Sunday, October 24, 2010

ခေတ်သစ် သုံးပွင့်ဆိုင် ဇာတ်လမ်း ...

ဦးမောင်ခြိမ့်ရေးထားတဲ့ ပို့စ်ကို အနည်းငယ်တည်းဖြတ်ပြင်ဆင်ပြီး တင်ပေးလိုက်ပါသည်။
----------------------------------------------------------------------------------------------------------------------


original picture link


ဒီနေ့တော့ ဖုန်းမဆက်ဖြစ်တာကြာပြီဖြစ်လို့ ကျွန်တော့်အကို မိသားစုဆီကို ဖုန်းဆက်ဖြစ်လိုက်တယ်။ ပထမပိုင်းမှာတော့ မိသားစု ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းတွေ ပြောဆိုကြပြီးတော့ နောက်ပိုင်း ကျွန်တော့်အကို တစ်ယောက် လတ်တလောကြုံတွေရတဲ့ အဖြစ်အပျက်တခုကို ကျွန်တော်မရီးက နတ်သံနှောလို့ ဖောက်သည်ချပါလေရဲ့။ မရီးပြောပြတဲ့ ဇာတ်လမ်းကို နားထောင်ပြီး ကျွန်တော် ရယ်သွမ်းသွေးမိပါတယ်။ ဒါထက်ပိုလို့ ဆက်တွေးလိုက်တော့ စိတ်လည်းမကောင်းဖြစ်သွားမိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုမျိုးတွေ တကယ်ပဲ ဖြစ်နေပြီလား ဆိုတာပေါ့။

ကျွန်တော်ဇာတ်လမ်းအစုံ ပြောပြပြီးမှပဲ ဆက်လက်ဆွေးနွေးပါ့မယ်။
==========================================================

ပထမဆုံး ဇာတ်လမ်းမပြောပြခင် ကျွန်တော်အကိုနဲ့ ပါတ်သက်ပြီး သိအောင်ပြောပြရရင် အသက် ၄၄ နှစ်ရှိတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူက ဆေးကုသရေးမှာ မဟုတ်တော့ပဲ အုပ်ချုပ်ရေးလိုင်းထဲ ၀င်ရောက်သွားလို့ အခုဆိုရင် ဌာနတခုမှာ အရာရှိတစ်ယောက်အနေနဲ့ နဲ့လုပ်ကိုင်နေပါတယ်။ အဖြစ်အပျက်က တယ်လီဖုန်းနဲ့ ဖြစ်သွားတဲ့ အတွက်ကြောင့် တယ်လီဖုန်း စကားပြောခန်းနဲ့ပဲ ပြန်လည် သရုပ်ဖော်ပါရစေ ...


ကလင်... ကလင်... ကလင် ...))))))

မောင်ခြိမ့် အကိုသည် အိမ်၌ဖွင့်ထားသော ဆေးခန်းလေးတွင် ထိုင်နေစေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင် အိမ်မှုကိစ္စများလုပ်ကိုင်နေစေ။

မောင်ခြိမ့် အကိုသည် ဆေးခန်းထဲမှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်စေ။ မောင်ခြိမ့် မရီးသည် ထမင်းစားခန်းထဲတွင်ရှိသော တယ်လီဖုန်း စကားပြောခွက်ကို ကိုင်လိုက်စေ။ ထိုသို့ တယ်လီဖုန်းကိုင်ချိန်မှာ တပြိုင်နက်ဖြစ်သည်။

မောင်ခြိမ့် အကို ။ ။ ဟယ်လို အမိန့်ရှိပါ။ ကျွန်တော် မောင်__ စကားပြောနေပါတယ်။

အမျိုးသမီးတဦး။ ။ ကိုကိုလားဟင်... ကိုကိုနဲ့တွေ့ဖို့ ဖုန်းဆက်လိုက်ရတာ အခုမှပဲ တွေ့ရတော့တယ်။

မောင်ခြိမ့် အကို ။ ။ ခင်ဗျာ ... ဖုန်းမှားနေပါတယ်ခင်ဗျာ။ ကျွန်တော် ကို__ ပါ။ ခင်ဗျားပြောတဲ့ ကိုကို မဟုတ်ပါဘူး။

အမျိုးသမီးတဦး။ ။ ဖုန်းမမှားပါဘူး ကိုကိုရယ်။ ကိုကို့ကို သိပါတယ်။ ကိုကိုက သား ၄ ယောက် မွေးထားတယ်။ သားအကြီးက ဆေးတက္ကသိုလ်တက်နေတယ်။ ကိုကို က __ဌာနမှာ အလုပ်လုပ်တယ်လေ။

မောင်ခြိမ့် အကို ။ ။ (သူမပြောနေသည်မှာ မှန်နေသည် ဖြစ်သည့် အတွက်ကြောင့် တိတ်ဆိတ်စွာ နားထောင်စေ ...)

