လာမယ့် ဇူလိုင်လ (၁)ရက်ကနေ့ကစ အကြုံးဝင်မည့် အော်စီပီအာ လျှောက်ခြင်း Point system အသစ်ကို အပိုင်း(၂) အနေနဲ့ ဆက်တင်ပေးလိုက်ပါတယ်။ အပိုင်း (၁) ကအတိုင်း ကူးချထားပြီး ပြင်ရမည့်နေရာများတွင်သာ ပြင်ရေးပေးလိုက်ပါသည်။
General Skill Migration အတွက် လျှောက်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အဓိကလုပ်ရမှာက ကိုယ်က အမှတ်ဘယ်လောက်ရသလဲဆိုတာ အရင်စစ်ဆေးရမှာဖြစ်ပါသည်။ Point System လို့ခေါ်ပါတယ်။ ကိုယ်လျှောက်မဲ့ ဗီဇာ အမျိုးအစားပေါ်မှာ မူတည်ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ အမှတ်ရမှ လျှောက်သင့်တယ်လို့ အကြံပေးပါရစေ။ အဲဒီလိုအမှတ်တွက်တာကို ဘယ်ပွဲစားမှ ဆက်သွယ်စရာမလိုပါဘူး။ ကိုယ့်ဘာသာကိုယ် တွက်ကြည့်လို့ ရပါတယ်။ အသေးစိတ်ကို အောက်မှာ ရှင်းပြပေးပါမယ်။
အမှတ်တွက်ကြည့်ရအောင် (Point System Calculation) General Skill Migrant Visa မှာ အမြင့်ဆုံးဖြစ်တဲ့ Skilled Independent Visa (Class VE, subclass 175) (သို့) State sponsor 176 ကိုလျှောက်တော့မယ်ဆိုရင်
အမှတ် ၆၅ ရှိရမယ်လို့ ခန့်မှန်းချေ သတ်မှတ်ထားပါတယ်။ အတိအကျတော့ မထွက်သေးပါဘူး။ အောက်ကလင့်ခ်မှာ အသေးစိတ် ရေးထားပါတယ်။ အကြမ်းဖျင်း သွားတွက်ကြည့်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/pdf/points-fact.pdf
တခြားအဆင့်တွေကိုလဲ ဆက်လက်ပြောပြပါမယ်။ အခုလောလောဆယ် အမှတ်တွေကို ဘယ်လို အရယူတွက်ချက်ရမလဲဆိုတာ ပြောပြရရင်
၁။ အသက်အရွယ် နိုင်ငံတခုက သူ့နိုင်ငံမှာ အခြေချနေလိုတဲ့ လူတွေကို လက်ခံမယ်ဆိုရင် အသက်အရွယ် ငယ်ရွယ်သူတွေကို ဦးစားပေးတာ သဘာဝပါပဲ။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ သူနိုင်ငံကို ရောက်ရှိမယ်ဆိုရင် သဘောကျတာပေါ့။ ဒါကြောင့် Migrant လုပ်ဖို့ စဉ်းစားပြီဆိုရင် ငယ်ရွယ်စဉ်မှာ ပြတ်ပြတ်သားသား စဉ်းစားပြီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။
အသက် ၁၈ နှစ်မှ ၂၄ နှစ်အထိ = အမှတ် ၂၅
အသက် ၂၅ နှစ်မှ ၃၂ နှစ်အထိ = အမှတ် ၃၀
အသက် ၃၃ နှစ်မှ ၃၉ နှစ်အထိ = အမှတ် ၂၅
အသက် ၄၀ နှစ်မှ ၄၄ နှစ်အထိ = အမှတ် ၁၅
အသက် ၄၅ နှစ်မှ ၄၉ နှစ်အထိ = အမှတ် ၀ တို့ဖြစ်ပါတယ်။
၂။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (higher English Language ability) တကယ်တမ်းဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ဒါပေမဲ့လည်း သူတို့ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို တိုင်းတာတဲ့ အရာက IELTS ပါပဲ။ မြန်မာတော်တော်များများ IELTS ကို ဖြေဖို့ ၀န်လေးကြပါတယ်။ တကယ်တမ်း IELTS ဖြေဆိုတာ သိပ်မခက်ခဲလှပေမဲ့ အမှတ်များများရအောင် ဖြေဖို့တော့ ခက်ပါတယ်။ IELTS Result ပေါ်မှာ ကြည့်ပြီး အမှတ်ပေးတာမိုလို့ IELTS ကို လည်း လေးလေးနက်နက် ဖြေစေလိုပါတယ်။
