Monday, October 31, 2011
တစ်ခါတစ်လေ တို့လဲ Tai Tai
Tai tai (太太) is a Chinese colloquial term for a wealthy married woman who does not work.[1] It is the same as the Cantonese title for a married woman.
အပေါ်က wiki က ထိုင့်ထိုင် ရဲ့ အဓိပါယ်ကို ဖတ်ကြည့်ပြီး အန်တီဆွိလဲ ဒီပို့စ်ကို ရေးဖို့ နဲနဲတောင် လက်တွန့်သွားတယ်။ အဲ နောက်က " It is the same as the Cantonese title for a married woman." ဆိုမှ သက်ပြင်းချပြီး ဆက်ရေးရတယ်။
ထိုင့်ထိုင်ဆိုတဲ့ စကားကို မြန်မာပြည်မှာနေတုံးက မကြားဖူးခဲ့ဘူး။ စလုံးမှာနေမှ သတင်းစာတွေဖတ်ရင်း၊ တီဗွီတွေကြည့်ရင်း ရင်းနှီးလာတာ။ ဆိုလိုတာကတော့ ပိုက်ဆံအင်မတန်ချမ်းသာတဲ့ business man တွေရဲ့ အမျိုးသမီးတွေ၊ အိမ်မှာလဲ အိမ်ဖော်၊ ထမင်းချက်အကူတွေနဲ့ လျှော်ဖွတ်၊ချက်ပြုတ်စရာမလို အားနေ ဈေးဝယ်၊ လည်ပတ်၊ လှလှပပလေး ၀တ်စားပြီး ကျော့ကျော့လေးနေသူ အမျိုးသမီးတွေကို ဆိုလိုတာပါ။
သူတို့အတွက်က ပူပင်စရာဘာမှမရှိ၊ အလုပ်အတွက် stress လဲ မရှိတော့ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးများဟာ ထို Tai tai တွေကို သိပ်အားကျတယ်။ ဘယ်သူမဆို အေးအေးဆေးဆေး ဘ၀ပဲ လိုချင်ကြတာချည်းပဲကိုး။ မဆွိတီလဲ အလုပ်ကထွက်မယ်၊ ဆစ်ဒနီဖက်ပြောင်းမယ်၊ အလုပ်လဲ မလုပ်သေးပဲ ယောက်ျားလုပ်စာပဲ ထိုင်စားဦးမယ်ဆိုတော့ HR က ဒါရိုက်တာအပါအ၀င် လုပ်ဖော်ကိုင်ဖက်တွေက Sweet ကတော့ tai tai ဖြစ်ပြီဆို နောက်ပြောင်ပြီး ပြောကြတယ်။  ကိုယ်ကလဲ tai tai တော့မဟုတ် full time  maid သာ ဖြစ်သွားတာပါလို့ ပြန်ပြောခဲ့ဖူးတယ်။
တကယ်တမ်းလဲ အိမ်ရှင်မတစ်ယောက်ရဲ့ ဘ၀ဟာ ပြောသလောက် မလွယ်ကူပါဘူး။ မဆွိတီဆို ရောက်စက ပိုဆိုးသေး။ ၈နှစ်၉နှစ်လောက် ကြီးတော်အကူနဲ့ ဘော်ကျော့နေလာခဲ့ပြီး အိမ်အလုပ်တွေက ကိုယ်နဲ့ မရင်းနှီးသေးတော့ တော်တော်ကို ပင်ပမ်းတယ်။ ရောက်စ အထုပ်အပိုးတွေဖြည် အိမ်ကို နေသားတကျဖြစ်အောင် ပြင်ဆင်နေရတာလဲ ပါတာပေါ့။ ခုနောက်ပိုင်းတော့ သူကလဲ ရုံးအလုပ်လိုပဲ experience လေး ဘာလေးရလာတော့ တော်တော်သက်သာသွားပါပြီ။ 