အမျိုးသမီးတဦး။ ။ ကိုကို့မှာ အိမ်ထောင်ရှိမှန်း သိပေမဲ့ မီး လေ ကိုကို့ကို ချစ်လို့ ဆက်သွယ်တာပါ။ မီး ဆိုတာ မီးနာမည် မျက်ဝန်းညိုပါ ကိုကို။ မီးလေ ကိုကို နဲ့တွေ့ချင်ပါတယ်။ ကိုကို မီးကို တွေ့ခွင့်ပေးမလားဟင်။

မောင်ခြိမ့် အကို ။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော့် အနေနဲ့ အိမ်ထောင်သည်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်ပါဘူး။ တောင်းပန်ပါတယ်။ ဒါပါပဲခင်ဗျာ။

(မောင်ခြိမ့် အကိုမှ ဖုန်းချလိုက်သည်။ ထိုစဉ် မောင်ခြိမ့် မရီးမှာ ဖုန်းကိုင်ထားဆဲ ဖြစ်သောကြောင့် မတိမ်မစောင်း ဗိန်းမောင်းတီးကာ ဘီလူးဆိုင်းနှင့် ၀င်ရောက်ပါတော့သည်။ ကျွန်တော်မရီးပြောသည့်အတိုင်း တသွေမတိမ်း ရေးလိုက်ရပါသည်။)

မောင်ခြိမ့် မရီး ။ ။ဟဲ့ကောင်မ.. ညည်းက ငါ့ယောက်ျားကို ...... ..... ..... #%^)*&&^%$$#@!$^*)))(*&%$#Q@%^&**....
.... ... .... .... ... .... .... .... ....

ထိုနေ့က မောင်ခြိမ့် အကို၏ အိမ်တွင် အိမ်တွင်းစစ်ပွဲငယ်တခု ဖြစ်သွားပါသည်။

ထိုမျှနှင့် မပြီးသေး။ ထိုသို့ ပွဲကြမ်းပြီး ၄ ရက်အကြာတွင် ထိုအမျိုးသမီးက ဖုန်းဆက်ကာ ကျွန်တော့်မရီးကို နာမည်ခေါ်၍ " မမ__ ရယ်.. မမကို မီးတောင်းပန်ပါတယ် ..." ဟု ပြောသေးသည်လို့ သိလိုက်ရပါတယ်။

ထိုမျှနှင့်လည်း မပြီးသေးပါ။ အကိုဖြစ်သူ ရုံးကိစ္စတစ်ခုနှင့် အဝေးပြေးကားဖြင့် ခရီးထွက်ရတော့ ဘေးခုံမှာထိုင်သူသည် အနှီမိန်းခလေး ဖြစ်နေပါသည်တဲ့။ ဘယ်ကနေ ဘယ်လိုစုံစမ်းပြီး ကားလက်မှတ်ကိုပါ အတူကျအောင် ၀ယ်ထားရပါသနည်း။ (မရီးဖြစ်သူမှာ ဖုန်းဆက်ပြီးပြီးချင်း နောက်တစ်နေ့ပဲ အနှီမိန်းခလေး မည်သူမှန်း စုံစမ်းသိရှိခဲ့ပြီးပါပြီ ။) ကျွန်တော့ မရီးခမျာ ကားဂိတ်လိုက်ပို့တော့ ဘီလူးဆိုင်း တစ်ခါထွက်ကာ ယောက်ျားဖြစ်သူကို အိမ်ပြန်ခေါ်ခဲ့ရပါတော့တယ် ခင်ဗျာ ...

=======================================================================
အဲဒီ အဖြစ်အပျက်က တကယ်ဖြစ်သွားတာပါ။ ကျွန်တော် ဖုန်းပြောရင်း ရယ်မိပါတယ်။ စိတ်လည်း မကောင်းမိပါဘူး။ မြန်မာပြည်မှာ တချို့တွေဟာ အိမ်ထောင်ရှိမှန်းသိလျက်နဲ့ အခုလို ဖြစ်နေပြီဆိုတော့ စာရိတ္တမဏ္ဍိုင် တော်တော်ပဲ ညှိုးနွမ်းနေပြီလား။

တကယ်တော့ မောင်ခြိမ့် အကိုက တခါမှ ဒီလိုအဖြစ်မျိုး ဖောက်ပြန်တတ်သော၊ အငယ်နှောင်းထားသော သူများတွင် မပါဝင်ပါ။

ဒါဆိုလျင် ထိုသို့သော မိန်းကလေးများတွင် လွပ်လပ်သော ယောက်ျားပျိုလေးများကို ချဉ်းကပ်ပါလား။ မတော်တည့်မှန်း၊ အပြစ်ရှိမှန်းသိလျက်နဲ့ တမင်တကာပဲ အလွယ်လမ်းကို လိုက်နေကြပြီလားလို့ တွေးမိပါတယ်။

တကယ်ဆိုရင်တော့ မောင်ခြိမ့်အကိုက မချမ်းသာပါဘူး။ သား ၄ယောက်နှင့် ဘ၀ကို စားနိုင်သောက်နိုင်အောင် ရုန်းကန်နေရတဲ့ သာမန် ဘ၀ပါ။ နှစ်ပေါင်း ၂၀ နီးပါး လုပ်လာမှ ပေ၄၀၊ ပေ၂၀ ပျဉ်ထောင်အိမ်လေး တစ်လုံးပဲ ပိုင်တာပါ။ ကားမရှိပါ။

ဒါဆိုရင် ထိုမိန်းကလေးက ဘာများမက်မောစွာ လိုက်နှောက်ယှက်နေပါသလဲ ဆိုတာ ကျွန်တော်တို့ မိသားစုအတွင်း ခေါင်းခဲရပါတယ်။ လွန်ခဲ့သော ၄ လလောက်က ကျွန်တော်မရီးတော်မှာ သူမရဲ့သားများကို ရှေးခေတ် မိန်းခလေးများထိမ်းသိမ်း သကဲ့သို့ လိုက်စောင့်ရှောက်နေရတယ်လို့ ပြောဖူးပါတယ်။ အခုတော့ ကျွန်တော်မရီး ခမျာ သူ့ရဲ့ ၂၃နှစ်ကြာ ပေါင်းသင်းလာတဲ့ လင်တော်မောင်ကိုပါ မျက်လုံးဒေါက်ထောက် ကြည့်နေရတော့မဲ့ ဘ၀ ရောက်နေပြီတဲ့လေ။