(အရင်က band 6 ရရင် အမှတ်ပေးပေမဲ့ ခု အသစ်ကတော့ band 6 ကို အမှတ်မပေးတော့ပါဘူး။ band 7 ရမှ ဆိုတော့ အဂ`်လိပ်စာ ကျွမ်းကျင်မှုအရည်အချင်းကို မျှင့်တင်လိုက်တဲ့သဘောပါ။ ဘာသာစုံ band 7 ရဖို့တော့ တော်တော်ခက်ပါတယ်။)
Superior English - IELTS 8 (not average, every subject should score 7 and above) = ၂၀ မှတ်
Proficient English - IELTS 7 (not average, every subject should score 7 and above) = ၁၀ မှတ်
Competent English - IELTS 6 (not average, every subject should score 6 and above)= ၀ မှတ်
၃။ အော်ဇီမှာ လုပ်ဖူးတဲ့ အလုပ်အတွေ့အကြုံ အော်ဇီမှာ လက်ရှိနေထိုင်နေသူတွေ အတွက် အခွင့်အရေးပိုပေးထားတဲ့ သဘောပါ။ အရင် Point system အဟောင်းမှာလဲ ပါပါတယ်။
အော်ဇီလုပ်သက် ၁ နှစ် (ပြီးခဲ့တဲ့ ၂နှစ် အတွင်း လုပ်ဖူးသူ) = ၅မှတ်
အော်ဇီလုပ်သက် ၃ နှစ် (ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ဖူးသူ) = ၁၀မှတ်
အော်ဇီလုပ်သက် ၅ နှစ် (ပြီးခဲ့တဲ့ ၇နှစ် အတွင်း လုပ်ဖူးသူ) = ၁၅မှတ်
၎။ အော်ဇီပြင်ပ မည်သည့်နိုင်ငံတွင်မဆို လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အတွေ့အကြုံ အော်ဇီပြင်ပ လုပ်သက် ၃ နှစ် (ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ဖူးသူ) = ၅မှတ်
အော်ဇီပြင်ပ လုပ်သက် ၅ နှစ် (ပြီးခဲ့တဲ့ ၇နှစ် အတွင်း လုပ်ဖူးသူ) = ၁၀မှတ်
အော်ဇီပြင်ပ လုပ်သက် ၈ နှစ် (ပြီးခဲ့တဲ့ ၁၀နှစ် အတွင်း လုပ်ဖူးသူ) = ၁၅မှတ်
ဒီနေရာမှာ သက်သေပြဖို့ လိုအပ်တာကတော့ ကုမ္ပဏီက ထောက်ခံစာ၊ pay slip ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ တာဝန်ယူရတဲ့ Responsibilities အနည်းဆုံး ၅ ခုနဲ့ ကိုယ်ရဲ့လုပ်သက်တွေကို သေသေချာချာ ရေးသား ပြီး တင်ပြရပါတယ်။
၅။ ပညာအရည်အချင်း သြစတျေးလျမှာဘွဲ့ရဖူးသူ (သို့) သြစတျေးလျက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရဖူးသူဆိုရင်
ဒေါက်တာဘွဲ = ၂၀ မှတ်၊
မာစတာနဲ့ ဘတ်ခ်ျလာ = ၁၅ မှတ် နဲ့
ဒီပလိုမာ (အနည်းဆုံး ၂ နှစ်တက်ခဲ့သူ) ဆိုရင် = ၁၀မှတ် ပေါင်းထည့်ပေးရပါတယ်။
၆. အော်ဇီမှာ ကျောင်းတက်ဖူးသူတွေအတွက် အော်ဇီမှာ full time ၂နှစ် တိတိ တက်ဖူးရင် ၅ မှတ်ထပ်ပေါင်းပေးပါတယ်။
