ဒါနဲ့ တစ်ခါတစ်လေ အရမ်းစားချင်လာတော့ သတိရတုံးလေး ကိုယ့်ဟာကိုယ်ပဲ လုပ်စားလိုက်ရသည်း)
အုန်းသီး တစ်ခြမ်းကို ကုန်အောင် ခြစ်ပါတယ်။ ဒါမှမဟုတ် ဆိုင်ကနေ ခြစ်ပြီးသားဝယ်ရင်လဲရပါတယ်။ ဒယ်အိုးထဲ မီးအနေတော်ထား၊ သကြားများများ နဲ့ အုန်းသီးကို ယိုထိုးပါတယ်။ ယိုဆိုပေမဲ့ ရေမပါအခြောက်ဆိုတော့ အုန်းမှန်ကူလို ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင် မုန့်အထဲထည့်တဲ့နေရာမှာ မုန့်နှစ်တွေရေပျော်ပြီး ထာပနာ မလုံမှာစိုးလို့ ခြောက်ခြောက်လေးလုပ်ထားရပါတယ်။
အုန်းယို ထာပနာ

အမှုန့်ထုတ်တွေက တော့ စလုံးမှာ အောက်ထပ်က ဆိုင်လေးတွေမှာ ၀ယ်မလား၊ NTUC မှာ ၀ယ်မလား အင်မတန်ပေါပါတယ်။

မုန့်လုံးရေပေါ် လုပ်နည်းကားအတိုင်း ကောက်ညှင်းမှုန့်၎ဆ၊ ဆန်မှုန့်တစ်ဆ ရေနဲ့နာအောင်ရောနယ်ပြီး ခဏနှပ်ထားပါတယ်။
ငှက်ပျောရွက်တွေကို ပထမဆုံး ပျော့သွားအောင် ရေနဲ့ပေါင်းပါတယ်။ ၅မိနစ်လောက် အဖုံးလေးပိတ်ပြီးပေါင်းပါတယ်။ နောက်မှို့ဆို ငှက်ပျောရွက်က မုန့်ထုပ်နေတုံး အထိမခံ အလွန်ကွဲလွယ်လို့ပါ။
ငှက်ပျောရွက်ကို ၇လက်မ ပတ်လည်လေးတွေ ကတ်ကြေးနဲ့ ညှပ်ထားပါတယ်။မုန့်ထုပ်တဲ့အခါ ဖက်ခွာတဲ့အခါမကပ်အောင် ဖက်ကို ဆီနဲ့ အရင် သုတ်လိမ်းပေးထားပါတယ်။

မုန့်နယ်ထားတာကနေ လက်တစ်ဆုတ်စာလောက် အနေတော်ယူပြီး လုံးပြီး အလည်မှာ အခေါင်းပေါက်လေးလုပ်ပြီး
အုန်းယိုထည့်ပါတယ်။ ချိုအောင် မုန့်ပေါ်ကို ပေါက်မထွက်တဲ့အထိ အုန်းယိုများများ ထာပနာထည့်ပြီး မုန့်နဲပြန်ပိတ်ပြီး ပြန်လုံးပါတယ်။

ငှက်ပျောရွက်ကို ကတော့လေးလုပ်ပါတယ်။ အောက်ဆုံးကအချွန်လေးကို မုန့်ဝင်အောင် အရင်ဖြည့်ပါတယ်။ နောက်တော့ မုန့်ထာပနာပြီးလုံးထားတာကို ကတော့ထဲထည့်ပါတယ်။ မုန့်ကို ကတော့ပုံသုံးမြှောင့်လေးဖြစ်အောင် အပေါ်ကနေ လက်နဲ့ အသာဖိပေးပါတယ်။ပြီးတော့ ပိုနေတဲ့ ငှက်ပျောရွက်အနားတွေနဲ့ ပုံမှာ ပြထားတဲ့အတိုင်း ပြန်ပိတ်ပြီး သွားကြားထိုးတံလေးနဲ့ အရွက်တွေ ပြေမသွားအောင်အသာလေးထိုးပြီး ပေါင်းမဲ့ စကာထဲ စီထည့်ပါတယ်။






