Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Friday, September 30, 2011

Breaking news: မြစ်ဆုံဆည်တည်ဆောက်ခြင်းအား ရပ်ဆိုင်းထားမည်


ဝမ်းသာစရာ သတင်းကောင်းပါ။ မြစ်ဆုံအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသူများအားလုံးနှင့်အတူ  အတိုင်းအဆမရှိ ၀မ်းမြောက်မိပါသည်။ တစ်ဦးဆောင်သော် မရ။ တစ်သောင်းဆောင်သော်ရ`၏။


Credit to 11 media group.

မူရင်းလင့်ခ်


မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ PDF Print
Thursday, 29 September 2011 16:32
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။


“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။


နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သ၀ဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်သည့် အချက် ၅ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။
(Credit to The Voice Myanmar)

နိုင်ငံခြား သတင်းဋ္ဌာနများမှ Update သတင်းများ
ဘီဘီစီ မြန်မာပိုင်း အစီအစဉ်


Myanmar suspends dam project after rare outcry
Channel News Asia

Burma Suspends China Dam Project

  VOA

Myanmar Suspends dam project after rare outcry

Straits Times News


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို
11 media group 
PDF Print
Thursday, 29 September 2011 17:37

Friday, September 23, 2011

ကျွန်မလဲ ဧရာဝတီကို ချစ်သည်



(လင့်ခ် ပျောက်သွား၍ ထပ်တင်ခြင်းဖြစ်ပါသည်။)


ကျွန်မငယ်စဉ်က အဖေ့အဘွားဆုံးလို့ဆိုကာ အဖေက သူ့တို့ဇာတိ စစ်ကိုင်းသို့ ပြန်မည်ဆိုသည်။ သမီးလိုက်ချင်သလားမေးရာ ဘာရယ်မဟုတ် ကျွန်မလိုက်မည် ခေါင်းအငြိမ့်တွင် အဖေသည် ၅နှစ်သမီး ကျွန်မကို လက်ဆွဲကာ ရထားကြီးစီးလျက် မွေးရပ်မြေသို့ပြန်ခဲ့လေသည်။ 
ကွန်မတို့ အဘွားအိမ်ရောက်တော့ အသုဘ ကိစ္စများနှင့် လူကြီးများက အလုပ်ရှုပ်နေကြသည်။ အဘွားရက်လည်အပြီး တစ်ရက်တွင် အဘွားသည် ရေချိုးသွားရအောင်ဆိုကာ ဦးလေးစက်ဘီးနောက်မှ ကျွန်မကို လိုက်ခိုင်းသည်။ အဘွားနှင့် အဖေက စက်ဘီးနောက်တစ်စီးနှင့်သွားသည်။ စက်ဘီးသည် ချောင်ကြို ချောင်ကြား လမ်းကျဉ်းလေးများ၊ ချိုင့်ခလုပ်များကို ဖြတ်ကာ သွားရာ ကျွန်မမှာ ပြုတ်ကျမည်စိုး၍ ဦးလေး အင်္ကျီကို တင်းတင်းဆုတ်ထားရသည်။


နောက်ဆုံး မြစ်ဆိပ်ဆိုသည်ကို ရောက်သည်တွင် စက်ဘီးမှအဆင်း  နေရောင်အောက်တွင် လက်လက်ထနေသော သဲများကို တွေ့ရာ ကျွန်မ ပထမ အံ့သြသွားသည်။ ဒီလို လက်လက်ထနေသော သဲများ ထူးဆန်းလှပါကလားဟု ကျွန်မတွေးနေမိသည်။  ကမ်းစပ်တွင် သဲသောင်များသာမက ကျောက်တုံးကြီးငယ်များလည်း ကွန်မ မြင်နေရသည်။ တချို့ ကျောက်တုံးများမှာ လူတွေ အ၀တ်လျှော်ကြလွန်း၍ ပြောင်လက်နေကြသည်။  နောက်တော့ အံ့မခန်း မြစ်ရေပြင်ကျယ်ကြီး၊   မြစ်ထဲတွင်တော့ ရေချိုးသူ၊ ရေကူးသူ၊ ခေါင်းလျှော်သူ၊ အ၀တ်လျှော်သူ လူကြီး လူငယ်၊ ခလေးမိန်းမ စုံလင်လှသည်။ မြစ်ထဲတွင် သစ်ဖောင်၊ ၀ါးဖောင်များလည်း တွေ့ရရာ တစ်ချို့မှာ ဖောင်များပေါ်တွင်ပင်တက်ကာ အ၀တ်လျှော်ကြသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းတွင် စစ်ကိုင်းတံတားကိုလည်း လှမ်းမြင်နေရသည်။ မြစ်ထဲတွင် လှေငယ်လေးများ၊ သမ္ဖာန်များ ကူးခတ်နေကြသည်။ မြစ်တစ်ဖက်ကမ်းက ထုံးဖြူဖြူ စေတီတွေကို လှမ်းမြင်နေရသည်။ ဤမြစ်ကြီးသည်ကား ဧရာဝတီဆိုသည်ကို ကျွန်မ မသိသေး။ သို့ပေမဲ့ ကျွန်မ ဒီမြစ်ဆိပ်ကိုလာရတာ ပျော်သည်။ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်း အထူးအဆန်းများကြောင့် ဤမြစ်ကြီးကို ကျွန်မ နှစ်သက်နေမိသည်။

