အန်တီဆွိနဲ့ အချိုမှုန့်
မဆွိတီတို့ ၉တန်း၁၀တန်းလောက်ပေါ့။ တစ်ရက် အမေ မုန့်ဟင်းခါးချက်တော့ မုန့်ဟင်းခါးထဲ ငါးတွေ များပါရက်နဲ့ အချိုမှုန့်တွေ အများကြီးထည့်တာ တွေ့တယ်။ စိတ်ထဲမှာ အမေအချိုမှုန့်တွေ သုံးတာ များလိုက်တာလို့။ မုန့်ဟင်းခါးတင်မဟုတ်၊ လဖ္ဘက်ဆိုလည်း အချိုမှုန့် နိုင်းချင်းနဲ့ နယ်လိုက်တာပဲ။ ငါးခြောက်ဖုတ်ဆိုလဲ ဆီထဲမှာ အချိုမှုန့်အချောင်းလေးတွေတောင် မြင်ရတယ်။ အမေရယ် အချိုမှုန့်တွေ သုံးတာ များလိုက်တာဆိုတော့ သူတို့လျှာက စွဲနေပြီတဲ့။ အချိုမှုန့်မပါရင် အရသာမရှိတော့ဘူးတဲ့။ ပြီးတော့ အချိုမှုန့်က ပလောပီနံကနေ လုပ်ထားတာဆိုတော့ သိပ်အန္တရာယ်မရှိပါဘူးတဲ့ ပြောသေးတယ်။ ခုနောက်ပိုင်းတော့ အမေလဲ အသက်ကြီးလာတော့ ကင်ဆာတွေဘာတွေ ဖြစ်မှာကြောက်လို့ထင်ပါရဲ့ ဟိုတစ်ခေါက်ပြန်တော့ အချိုမှုန့်တော်တော်လျှော့သုံးလာတာတွေ့ရတယ်။
ကိုယ်လဲ ဦးခြိမ့်နဲ့ အိမ်ထောင်ကျတော့ အချိုမှုန့် အနည်းငယ်တော့ သုံးမိတယ် ထင်တာပဲ။
သေချာ မမှတ်မိတော့ပါ။ နောက်သမီးလေးမွေး၊ ကြီးတော်ရောက်လာတော့ စာအုပ်တွေ၊ အင်တာနက်တွေထဲ
အချိုမှုန့် ဘာပြုတယ်၊ ညာပြုတယ်ဆိုတာနဲ့ အိမ်မှာ အချိုမှုန့်
လုံးဝမသုံးရလို့ အမိန့်ထုတ်ထားတယ်။ အချိုမှုန့်အစား သကြားတို့၊
ငါးငံပြာရည်၊ ပဲငံပြာရည်၊ ပုဇွန်ခြောက်မှုန့် အစရှိသဖြင့် အစားထိုးသုံးတယ်။
ဟင်းချိုတွေ ဟင်းခါးတွေချက်ရင်တော့ တစ်ခါတစ်ရံ ခနော (Knorr) လို့ ခေါ်တဲ့
ကြက်သားမှုန့်အတုံးလေးတွေ ပစ်ပစ်ထည့်ပြီး ဟင်းကို ပိုချိုအောင် လုပ်ကြတယ်။
ကြက်သားမှုန့်အစ
တစ်ရက်တော့
အိမ်မှာအတူနေတဲ့ အိမ်ငှါး ညီအစ်ကို ကိုက်လံကြော်ကြတော့ အနံ့ကလဲ
အတော်မွှေးတာနဲ့ ဒီလိုမွှေးအောင် ဘာနဲ့များ ကြော်ကြလဲဆို မြည်းကြည့်ရာမှာ အိမ်မှာ
ကြီးတော် အမြဲကြော်တဲ့ ကိုက်လံကြော်နဲ့ မတူ၊ အရသာကလဲကောင်း၊ အနံ့ကလဲမွှေး
တော်တော်အရသာ ရှိပါလားဆို သူတို့က ကြက်သားမှုန့်နဲ့ ကြော်တာတဲ့ဗျ။ အဲဒီကြက်သားမှုန့်က ငရုပ်ကောင်းတွေ ဘာတွေနဲ့ seasoning powder လို သေချာမွှေးအောင် လုပ်ထားတာကိုး။
သူတို့သုံးတဲ့ ကြက်သားမှုန့်လေး တံဆိတ်မှတ်ထားပြီး နောက်ပိုင်းတော့
ဟင်းရွက်ကြော်ရင် အဲဒီကြက်သားမှုန့်လေးနဲ့ ကြော်တာ တရုတ်ဆိုင်က
ကြော်တဲ့အရသာအတိုင်း တော်တော်ကောင်းတယ်ဆိုတာ သတိထားမိတယ်။
အဲဒီကထဲက ကြက်သားမှုန့်ပဲလေဆို စိတ်ချလက်ချနဲ့ သုံးလာတာ ခုအော်ဇီရောက်တဲ့ အထိပဲ။ ဒီရောက်တော့ ကိုယ်တိုင်ချက်တော့ ပိုတောင်ဆိုးသေး။ ဟင်းအရသာလေး ပိုကောင်းအောင်ဆို အသားငါးတွေဆို ဆားတောင်သိပ်မသုံးဖြစ်ပဲ ငံပြာရည်နဲ့ အဲဒီကြက်သားမှုန့်နဲ့ နယ်လိုက်တာပဲ။ မှတ်မှတ်ရရ ရောက်ကတည်းက ဆားတစ်ထုတ်ဝယ်ထားတာ ခုထိ ကျန်နေသေးတယ်။ ဒါတောင် ၀က်အူတွေ၊ ကလီစာတွေချက်ရင် ဆားနဲ့ ပွတ်ပွတ်ဆေးလို့ ဆားက လျော့သွားတာ။ နောက်မှို့ အထုတ်တောင် ပျက်မယ်မထင်ဘူး။