ပြီးရင် အောက်က ရေခံအိုးထဲ ရေထည့် (အပေါ်က မုန့်ထုပ်ကို ရေမထိအောင် ဂရုစိုက်ထည့်ပါ) အပေါ်က မုန့်ဖက်ထုပ်စကာ တင်၊ အဖုံးလုံအောင်အုပ်ပြီး ပေါင်းနိုင်ပါပြီ။ အဖုံးလုံရင် နာရီဝက်လောက်ပေါင်းရင် ကျက်ပါတယ်။ အဖုံးမလုံရင်တော့ ၄၅ မိနစ်လောက်ပေါင်းရပါတယ်။ ပေါင်းအိုးနဲ့ပေါင်းရင် အကောင်းဆုံးပါပဲ။
ဒီလို ထမင်းပေါင်းအိုးက steam cooker လေးတွေနဲ့ ပေါင်းလဲ အလွန်မြန်ပါတယ်။



မုန့်ဖက်ထုပ် ဖက်နံ့သင်းသင်း ပူပူနွေးနွေး စားလို့ရပါပြီရှင်။ အားပေးကြပါဦး။

Yummy!
ReplyDeleteThanks so much, sis. I have always loved to see all your cooking post. I'll try making it :)
ReplyDeleteကြိုက်စ်စစစစ် ..
ReplyDeleteကောင်းမှကောင်း..... သြော်ဇီ ရောက်ရင်လည်း ချက်စားတာလေးတွေ တင်ဦးနော် တီဆွိ
ReplyDeleteသြော်....လွမ်းလို့ ကျန်ရစ်ခဲ့မှာကို..........
း) စားချင်တယ်..တီဆွိရယ်
ReplyDeleteမုန့် ဖက်ထုတ်လုပ်နည်းက ခက်တယ်ဗျို့  ၊ သြော်ဇီကို မပြောင်းခင် နုတ်ဆက်ပွဲအနေနဲ. မုန့် ဖက်ထုတ် ၊ ၀က်သားထုတ်ထိုးလုပ်ပြီးကျွေး ၊ ဒါဗြဲ ....
ReplyDeleteသူငယ်ချင်းလုပ်ပြလိုက်တော့ ခုချက်ချင်းကို မုန့် ဖက်ထုတ် ထလုပ်စားချင်သွားတယ်... အပင်လေးရှိသေးတယ်နော်... ဒီအပတ်လာဖြစ်မလားမသိဘူး
ReplyDeleteမကြာခင်အတုယူ လုပ်စားပါတော့မယ်။
ReplyDeleteကျေးဇူးပါရှင်။
မုန့်ဖက်ထုပ် လာစားသွားပါတယ်..
ReplyDeleteး)
ညည မုန့်ဖက်ထုပ်လို့ လာအော်မလား နားစွင့်နေတာ..
ReplyDeleteပြီးတော့ မှ သူကမုန့်လုပ်နည်းပဲ ရေးထားသကိုး
ဂလု မုန့်ဖက်ထုတ် ကို အဆန်းဆုံးကြားဘူးတဲ့နာမည် က အညာသား ကျောကုန်း တဲ့ တောင်ငူ က အကိုတွေ ဆီသွားလို့ကြားဘူးတာပါ။
ReplyDeleteထုံးစံအတိုင်း သားရေယိုပြီး ပြန်သွားရကြောင်းပါ။
ReplyDeleteမစားရဝခမန်း ဟွင့် တီတီဆွီ များကို နှိပ်စက်တယ်
ReplyDeleteဗိုက်ဆာပါတယ် ဆိုကာမှ ဗြဲ ....
တီဆွီရေ မုန့်ဖက်ထုတ် စားချင်သွားပါတယ်..
ReplyDeleteအချစ်အကြောင်းပြောပါဆိုတာကို မုန့်ဖက်ထုပ် တဲ့... လူဆိုး...
