Sunday, May 31, 2026
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
Wednesday, April 29, 2026
ရောင်စုံ ကြက်တောင်ပံကြော်
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို ကြော်လေးပါ။
ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး မွှေးပြီး အရမ်းစားကောင်းလွန်းလို့ recipe လေး မှတ်ထားပါမယ်။ လိုက်ချက်စားကြည့်နော် ဘော် ဘော် တို့။
..
ကြက်တောင်ပံ ကို ဓားထက်ထက်လေးနဲ့ ထက်ခြမ်းခြမ်းပြီး ဆား၊ ပဲငံပြာရည် အကြည်ရည်၊ ခရုဆီ၊ ငရုပ်ကောင်း ခွဲခြမ်းမှုန့်၊ ဟင်းခပ်မှုန့်၊ တရုတ်ဟင်းချက်ဝိုင်၊ ပြောင်းဖူးမှုန့် တို့နဲ့ နယ်ပြီး တစ်နာရီခန့် နှပ်ထားပါ။
ပြီးရင် ဆီများများနဲ့ အရောင်လေးရဲလာတဲ့ အထိ ကြော်ပြီးဆယ်ထားပါ။
နောက် တစ်ခါ ဆီသတ်ဖို့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်ချိုပွ (capsicum)၊ ငရုပ်သီးစိမ်း အနီရောင် (Thai red chilli)၊ မုံလာဥနီ၊ ကြက်သွန်မြိတ် အရင်းပိုင်း၊ မှို အနည်းငယ်ဆီကို နုတ်နုတ်စင်းထားပါ။
ဒယ်အိုးထဲ ကို စောနက ကြက်သားကြော်ထားတဲ့ ဆီ အနည်းငယ်ထည့်ပါ။
ပြီးရင် ရောင်စုံ လှီးထားတာတွေကို ဆီပူပူထဲ မွှေးနေအောင် ထည့် ကြော် လိုက်ပါ။ ဂျင်း ကြက်သွန်ဖြူ ဆီသတ်နံ့လေး မွှေးလာရင် ကြက်သား ကြော်ထားတာ ထည့် ကြော်ပါ။
အရသာ အတွက် ပဲငံပြာရည် အကြည်နဲ့ သကြား၊ ဟင်းခပ်မှုန့် အနည်းငယ် ထည့်ကြော််ပေးပါ။
ချခါနီး chives လစ်တစ်ဆစ်ခန့် လှီးထားတာလေးတွေ အပေါ််ကနေ ထည့် မွှေပေးပါ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရောင်စုံ ကြက်တောင်ပံ ကြော် ရပါပြီ။ ပဲကြာဆံကြော် ချိုချိုလေးနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။
Monday, April 13, 2026
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
Colourful bean salad and paprika grilled chicken
Sunday, March 22, 2026
Nasi Lemak Sambal (မလေး ငပိချက်)
မနေ့က အိမ်မှာ မလေးရှား အုန်းထမင်း (Nasi Lemak) ချက်မှာမှို့ သူနဲ့ တွဲဖက်စားမည့် sambal (မလေး ငပိချက်) ကို အရင်ချက်ထားပါတယ်။
ပထမဆုံး ငရုပ်သီးတောင့် ၂၀ ခန့်ကို ရေစိမ်ထားပါ။
ပြီးရင် ငရုပ်သီးတောင်တွေရယ်၊ စပ်တဲ့ထိုင်းငရုပ်သီး အစို အနီတောင့် ၂တောင့်ရယ်၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ စပါးလင် တစ်ချောင်း ပါးပါးလှီးထားတာရယ်၊ ခရမ်းချဉ်သီး တစ်လုံးခန့်၊ ကြက်သွန်နီ တစ်လုံးခန့် ပါးပါးလှီး၊ ငါးနီတူ လက်တစ်ဆုတ်ခန့် ကိုလှော်ထားတာရယ်၊ ပုဇွန်ခြောက် လက်တဆုတ်ခန့်ကို သစ်သီးဖျော်တဲ့ blender ထဲမှာ ရေ အနည်းငယ်နဲ ထည့်ပြီး ညက်အောင်ကြိတ်ပါ။
ပြီးရင် ဒယ်အိုးကို မီးအနေတော်နဲ့တည်ပြီး ဆီထည့် အပေါ်က ကြိတ်ထားတဲ့ အနှစ်ကို ထည့်ဆီသတ်ပါ။ ရေတွေ အကုန်ကုန်ပြီး အနှစ်က ခြောက်ပြီး မွှေးလာပြီဆို အထဲကို ငပိ ထမင်းစားဇွန်း ၃ဇွန်းခန့် ကို ရေဖျော်ပြီးထည့်ပါ။
မန်ကျည်းရည် ကိုလည်း အနှစ်တိုက်ပြီး အနည်းငယ် အချဉ်ဓာတ်ရအောင် ထည့်ပါ၊ ငနီတူ လက် ၂ဆုတ်ခန့် ပစ်ထည့်ပါ။ ချခါနီး ကြက်သွန်အနီ ပါးပါးလှီးထားတာ ၂လုံးခန့်၊ သကြား အနည်းငယ် အချိုဓာတ်ရအောင် ထည့်ပြီး ကြက်သွန်နီတွေ အိလာပြီဆို စားလို့ရပါပြီ။
အချို အငံ အပေါ့ ကို မချခင် မိမိစိတ်ကြိုက် ပြင်နိူင်ပါတယ်။
(Photo credit Google)
ကြက်ဆီ ထမင်း ထမင်းပေါင်းအိုး ချက်နည်း
Thursday, March 19, 2026
ဝက်သားမှို ခေါက်ဆွဲ
Wednesday, March 11, 2026
ယိုးဒယားစတိုင် ပဲကြာဆံသုပ်
ပြီးရင် အားလုံးပေါင်းပြီး ဇလုံခပ်ကြီးကြီးထဲထည့် လက်အိတ်စွတ်ထားတဲ့ လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ နယ်ပါ။ မြေပဲဆံ ထောင်းထားတာလေး အပေါ်က ဖြူးပြီး စားလို့ရပါပြီ။
အချိုးသိချင်ရင် ဟင်းသီးဟင်းရွက် တွေ နဲ့ ပဲကြာဆံက volume ဆတူလောက်ပါပဲ။
sauce ကိုတော့ နဲနဲချင်း ထည့်သုပ်ပါ။ မိမိ စိတ်ကြိုက် အပေါ့ အငံအချဉ် အချိုရအောင် ချင့်ချိန်ထည့်ပါ။