ဒါတောင် တစ်ခါတစ်လေ နေ့စဉ်ဟင်းချက်ရတဲ့အလုပ်၊ ဘာဟင်းချက်ရမလဲ စဉ်းစားရတဲ့ အလုပ်ကို သိပ်ငြီးငွေ့တယ်။ သားအဖ၂ယောက်က စားတဲ့ ဟင်းတွေက မတူတော့ တစ်ယောက်တစ်မျိုး လုပ်ပေးနေရတာ တစ်ခါတစ်လေလဲ စိတ်က တိုချင်တယ်။ အဲဒါဆို ရန်လုပ်ခံရတာက ဦးခြိမ့်က အရင်ပဲ။ တော်တို့ သားအဖ ဟင်းချေးများလို့ ကျုပ်မှာ တစ်နေ့တစ်နေ့ မီးဖိုချောင်က မထွက်ရဘူး။ တစ်ကိုယ်လုံးလဲ ဟင်းစော်နံနေတာပဲဆို ပြောမိရင် သူက သူဘာချေးများလို့လဲ ... ကိုယ့်သမီး ကိုယ်နိုင်အောင်ပြောဆို ပြန်ပြောလေ့ရှိတယ်။ ဟုတ်ပါတယ်။ တကယ်တန်းတော့ ဦးခြိမ့်ကချေးမများပဲ ကိုယ်တိုင်ကကို သူလဲ ကောင်းကောင်းမွန်မွန်စားပါစေဆို အပင်ပမ်းခံချက်တာလဲ ပါပါတယ်။
တစ်ခါတစ်လေ အဲလိုတွေ ဟင်းစော်တွေနံပြီး ငြီးငွေ့လာရင်တော့ စိတ်လွတ်လပ်လွတ် တစ်ယောက်တည်း ရှော့ပင်းလေး ဘာလေး ပတ်ဖို့ စိတ်ကူးရတယ်။ အဲဒီနေ့က အမှန်က အကြောင်းပြချက်က "ထီး" ခင်ဗျ။ ဦးခြိမ့်ရဲ့ နာမည်ကျော် မိသားစုထီးကြီးကလည်း မိုးဒဏ်၊ လေဒဏ်၊ အအေးဒဏ်၊ အပူဒဏ်တွေ ခံရလို့လားမသိ ဆောင်းနေရင်းနဲ့ ပလပ်စတစ်ထီးကိုင်းတွေ တစ်ခုပြီးတစ်ခု ကျိုးကုန်လို့ သမီးကျောင်းအကြိုမှာ မိုးရွာရင်တောင်ဆောင်းစရာ ထီးမရှိတော့ဘူး။ ဒါနဲ့ ဦးထုပ်ကလေးကလဲ ၀ယ်ချင်သေးတာဆိုတော့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဦးခြိမ့်ကို ဖုန်းခေါ်ရတယ်။ များ ခရက်ဒစ်ကတ်ထဲမှာ ငွေထပ်ထည့်ထားသေးလားဆိုတော့ ဟိုနေ့ကပဲတစ်ထောင် ထပ်ထည့်ထားတယ်ဆိုတော့ အိုကေသွားတယ်။  ဦးခြိမ့်က ရုံးကိုကားယူသွားလို့ ကားမရှိပေမဲ့ ဘတ်စ်ကားဂိတ်က အိမ်ဘေးနားတင်ဆိုတော့ တော်တော့်ကို အဆင်ပြေတယ်။ ပိုက်ပိုက် ၂ကျပ်ခွဲတန်လက်မှတ်နဲ့ဆို ဆစ်ဒနီမှာ အကြီးဆုံး Westfield Parramatta Shopping Centre ကို တန်းရောက်တာပဲ။ အန်တီဆွိသွားတဲ့အချိန်က ကားပါးချိန်ဆိုတော့  ၆ မိနစ်လောက်ပဲ စီးရတယ်။ အလဲ့ ဒီ ထိုင့်ထိုင်ကတော့ ဘတ်စကားနဲ့ ရှော့ပင်ပတ်တဲ့ ထိုင့်ထိုင်ပေါ့ဂျာ။ ကြားဖူးကြလား ပိတ်သတ်ကြီး ...