ReplyDelete(စားချင်စိတ်ကို လမ်းလွှဲပြီး စိတ်ဆိုးချင်ယောင်ဆောင်သွားသည်...)
ဟောဒီက မုန့်ဖက်ထုပ်ပူပူလေး...................
ReplyDeleteလာပါဦး တစ်ထုပ်လောက်
ကိုယ့်ဟာကို ရောင်းပြီး ကိုယ့်ဟာကို ၀ယ်စားလိုက်တော့မယ်..
နည်းရသွားပြီ။ ဒီမှာ မုန့်ဖက်ထုပ် လုပ်ရောင်းရမယ်
ဝိုး..... မုန့်ဖက်ထုပ်လေးတွေက စားချင်စရာ...။ နည်းလမ်းလေး ဝေမျှတာ ကျေးဇူးပါ။ ပြောပြတော့လည်း လွယ်သလိုပါပဲလား။
ReplyDeleteမြစ်ဝကျွန်းပေါ်က မြို့လေးတစ်မြို့မှာ ငယ်ငယ်က နေခဲ့တုန်းက အဲဒီဘက်မှာ အိမ်တိုင်းမှာ မုန့်ဖက်ထုပ် လုပ်စားကြတဲ့ အချိန်တစ်ခုရှိတယ်။ တန်ဆောင်မုန်းလောက်လို့ ထင်ပါတယ်။ အဲဒီအချိန်မှာဆိုရင် လူတိုင်း အိမ်တိုင်းကို မုန့်ဖက်ထုပ်တွေ အချင်းချင်း လိုက်ဝေကြတယ်။ ဘယ်သူ့မုန့်က ဘယ်လိုအရသာလို့ မတူတာလေးတွေရှိရင်လည်း နှိုင်းယှဉ်စားကြတာကို သတိရမိတယ်။ တချို့က သာကူစေ့လေးတွေပါ ထည့်တယ်။
သကြားမုန့်ဖက်ထုပ်ပူပူနွေးနွေး လို့ ညဘက်တွေမှာ အိမ်တိုင်ယာရောက် လိုက်ရောင်းတဲ့ အသည်လေးတွေကိုလည်း သတိရမိတယ်။
ကိုယ့်ဟာကို ရောင်းပြီး ကိုယ့်ဟာကို ၀ယ်စားလိုက်တော့မယ်..
ReplyDeleteချောရေးသွားတာ ဖတ်ပြီး သဘောကျသွားတယ်..
လုပ်စားမယ် သားတို့လည်း ကြိုက်တယ်
မုန့်ဖက်ထုပ် ပူပူနွေးနွေး.... ;'(
ReplyDeleteအစ်မ ရေ .. ညီမ သိချင်တာလေး မေးချင်လို့ပါ .. Rice cooker နဲ့ ပေါင်းတဲ့ အခါ ဘယ် နှမိနစ် လောက် ပေါင်းရလဲ ဆိုတာလေး သိလို့ရမလား ရှင့် ....
ReplyDeleteကျေးဇူးပါ ...
ညီမရေ အဖုံးလုံရင် နာရီဝက်လို့ရေးထားတာ ထမင်းပေါင်းအိုး (Rice cooker) ကို ပြောတာပါ။
ReplyDeleteမမရေ လုပ်စားကြည့်အုံးမယ်နော်.......နည်းလမ်းလေးသိရလို့
ReplyDeleteကျေးဇူးတင်ပါတယ် နော်. :)
Aunty Sweet!
ReplyDeletePls see this link. I think she copied ur photo and posted on အိမ်ရှင်မလက်ရာ.
http://www.facebook.com/photo.php?fbid=179161028845778&set=o.194642427649&type=3&permPage=1