မိန်းခလေးတွေ ကိုးရီးယားကား အကြည့်များလို့ အတုခိုး လွဲကုန်တာလား။

အချစ်ဝထ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာတွေ သိပ်များသွားတာလား။

ခုခေတ် မိဘ၊ဆရာတွေရဲ့ ဆိုဆုံးမမှု၊ ဘာသာတရားရဲ့ ဆိုဆုံးမမှုတွေမှာ အားနည်းကုန်လို့လား။

အငယ်အနှောင်းပဲဖြစ်ရဖြစ်ရ ဆရာဝန်တစ်ယောက်ကို ယူလိုက်ရင် အနည်းဆုံး ဘ၀အာမခံချက်တော့ ရှိပြီဆိုတဲ့ အတွေးတွေ မှားနေသလား။

ကျွန်တော့ အတွေးထဲမှာတော့ ...

လား... လား ... လား ....လားပေါင်း များစွာ .... .... .... ...။ ။

မောင်ခြိမ့်

30 comments:

  1. ဟားဟား..... ကြုံရပလေတယ်ပေါ့ဗျာ။ ဒါကြောင့် လည်လွန်းတဲ့ဘီးရယ်မှ မဟုတ်။ သူ့ဘာသူ ရပ်နေတဲ့ဘီးကိုလည်း ခွေးက သေးလာပန်းချင် ပန်းတာလို့ ပြောကြတာ။

    ဒီအဖြစ်အပျက်ကတော့ ဖူးနုသစ် ဘလော့ဂ်ပို့စ် မှာ ရေးသလို သူငယ်ချင်းတွေက ပညာပြ(ကျီစား)လိုက်တာတော့ ဟုတ်ပုံမရဘူး။

    ReplyDelete
  2. အမရေ.. အဲဒါ ကိုရီးယားကားတွေ ခေတ်မစားခင်တည်းက အမရေ..
    ကျနော် ဆယ်တန်းအောင်လို့ အလုပ်ခဏ၀င်လုပ်နေချိန် မျက်စိရှေ့မှာ ဖြစ်နေတာ..
    ယောင်္ကျားက အိမ်ထောင်ရှိနေမှန်းသိရဲ့သားနဲ့ကို မိန်းမတွေက လိုက်ကပ်တာ..အမရာ...
    ယောင်္ကျားက ရုပ်ချောလဲ စိတ်မချရ။ ငွေထောလဲ စိတ်မချရ။
    အခုမိန်းကလေးတွေက သူများမှာ အိမ်ထောင်ရှိလား ဘာလားကို သိပ်ဂရုမစိုက်ကြတော့ဘူး။ ဒါကြောင့် တော်ရုံ မထိန်းနိုင်တဲ့ ယောင်္ကျားတွေနဲ့ဆို အိမ်ထောင်ကွဲ ဘာကွဲဖြစ်ကုန်ကြတာ...တခါတလေကျတော့လဲ တချို့ကိစ္စတွေမယ် ယောင်္ကျားတွေမှာ အပြစ်မရှိဘူး

    ဖတ်ရတာ ရင်မောလိုက်တာ အမရယ်။

    မြတ်နိုး

    ReplyDelete
  3. ကိုမောင်ခြိမ့်အကိုက ကလေး ၄ယောက် ရှိနေမှန်း သိတာတောင် ဒီလို လိုက်လုပ်နေတာ အံ့သြစရာပဲ။ မိန်းကလေးတွေ ဒု သ န သော မကြောက်ကြတော့ဘူးလား မသိ။ ဒါမှမဟုတ် ယောကျာင်္းလေးတွေများ သိပ်ရှားကုန်လို့လားးး ဘုရား ဘုရားးး
    ကလေးတယောက်ပဲ ရှိတဲ့ ကိုမောင်ရှိမ့်ဆီကိုရော ဖုန်းတွေ လာသလားဟင်.. (မဆွိကို ကလိလိုက်သည်)

    ReplyDelete
  4. မမိုးချိုသင်းရေ...
    ကျွန်တော်က ကျွန်တော်အကိုလို ရုပ်မချောဘူး။ တစ်အိမ်လုံးမှာ ရုပ်အဆိုးဆုံးကို ပြပါဆိုရင် ကျွန်တော်ပါပဲ။ ကျွန်တော့်အကိုက ငယ်ငယ်တုန်းက ဆိုရင် မြစ်တို့၏မာယာထဲက ရဲအောင်လိုမျိုးတော်တော်ချောတာ။ အသားကလဲဖြူဖြူ ဆရာဝန် ၄၄ နှစ် ဌာနမှာ အရာရှိဆိုတော့ ကပ်ကြတာနေမှာပေါ့။

    စင်္ကာပူမှာ မောင်ခြိမ့်တို့က အောက်ခြေလူတန်းစားထက် အနည်းငယ်သာတဲ့ ဘ၀ ငွေမရှိတော့ ဘယ်သူမှ လာမကပ်ပါ အမရေ....