(ပိတ်သတ်မှ တခဲနက်အော်သံ)  တစ်ခါမှ မကြားဖူးပါဘူး ...း)
ရှော့ပင်မောကြီးက သိပ်ကြီးတော့ အင်မတန် မျက်စိလည်တတ်တဲ့ အန်တီဆွိက ရောက်ကတည်းက land mark တွေကို တော်တော် မှတ်ထားရတယ်။
ရောက်ရောက်ချင်း မြေညီထပ်မှာပဲ ဟိုနား၊ ဒီနားပတ်ရင်း သမီးအတွက် ဦးထုပ်တစ်လုံး ၀ယ်တယ်။ သမီး အရင်ဦးထုပ်လေး ပျောက်သွားလို့ သူ့ခမြာ စိတ်မကောင်းဖြစ်နေတာ။ ခုမှ အစားထိုးဖို့ ပြန်ဝယ်ဖြစ်တော့တယ်။
အင်္ကျီဆိုင် fashion ဆိုင်တွေ အရမ်းပေါတယ်။ အန်တီဆွိတို့ အကြိုက် မွန်းလိုက်ပေါ့ကွယ်။
ဟိုဆိုင်ဝင်၊ ဒီဆိုင်ဝင်၊ ကိုင်ကြည့်ပြီး နောက်ဆုံး ဆိုင်တစ်ဆိုင်မှာ 50% ဒစ်ကောင့်ဆိုတာနဲ့ ၃ထည်ဝယ်လိုက်တယ်။ ဟင်း ဘာရမလဲ။ ငှဲ ... ငှဲ
နောက်တော့ Myer မှာ ၀င်ပြီး ဟိုတစ်လောက မ၀ယ်ဖြစ်လိုက်တဲ့ ဦးထုပ်ဆိုင်ဖက်သွားပြီး ဦးထုတ်တွေ ရွေးတယ်။ အိမ်က ဘတ်လဘိုင်လိုက်နေတဲ့ထီးကို အစားထိုးဖို့ ထီးတွေလဲရွေးသေးတယ်။  ထီးတွေက ဒီဇိုင်းကလဲ ဒီလောက်မလှပဲနဲ့ ဒေါ်လာ ၃၀-၄၀ဆိုတော့ တော်တော်မတန်တာနဲ့ ထီးတော့ မ၀ယ်ခဲ့တော့ဘူးဂျာ။ ဦးထုပ်တွေ ရွေးလိုက်၊ ဆောင်းကြည့်လိုက်၊ ဈေးနှုံးကြည့်လိုက်နဲ့ အတော်ကြာသွားတယ်။ နောက်ဆုံးတော့ အဲဒါလေး ၀ယ်ခဲ့တယ်။ လှတယ်မဟုတ်လား ပိတ်တတ်ကြီး။  လှပါဒယ် ... လှပါဒယ် ... ...း)
David Jones ကနေ ညက်မှန်လေးလဲ ၀ယ်ခဲ့တယ်။ အန်တီဆွိ လက်ရှိ sunglass က လွန်ခဲ့တဲ့ ၂နှစ်လောက်ကဆိုတော့ ပုံက တော်တော်တုံးနေလို့ ခုခေတ်ပေါ် အ၀ိုင်းခပ်ကြီးကြီး တစ်ခု ၀ယ်လိုက်တယ်။ ဈေးကတော့ ပေါပါသဗျာ။ အဲ ဘေးက ဆွဲကြိုးလေးကလဲ မြင်တော့ မ၀ယ်ရမနေနိုင်တာနဲ့ ၀ယ်ခဲ့ပြန်ပါရော။
အော် မေ့တော့မလို့ ။ Williams ဆိုတဲ့ ဆိုင်က ဖိနပ်ဝယ်ခဲ့သေးတယ်။ ဖိနပ်ကလဲ ရှာနေတာကြာပြီ။ ခုမှပဲ စိတ်ကြိုက်တွေ့တော့တယ်။
အပြန်ကျ ထီးသွားဝယ်တာ ထီးမေ့တော့မလို့။ နောက်ဆုံး hot dollar လို တိုလီမိုလီ ရောင်းတဲ့ဆိုင်ကနေ မိသားစုဆောင်းလောက်တဲ့ ထီးအကြီးကြီး 11.99 နဲ့ ၀ယ်ခဲ့ပါတော့တယ်။ အကြောင်းပြချက်က ပါမှ ဖြစ်မှာကိုး။ နောက်မှို့ဆို မျက်ညှောင်ကုတ်  ... အဲလေ ... ညက်မှောင်ကုတ် ...း)
အမှန်က ဈေးဝယ်တာ တစ်ယောက်ထဲ အေးအေးဆေးဆေး ၀ယ်ရတာ အကောင်းဆုံးပါ။ (ဦးခြိမ့်နဲ့ သွားရင် အဆိုးဆုံး။ သူနဲ့ဆို အေးဆေးမ၀ယ်ရဘူး၊ နောက်ကနေ နွားမောင်းသလို အတင်းမောင်းတော့တာကိုး။ )
အဲဒီနေ့က ပစ္စည်းလေးတွေလဲ ကိုယ့်စိတ်ကြိုက်လေးတွေရခဲ့တယ်။ ဈေးတွေလဲ အရမ်းမများပဲ ရုံးမှာ ပြောနေကျ စကားအတိုင်း ပြောရရင် quality  shopping ပါပဲဂျာ။
38 comments:
  1. တီဆွိ အများကြီးဝယ်ပါလား ဦးထုတ်လေးလှတယ် ဂျူဂျူလေးအတွက်ဘာမှပါဘူးလား?