ဖေ့စ်ဘွတ်ခ်က ဆောင်းပါးနဲ့ 621
တစ်နေ့ကပဲ ဖေ့စ်ဘွတ်မယ် အချိုမှုန့် ဘာရောဂါဖြစ်မယ်၊ ညာရောဂါဖြစ်မယ်ဆို ဆောင်းပါးတစ်ပုဒ် ဖတ်ရပြန်ပါရော။ အဲဒီမှာ ကွန်မန့်တွေမှာ မေးထားတာ အချိုမှုန့်ကတော့ ဟုတ်ပါပြီ။ ကြက်သားမှုန့်ကရော ဘယ်လိုလဲ၊ ဘာလဲဆိုတော့ ကြက်သားမှုန့် အင်မတန်သုံးတဲ့ အန်တီဆွိလဲ သိချင်လာတယ်။ ကြက်သားမှုန့်မှာရော အချိုမှုန့်ပါသလား။ ကြက်သားမှုန့်သုံးရင်ကော safe ဖြစ်သလား။ ထုံးစံအတိုင်း ဂူဂဲလ်ထဲ၊ ၀ီကီထဲ မွှေနှောက်ရှာ.. အားလားမား .. ပါလိုက်တာမှ အန်တီဆွိသုံးတဲ့ ကြက်သားမှုန့်ထုတ်ရဲ့ Ingredient ထဲမှာ 621 ဆိုတာ ပြူးနေတာပဲ ခင်ဗျာ။
FLAVOUR ENHANCERS (620-640)အဲဒီကထဲက ကြက်သားမှုန့်ပဲလေဆို စိတ်ချလက်ချနဲ့ သုံးလာတာ ခုအော်ဇီရောက်တဲ့ အထိပဲ။ ဒီရောက်တော့ ကိုယ်တိုင်ချက်တော့ ပိုတောင်ဆိုးသေး။ ဟင်းအရသာလေး ပိုကောင်းအောင်ဆို အသားငါးတွေဆို ဆားတောင်သိပ်မသုံးဖြစ်ပဲ ငံပြာရည်နဲ့ အဲဒီကြက်သားမှုန့်နဲ့ နယ်လိုက်တာပဲ။ မှတ်မှတ်ရရ ရောက်ကတည်းက ဆားတစ်ထုတ်ဝယ်ထားတာ ခုထိ ကျန်နေသေးတယ်။ ဒါတောင် ၀က်အူတွေ၊ ကလီစာတွေချက်ရင် ဆားနဲ့ ပွတ်ပွတ်ဆေးလို့ ဆားက လျော့သွားတာ။ နောက်မှို့ အထုတ်တောင် ပျက်မယ်မထင်ဘူး။
ဖေ့စ်ဘွတ်ခ်က ဆောင်းပါးနဲ့ 621
တစ်နေ့ကပဲ ဖေ့စ်ဘွတ်မယ် အချိုမှုန့် ဘာရောဂါဖြစ်မယ်၊ ညာရောဂါဖြစ်မယ်ဆို ဆောင်းပါးတစ်ပုဒ် ဖတ်ရပြန်ပါရော။ အဲဒီမှာ ကွန်မန့်တွေမှာ မေးထားတာ အချိုမှုန့်ကတော့ ဟုတ်ပါပြီ။ ကြက်သားမှုန့်ကရော ဘယ်လိုလဲ၊ ဘာလဲဆိုတော့ ကြက်သားမှုန့် အင်မတန်သုံးတဲ့ အန်တီဆွိလဲ သိချင်လာတယ်။ ကြက်သားမှုန့်မှာရော အချိုမှုန့်ပါသလား။ ကြက်သားမှုန့်သုံးရင်ကော safe ဖြစ်သလား။ ထုံးစံအတိုင်း ဂူဂဲလ်ထဲ၊ ၀ီကီထဲ မွှေနှောက်ရှာ.. အားလားမား .. ပါလိုက်တာမှ အန်တီဆွိသုံးတဲ့ ကြက်သားမှုန့်ထုတ်ရဲ့ Ingredient ထဲမှာ 621 ဆိုတာ ပြူးနေတာပဲ ခင်ဗျာ။
အဲဒီ 621 ဆိုတာ Monosodium L-glutamate (MSG) ကိုပဲ Flavour enhancer No 621 ဆို အမည်ပေးထားတာပါပဲ။ အော်ဇီမှာတော့ MSG ကို
621 ခေါ်ပြီး အခြားဥရောပနိုင်ငံတွေမှာတော့ E621
(ရှေ့က E တစ်လုံးပေါင်းထည့်ပြီး) ခေါ်ပါတယ်။ MSG မှ မဟုတ်ပါဘူး၊ အချိုမှုန့်ကဲ့သို့
အစားအသောက်တွေရဲ့ အရသာကို ကောင်းမွန်ပြီး၊ စွဲတတ်တဲ့ ဓာတ်ပေါင်းတွေအားလုံးကို အဲလို Flavour
enhancer number တွေ 620 ကနေ 640 အထိပေးထားပါတယ်။ အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
MSG by any other name .......