    မောင်ခြိမ့်

    ReplyDelete
  5. ဒီစာဖတ်ရတော့ ဒီလင့်က http://freedomnewsgroup.com/2010/10/19/ အလည်လွန်တဲ့မိန်းကလေးတွေအကြောင်း သတိရသွားတယ် ။

    ReplyDelete
  6. ဟုတ်ပါတယ်။ အခုခေတ်မိန်းကလေးတွေက တော်တော်ကိုမစောင့်ထိန်းကြတော့ပါ။ အိမ်ကမောင်လေးကလဲ သူ့ကိုဘယ်ကောင်မလေးက လာအီနေပြန်ပြီ။ ဘယ်ကောင်မလေးက ရီးစားစကားပြောလိုက်တယ် ဆိုပြီးကြားကြားနေရပါတယ်။

    ReplyDelete
  7. ကိုမောင်ခြိမ့်အကိုက ဒါမျိုးတွေ စိတ်မပါလို့သာပေါ့၊ ခက်တယ်၊ ကိုရီးယားကားမှာ ဇာတ်ကောင်တွေရဲ့ စိတ်ဓါတ် ခိုင်ကျည်မှု၊ အလုပ်ကြိုးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိမှု အဲလို ကောင်းတာတွေကို မယူဘဲ မကောင်းတာတွေကိုမှ ပေါ်ပင်လိုက် အတုခိုးနေတော့ ခက်တယ်။ လူ့စိတ်က မကောင်းမှုမှာ ပို မွေ့လျော်တတ်တာကိုး....

    ReplyDelete
  8. ကိုယ်တွေ့ကိုပြောရမယ်ဆိုရင် SG မှာပဲ။ ကျွန်မနဲ့တူတူအိပ်တဲ့ အခန်းဖော်။ ကျွန်မမှာ ရည်းစာရှိနေတာကိုသိရဲ့နဲ့ ကျွန်မရည်းစာ အိမ်လာလည်တာ ကျွန်မရှေ့တင် ကျုနေတာ။ ချစ်နေကြောင်းသိအောင် ဖွင့်မပြောဖို့ပဲ ကျန်တော့တယ်။ ကျွန်မဆို အံတောင်သြော်ယူရတာ။ သူမကိုယ်တိုင်က မသိတာလဲ မဟုတ်။ သိသိချည်းနဲ့ကို။

    ReplyDelete
  9. ကွိုင်ပဲနော် ဘလိုင်းကြီး တိုးတာပဲ

    ReplyDelete
  10. တီဆွိရေ မအယ် အသိတွေထဲ ရှိတယ်။ သူတို့ညီအမတွေက ဆရာဝန်တွေ အရာရှိတွေ ပိုက်ဆံရှိတဲ့လူဆို အဲ့လို ဖုန်းတကယ်ဆက်ပြီး ပြောကြတာ။ သမီးကလေ ဦးရဲ့နဲ့။

    နောက် အမေက ခိုင်းတာတဲ့။ ချောချော လှလှလေးတွေ တက္ကသိုလ်ကျောင်းသူတွေ။ အံ့သြမဆုံးပဲ။ အဲ့ဒါ ၁၉၉၃ လောက်က။

    ReplyDelete
  11. စီးပွားရေးအဆင်မပြေတာကြောင့် လွယ်တဲ့လမ်းကိုလိုက်ကြတယ် ထင်ပါရဲ့ ၊ ဒါပေမဲ့ တစ်ချို.ဆင်းရဲတဲ့ အမျိုးသမီးငယ်များ ရိုးသားတဲ့ အလုပ်နဲ.အသက်မွေးဝမ်းကြောင်းပြုတာတွေလည်းအများကြီးပါ၊ ကျွန်တော့်အထင်ကတော့ တစ်ဦးတစ်ယောက်စီရဲ့ အကျင့်စရိုက် အပြုအမူနဲ.သက်ဆိုင်မယ်လို.ထင်ပါတယ်

    ReplyDelete
  12. (ကျွန်တော် အခုရည်ရွယ်ရေးမဲ့ မိန်းမဆိုတဲ့ စကားလုံးတိုင်းဟာ အခုပို့စ်မှာ ပါတဲ့ အကျင့်ပျက်မိန်းမလို အတန်းအစားမျိုးကိုသာ ရည်ရွယ်ကြောင်း ကြိုတင်မေတ္တာရပ်ခံပါရစေ)

    သုံးပွင့်ဆိုင်ဇာတ်လမ်း လို့တော့ ကျွန်တော် မသတ်မှတ်ချင်ပါဘူး။
    လူပျို အပျိုတွေ ဆိုရင်တော့ သုံးပွင့်ဆိုင်လို့ သုံးနှုန်းလို့ လှပါတယ်။ အခုဟာက သူ့ဘာသာ အေးချမ်းပျော်ရွှင်နေတဲ့ မိသားစုတစ်ခုကို (မရိုသေ့ စကားဗျာ) မနေနိုင်မထိုင်နိုင် လာနှောင့်ယှက် ဖျက်ဆီးတာပါ။

    အခုလို သိသိကြီးနဲ့ မျက်နှာပြောင်တိုက်ပြီး ဝင်တိုးတတ်တဲ့ မိန်းမမျိုးကို ဘယ်လိုစိတ်မျိုးနဲ့မှ ခွင့်လွှတ်ချင်စရာ အကြောင်းလုံးဝ မရှိပါဘူး။