    ReplyDelete
  2. ဂျူဂျူ့အတွက် ဦးထုပ်ပဲ ၀ယ်ခဲ့တယ်။ ခုပုံတင်လိုက်ပြီ။ အ၀တ်အစားက သူပါမှ ၀ယ်လို့ရတာလေ။
    ReplyDelete
  3. အားကျရရုံဘဲတတ်နိုင်ပါတော.တယ်(ဒမ်ဒမ်)
    ReplyDelete
  4. sis, we are in the same boat..exactly the same
    i like ur post very much..the hat u chose is fit with u..
    ReplyDelete
  5. ဟားဟား ၊ တစ်ခါတစ်လေတော့လည်း နားဦးမှ၊ ကိုယ့်အတွက်လည်း ကိုယ်ဝယ်ဦးမှာလေ၊ စလုံးကနာမည်ကြီး မင်းသမီး Zoe Tay နဲ.တူတယ်၊
    ReplyDelete
  6. အမရယ်..အ၇ုပ်မလေးတွေဝတ်ထားတာလေးတွေပါ ၀ယ်ခဲ့ရောပေါ့..လှမှလှ တို့အမက..ဟုတ်တယ်အမရေ..တယောက်တည်းဈေးဝယ်ရတာကို သဘောကျတယ်..စိတ်လွတ်လပ်တယ်..ဘယ်သူမှအားနာစရာမလိုဘူးဟုတ်..
    ReplyDelete
  7. good job!!!!!!:))
    You look pretty with the new things you bought.
    Iora
    ReplyDelete
  8. တီဆွိ အရမ်းအရမ်းကို မိုက်ပါသည်။ :)
    မေ
    ReplyDelete
  9. အံမာ‌လေး..တီဆွိတို့က‌တော့..မိုက်ချက်ကကမ်းကုန်ဘဲ..ဟီး..ဟီး..
    အားကျလိုက်တာ‌နော်..။
    ReplyDelete
  10. ထိုက်ထိုက်ရဲ့ အကျီနဲ့ ဦးထုပ်ကြီးကိုသွားရေ ကျသွားပါကြောင်း ဆွိထိုက်ထိုက်ရယ်း)
    ReplyDelete
  11. အစ်မဆွိက ၀ယ်တတ်တယ်တော့...။
    အားလုံးဝတ်လိုက်တာ လှမှလှပဲ...။
    ညက်ခုံးရှုံ့ကြီးတော့ သဘောကျနေမှာ မြင်ယောင်သေး...။
    ReplyDelete
  12. pretty in last photo (above umbrella photo).
    WD
    ReplyDelete
  13. Tsweet, you look very pretty :))
    ReplyDelete
  14. တီဆွိ အရမ်းလှတယ်။
    ဇင်ယော်
    ReplyDelete
  15. ထီးဂေါက်လေးပါ ကိုင်လိုက် ပြီးရော အစ်မရော။
    ဒါမှ မော်ဒယ် ပီသတော့ မပေါ့။
    ReplyDelete
  16. တီဆွိက မျက်မှန်နဲ့လိုက်တယ်..အိမ်မက်ဆိုလိုက်ဖူးသိလား..
    မိုက်တယ်တီဆွိ ..ဆက်လုပ် အဟိ
    ReplyDelete
  17. အားကျလိုက်တာ..တီဆွိရာ..မျက်မှန်ကရော..ဘယ်လောက်ပေးခဲ့ရလဲ..ပဲကြူမျက်မှန်နဲ့ ဘယ်သူပိုလှ..