၇။ ဘာသာစကား ကျွမ်းကျင်မှု ဘာသာစကားကျွမ်းကျင်မှုအတွက် ၅ မှတ်ရပါတယ်။ ဒီနေရာမှာ ဘာသာစကား ဆိုရာမှာ ကိုယ်က မြန်မာလူမျိုးဖြစ်လို့ မြန်မာဘာသာကနေ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာကနေ မြန်မာစာကို သဒ္ဒါနည်းကျစွာ အပြန်ပြန် အလှန်လှန် ဘာသာပြန်နိုင်ခြင်းကို ဆိုလိုတာပါ။ ရမဲ့ အမှတ်က ၅ မှတ်ထဲဖြစ်ပြန် စာမေးပွဲ ဖြေရမှာ ဆိုတော့ အဲဒီအတွက် အချိန်ကုန်ခံပြီး လုပ်ဖို့ အားမပေးလိုပါဘူး။
၈။ကိုယ့်ရဲ့ ပါတနာ (Spouse) ရဲ့ အရည်အချင်းကိုယ့်ရဲ့ ပါတနာရဲ့ ကျွမ်းကျင်မှုကလည်း ကိုယ့်လိုပဲ၊ General Skilled Migration အတွက် လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံနေရင် နောက်ထပ် ၅ မှတ် ပေါင်းထည့်ပေးပါတယ်။ အဲဒီအမှတ်ရဖို့ ပါတနာက IELTS ဖြေ၊ အနည်းဆုံး ၄.၅ ရရပါမယ်။ မဖြေချင်သူတွေ အမှတ်မရပါဘူး။ မဖြေချင်သူတွေ လျှောက်လွှာတင်ချိန်ကတည်းက အော်ဇီဒေါ်လာ ၃၅၇၅ ကြိုပေးရပါမယ်။ သင်တန်းကြေးဖြစ်ပါတယ်။ အော်ဇီရောက်မှ အင်္ဂလိပ်စာ သင်တန်းတွေ တက်ရပါမယ်။
၉။ လုပ်သက်အတွေ့အကြုံ ကျွမ်းကျင်မှု (အထူး) ဒီအတွက် ၅မှတ်ထပ်ပေးပါတယ်။
အော်ဇီက professional အဖွဲ့အစည်းတွေက အသိအမှတ်ပြု ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရပြီးသူတွေ ဖြစ်နိုင်ပါတယ်။
၁၀။ Sponsorship by state or territory governmentအရင်က subclass 175 အတွက် အမှတ်မပြည့်ရင် subclass 176 အနေနဲ့ state sponsor ကနေ အမှတ်ယူရသလိုပဲ ခုအသစ်ကလဲ အဲဒီအတွက် ၅မှတ် ထပ်ရပါတယ်။
၁၁။ ဆွေမျိုး စပွန်စာအော်ဇီမှာ လက်ရှိနေထိုင်သူ နိုင်ငံသား (သို့) PR ဆွေမျိုးနီးနီးစပ်စပ်တွေက ထောက်ခံပေးရင် အဲဒီအတွက် ၁၀ မှတ် ရပါတယ်။
၁၂။ ကိုယ်လျှောက်တဲ့ ဒေသမှာ ကျောင်းတက်ဖူးရင် အဲဒီအတွက် ၅ မှတ်ထပ်ပေးပါတယ်။
အမှတ်တွေပေါင်းကြည့်ရအောင် ...ကဲ အမှတ်တွေကို ဘယ်လိုတွက်ရသလဲ ဆိုတာ ပြောပြီးတဲ့ အခါမှာ အမှတ်ဘယ်လောက်ရသလဲ ဆိုတာ ပေါင်းကြည့်လိုက်ပါဦး။
၁. Skilled Independent GSM Visa, Class VE, Subclass 175 နှင့်
၂. Skilled Sponsored GSM Visa, Class VE, Subclass 176 အတွက် ၂ခုစလုံး အမှတ် ၆၅ ရမယ်ဆိုလျင် ဗီဇာ လျှောက်လို့ရပါပြီ။ အပေါ်က ပြောတဲ့ ဗီဇာတွေက ဗီဇာရရင် ပီအာ (Permanent resident) အဖြစ် ကိုယ်ရယ်၊ မိသားစု သားသမီးတွေ (အသက် ၁၈ နှစ်အောက်) ပါ ပီအာ ပေးအပ်တာ ဖြစ်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုဆောင်းရန် (Requirement Document Collection)ကျွန်တော် ပြောခဲ့တာတွေက အမှတ်တွက်တာပဲ ရှိပါသေးတယ်။ အမှတ်တွက်ကြည့်လို့ ကိုယ်ရတဲ့ အမှတ်က သူတို့ သတ်မှတ်ထားတဲ့ ဘောင်ဝင်နေပြီဆိုရင် ကျွန်တော်တို့ Migration Visa လျှောက်ဖို့ ပြင်ဆင်ကြရတော့မှာပါ။