    အဲဒီလို မိန်းမမျိုးဖက်က စာနာနားလည်ပေး ခွင့်လွှတ်ပေးချင်တယ်ဆိုတဲ့ သူတွေရှိနေခဲ့ရင် အဲလိုလူမျိုးတွေကို ခင်ဗျားတို့အဖေဆိုရင်ကော ပြုံးပြုံးလေးနဲ့ ထည့်ပေးလိုက်နိုင်မှာလားလို့ ပြန်မေးလိုက်ချင်ပါတယ်။

    ဒီလိုမိန်းမစားတွေကြောင့် မိသားစုတစ်ခုလုံး ဂုဏ်သိက္ခာ၊ အရှက်၊ ငွေကြေး အစစ ဆုံးရှုံးခဲ့ရတယ်။ ရစရာမရှိအောင် ဖြစ်ခဲ့ရတယ်။ ဒီလိုအဖြစ်တွေကို မယုံမရှိပါနဲ့။ လက်တွေ့ပါ။

    ကျွန်တော့်အဖေနဲ့ ကျွန်တော်တို့ မိသားစုကို ရှင်ကွဲကွဲအောင် ခွဲပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ မိန်းမဟာ အီကိုဘွဲ့ရ ဝင်ငွေကောင်းတဲ့ ဆိုင်နဲ့ ပိုက်ဆံရှိတဲ့ အပျို (စစ်မစစ်တော့ မသိ) တစ်ယောက် ဖြစ်တယ်ဆိုရင် ယုံကြပါ့မလားတောင် မသိဘူး။

    အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝများအားလုံး မိန်းမယုတ်များရဲ့ အန္တရာယ်မှ ထာဝရ ကင်းလွတ်နိုင်ကြပါစေဗျာ။

    ဘလော့ရေးသူ တစ်ဦး
    (နာမည်အမှန် မရေးခဲ့တာ နားလည်ခွင့်လွှတ်စေလိုပါတယ်)

    ReplyDelete
  13. ကဲ...ဗမာပြည်ကို အမြန်သွားမှပဲ...လူပျိုကြီး ရုပ်ချော သဘောကောင်း...အမေရိကန် ကိုကြီးကျောက် ရဲ့ ဖုန်းနံပါတ်ကို အမြန် ဖြန့်ချီမှ...
    ကိုကြီးကျောက်တို့ကတော့ သမီးလို့ပြောလဲ လက်ခံတယ်..မြေးလို့ပြောလို့လဲ လက်ခံတယ်...အဟင်း...

    ReplyDelete
  14. BA KYAUK,Do u really want to put a name in ur health insurence file?:)....Gyidaw

    ReplyDelete
  15. ဟူး.............
    သက်ပြင်းရှည်ကြီးသာချသွားပါ၏ ။

    ReplyDelete
  16. အင်း...ကိုရီးယားကားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။လူ‌တွေရဲ့ ခံယူတဲ့စိတ်ဓါတ်က ‌ပြောင်းလဲသွားတာလား ‌အောက်တန်းကျသွားတာလား?? နားလည်ရခက်ပါတယ်။အခုလတ်တ‌လော ကျမတို့ အလုပ်ထဲမှာဖြစ်‌ပျက်‌တာ ‌လေးတစ်ခု‌ပြောပြချင်ပါတယ်။‌ယောက်ကျားက အိမ်‌ထောင်သည်က‌လေး၂ ‌ယောက်နဲ့ ,သမီး‌လေးက ၁၀ တန်း‌‌တောင်‌အောင်ထားတယ်။ မရှိမရှား‌နေနိုင်တဲ့ လူတန်းစားပါပဲ။‌သူနဲ့ ညိတဲ့အမျိုးသမီးက က‌လေး ၁‌ယောက်အ‌မေ တစ်ခုလပ် ပိုက်ဆံရှိတယ်။ကိုယ်ပိုင်ကားနဲ့ ရုံးတက်တာ။သူတို့ ကျ‌တော့လဲ မိန်းက‌လေးက အမ်းပြီးကြိုက်ရတာ။ဒုတ်ခပဲ....ဒါမျိုးကပို‌ကြောက်ရတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် သူများလင်ကြိုကိုက်တာ ပို‌ကြောက်ဖို့ ‌ကောင်းတယ်။

    ReplyDelete
  17. အပျော်ဖတ်ဝတ္ထူ တွေ ဖတ် ကိုရီးယား ကားတွေကြည့် စိတ်ကူးယဉ်နေတာထင်တယ် နဲနဲဂေါက်နေလားမသိဘူး

    တီတီဆွိ ရေကျေးဇူး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  18. အင်း.. ဘာပြောရမှန်းတောင် မသိတော့ဘူး။ ခက်တော့လည်း ခက်တယ်၊ သူတို့ကလည်း သူတို့..။

    ဒါနဲ့ ဦးမောင်ခြိမ့်ရော မဆွိပါ စာရေးကောင်းတယ်နော်။ ရေးတာလေးတွေ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောတာပါ။ ညီမတို့အိမ်တော့ ကိုယ်ကပဲ စာရေးရပြီး “အိမ်ကလူ”ကတော့ စာရေးမကောင်းဘူး။ သူရေးရင် လိုရင်းမရောက်ပဲ ခြာလည်လည်နေလို့ ရည်းစားစာတောင် တ၀က်တပျက်နဲ့ (ခြာလည်လည်ပြီး ရေးမပြီးလို့) သုံးနှစ်စောင့်ခဲ့ရတယ် အစ်မရေ :D

