Thursday, November 5, 2009

Ginger Chicken

ဒီနေ့တော့ မဆွိတီ ဂျင်းကြက်သားကြော် (Ginger Chicken ) ဘယ်လိုကြော်ရလဲ ပြောပြမယ်နော် ... ကုန်းဘောင်ကြီးကြော်နဲ့ နဲနဲတော့ဆင်ပါတယ် ... သူကဂျင်းလေးတွေ ပိုများပြီး ပိုမွှေးပါတယ် ... ၀က်သားနဲ့ ကြော်ရင်လည်း ရပါတယ် ...

ပြင်ထားရမဲ့ပစ္စည်းတွေက

၁။ ကြက်သားရင်ပုံ တစ်ခုကို လက်မတစ်ဆစ်လောက် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည် အကြည်ရည် ဆား သကြား အချိုမှုန့် သင့်သလိုနယ် ပြီးရင်နာရီဝက်လောက်နှပ်ထား၊
၂။ ငရုပ်သီးခြောက် ၁၀တောင့်လောက်ကို အညှာချွှေထား၊
၃။ ဂျင်းလက်မအရွယ်၅ခုလောက်ကို ပါးပါးရိတ်ရိတ်လေးတွေလှီးထား
၎။ Sweet Bean လို့ခေါ်တဲ့ ပဲသီး ၁၀တောင့် ၁၅တောင့်လောက်ကို ဟိုဘက်ဒီဘက် အညှာချွေထား၊ (ရွှေပဲသီးအပြားလေးတွေဆိုလဲရပါတယ်)
၅။ မုံလာဥနီ တစ်ပိုင်းလောက်ကို ပါးပါးလေးတွေလှီးထား (လှချင်ရင်တော့ ပန်းပွင့်ပုံလေးတွေလှီးပေါ့)
၆။ ကြက်သွန်နီ ဥကြီးကြီး၂လုံးလောက်ကို ရှစ်စိတ်စီစိတ်ပြီး အဖတ်ကလေးတွေခွါထား၊
၇။ Spicy black bean sauce တစ်ဇွန်း မောက်မောက် (စလုံးမှာတော့ ဘယ် NTUC ဆိုင်မှာမဆို ၀ယ်လို.ရပါတယ် KUM KEE တံဆိတ်ပါ ပုံမှာကြည့်ပါ)
၈။ သကြား စားပွဲဇွန်း တစ်ဇွန်း၊
၉။ ပဲငံပြာရည် အကြည်ရည်တစ်ဇွန်းလျော့လျော့ (Tiger တံဆိတ် အနီရောင်ကိုသုံးပါတယ်၊ အစိမ်းရောင်က အနီလောက်မကောင်းပါ)
၁၀။ ပဲငံပြာရည် အနောက်ရည် (အရောင်လေး လှအောင် နဲနဲထည့်ပါ)
၁၁။ ကြက်သွန်မြိတ်၃-၄ပင်လောက်ကို ခပ်ရှည်ရှည်လေး လှီးထား၊
၁၂။ ဆီ စားပွဲဇွန်း ၄ဇွန်း






အပေါ်ကပစ္စည်းတွေ အားလုံး ပြင်ပြီးပြီဆို ပထမ ဒယ်အိုးကြီးကြီးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ထားပါ ... ဆီကျက်ရင် ငရုပ်သီးခြောက်လေးတွေကို ညိုပြီး ကျွတ်လာတဲအထိ ကြော်ပြီး ဆယ်ထားပါ ...

ပြီးရင် အဲဒီဆီထဲမှာပဲ ဂျင်းပါးပါး လှီးထားတာထဲက တစ်ဝက်လောက်ထည့်ပြီး မွှေပေးပါ ... ဂျင်းညှိုးပြီး မွှေးနံ.ထွက်လာရင် ကြက်သားတုံးလေးတွေထည့်ပြီး ဆက်မွှေပါ ... ဂျင်းနံ့လေးတွေကြက်သားထဲကူးသွားအောင်ပါ ...