ကျွန်မ စစ်ကိုင်းကို နောက်တစ်ခေါက်ရောက်တော့ အတော်ကြီးပြီ။ မြစ်ဆိပ်မှာ ရေချိုးရင်း ဒီမြစ်ကြီးသည်ကား ငါတို့ ပထ၀ီထဲတွင် သင်ရသော ဧရာဝတီမြစ်ကြီးပါလားဟု သိလာရသည်။ ဤမြစ်ကြီးကိုဖြတ်ကာ သမ္ဖာန်သံ တကျွိကျွိဖြင့် အင်းဝမြို့ဟောင်းကိုလည်း ရောက်ခဲ့သည်။ မယ်နုအုပ်ကျောင်းကိုလည်း လည်ခဲ့သည်။ မြစ်ကြီးသောင်ခုံပေါ်တွင် စိုက်ထားသော ပြောင်းခင်းမှ ပြောင်းဖူးများကို လတ်လတ်ဆတ်ဆတ်ခူးကာ ကြော်စားခဲ့ရာ ထိုပြောင်းဖူးချိုပုံ၊ ဆိမ့်ပုံကား တစ်သက်မမေ့ဖွယ်ရာ။ ဦးလေးသစ်စက်မှာ အလုပ်လုပ်ပြန်တော့ မြစ်ကြီးထဲက သစ်ဖောင်ပေါ်တက်ကာ တာလီခြစ်ဖူးသည်။ လေတဖြူးဖြူးတွင် တာလီခြစ်ရင်းဖြင့် မြစ်ဧရာ၏ လေအေးအေးအရသာကို ခံစားဖူးသည်။ ပုဂံဖက် အလည်ထွက်ပြန်တော့ မြစ်ကိုဇက်ဖြင့်ဖြတ်ကာ တူရွင်းတောင်ပေါ်တက်ဖူးသည်။ မြစ်ကမ်းနံဘေးမှ သဘာဝရှူခင်များကား ပန်းချီကားတစ်ချပ်ကိုကြည့်ရသလို သာယာလှပလွန်းသည်။


ဒီ့ထက်ပိုကြီးလာတော့   မြစ်ကြီး၏ လှပပုံသာမက ဣဒြေ္ဒရပုံ၊ တော်ဝင်ပုံ၊ အသုံးဝင်ပုံ တွေကို သိလာရပြန်သည်။ ဒီဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ တောင်နဲ့ မြောက် တနှံ့တလျှား ဖြတ်စီးနေရာ တို့မြန်မာပြည်ရဲ့ အသက်သွေးကြော၊ ဒီမြစ်နှင့် ရင်းနှီး လုပ်ကိုင်စားသောက်သူတွေ အများကြီးပါလားဆိုတာလဲ သိလာရသည်။ ဤမြစ်သာမရှိရင် လယ်သမားကြီးတွေ စပါးစိုက်ဖို့ ဘယ်ကရေရမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင် သား၊ငါး ရှာဖမ်းသူတွေ ဘယ်လိုအသက်ရှင်မည်လဲ၊ သားငါးပုဇွန်တွေ ရှားပါးတော့ ဘာတွေ စားသောက်ကြမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင်၊ ခရီးလမ်းပမ်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် ၀ါးတွေ၊ သစ်တွေ ဘယ်လို သယ်ကြမည်လဲ။ နောက် ကိုယ်သိပ်နားမလည်သည့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ကိစ္စတွေ။ ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှုတွေ ကြုံရမည်။ ယုတ်စွ အဆုံး ဒီမြစ်ကြီးမရှိလျှင် သောက်သုံးဖို့ရေပင် ဘယ်ကရမည်လဲ။ ဤမြစ်ကြီးသည်ကား ငါတို့၏ အသက်၊ သွေး ဆိုသည်ကို နားလည်ခဲ့ပါတော့သည်။


