောင်း (ဂျိုစောင်း)လေးပဲ မြင်ရတယ်။ နောက်တပို့စ်တော့ အတည့်လုပ်စမ်းပါ။ အတည့်ပုံဆိုလို့ နောက်စေ့ တည့်တည့်ကို ပြောတာ မဟုတ်ဘူးနော်။ :)
ဘာလို့ အဆင့်တွေကျော်သွားတာလဲ... စသင့်တာက ဦးခြိမ့်ကြီးနဲ့ ဘယ်လိုဖူးစာဆုံခဲ့သလဲဆိုတာကလေ... ရဘူး.. နောက်ကြောင်းပြန်ပေးရမယ်... ဆွိရေ... ဒါလေးဖတ်ပြီး တို့ တွေ ၂တန်းတုန်းက ၀ပ်ရှော့မှာ (မြန်မာလိုပြောရင)် ပန်းဘဲလုပ်ရတာသွားသတိရတယ်... လှလှတွေပြင်ထားတဲ့ သူငယ်ချင်းလေးရဲ့ မျက်လုံးက ကာလာလေးတွေ မီးရဲရဲနဲ့ တွေ့ တော့ မျက်နှာပေါ်ကာလာချေင်းလေးတွေစီးသွားလို့ ငိုအားထက်ရယ်အားသန်လေ...
ReplyDelete3D modeling အတွက် ဘာ software သုံးလဲအမ။ Solidworks or Pro E or others?
ReplyDelete၀င်ဖတ်မိရင်းနဲ့  စိတ်ဝင်စားဖို့ ကောင်းသလို ဗဟုသုတတွေလဲရပါတယ် အန်တီ အားပေးလျှက်.........
ReplyDelete