    ReplyDelete
  19. ကိုယ့်စာရိတ္တကို ကိုယ့်ဘာသာ တာဝန်မယူတာလို့ ထင်တာပါပဲ။ အနုပညာက လှည့်ဖျားလို့ လူတွေ စာရိတ္တပျက်ရတယ် ဆိုတာတော့ ညီမလည်း သိပ် လက်မခံဘူး။ မဖြစ်နိုင်ဘူး ပြောတာ မဟုတ်ပါ။ ဖြစ်နိုင်ပါတယ်။

    ဒါပေမဲ့ ကိုယ်ခံစားလိုက်တဲ့ အနုပညာကြောင့် ကိုယ့်ကျင့်ဝတ်တွေ ပျက်ရတယ်ဆိုရင်တော့ ကိုယ့်ဘာသာ တာဝန်မဲ့ရာ ရောက်တယ် ထင်ပါတယ်။

    ReplyDelete
  20. It is because of the same attribute of women
    people have been admiring - maternal instinct.
    Female body is driven by hormones and with the
    age clock ticking, female in late 20s and early 30s long for motherhood. Perhaps, environmental
    pollution, shortening expected life span inside
    Burma, low quality of available Burmese men may
    add up those issues. It can be partly explained
    by the genes, partly by socioeconomic reasons. Women stick to their low quality husband as they
    are their only means of resource providers. In
    this case, perhaps that medical doctor, a loser
    in some aspects, by some standards may be a he-man (gene contributor) as well as a husband (financial and physical resource provider) for
    that girl. It is more to do with genes and
    social condition less to do with Korean films.

    ReplyDelete
  21. dont tell about bad girls .
    all of u should consider for both side coz some nice girls also got suffering coz of bad man .
    for eg , some married man try to stay n sex free with the nice girl so how to do?
    bad men is more than bad girls in the world.

    ReplyDelete
  22. So what ?

    တန်းတူရည်တူ အခွင့်အရေးကို ၁၂၀% လက်ခံထားတဲ့လူတစ်ယောက်အနေနဲ့ ဘာမှ မဖြစ်ပါ။ ကောင်လေးက ကောင်မလေးကို ချစ်ရင် ချစ်ကြောင်းပြော၊ ကောင်မလေးက ငြင်းချင် ငြင်းနိုင်တာပဲလေ။ အဓမ္မမလုပ်ရင် ပြီးတာပဲ။ ပြောင်းပြန် ကောင်မလေးလဲ ကောင်လေးကို ချစ်ကြောင်း ပြောချင်ပြောနိုင်တာပဲ။ မကြိုက်ရင် ငြင်းပေါ့။ ဒါပါပဲ။

    အိမ်ထောင်ရှိလို့ ရှောင်သင့်မရှောင်သင့်ကျတော့ ကျွန်တော့်ဘာသာရေး ယုံကြည်ချက်အရ မလုပ်သင့်ဘူး။ ဒါပေမဲ့ နိုင်ငံရေး ယုံကြည်ချက်အရ ၂ ဦး ၂ ဘက် ကြိုက်ကြတယ်ဆိုရင် ကတ္တီပါ လမ်းခွဲပေါ့။ ကလေးရှိရင် ကလေး စိတ်ဒဏ်ရာမရအောင် ဂရုစိုက်ပေါ့။ ကလေးငဲ့လို့၊ ပတ်ဝန်းကျင်ငဲ့လို့ မချစ်ရဲ့သားနဲ့ လက်ရှိအိမ်ထောင်ဘက်ကို အောင့်အီးသည်းခံပြီးပေါင်း၊ ချစ်တဲ့သူနဲ့ ခိုးခိုးတွေ့ဆိုတာက မဟုတ်သေးပါဘူး။

    ကဲ ... အသစ်လာကပ်တဲ့ မိန်းကလေးကို မချစ်ဘူးဆိုရင်လဲ မရဘူးကွာ။ ငါတော့ မင်းကို လုံးဝမချစ်ဘူးလို့ ပြောသင့်တယ်။ အိမ်ထောင်ရှိလို့ မဖြစ်နိုင်ပါဆိုတာက valid answer မဟုတ်ဘူး။ ငါမကြိုက်လို့ကွာ၊ ငါ့မိန်းမပဲ ငါချစ်လို့ကွာဆိုတာကမှ valid answer.

    ReplyDelete
  23. ဟုတ်ကဲ ကိုလောရှည် ခင်ဗျာ။ ကျွန်တော်အကိုကလဲ ဖောက်ပြန်တတ်တဲ့ စိတ်မရှိတဲ့ သူတစ်ယောက်လို့ဆိုရင် ပြောလို့ရပါတယ်။ ကျွန်တော်အကိုအနေနဲ့ အဲဒီ မိန်းခလေးရဲ့ နှောယှက်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါတယ်။ ကျွန်တော်ပြောတဲ့ အဖြစ်အပျက်က လွန်ခဲ့တဲ့ ၃ နှစ်က အမှန်ဖြစ်ခဲ့တာဖြစ်ပြီးတော့ အဲဒီမိန်းခလေးရဲ့ မိဘများကိုလဲ ကျွန်တော်အကိုက လူကြီးလုကောင်းပီပီ သွားရောက်ပြောကြားလိုက်လို့ အဲဒီမိန်းခလေး ထပ်ပြီး မနှောက်ယှက်တော့ပါဘူး။ ကားဂိတ်မှာ ထိုမိန်းခလေးက ကျွန်တော်အကို ခရီးထွက်တာကို စုံစမ်းသိရှိပြီး လက်မှတ်ဝယ်တာပါ။ ကျွန်တော်အကိုက ခိုးတွေ့ခြင်းလဲ မဟုတ်သလို ထိုမိန်းခလေးကို အဲဒီအချိန်ကျမှ သူမကနေ နာမည်ပြောပြီး မိတ်ဆက်လို့ ပထမဆုံး မြင်ဖူးလိုက်တာပါ။ ဒါအပြင် ကျွန်တော်အကိုရဲ့ အိမ်ထောင်ရေးက ယခင်ကအတိုင်း ပျော်ပျော်ရွှင်ရွှင် ဆက်လက် တည်မြဲလျက်ရှိပါတယ်။