ယခုတော့ ဒီမြစ်ကို ပိတ်ကာ ဆည်ဆောက်ကြမည်တဲ့။ အင်မတန်ကြီးမားသော ဆည်ကြီးတစ်ခု မေခ-မေလိခ ဆုံရာတွင် တရုတ်မှ နည်းပညာယူကာ တရုတ်အလုပ်သမားများဖြင့် ဆောက်မည်။ ရလာသည့်  အကျိုးအမြတ် အဖြစ် ရေအားလျှပ်စစ်ကို ခွဲဝေယူကြမည်။ ဆည်ဆောက်သည်ဆိုရာဝယ်  ထိုဆည်ထဲ ရေပြည့်ဖို့ ထမဆုံး ရေကို အရင်စုရသည်။ ပထမဆုံးအနေနှင့် ထိုရေတွေစုဖို့ပင် မြစ်ဧရာတွင် ယခင်ကလောက် ရေစီးမည်မဟုတ်တော့။ လျှပ်စစ်အားထုတ်နေစဉ်လည်း ရေကို လျှပ်စစ်ရဖို့ လည်ပြီးကာမှ ရေလွှဲတံခါးတွေကနေ ထုတ်ပေးမည်။ ဤတွင် ရေထဲမှာနေသော သက်ရှိသတ္တ၀ါ၊ ငါးပုဇွန် စသည်တို့ သေကုန်မည်။ ရှားပါးကုန်မည်။ ရေလွှဲတံခါးဖွင့်မှ ရေစီးမည်ဖြစ်ရာ သဘာဝအလျှောက်လည်း မဖြစ်နိုင်တော့။ မြစ်ကြောင်းတစ်လျှောက်  ရေစီး၊ ရေလာလည်း နည်းသွားနိုင်ပါသည်။

မိုးတွင်းလို တောင်ကျရေအလွန်များပါကလည်း ရေကာတာမနိုင်၊ ဆည်ကျိုးပါက မြစ်ကြီးနားမြို့အပါအ၀င် အနီးအနား မြို့ရွာတွေ စက္ကန့်ပိုင်းအတွင်း ရေမြုတ်ကာ လူ့အသက် အိုးအိမ်ပေါင်းများစွာလည်း ဆုံးရှုံးနိုင်ပါသည်။ ဘိုးစဉ်ဘောင်ဆက် ထိမ်းသိမ်းလာခဲ့သော ဧရာဝတီ မြစ်ဆုံအလှလည်း ပျက်ရပြီ။ ဤသည်မှာ ကျွန်မဖတ်ဖူးသလောက် သိသလောက်၊ မှတ်မိသလောက် အကျိုးအပြစ်များသာ ရေးခြင်းဖြစ်၍ အခြားအရေးကြီးသော အချက်များစွာ ကျန်ပါသေးသည်။


ထို့ကြောင့် ထိုမြစ်ဆုံဆည်ကြီးဆောက်မည့်ကိစ္စကို အကျိုးထက်၊ အပြစ်က သိသိသာသာ ပိုများနေသည်ကို မြင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဧရာဝတီကိုချစ်သော ပြည်သူများက ၀ိုင်း၍ကန့်ကွက်ကြသည်။ စာတန်းတွေ တင်ကြသည်။ စုပေါင်းလက်မှတ်ရေးထိုးကာ ကန့်ကွက်ကြသည်။ ကျွန်မလဲ အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်ချင်ပါသည်။ ကျွန်မတို့ရဲ့ ဧရာဝတီကို ကျန်းမာစေချင်သည်။ တိမ်ကောမပျက်စီးစေချင်။ ယခင်အတိုင်း သဘာဝအတိုင်း စီးမြဲစီးဆင်းစေချင်သည်။