In Japan, MSG is labeled as 味の素 or Ajinomoto
In China, MSG = wie jing
In the Phillipines, MSG = Vetsin
In Thailand, MSG = phong churot
In Germany, MSG = Natriumglutaminat
In Europe - MSG = E621, but avoid E620-625 as they also contain glutamate
In the US - "umami", MSG, glutamate, free glutamic acid
List of the way msg is hidden ...
hvp (hydrolyzed vegetable protein), glutamate or glutomic acid, modified enzymes, natural flavor (ings), yeast extract or autolized yeast, caseanate, contains maltodextrin, soy concentrate, isolate or soy protein, protein isolates.
နောက်ပိုင်းတော့ ပရောဖက်ဆာ အီကဲဒါးနဲ့ သူ့ပါတနာတွေဟာ
ဒီ glutamate ရဖို့ ရေညှိလို သဘာဝပစ္စည်းကနေ ထုတ်နိုင်ရုံတင်မက တခြားသော
beet တို့၊ ပလောပီနံတို့၊ ဂျုံ၊ ကြံရိုးတို့ အစရှိတဲ့ သဘာဝပစ္စည်းတွေကလဲ ထုတ်နိုင်တယ်ဆိုတာ
သိလာတယ်။ ၁၉၀၉ ခုမှာ ဒေါက်တာ အီကဲဒါးဟာ
လူတွေခန္ဒာကိုယ်မှာ၊ အသားတွေ နို့တွေမှာ အဲဒီသဘာဝအတိုင်းတွေ့နိုင်တဲ့ glutamic acid နဲ့ ကယ်မီကယ်
ဓာတ်ပေါင်းချင်း ဆင်တူတဲ့ molecular formula C5H9NO4 ကို ဖော်ထုတ်ပြခဲ့ပါတယ်။
နောက်ဆုံး MSG ထုတ်လုပ်ပုံကတော့ ပရိုတင်း
ထဲမှာပါတဲ့ glutamic acid ကို bacterial fermentation လုပ်ခြင်းဖြင့်
glutamate ဆိုတဲ့ ဓာတ်ကို ပထမထုတ်လုပ်ပါတယ်။ အမှန်က glutamate ဆိုတာ သူ့ချည်းဆို ဘာမှ
အရသာမရှိပါဘူးတဲ့။ နောက်တော့ sodium ဆားနဲ့ ရောပြီးမှသာ အရသာကို ပိုတက်စေတာအပြင် ဆားက
crystal ပုံပြောင်းဖို့လွယ်တော့ ဆားနဲ့ပေါင်းပြီး Mono-sodium glutamate (MSG) ဆိုပြီး ထုတ်ပါတယ်။ trade name ကတော့ အများသိကြတဲ့ You are sure ... it is pure ... အာဂျီနိုမိုတို ပေါ့ ခင်ဗျား ...
