
ကျွဲခေါင်းပဲ (သို့) ဆင်ခေါင်းပဲ (သို့) Chick pea
ပူစီနံ
စမူစာရယ် ကြက်သွန်နီဆီချက်ထားတာရယ်၊ ပူတီနာရွက်ရယ်၊ ကြက်သွန်နီ အကွင်းလိုက်လှီးထားတာရယ် ၊ဂေါ်ဖီပါးပါးလှီးထားတာရယ်၊ ငရုပ်သီးစိမ်းပါးပါးလှီးထားတာရယ် ... သံပုရာရည် မကျည်းရေညှစ်ပြီး အချိုမှုန့် ဆားထည့်မဆလာထည့် နယ်ပြီးသုတ်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။
ဆိုင်တွေမှာစားတဲ့ ကုလားစမူစာသုပ်ဆို ပဲစိမ်းမှုန့်လေးကိုဆား၊မဆလာ၊ နနွင်းမှုန့်ထည့်ပြီးရေနဲ့ကျို ထားတာရယ်၊ ကုလားပဲအခွံမချွတ်ရသေးတာ (ကျွဲခေါင်းပဲ ခေါ်လားပဲ ... Chick pea) တစ်ညရေစိမ်ပြီးပြုတ်ထားတာရယ်၊ အာလူးအလုံးသေးသေးလေးတွေပြုတ်ထားတာရောထည့် ပြီးသုပ်ပေရော့၊ ရှူးရှဲလေးဖြစ်အောင် ငရုပ်သီးအရောင်တင်မှုန့်လေးပါထည့်ပါအုံး၊ အပေါ်က ပူတီနာရွက် ၊ ပျဉ်းတော်သိမ်ရွက်ကလေး ဖြူးထည့်ရင် ကုလားမဆလာသုတ် မွှေးမွှေးစပ်စပ်လေးရပါပြီ။ ရေနွေးကြမ်းလေးနဲ့ မြည်းပေရော့၊
သတ်သတ်လွတ်သမားမဟုတ်ရင်တော့ ပဲဟင်းကို ပိုချိုအောင် ကြက်သားလေး မဆလာလေးနဲ့ဆီသတ်ပြီး ချက်ရင် ပိုကောင်းပါတယ်။
ကုလားစမူစာသုပ်