ကျွန်မလဲ ဧရာဝတီကို ချစ်သည်ပဲလေ။  ။




      "   ဧရာဝတီကို ကယ်တင်ကြပါ   " 

(ဤပုံများသည် အန်တီဆွိ ပုဂံ တူရွင်းတောင်သွားစဉ်က ရိုက်ကူးခဲ့သော မြစ်ဧရာ၏ အလှပုံများဖြစ်ပါသည်။)

ကျွန်မလဲ ဧရာဝတီကို ချစ်သည်




ကျွန်မငယ်စဉ်က အဖေ့အဘွားဆုံးလို့ဆိုကာ အဖေက သူ့တို့ဇာတိ စစ်ကိုင်းသို့ ပြန်မည်ဆိုသည်။ သမီးလိုက်ချင်သလားမေးရာ ဘာရယ်မဟုတ် ကျွန်မလိုက်မည် ခေါင်းအငြိမ့်တွင် အဖေသည် ၅နှစ်သမီး ကျွန်မကို လက်ဆွဲကာ ရထားကြီးစီးလျက် မွေးရပ်မြေသို့ပြန်ခဲ့လေသည်။ 
ကွန်မတို့ အဘွားအိမ်ရောက်တော့ အသုဘ ကိစ္စများနှင့် လူကြီးများက အလုပ်ရှုပ်နေကြသည်။ အဘွားရက်လည်အပြီး တစ်ရက်တွင် အဘွားသည် ရေချိုးသွားရအောင်ဆိုကာ ဦးလေးစက်ဘီးနောက်မှ ကျွန်မကို လိုက်ခိုင်းသည်။ အဘွားနှင့် အဖေက စက်ဘီးနောက်တစ်စီးနှင့်သွားသည်။ စက်ဘီးသည် ချောင်ကြို ချောင်ကြား လမ်းကျဉ်းလေးများ၊ ချိုင့်ခလုပ်များကို ဖြတ်ကာ သွားရာ ကျွန်မမှာ ပြုတ်ကျမည်စိုး၍ ဦးလေး အင်္ကျီကို တင်းတင်းဆုတ်ထားရသည်။


နောက်ဆုံး မြစ်ဆိပ်ဆိုသည်ကို ရောက်သည်တွင် စက်ဘီးမှအဆင်း  နေရောင်အောက်တွင် လက်လက်ထနေသော သဲများကို တွေ့ရာ ကျွန်မ ပထမ အံ့သြသွားသည်။ ဒီလို လက်လက်ထနေသော သဲများ ထူးဆန်းလှပါကလားဟု ကျွန်မတွေးနေမိသည်။  ကမ်းစပ်တွင် သဲသောင်များသာမက ကျောက်တုံးကြီးငယ်များလည်း ကျွန်မ မြင်နေရသည်။ တချို့ ကျောက်တုံးများမှာ လူတွေ အ၀တ်လျှော်ကြလွန်း၍ ပြောင်လက်နေကြသည်။  နောက်တော့ အံ့မခန်း မြစ်ရေပြင်ကျယ်ကြီး၊   မြစ်ထဲတွင်တော့ ရေချိုးသူ၊ ရေကူးသူ၊ ခေါင်းလျှော်သူ၊ အ၀တ်လျှော်သူ လူကြီး၊ လူငယ်၊ ခလေးမိန်းမ စုံလင်လှသည်။ မြစ်ထဲတွင် သစ်ဖောင်၊ ၀ါးဖောင်များလည်း တွေ့ရရာ တစ်ချို့မှာ ဖောင်များပေါ်တွင်ပင်တက်ကာ အ၀တ်လျှော်ကြသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းတွင် စစ်ကိုင်းတံတားကိုလည်း လှမ်းမြင်နေရသည်။ လှေငယ်လေးတွေ၊ သမ္ဖာန်တွေ ကူးခတ်နေကြသည်။ မြစ်တစ်ဖက်ကမ်းက ထုံးဖြူဖြူ စေတီတွေကို လှမ်းမြင်နေရသည်။ ဤမြစ်ကြီးသည်ကား ဧရာဝတီဆိုသည်ကို ကျွန်မမသိသေး။ သို့ပေမဲ့ ကျွန်မ ဒီမြစ်ဆိပ်ကိုလာရတာ ပျော်သည်။ ဤမြစ်ကြီးကို ကြည့်နေရသည့်မြင်ကွင်းကို နှစ်သက်နေမိသည်။