MSG မှာ ဆား (ဆိုဒီယမ်) ၁၃% ပါပြီး အိမ်သုံးဆား(ဆိုဒီယမ်ကလိုရိုက်) မှာတော့ ဆိုဒီယမ် ၄၀% ပါပါတယ်။ ဒါကြောင့် အချိုမှုန့်သုံးရင် ဆိုဒီယမ် လျှော့ချသလို ဖြစ်သွားပါတယ်။
5th taste Umami အရသာ
တစ်ချိန်တည်းမှာပဲ
ပါမောက္ခ အီခဲဒါးဟာ လူတွေမှာ ချို၊
ချဉ်၊ ငံ၊ ခါး ဆိုတဲ့ အရသာ
၎မျိုးသာ သတ်မှတ်ခဲ့ရာမှ umami လို့ခေါ်တဲ့ ၅ခုမြောက်အရသာ (မြန်မာလိုဆို
ဟင်းချိုတွေ ချိုသလို အရသာမျိုး၊ အင်္ဂလိပ်လိုဆို savoury) တစ်ခုကိုပါ ထပ်တိုးပြီး
ထိုအရသာဟာ သဘာဝအားဖြင့်တော့ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ တော်တော်များများမှာ
ပါရှိတဲ့ အကြောင်း ရှင်းပြထားပါတယ်။ umami အရာသာရှိတဲ့ glutamate ဟာ အများအားဖြင့်
cheese၊ ခရမ်းချဉ်သီး၊ အသား၊ နွားနို့၊ မှို အစရှိသည်တို့မှာ
သဘာဝအတိုင်းရှိပြီးသားဖြစ်ပါတယ်တဲ့။ ခလေးတွေ သောက်သုံးတဲ့ လူတွေရဲ့ နို့မှာ
သကြားဓာတ်အပြင် အဲဒီ glutamate ဓာတ် အတော်များများပါပါတယ်။ ဒါကြောင့် ခလေးတွေဟာ
အမေနို့ကို စွဲစွဲမက်မက် သောက်ကြတယ်လိုလဲ ဆိုပါတယ်။
အောက်က
ဇယားကတော့ အစားအသောက် ၁၀၀ဂရမ်မှာပါတဲ့ Bound
glutamate နဲ့ Free
glutamate ရဲ့ မီလီဂရမ်
အလေးချိန်တွေဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် အချိုမှုန့်မစားလဲ
သူ့သဘာဝအလျှောက် အဲဒီ ဂလူမိတ်ဓာတ်ကို အောက်ပါ အစားအသောက်တွေကနေ ရနေတာ
သိရပါတယ်။ အမေနို့ ၁၀၀ဂရမ် မှာ glutamate ၂၂မီလီဂရမ် ပါပြီး နွားနို့ကျ ၂
မီလီဂရမ်ပဲ ပါပါတယ်။ လူတစ်ယောက်ရဲ့ အစားအသောက်တွေမှာ ပျမ်းမျှ bound
glutamate ၁၀ ဂရမ်ကနေ -၂၀ ဂရမ်အထိပါပြီး၊ Free glutamate ကတော့ ၁
ဂရမ်ခန့်ပါပါတယ်တဲ့။
mg/100g
( bound glutamate ဆိုတာ ပရိုတင်းနဲ့ ရောနေတဲ့ glutamate ဖြစ်ပါတယ်။)
ခရမ်းချဉ်သီးဟာ
မထင်မှတ်ရပဲ အဲဒီ အချိုမှုန့်ဓာတ် အတော်ပါတာ ထူးဆန်းစွာတွေ့ရပါတယ်။ ဒါကြောင့်ထင်ပါရဲ့၊ ငယ်ငယ်က
အိမ်မှာငပိရည်ကြိုတော့ စာတစ်လုံးမှ မတတ်တဲ့ အဖွားဟာ ခရမ်းချဉ်သီးလေးပစ်ထည့်ပြီး
ကျေနေအောင် ကျိုလိုက်ရင် ငပိရည်က တော်တော် ချိုသွားတယ်လို့ ပြောပြဖူးပါတယ်။
နောက်ပြီး မုန့်ဟင်းခါးတွေ ဘာတွေချက်ရင် ကုလားပဲအရည်ကို ထည့်တာ ပိုချိုအောင်ဆိုတာ
အဲဒီပဲမှာ ဂလူမိတ်ဓာတ်တွေ အများကြီးပါနေတာကြောင့်ဖြစ်ပါတယ်။ စင်္ကာပူမှာဆို Yong
tofu လို့ခေါ်တဲ့ soup ရောင်းတဲ့ ဆိုင်တွေက ဟင်းချိုကို ချိုအောင် ပိပိစပ် (soy
bean) ကို ပြုတ်ပြီး အဲဒီကရတဲ့ အချိုရည်နဲ့ တခြား ကြက်ရိုးဝက်ရိုးတွေကရတဲ့
အချိုရည်ကို ပေါင်းပြီး ဟင်းချိုအောင် စီမံပါတယ်။ တစ်ခါတရံ
ယောင်တို့ဟူးဟင်းချိုရည်မှာ ပဲပိစပ်အလုံးလေးတွေ တွေ့ရတတ်ပါတယ်။
အချိုမှုန့် safe
ဖြစ်သလား ...