    ဒီနေရာမှာ ကြုံလို့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်ရေးခဲ့တဲ့ ဒီပို့စ်လေးက မြန်မာပြည်က လက်၇ှိကာလမှာ ရှိတဲ့ မိန်းခလေးတွေရဲ့ အတွေးကို ပြန်လည်ဖော်ပြတာပါ။ လောကမှာ တခါတလေ ဖြစ်ချင်တာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်ရမယ်ဆိုတဲ့ သဘောတရားကို အသက်အရွယ်ရရင် နားလည်လာပါလိမ့်မယ်။ ကျွန်တော်ရေးရတဲ့ ရည်၇ွယ်ချက်က ခေတ်စနစ်ရဲ့ ပျက်ယွင်းမှုကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ လူငယ်တွေ အနေနဲ့ စာရိတ္တပိုင်းဆိုင်ရာ အကျင့်သိက္ခာပိုင်းဆိုင်ရာ များ အားနည်းလာလို့ အားလုံးအနေနဲ့ ၀ိုင်းဝန်းပြင်ဆင်သင့်တယ်ဆိုတဲ့ သဘောမျိုးရေးခဲ့တာပါ။ မကောင်းမွန်တဲ့ စိတ်ဓါတ်တွေ ပျက်စီးယိုးယွင်းနေတာတွေ များလာရင် တိုင်းပြည်အနေနဲ့ ဘယ်လောက်ကောင်းတဲ့ ခေါင်းဆောင်း အုပ်ချုပ်သည်ဆိုသော်လည်း ဘယ်သောအခါမှ ကောင်းမွန်တဲ့ အောင်မြင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်အမြင်ကို သင်ပြတာပါ။
    အမျိုးသား အမျိုးသမီး အခွင့်အရေးကို ခွဲခြားခြင်းမဟုတ်ပါဘူး။ ဘယ်နိုင်ငံမှ ကျင်ဝတ်သိက္ခာပျက်ယွင်းတဲ့ သူများ ကိုလက်မခံပါဘူး။ ဒီသဘောတရားကို တင်ပြခြင်းပါ။ ရေးချင်တာတွေတော့ အများကြီးပါ။ ကွန်မန့်ဖြစ်လို့ ဒီလောက်နဲ့ပဲ ကျွန်တော်ရပ်လိုက်ပါတယ်။

    ReplyDelete
  24. Please u should write the nature of the married man in SG.
    Mostly are myanmar married man try to sex with the nice single girl anyway u have to write that kind of Story .

    ReplyDelete
  25. အိမ်‌ထောင်သည်‌ယောက်ကျားများကအိမ်‌ထောင်မရှိသူမိန်းမ‌ကောာင်း‌လေး ကိုကြံစည်တဲ့အ‌ကြောင်းအရာကိုရည်ညွန်းပါလားလို့ သူက‌ပြောထားပါတယ်။
    မြန်မာအထီးမှမဟုတ်ဘူး အထီးဆို ဘယ်အထီးမှ ၁‌ယောက်ထဲနဲ့ မတင်းတိမ်ကြဘူးဆိုတာ မသိဘူးလား။အဲ့‌နေရာမှာ ‌စောင့်ထိန်းတဲ့သူနဲ့ ‌ဖောက်ပြန်တဲ့သူ၂မျိုးပဲရှိမယ်။သူ‌ပြောတဲ့အိမ်‌ထောင်မရှိသူမိန်းမ‌ကောာင်း‌လေးက အဲ့လိုလူကို လက်ခြံပီး ‌နေကြမယ်ဆိုရင်‌တော့ အများအ‌ခေါ် အ‌မြှောင်.စ‌မော.‌ပေါ့။ ဘယ်မိန်းးမ‌ကောင်းကမှ ကိုယ့်ကိုကိုယ် သူများအငယ်အ‌နှောင်းအဖြစ်မခံဘူး။ ဖြစ်ခဲ့ရင်လဲ အဲဒါ မိန်းမ‌ကောင်းမဟုတ်လို့ ပဲ။

    လက်ခုပ်ဆိုတာနှစ်ဘက်တီးမြှမည်ကြတာပါ။‌ယောက်ကျားဆိုတာမျိုးက‌တော့ ဘယ်ဟာမဆို ရမလား ဆြိုပီး စမ်းကြမှာပဲ။အာ‌ချောင် ပါးစပ်‌ဆော့ ရာက‌နေ အ‌နေအထိုင်မတတ်လို့ က‌တော့ တိတ်တိတ်ပုန်း‌တွေဖြစ်ကုန်မှာပဲ။

    ReplyDelete
  26. So u can remomend ur self ?

    ReplyDelete
  27. A woman's dream is to get the good genes
    from a tall, handsome and intelligent man
    and to have a man near by to help raise
    the kids fathered by the same man or the
    other man. If all things equal, no woman
    likes short, unattractive and boring man,
    but sometimes they settle for someone if
    they are not sure that the other guy may
    just breed her and left her for herself.

