စီဘောက်မှာ အေး ဆိုသူက တောင်းဆိုလာလို့ ဖိုရမ်မှာ အရင်တင်ထားတဲ့ ပို့စ်အဟောင်းလေး တင်ပေးလိုက်ပါတယ်။
ဗယာကြော်မယ်ဆို ပထမဆုံး ကုလားပဲကို ရေစိမ်ရပါမယ်။ ရေတစ်လက်မလောက်မြုတ်အောင်စိမ်ပါ။ ဒါမှ ပဲကပွလာရင်အတော်ပါပဲ။ အိမ်မှာဆန်ချင်ခွက်နဲ့ တစ်ခွက်ခွဲလောက်ဆို လူ၃-၄ယောက်စာလောက်ရပါတယ်။ ညနေစာဆို မနက်စောစောကတည်းက စိမ်ထားရပါမယ်။ ပြီးရင်ပြင်ထားရမှာက ...
၁ ။ရေစိမ်လို့ နူးနေတဲ့ပဲကို ညက်နေအောင် ကြိတ်စက်ထဲထည့်မွှေ ဒါမှမဟုတ် ထောင်းထားပါ။
(ရေကိုသေချာစကာနဲ့ စစ်ပြီးမှထောင်းပါ။ နောက်မှို့ဆို ရေတွေများပြီး ကြော်လို့မကောင်းပါ )
၂ ။ဂျင်း လက်မ၂ဆစ်စာလောက်နဲ့ ကြက်သွန်ဖြူ ၅ မွှာလောက် ညက်ညက်ပါအောင် ထောင်းထားပါ။
၃။ ကြက်သွန်နီ ဥကြီးကြီး တစ်ဥ ပါးပါးလှီးထားပါ။
၄။ပျဉ်းတော်သိမ် ၃ခက်လောက်ကိုချွေပြီး ကတ်ကြေးနဲ့ ပါးပါးညှပ်ထားပါ။
၅။ ပူတီနာ ၃ခက်လောက်ကို ကတ်ကြေးနဲ. ပါးပါးညှပ်ထားပါ။
၆။ ငရုပ်သီးစိမ်း ၆တောင့် လောက် ပါးပါးလှီးထားပါ။ (အစပ်ကြိုက်ရင်တော့ ပိုထည့်ပါ)
၇။ ကုလာလေး မဆလာ ၃ ထုတ်၊
၈။ ဆနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းခန့်၊
၉။ ဟင်းချက်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဝက်ခန့် ။ (ဆိုဒါမထည့်ရင် အကြော်ကမပွပဲ ကျစ်ခဲခဲကြီးနဲ့ စားမကောင်းပါ ။ မဆွီတီ ကတော့ စလုံးမှာ King တံဆိတ် သုံးပါတယ် Bicarbonate of soda လို့ရေးထားပါတယ်။)
၁၀။ မွှေး ကုလားပဲအစိမ်းမှုန့် လက်ဖက်ရေပန်းကန်နဲ့ တစ်ဝက်လောက်၊ သူကတော့ နဲနဲစေးသွားအောင်ထည့်တာပါ။
၁၁။ ဆား အချိုမှုန့် သင့်သလို
ထုံးစံအတိုင်း အပေါ်က အစာပလာတွေအားလုံးကို နှံ့နေအောင် ရောသမမွှေပါတယ်။ ပြီးရင် လက်နဲ့ မှန်းပြီး ဗယာကြော် အရွယ်လေးတွေ ဆုတ်ပြီးပြားထားပါတယ်။ ဆီပူရင် ပထမဆုံး တစ်ခု ၂ခုလောက်အစမ်းကြော်ပြီး မြည်းကြည့် ... အပေါ့အငန်လိုတာ ထပ်ထည့်ပြီးမှ အစိမ်ကြော်ရင် ပိုကောင်းပါမယ် ...
ဗယာကြော် ပူပူလေး ကျက်ပါပြီချင့်။ မဆလာနံ.မွှေးမွှေးလေးနဲ.စပ်စပ်လေး။ စားကြပါဦး။
(ဓာတ်ပုံတွေကတော့ အရင် လွန်ခဲ့တဲ့ ၃နှစ်က ကင်မလာ အဟောင်းနဲ့မှို့ တုန်ခြင်း၊ မှုန်ခြင်းများ သီးခံပေးပါလို့ တောင်းဆိုချင်ပါတယ်ချင့် ...း ))
ဗယာကြော် ကြိုက်တယ်
ReplyDeleteဗယာကြော်နဲ့ရေနွေးကြမ်း ကောင်းမှကောင်းပဲ.. ပဲကိုကြိတ်ရင် ညက်အောင်ကြိတ်ရတာလာ မညက်တညက်လေးလားဟင်..