အချိုမှုန့်
safe ဖြစ်သလား မဖြစ်လားဆိုတောတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေက တရားဝင်
ကျမ်းမာရေး အဖွဲ့အစည်းတွေနဲ့ MSG ကို တသီးပုဂ္ဂလ သုသေသနပြုနေတဲ့ အဖွဲ့တွေ
ငြင်းခုန်နေကြဆဲပါ။ ၀ီကီမှာဖတ်ကြည့်ရင် အမေရိကန် အစားအသောက်နဲ့ မူးယစ်ဆေး
ကွပ်ကဲမှု အဖွဲ့ (FDA) ကတော့ "Generally recognized
as safe (GRAS)" ဆိုပြီး သတ်မှတ်ပါတယ်။ ဥရောပ
သမဂ္ဂ ကတော့ စွဲစေတတ်သော အစားအသောက် "Food
additive" အနေနဲ့
သတ်မှတ်ပြီး အော်ဇီနဲ့ နယူးဇီလန် အစားအသောက်ဆိုင်ရာအဖွဲ့ကတော့ MSG ကို "safe for the general
population" အနေနဲ့
သတ်မှတ်ပါတယ်။ FAO နဲ့ WHO တို့ပေါင်းထားတဲ့ သုသေသန ကော်မတီအဖွဲံ့သစ်
Joint FAO/WHO Expert Committee on Food Additives (JECFA) က MSG ကို safe
ဖြစ်လွန်းလို့ သူ့မှာ ADI လို့ ခေါ်တဲ့ "Acceptable Daily Intake" တောင်
သတ်မှတ်ထားတာ မရှိပါဘူး။
http://www.ajinomoto.com/features/aji-no-moto/en/truth/index.html
(အော်ဇီမှာ အချိုမှုန့်ဟာ safe ဖြစ်တယ်လို့ ယူဆထားတာကြောင့် ရက်စ်တောရန့်တွေ၊ ကော်ဖီဆိုင်တွေမှာ MSG သုံးတယ် မသုံးဘူးဆိုတာ ကြော်ငြာစရာမလိုပါဘူးတဲ့။ ကိုယ်က MSG sensitive ဖြစ်တဲ့သူဆိုမှသာ သူတို့ကို သုံးမသုံးမေးနိုင်ပါတယ်တဲ့။)

အထက်ပါ သတ်မှတ်ချက်တွေ ဖတ်ပြီး အံ့သြမိတာက အွန်လိုင်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရေးထားကြတဲ့ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေ၊ ရောဂါတွေ ဖတ်ရပါများလို့ အလွတ်တောင်ရနေရာကနေ ခုလို အချိုမှုန့်ဟာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတ်ပေါင်းတစ်ခုနဲ့ ထပ်တူညီတဲ့ ပစ္စည်း တစ်ခု (chemically exactly same) ဖြစ်တာအပြင်၊ နှစ်ပေါင်း ၁၀၀ကျော် သုံးစွဲလာခဲ့တဲ့ပစ္စည်း၊ နှစ်ပေါင်း ၄၀ကျော် သုသေသနတွေကနေ ရတဲ့ ရလာဒ်ပေါ် အခြေခံပြီး Safe ဖြစ်တယ်လို့ ထုတ်ပြန်တာဖြစ်တယ်။ အော်ဇီလို အစားအသောက် safety ဖက်မှာ အင်မတန် sensitive ဖြစ်တဲ့ နိုင်ငံတွေကပါ MSG ဟာ safe ဖြစ်ပါတယ်ဆိုတော့ အင်မတန် အံ့သြရပါတယ်။
တစ်ချိန်တည်းမှာပဲ တခြားသုသေသန အဖွဲ့တွေက ကြွက်တွေ၊ တိရိစ္ဆာန်ငယ်လေးတွေသုံးပြီး အဆက်မပြတ် သုသေသနပြုရာကနေ ရလာဒ်တွေကို အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ အချိုမှုန့်ကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေရဲ့ ဆိုးကျိုးတွေကို ဖော်ပြထားပြန်ပါတယ်။
"Chinese restaurant syndrome"