    ReplyDelete
  18. အမရဲ. ထိုက်ထိုက်ဘဝကို အားကျသွားပါကြောင်း
    အမဝယ်လာတာတွေနဲ. အရမ်းလှပါကြောင်း
    ညက်မှောင်ကြုတ်က သဘောကျမှာသေချာပါကြောင်း
    ပုံ
    စင်ကျားပူမှ streessful ၁ဦး
    ReplyDelete
  19. အင်္ကျီလေးက အပေါ်က ပုံမှာ သေးသေးလေးဖြစ်နေတော့ မဆွိသမီးလေးအတွက်နေမှာလို့ စဉ်းစားလိုက်မိတယ်
    အောက်မှာ လူပုံနဲ့တကွ မြင်လိုက်တော့မှ
    ဟယ်... လူကြီးအတွက်ပါတကားလို့ ရေရွတ်လိုက်မိတော့တယ်.... ဟိဟိ
    ဓာတ်ပုံထဲက လူလည်းလှတယ် အနောက်က ရှုခင်းတွေလည်း လှတယ်
    သန့်ရှင်းသပ်ရပ်နေတာဘဲနော်
    စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ
    ReplyDelete
  20. တီဆွိ ဒီဇိုင်း အရမ်းလန်းတယ်.............. တယောက်တည်း ရှော့ပင်းထွက်တာ အားကျတယ် :)
    ReplyDelete
  21. အစ်မ .. အရမ်းလှတယ်။
    မသက်
    ReplyDelete
  22. တီဆွိ ကငယ်ငယ်ချောချောလေးတော့။
    ReplyDelete
  23. ကြိုက်တယ် ...ကြိုက်တယ်... အကုန်ကို ကြိုက်တာပါပဲအေ... တီဆွိက ၀ယ်တတ်တယ်တော့
    ReplyDelete
  24. အားကျတယ် အမရယ်။ ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။
    ကိုယ့်ဘ၀ကိုယ်တွေးပြီး ၀မ်းတောင်နည်းတယ်။
    ReplyDelete
  25. အော်..ဈေးဝယ်တာကို ဆန်းပြားနေတယ်..
    ReplyDelete
  26. တီဆွိ ရယ်...
    အော်..ဈေးဝယ်တာကို ဆားချက်သွားတယ်နော်.. :)
    ReplyDelete
  27. နပ်နပ် ကြိုက်တယ်..
    nn
    ReplyDelete
  28. ပျော်စရာပဲ
    ဆွိထိုက်ထိုက်ရယ်။
    သဘောကျတယ်။
    ReplyDelete
  29. Shopping ထွက်ရတာ တီတင့်တော့ ဝါသနာမပါဘူး ခြေညောင်းလို့း))
    သူများတွေသွားတာကိုတော့ အားကျတယ် စွိတီရေ။
    အိမ်ထောင်ကျစမှာ စွိတီအခက်အခဲဖြစ်မယ်ဆိုတာ တီတင့်ရဲ့ ညီမလေးနဲ့ ထပ်တူထပ်မျှပဲမို့ သဘောပေါက်တယ် တီတင့်ညီမလေးက ကြက်ဥပဲပြုတ်တတ်တား))
    စွိတီနဲ့ ဝတ်စုံလေး လိုက်ဖက်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  30. ရှောရှက် အေ။။။။အယ်...ချောချက် အေ.မမဆွီ တို့နှယ်။
    ReplyDelete
  31. ဟယ်..အပေါ်မှာ အကျီပုံတွေပဲ တင်ထားကြည့်ပြီး အဲ့ဒီအပြာလေးကို တီဆွိနှယ် တုံးလိုက်တာဟယ်လို့တွေးနေတာ..
    အောက်ဆုံး လူကိုယ်တိုင်ဝတ်ပြီး ရိုက်ထားတဲ့ ပုံတွေ့တော့မှ........
    သြော် ဒါကြောင့်လဲ တီဆွိနံမယ်ကြီးတာကိုးလို့.........
    ReplyDelete
  32. အန်တီဆွိ၊ပဲကြူမျက်မှန်ကပိုလှတယ်
    ပုံ
    ပဲကြူ၏အိမ်နီးချင်းကောင်း
    ReplyDelete
  33. တီဆွိ မိုက်တယ်ဗျ....
    ReplyDelete
  34. hi ama.. this is a first timei came and read ur blog.. i like the way u write. it is funny and also lovely.. thanks for sharing ur knowledges, experiences and so on
    ReplyDelete
  35. I also thanks Ma Tsu for your encouragement. Yes, I just shared my feeling, experience and some 10 cents knowledge. Thanks again.
    ReplyDelete
  36. ama.. i am 27yrs old.. Please call me Tsu tsu (pronunce su su but spell like mitsubishi :P hehe ) working at Abu Dhabi as a civil eng with tiny exp. (just to introduce myself) u might be want to know who is your fans.. :)
    ReplyDelete