ကျွန်မ စစ်ကိုင်းကို နောက်တစ်ခေါက်ရောက်တော့ အတော်ကြီးပြီ။ မြစ်ဆိပ်မှာ ရေချိုးရင်း ဒီမြစ်ကြီးသည်ကား ငါတို့ ပထ၀ီထဲတွင် သင်ရသော ဧရာဝတီမြစ်ကြီးပါလားဟု သိလာရသည်။ ဤမြစ်ကြီးကိုဖြတ်ကာ သမ္ဖာန်သံ တကျွိကျွိဖြင့် အင်းဝမြို့ဟောင်းကိုလည်း ရောက်ခဲ့သည်။ မယ်နုအုပ်ကျောင်းကိုလည်း လည်ခဲ့သည်။ မြစ်ကြီးသောင်ခုံပေါ်တွင် စိုက်ထားသော ပြောင်းခင်းမှ ပြောင်းဖူးများကို လတ်လတ်ဆတ်ဆတ်ခူးကာ ကြော်စားခဲ့ရာ ထိုပြောင်းဖူးချိုပုံ၊ ဆိမ့်ပုံကား တစ်သက်မမေ့ဖွယ်ရာ။ ဦးလေးသစ်စက်မှာ အလုပ်လုပ်ပြန်တော့ မြစ်ကြီးထဲက သစ်ဖောင်ပေါ်တက်ကာ တာလီခြစ်ဖူးသည်။ လေတဖြူးဖြူးတွင် တာလီခြစ်ရင်းဖြင့် မြစ်ဧရာ၏ လေအေးအေးအရသာကို ခံစားဖူးသည်။ ပုဂံဖက်အလည်ထွက်ပြန်တော့ မြစ်ကိုဇက်ဖြင့်ဖြတ်ကာ တူရွင်းတောင်ပေါ်တက်ဖူးသည်။ မြစ်ကမ်းနံဘေးမှ သဘာဝရှူခင်များကား ပန်းချီကားတစ်ချပ်ကိုကြည့်ရသလို သာယာလှပလွန်းသည်။


ဒီ့ထက်ပိုကြီးလာတော့   မြစ်ကြီး၏ လှပပုံသာမက ဣဒြေ္ဒရပုံ၊ တော်ဝင်ပုံ၊ အသုံးဝင်ပုံ တွေကို သိလာရပြန်သည်။ ဒီဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ တောင်နဲ့ မြောက် တနှံ့တလျှား ဖြတ်စီးနေရာ တို့မြန်မာပြည်ရဲ့ အသက်သွေးကြော၊ ဒီမြစ်နှင့် ရင်းနှီး လုပ်ကိုင်စားသောက်သူတွေ အများကြီးပါလားဆိုတာလဲ သိလာရသည်။ ဤမြစ်သာမရှိရင် လယ်သမားကြီးတွေ စပါးစိုက်ဖို့ ဘယ်ကရေရမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင် သား၊ငါး ရှာဖမ်းသူတွေ ဘယ်လိုအသက်ရှင်မည်လဲ၊ သားငါးပုဇွန်တွေ ရှားပါးတော့ ဘာတွေ စားသောက်ကြမည်လဲ၊ ဒီမြစ်ကြီးမရှိလျှင်၊ ခရီးလမ်းပမ်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် ၀ါးတွေ၊ သစ်တွေ ဘယ်လို သယ်ကြမည်လဲ။ နောက် ကိုယ်သိပ်နားမလည်သည့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ကိစ္စတွေ။ ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှုတွေ ကြုံရမည်။ ယုတ်စွ အဆုံး ဒီမြစ်ကြီးမရှိလျှင် သောက်သုံးဖို့ရေပင် ဘယ်ကရမည်လဲ။ ဤမြစ်ကြီးသည်ကား ငါတို့၏ အသက်၊ သွေး ဆိုသည်ကို နားလည်ခဲ့ပါတော့သည်။