ပထမဆုံး အချိုမှုန့်ရဲ့ အန္တရာယ်ကို စတင်ဖော်ထုတ်ခဲ့သူကတော့ (၁၉၆၈ ခုနှစ်မှာ) Robert Ho Man Kwok ဆိုသူ အမေရိကန်လူမျိုးဖြစ်ပါတယ်။ သူဟာ တရုတ်ဆိုင်တွေမှာ တရုတ်အစားအသောက်တွေ စားပြီးတိုင်း ၁၅မိနစ်-မိနစ်၂၀အတွင်း သူ့လည်ပင်း နမ့်ဗ်ကြောတွေ ထုံကျင်ပြီး နောက်တော့ လက်မောင်းတွေ၊ နောက်ကြောတွေအထိပါ ထုံကျင်မှုတွေ ဖြစ်တယ်၊ ဒီဝေဒနာကို ၂နာရီကြာမျှခံစားရတယ် အစရှိသဖြင့် အင်္ဂလိပ်ဆေးပညာစာစောင်တစ်ခုကို တိုင်ကြားစာရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ "Chinese restaurant syndrome" ဆိုတဲ့ စကားကို စတင်သုံးစွဲခဲ့ပြီး တရုတ်ဆိုင်တွေမှာ အသုံးများတဲ့ MSG ကြောင့်ဖြစ်ရတယ်လို့ ကောက်ချက်ချပါတယ်။ အထက်ပါ နာမ့်ကြောထုံကျင်မှုအပြင် ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ အကြောတင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ ပူရှိန်းရှိန်း ခံစားရခြင်းတွေလဲ ဖြစ်တတ်ပါသေးတယ်။ ထိုလက္ခဏာများကို နောက်ပိုင်းတော့ " MSG Syndrome " လို့လဲ ခေါ်ကြပါတယ်။
MSG သုသေသန
အဲဒီတိုင်ကြားမှုနောက်ပိုင်း MSG နဲ့ပတ်သတ်လို့ နိုင်ငံပေါင်းစုံက ကျမ်းမာရေးသုသေသန အဖွဲ့တွေ သုသေသနပေါင်း ရာချီပြီး ဆောင်ရွက်ခဲ့ကြရာမှာ ကမ္ဘာအရပ်ရပ်က တရားဝင် ကျမ်းမာရေးအဖွဲ့အစည်းတွေ ကောက်ချက်ချတာကတော့ ထို ရောဂါလက္ခဏာများဟာ MSG နဲ့ ပတ်သတ်မှုမရှိလို့ အဖြေထွက်ပြီး သတ်မှတ်ချက်တွေကတော့ အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း safe ဖြစ်ပါတယ်တဲ့။ ဒီလိုနဲ့ ဆက်လက်သုသေသနပြုလာရာမှာ ၁၉၉၅ခုနှစ်မှာတော့ အမေရိကန် FDA ကနေ ရာနှုံးအတိအကျ မသိတဲ့ လူဦးရေ အနည်းစုမှာ MSG ကို တစ်ချိန်တည်း ၃ဂရမ်ထက်ပိုစားမိရင် အဲဒီ MSG အလာဂျီ ဖြစ်တဲ့ အထက်ပါဝေဒနာများကို ခံစားရနိုင်ပါတယ်လို့ ထုတ်ဖော်အတည်ပြုခဲ့ပါတယ်။
MSG နဲ့ပတ်သတ်လို့ အဆိုးမြင်သူများဖက်ကလည်း သုသေသနတွေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေနဲ့ MSG ကြောင့် ဦးနှောက်နာမ့်ကြောတွေ သေစေတယ်၊ အ၀လွန်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ရင်ဘတ်အောက်ခြင်း၊ စိတ်ကျရောဂါ၊ Parkinson's diseases အစရှိတဲ့ ရောဂါလက္ခဏာတွေဖြစ်စေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ခလေးတွေမှာဆိုလဲ မာမီးမွန်းစတား ခေါက်ဆွဲခြောက်လို၊ အာလူးကြော်လို MSG ပါတဲ့ အစားတွေစားပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာ၊ hyperactive ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတဲ့ အကြောင်း ဖော်ထုတ်ခဲ့ပါတယ်။
MSG ကို safe ဖြစ်တယ်လို့ အတည်ပြုခဲ့တဲ့ အဖွဲ့အစည်းများဟာလည်း တကယ်တော့ MSG ထုတ်လုပ်တဲ့ အာဂျီနိုမိုတိုလို ကုမ္ပဏီတွေ၊ MSG မှ မသုံးရင် ရောင်းမစွံတော့မယ့် ခေါက်ဆွဲခြောက်လို၊ chicken stock လို စားအသောက်ကုမ္ပဏီကြီးတွေ၊ ဆေးကုမ္ပဏီကြီးတွေကနေ ကျောထောက်နောက်ခံ ထောက်ပံ့ထားတဲ့ သုသေသနသမားတွေ၊ research scientist အဖွဲ့တွေကနေ အတည်ပြုထားတာမှို့ မှန်ကန်မှုမရှိဘူးလို့ MSG အဆိုးမြင်သူများဖက်က စွတ်စွဲထားပါသေးတယ်။
ကိုယ်တိုင် အတွေ့အကြုံ