ReplyDeleteစားချင်ချာလေး ကြိုက်တယ် တီတီဆွိ... သုတ်စားလိုက်ရရင် ရှယ်ပဲနေမှာ...
ReplyDeleteမြူးမြူးရေ ... ညက်နေအောင်ကြိတ်တာ ပိုကောင်းပါတယ်။
ReplyDeleteပူးပူးရေ ... သံပုရာရည်လေးဆမ်းပြီးသုတ် အဟုတ် ကောင်းတယ်။
စားပီဟေ့... ရှေ့မှာ (၄) ယောက်ဘဲဆိုတော့နဲနဲကျန်အုံးမှာပါ။။းး)))တီဆွိ..အရမ်းလုပ်တ်တာဘဲ.. ကူးဆိုရယ်ဒီမိတ်နဲ့ကြော်တာတောင် ပုံမမှန်ဘူး.. ဟိ
ReplyDeleteွှအမ..စလုံးလာလည်ရင်ကျွေးပါ...အရမ်းကြိုက်တယ်။
ReplyDeleteမြတ်နိုး
စားချင်စရာလေး .. တော်လိုက်တာ
ReplyDeleteကျေးဇူး နည်းလေးမှတ်ထားရဦးမယ်။
လေးစားခင်မင်တဲ့
ဟွန့်... တို့ကတော့ မွှေး ဘယာကြော်မှုန့်ထဲ ကြက်သွန် ငြုတ်သီးစိမ်းနဲ့ ပျဉ်းတော်သိမ် အရွက်တွေထည့်ပြီး ကြော်လိုက်တာပါပဲ... သိပ်အကြိုက်ကြီးမဟုတ်လို့ ဒီနေ့တော့ အေးအေးဆေးဆေး ဖတ်သွားတယ်... သိပ်ရုပ်မပျက်ဖူးလို့ ဆိုရမယ်...း))
ReplyDeleteအဟီးး
ReplyDeleteမသက်ဝေလိုပဲ ကုလားဗယာကြော် သိပ်မကြိုက်.။
ဗမာဗယာကြော်ပဲကြိုက်တယ်..။မတ်ပဲကြော်ပေါ့.။
ပြောပြပါအုန်း..။
ပေါက်
မမဆွိရေ ဟိုတစ်နေ့ကပဲကြော်စားတာ အစဉ်မပြေလို့ မဆွိကိုကျူးပစ်ထဲမှာ မေးမယ်လို့စဉ်းစားထားတာ အခုတော့အတော်ပဲ။ နောက်ထပ်မကြေပွဲနွှဲအုန်းမယ်။ ကျေးဇူးပါနော်။
ReplyDeleteဇင်ယော်
ဗယာကြော်ကို ကြိုက်ပါတယ်။ လှည်းတန်းမီးပွိုင့်နားမှာ ရောင်းတဲ့ ဗယာကြော် အလုံးသေးသေးလေးတွေလုပ်ပြီး ကန်တော့လေးနဲ့ ရောင်းတဲ့ဆိုင်ဆို စားရတာ အမြဲပဲ မ၀ဘူး။ မဆွိဆီလာမှ အ၀စားတော့မယ် (၀င်္က၀တ္ထိ နဲ့ ဒဲ့ ပစ်လိုက်သည်)
ReplyDelete၀င်္က၀ုတ္ထိကို ရေးတာ တချောင်းငင် ကျန်သွားတယ်ဗျို့..
ReplyDeleteငါ့နှယ် အလျင်စလို ငတ်တာ လူသိကုန်ပြီ။ မသက်ဝေလို့ ဟန် မကောင်းပါလားး (ကိုယ့်နဖူးကိုယ်ရိုက် အပြစ်တင်သွားသည်)
မဆွိရေ...ဗမာဗယာကြော်လုပ်ရင် တင်ပေးပါဦး...အလယ်က အပေါက်လေးနဲ့အကွင်းကိုပြောတာနော်...မတ်ပဲကြော်လို့လည်းခေါ်သလားမသိ...
ReplyDeleteစူးနွယ်လေး
တီဆွိ .. ဗယာကြော်လာစားသွားတယ်.. :)
ReplyDeleteဒီနေ. တီဆွိ နည်းလေးနဲ. ဗယာကြော်ပြီး ဆွမ်းကပ်တယ်.
ReplyDeleteမြန်မာပြည်သူ/သားတွေ ဘေး"ဗယာကြော်"လွှားနိုင်ပါစေလို.ဆုတောင်းလိုက်တယ်။
တီဆွိ ဟင်းချက်နည်းတွေ များများတင်နိုင်ပါစေ။ :))
လေးစား ခင်မင်လျှက်....
အေး
ကျေးဇူ၈းပါ
ReplyDelete