ယခုတော့ ဒီမြစ်ကို ပိတ်ကာ ဆည်ဆောက်ကြမည်တဲ့။ အင်မတန်ကြီးမားသော ဆည်ကြီးတစ်ခု မေခ-မေလိခ ဆုံရာတွင် တရုတ်မှ နည်းပညာယူကာ တရုတ်အလုပ်သမားများဖြင့် ဆောက်မည်။ ရလာသည့်  အကျိုးအမြတ် အဖြစ် ရေအားလျှပ်စစ်ကို ခွဲဝေယူကြမည်။ ဆည်ဆောက်သည်ဆိုရာဝယ်  ထိုဆည်ထဲ ရေပြည့်ဖို့ ထမဆုံး ရေကို အရင်စုရသည်။ ပထမဆုံးအနေနှင့် ထိုရေတွေစုဖို့ပင် မြစ်ဧရာတွင် ယခင်ကလောက် ရေစီးမည်မဟုတ်တော့။ လျှပ်စစ်အားထုတ်နေစဉ်လည်း ရေကို လျှပ်စစ်ရဖို့ လည်ပြီးကာမှ ရေလွှဲတံခါးတွေကနေ ထုတ်ပေးမည်။ ဤတွင် ရေထဲမှာနေသော သက်ရှိသတ္တ၀ါ၊ ငါးပုဇွန် စသည်တို့ သေကုန်မည်။ ရေလွှဲတံခါးဖွင့်မှ ရေစီးမည်ဖြစ်ရာ သဘာဝအလျှောက်လည်း မဖြစ်နိုင်တော့။  မြစ်ကြောင်းတစ်လျှောက် ရေစီးရေလာလည်း နည်းသွားနိုင်ပါသည်။

မိုးတွင်းလို တောင်ကျရေအလွန်များပါကလည်း ရေကာတာမနိုင်၊ ဆည်ကျိုးပါက မြစ်ကြီးနားမြို့အပါအ၀င် အနီးအနား မြို့ရွာတွေ စက္ကန့်ပိုင်းအတွင်း ရေမြုတ်ကာ လူ့အသက် အိုးအိမ်ပေါင်းများစွာလည်း ဆုံးရှုံးနိုင်ပါသည်။ ဘိုးစဉ်ဘောင်ဆက် ထိမ်းသိမ်းလာခဲ့သော ဧရာဝတီ မြစ်ဆုံအလှလည်း ပျက်ရပြီ။ ဤသည်မှာ ကျွန်မဖတ်ဖူးသလောက်၊ သိသလောက်၊ မှတ်မိသလောက် အကျိုးအပြစ်များသာ ရေးခြင်းဖြစ်၍ အခြားအရေးကြီးသော အချက်များစွာ ကျန်ပါသေးသည်။


ထို့ကြောင့် ထိုမြစ်ဆုံဆည်ကြီးဆောက်မည့်ကိစ္စကို အကျိုးထက်၊ အပြစ်က သိသိသာသာ ပိုများနေသည်ကို မြင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များအပါအ၀င်၊ ဧရာဝတီကိုချစ်သော ပြည်သူများက ၀ိုင်း၍ကန့်ကွက်ကြသည်။ စာတန်းတွေ တင်ကြသည်။ စုပေါင်းလက်မှတ်ရေးထိုးကာ ကန့်ကွက်ကြသည်။ ကျွန်မလဲ အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်ချင်ပါသည်။ ကျွန်မတို့ရဲ့ ဧရာဝတီကို ကျန်းမာစေချင်သည်။ တိမ်ကောမပျက်စီးစေချင်။ ယခင်အတိုင်း သဘာဝအတိုင်း စီးမြဲစီးဆင်းစေချင်သည်။

ကျွန်မလဲ ဧရာဝတီကို ချစ်သည်ပဲလေ။  ။




      "   ဧရာဝတီကို ကယ်တင်ကြပါ   " 

(ဤပုံများသည် အန်တီဆွိ ပုဂံ တူရွင်းတောင်သွားစဉ်က ရိုက်ကူးခဲ့သော မြစ်ဧရာ အလှပုံများဖြစ်ပါသည်။)