မိမိကိုယ်တိုင်ဖြစ်ဖူးတဲ့ လက္ခဏာအရပြောရရင် တရုတ်ဆိုင်က တရုတ်စာ၊ ဗမာဆိုင်က ဗမာအစားအသောက်တွေ စားပြီး နောက်ပိုင်း ရေအလွန်ငတ်ပြီး သောက်လေ သောက်လေ ငတ်မပြေဆိုသလို ရေသောက်လို့ အင်မတန်ကောင်းပါတယ်။ နောက်ပြီး မျက်လုံးအောက်မှာရှိတဲ့ eye bag ဟာ အဲလိုအစားအသောက်တွေစားပြီး သိသိသာသာ ယောင်ရမ်းပါတယ်။ ဒါဟာ MSG ကြောင့်သာမက အစားအသောက်တွေမှာပါတဲ့ ဆိုဒီယမ် ဆားပမာဏတွေများလို့ဆိုတာလဲ ကောက်ချက်ချနိုင်ပါတယ်။ တချို့လဲ ချွေးထွက်လွန်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ ည အိပ်မပျော်ခြင်း စတာတွေ ခံစားရကြောင်း ကြားဖူးပါတယ်။
အချိုမှုန့် စွဲသူများ
အိမ်မှာ အချိုမှုန့်စွဲသူတွေ လဲ ရှိပါတယ်။ ရက်စ်တောရန့်တွေမှာ စားပြီးရင် အိမ်မှာချက်တဲ့ဟင်းမှာ တစ်ခုခုလိုနေသလို ခံစားရတယ်၊ တော်ရုံနဲ့ ဟင်းဆို ချိုတယ်မထင်ဘူး။ ရက်စ်တောရန့်က အချိုမှုန့်နိုင်းချင်းနဲ့ ချက်ထားတဲ့ အစားအသောက်တွေကို လျှာစွဲ နေသူကတော့ အိမ်က ဦးမောင်ခြိမ့်ပါပဲ။ သူကတော့ အချိုမှုန့်ကို safe ဖြစ်တယ်ဆိုပြီး သုံးချင်သူပါ။ တစ်ခါတရံ ကိုယ်ချက်ထားတာ ကောင်းနေပြီထင်တာ သူဝင်မြည်းပြီးရင် ဟင်းက မချိုဘူးဆိုပြီး ဖွက်ထားတဲ့ ဟင်းချိုမှုန့်ကို ခိုးထည့်တတ်သူပါ။ အိမ်ကသမီးကလည်း KFC က chicken pop pop ကြိုက်တယ်ဆို အမေက အိမ်မှာ လုပ်ကျွေးတော့ အမေလုပ်တဲ့ဟာက ဆိုင်ကဟာလောက် မကောင်းပါဘူးတဲ့။ အမေကတော့ ဆိုင်တွေမှာလို အချိုမှုန့်မသုံးတော့ ဆိုင်တွေကဟာ ပါးစပ်စွဲနေတဲ့ သမီးကို အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းစေကြောင်းရှင်းပြရပါတယ်။
စင်္ကာပူမှာနေစဉ်က အိမ်မှာနေတဲ့ ညီအစ်ကို ခေါက်ဆွဲခြောက်ထုတ်တွေစားရင် အိမ်ကသမီးဟာ ၀င်မြည်းကြည့်ရင်းနဲ့ အဲဒီခေါက်ဆွဲခြောက်က အချိုအရသာကို စွဲပါတယ်။ နောက်ပိုင်း သူ့အတွက်ဝေစုဆို သူတို့စားတိုင်း အမျှော်ပြေ ပန်းကန်အသေးလေး တစ်လုံးစာလောက် သူစားပါတယ်။ အမေက ကြက်ရိုးတွေအများကြီးနဲ့ ချိုအောင် ခေါက်ဆွဲပြုတ်ပေးလဲ မေမေပြုတ်တာက ဟိုခေါက်ဆွဲပြုတ်လောက်မကောင်းဘူးဆို ကွန်ပလိမ့်တက်တာ ခံရဖူးပါတယ်။ အချိုမှုန့်အရသာဟာ ခလေးသူငယ်တွေကို လျှာစွဲစေတာကတော့ အမှန်ပါ၊ နောက်ပိုင်းတော့ သူလဲ ခေါက်ဆွဲခြောက်ထုတ် လုံးဝမစားရတော့ အမေလုပ်တာ စားလို့ရသွားပါတယ်။ အမေကတော့ ကြက်သားမှုန့်လေးနဲနဲတော့ ထည့်တာပေါ့။ အဲဒီခေါက်ဆွဲခြောက် (instant noodle) တွေဟာ အချိုမှုန့်ကို မတော်မတရား၊ အလွန်အကျွံသုံးထားတာကြောင့် စားကြည့်လိုက်ရင် အချိုမှုန့်ချိုသလို ချိုရဲပြီး လျှာပေါ်အလွန်စွဲပါတယ်။ အချိုမှုန့်စားကျင့် မရှိသူတွေဆို အတော်သိသာပါတယ်။
MSG ထုတ်လုပ်မှု နဲ့ စားသုံးမှု