    The life of famous "Lars von trier" who
    directed the film, "The Anti Christ" is
    such an example, his mother had affair
    with an musician (not guitar playing bum
    but violin or piano playing musician)
    whose lineage went back to the times of
    Roman empire. She wanted good genes in
    her and so she cheated so that her son
    can get good genes, that director learn
    his own father only when her mother was
    in her death bed. No wonder he is a very
    talented director.

    Another story is with overseas Chinese.
    Almost all overseas Chinese came from
    (then) poor Fujian province, were all
    those Hokkien, Hakka, etc.. So they all
    were initially illiterate peasants and
    coolies. Perhaps that is one of many
    reasons, Singapore have good scientists
    and engineers but not ground breaking
    exceptional talent. That is why they
    are importing foreign talent.

    So your brother being a doctor, have
    above average intelligence (by Burmese
    standards) and intellectual capacity
    (reading books, to add wisdom to the
    raw intelligence) and that genes might
    have attracted that girl to that chap.

    ReplyDelete
  28. မိန်းကလေး အရှက်မဲ့တာ သူတစ်ပါး မိသားစုအပေါ် စာနာစိတ် မရှိတာပါ။ သူ့ကို မသိမရင်းနှီးတဲ့ လူတစ်ယောက်ကို ဒီလို ကြံတာဟာ တစ်ဖက်လူကလဲ သူ့ကို လေးစားမှာ မဟုတ်ဘူး၊ ကိုမောင်ခြိမ့်အစ်ကိုလို ကိုယ်ကျင့်တရား အားကောင်းသူမျိုး မဟုတ်ဘဲ အငိုက်မိလွယ်တဲ့ အခြားသူတစ်ယောက်ဆိုရင်လဲ ဒီလို မိန်းမမျိုးကို ခဏအပျော်ခံအဖြစ်ထက် တန်ဖိုးထားမှာ မဟုတ်ဘူး။ ကာမကို ပစ္စည်းဥစ္စာနဲ့ လဲချင်လို့ လိုက်နေမှန်း ရိပ်မိမှာပဲ။

    တစ်ဖက်အိမ်ထောင်က ဇနီးသည်ကို မိန်းမသားချင်း ကိုယ်ချင်းမစာဘူးထားဗျာ၊ သားသမီးတွေ ဘယ်လို ခံစားရမယ်ဆိုတာ နားလည်ပေးသင့်တယ်။ ဖခင်တစ်ယောက်ဆိုတာ အိမ်ထောင်မှာ ပျောက်ဆုံးသွားလို့ ကောင်းတဲ့ပစ္စည်းမှ မဟုတ်တာ။

    ReplyDelete
  29. မိန်းကလေးတွေထဲက တစ်ချို့မိန်းကလေးတွေဖောက်ပြန်တာ..ကိုယ့်ကိုကိုယ်အထင်ကြီးပြီး ငါဆိုရင်ဖြစ်ပါတယ်ဆိုပြီးမာန်မာနနဲ့ ထင်ရာလျှောက်လုပ်တတ်ကြတာ လုံးဝလက်ခံတယ်..
    ကိုယ့်မိဘကိုယ်တိုင်လည်း အဲလိုအဖြစ်ခံခဲ့ရလို့ မိဘမဲ့ ဘ၀နေခဲ့ရတယ်..အဲလိုလူမျိုးတွေကို ပြောချင်ပါတယ် ကိုယ်ပြုသောကံအတိုင်းခံစားစံစားရမယ်နောင်ဘ၀မဟုတ်ဘူး..အခုဘ၀မကြာခင်ကာလတင်ပါလို့..သူတို့တွေမှာ အရှက်တရား..လုပ်သင့်မလုပ်သင့်အတွေးအခေါ်လုံးဝမရှိပါဘူး.. ဥာဏ်ရည်အရမ်းနိမ့်ပါးတဲ့ တိရစာန်သာသာလူတစ်ချို့ပါ..လုံးဝရှောင်ကြဉ်ပါ..သူ့ရဲ့ အကုသိုလ်ဝဋ်
    ဆင်းရဲထဲ ကိုယ်ပါကူညီသူမဖြစ်စေချင်ကြပါဘူး..မိသားစုတစ်ခုရဲ့ မျက်ရည်စက်ပေါင်းများစွာ..နာကြည်းမှု့ပေါင်းများစွာ..စိတ်အင်အားချို့တဲ့မှူ့ပေါင်းများစွာ သူမပြန်ခံစားရမှာပါ..အဲလိုလူမျိုးတွေကလည်း လူတစ်ဦးတစ်ယောက်ပြီးရင် နောက်တစ်ယောက်ကိုခုန်အုန်းမှာပါ..မျောက်အုန်းသီးရသလို..တစ်လောကလုံးရှိတဲ့ယောကျာင်္း ငါပိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ လိုက်ပစ်မှတ်ထားနေအုန်းမှာပါ..အဲလိုလူမျိုးတွေရှိတာ လွန်ခဲ့တဲ့ အနှစ်၃၀လောက်ကတည်းကပါ..အဲဒီအချိန်မှာတော့အရမ်းရှားတာပေါ့နော်..အခုတော့ အဲလိုမိန်းမတွေအရမ်းပေါနေပါပြီ.. မိန်းမတိုင်းကိုပြောတာမဟုတ်ပါ..ကိုယ်လည်းမိန်းမထဲကမိန်းမတစ်ယောက်ပါ..

    ReplyDelete