၁။ ၾသစေတ်းလ် ပီအာ လျှောက်တော့မယ်ဆိုရင် မရှိမဖြစ်နဲ့ အရေးကြီးဆုံးလိုအပ်တာကတော့ IELTS General Training စာမေးပွဲ ဖြေရပါမယ်။ အင်္ဂလိပ်စာကို လေ့လာရပါမယ်။ Listening, Reading, Writing and Speaking Score တွေအားလုံး အနည်းဆုံး ၇မှတ်ရအောင် ဖြေရမှာပါ။ နိုင်ငံတော်တော်များများမှာတော့ British Council မှာ အဲဒီစာမေးပွဲတွေ သွားဖြေလို့ရပါတယ်။ စာအုပ်စာတမ်းနဲ့ ပတ်သက်ပြီး အင်တာနက်မှာ လွယ်လင့်တကူလိုက်ရှာလို့ရပါတယ်။ လေ့ကျင့်စရာ စားမေပွဲ မေးခွန်းတွေလဲ အများကြီးပါ။
၂။ IELTS စာမေးပွဲ ဖြေဆိုပြီးသွားလို့ လိုအပ်တဲ့ အမှတ်ရပြီဆိုရင်တော့ ကျွန်တော်တို့ နောက်တလှမ်းအနေနဲ့ ဆက်လက်လုပ်ရမှာကတော့ ကျွမ်းကျင်မှု စစ်ဆေးခြင်း (Skilled Assessment) လုပ်ရပါမယ်။
က။ အင်ဂျင်နီယာများဆိုရင် Australian Engineer
(
http://www.engineersaustralia.org.au/) VETASSEASSE (
http://www.vetassess.com.au/)
ခ။ နာမ်စ် တွေဆိုရင် Australian Nursing and Midwife Council (
http://www.anmc.org.au/)
ဂ။ ဒေါက်တာများ အတွက် Australian Medical Council (
http://www.amc.org.au/)
ဃ။ ကွန်ပြူတာသမားများအတွက် Australian Computer Society (
http://www.acs.org.au/)င။ Account သမားများအတွက် CPA Australia (
http://www.cpaaustralia.com.au/cps/rde/xchg)
စတဲ့ အဖွဲ့အစည်းတွေမှာ မိမိတို့ရဲ့ ဘွဲ့၊ နဲ့ အလုပ်အကိုင်တွေက Australian Standard နဲ့ တူညီပါတယ်ဆိုတဲ့ အကြောင်း Skilled Assessment လုပ်ရပါမယ်။ ပေးထားတဲ့ ဆိုဒ်တွေသွားပြီးတော့ Immigration အတွက် လိုအပ်ချက်များဆိုတဲ့ နေရာတွေမှာ ရှိတဲ့ ဖောင်တွေ၊ လိုအပ်တဲ့ ဘွဲလက်မှတ်တွေ၊ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အထောက်အထား၊ Essay များ ရေးသားတင်ပို့ပြီး အစစ်ဆေးခံရပါမယ်။ အော်စီဒေါ်လာ ၂၅၀ လောက်ကနေ ၁၀၀၀ ပတ်ဝန်ကျင်းလောက် ကုန်တတ်ပါတယ်။
၃။ ရထားသမျှ ဘွဲ့လက်မှတ်တွေ၊ Transcripts တွေကို မိမိ နေထိုင်ရာ မှာရှိတဲ့ နိုတြီရှေ့နေများထံသွားပြီး နိုတြီလုပ်ပါ။ မိမိတင်မကဘူး။ မိမိပါတနာ (Spouse) အတွက်ပါ လုပ်ပါ။
၎။ အသက် ထောက်ခံချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ မွေးစာရင်း ၊ ပါတနာ၊ သားသမီး တို့ရဲ့ မွေးစာရင်းတွေကို မြန်မာပြည်မှာ ဘာသာပြန်ပြီး တော့ နိုတြီ လုပ်ဖို့ လိုအပ်ပါတယ်။