၂၀၀၉ ကိန်းဂဏန်းများအရ ကမ္ဘာမှာ MSG အများဆုံး ထုတ်လုပ်တင်ပို့ပြီး စားသုံးမှု အများဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ MSG ကို အာရှနိုင်ငံ တွေကသာ အသုံးများပြီး ဥရောပနဲ့ အမေရိကမှာတော့ သုံးစွဲမှု အလွန်နည်းပါတယ်လို့ဆိုပါတယ်။ အာဂျီနိုမိုတိုကို ပထမဆုံး တီထွင်ခဲ့တဲ့ ဂျပန်ကတော့ အာရှနိုင်ငံတွေထဲမှာ သုံးစွဲမှု အနည်းဆုံးပါ။ ကမ္ဘာ့ MSG ထုတ်လုပ်မှုရဲ့ ၈၉ရာနှုန်းကို (ဂျပန်မပါ) အာရှနိုင်ငံတွေက စားသုံးပါတယ်။
အချိုမှုန့် သိပ်မစားဘူးဆိုတဲ့ အမေရိကမှာတောင် နောက်ပိုင်း အချိုမှုန့်စားသုံးမှု မြင့်တက်လာပြီး ပျမ်းမျှ တစ်နေ့ ဂရမ် တစ်ဝက် (half gram) ခန့် စားပါတယ်။ ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတွေမှာ တော့ ခန့်မှန်းခြေ တစ်နေ့ ၁၀ဂရမ်ခန့် စားပါသတဲ့။ မြန်မာနိုင်ငံလို၊ တရုတ်နိုင်ငံလို ယိုးဒယားလို အချိုမှုန့်စားသုံးပါတယ်ဆိုတဲ့ နိုင်ငံတွေက ဒီထက်တော့ ပိုမှာသေချာပါတယ်။
မည်သို့ပင်ဆိုစေ ..
MSG ကို ကမ္ဘာ့နိုင်ငံတကာ ကျမ်းမာရေးအဖွဲ့တွေက မည်သို့ပင် safe ဖြစ်တယ်ဆိုစေကာမူ မိမိကိုယ်ပိုင် ယုံကြည်ချက်အနေနဲ့ ( ရှေးက စွဲလာတဲ့ အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အစွဲတွေကြောင့်ပါ ) ၁၀၀% လုံးတော့ ယုံကြည်မှုမရှိပါ။ စိတ်ချလက်ချ စိတ်ထင်သလို သုံးစွဲစားသောက်ဖို့ရာတော့ မရဲသေးပါ။ သို့ပေမဲ့လည်း အရင်ကလောက်တော့ MSG စားရင်ပဲ ရောဂါပေါင်းစုံရတော့မလို သံတယရှိနေရာကနေ ဒီလောက်ကြီးတော့လဲ ကျမ်းမာရေးကို မထိခိုက်စေပါလားလို့ ရောနိသောမနသီကာယ အသင့်အသင့်နှလုံးသွင်းနိုင်ပြီး စိုးရိမ်မှု လျှော့ပါးသွားပါတယ်။
တစ်ဖက်ကလည်း သုသေသနစာတန်းတွေ လက်တွေ့လုပ်ဆောင်ပြီး အထက်မှာ ဖော်ပြထားသလို MSG ကနေ ရောဂါများစွာကို ဖြစ်စေတယ်လို့ ဆိုထားတာကြောင့် မပြေးသော်လည်း ကန်ရာရှိ MSG ကို တတ်နိုင်သမျှတော့ ဆက်လက်ပြီး ရှောင်ရှားသွားပါမယ်။ တချို့သော ကြက်သားမှုန့်တွေမှာ MSG free ဆို ရေးထားတာတွေ့တော့ 621 ပါတယ်လို့ Ingredient မှာ တရားဝင်ဖော်ပြထားတာနဲ့စာရင်တော့ MSG ရာနှုန်းပြည့် free မဖြစ်ရင်တောင် ပိုသက်သာနိုင်တယ်လို့ ယူဆပြီး အဲဒီ ပစ္စည်းတွေကိုပဲ သုံးပါမယ်။ နောက် " organic" လို့ စာတမ်းပါတဲ့ အစားအသောက်တွေကလဲ MSG ပါဝင်မှု လျော့ပါးနိုင်ပြီး ပုံမှန် အစားအသောက်တွေထက်တော့ ကျမ်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အကြောင်းရေးရင်း နိဂုံးချုပ်ပါတယ်။ ။

ကိုးကားစာရင်း
http://www.ajinomoto.com/features/aji-no-moto/en/truth/index.html
http://www.nationmultimedia.com/2011/03/15/opinion/MSG-is-as-safe-as-salt-and-pepper-30150873.html
http://www.ihs.com/products/chemical/planning/ceh/monosodium-glutamate.aspx
http://www.nationmultimedia.com/2011/03/15/opinion/MSG-is-as-safe-as-salt-and-pepper-30150873.html
http://www.ihs.com/products/chemical/planning/ceh/monosodium-glutamate.aspx