၅။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံပြီလား မပြည့်စုံသေးဘူးလားဆိုတာ သေချာစွာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
က။ လျှောက်လွှာ (
http://www.immi.gov.au/allforms/pdf/1276.pdf)
ခ။ လျှောက်လွှာခ (
http://www.immi.gov.au/allforms/990i.htm)
ဂ။ မွေးစာရင်း နိုတြီလုပ်ပြီးသား
ဃ။ Skilled Assessment (သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင် အလိုက်)
င။ လက်ရှိ အလုပ်မှ ထောက်ခံစာ နှင့် လုပ်သက်အတွက် အထောက်အထား
စ။ မိမိရဲ့ လက်ရှိ စီဗွီ (Resume)
ဆ။ မိမိ ဘာသာ Point Test လုပ်ထားသော Web Link
ဇ။ IELTS Band Score Original
စ်။ မိမိ ဇနီး (၀ါ) ယောက်ျား ၏ လုပ်ငန်းအတွေ့အကြုံ နဲ့ ဘွဲလက်မှတ်များ
ည။ မိမိ၏ ဘွဲ့လက်မှတ်များ
ဋ။ မိမိ မိသားစု အားလုံး၏ ပါတ်စ်ပို့စ် မိတ္တူ များ (စာရွက်တိုင်းတွင် လက်မှတ်ထိုးရန်လိုအပ်ပါသည်။)
လျှောက်ရမည့်လိပ်စာတခြား မိမိ တင်ပြလိုသော စာရွက်စာတမ်းများအားလုံးကို ပြည့်စုံသွားပြီဆိုလျင် အွန်လိုင်းကပဲ ဖြစ်ဖြစ် စာတိုက်ကပဲ ဖြစ်ဖြစ် လှမ်းလျှောက်လို့ရပါပြီ။ လျှောက်ရမဲ့လိပ်စာကတော့
By post:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
GPO Box 1638
Adelaide SA 5001, AUSTRALIA
By courier:
Adelaide Skilled Processing Centre
Department of Immigration and Citizenship
4th Floor, 55 Currie Street.
Adelaide SA 5000. AUSTRALIA
အင်္ဂလိပ်လို အသေးစိတ် သွားဖတ်ချင်ရင် ...အောက်က လင့်ခ်မှာ Skilled – Independent (Migrant) Visa (Subclass 175) နဲ့ ပတ်သတ်တာတွေ အားလုံး အသေးစိတ်သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/175/Skilled – Sponsored (Migrant) Visa (Subclass 176) အတွက် အောက်က လင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။
နောင်မှာ လိုအပ်မဲ့ စာရွက်စာတမ်းတွေ ယခုလက်ရှိနေထိုင်တဲ့နိုင်ငံ၊ ယခင်နေခဲ့တဲ့ နိုင်ငံများထံက ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်း (၃လ အတွင်း ဖြစ်ရပါမယ်) တို့ကို နောက်ပိုင်းအဆင့်တွေမှာ တောင်းပါမယ်။ ၃လအတွင်းဖြစ်လို့ သူတို့ဆီက တောင်းမှပဲ သွားစစ်ဆေးစေချင်ပါတယ်။
အာလုံး ကံကောင်းကြပါစေ။
New point system နဲ့ ပတ်သတ်လို့ မရှင်းတာရှိရင် အမေး၊ အဖြေ (Frequently Ask Questions) မှာ သွားဖတ်နိုင်ပါတယ်။
http://www.immi.gov.au/skilled/general-skilled-migration/pdf/points-testfaq.pdf