၂မိနစ်လောက်ကြာလို. ကြက်သားတုံးလေးတွေ အပေါ်ရံတင်းပြီးမာလာရင် နံပတ်၃ကနေ နံပတ် ၁၀ထိ အစဉ်အတိုင်း တစ်ခုစီ ရောထည့်ပြီး ဖွဖွလေးမွှေပေးပါ ... ပဲသီးလေးတွေကျက်ပြီဆို အားလုံးလဲကျက်လောက်ပါပြီ ... ကြက်သွန်မြိတ်လေးထည့် အပေါ့အငံ မြည်း လိုရင်ထပ်ထည့်ပြီး ချလို့ရပါပြီ ...
(ပဲသီးလေးတွေ စိမ်းနေတုံးချပါ ... ပဲသီးအရောင် ၀ါသွားရင် စားလို့လဲမကောင်း ကြည့်လို့လည်း မလှပါ) ... အော် ...မေ့လို့ စားခါနီး ငရုပ်သီးတောင့်ကြော်လေးလဲ ရောထည့်လိုက်ပါအုံး ...





အနှစ်နဲ. ကြိုက်တတ်ရင် ကျက်ခါနီး ကော်ရည်လေးသင့်သလိုထည့်ပြီး မှ ပျစ်ပျစ်လေး ချပါ ... သကြားနဲ့ ပဲငံပြာရည်လေး ပိုထည့်ပေါ့ ... မဆွိတီကတော့ ကော်ရည်မပါတာ ပိုကြိုက်ပါတယ် ...အခုချက်တာလည်း ကော်ရည်မထည့်ပါ ...


ကဲ ... စားလို.ရပါပြီရှင် ဂျင်းနံ့သင်းသင်းလေးနဲ.ပါ ... ထမင်းဖြူလေးနဲ. လိုက်ပါတယ် ...ပြီးတော့ထုံးစံအတိုင်း ရေနွေးကြမ်းလေးနဲ လွှေးပေါ့ကွယ် ...

7 comments:

  1. အဲဒါ ကုန်းဘောင်ကြီးကျော်ပဲ မဟုတ်ဘူးလား...

းဝ)

    ReplyDelete
  2. တီဆွိရေ.. စီးစီးစောစော gnger chicken လေးလာငမ်းသွားတယ် မွှေးနေမှာသေချာတယ်။။

    ReplyDelete
  3. ကိုလူထွေးရေ ... ဟုတ်ပါတယ်။ နဲနဲဆင်ပါတယ် ကုန်းဘော်ကြော်နဲ့။ သူကတော့ ဂျင်းပိုများတယ်။ ပုံမှန်ဆို ကော်ရည်နဲ့ ရွှဲရွှဲလေးပေါ့။ ကော်ရည်မကြိုက်လို့ မထည့်တော့ ကုန်းဘောင်ကြော်လိုဖြစ်သွားတာ။ ဒါပေမဲ့ ချက်ထားတာလေးတော့ မြည်းသွားပါဦးး))

    ညီမလေး စန္ဒကူး အ၀စားသွားလေ။ အားမနာနဲ့း)

    ReplyDelete
  4. စားချင်ထှာ တီတီဆွိ ရက်စက်ဒယ်

    ReplyDelete
  5. ကျေးဇူးပါ တီတီဆွိရေ..NTUC သွားပြီး ၀က်သားနဲ့ ချက်ကျွေးလိုက်တယ် သားအဖတွေကို ... သူတို့ သဘောတွေကျလို့ ...

    ReplyDelete
  6. သယ်ရင်းရေ… ခုပဲ ဒီပို့ စ်လေးဖတ်ပြီး အမျိုးသားကို ပြောပြနေတာ… ဆွိက အချက်အပြုတ်အတော်ကောင်းပုံပဲလို့ …. ဆိုင်မှာသာ စားဖူးတာ… ကိုယ့်ဘာသာ မစားဖူးဘူး… ကုန်းဘောင်ကြီးကျော်တော့ ချက်ဖူးတယ်… ချစ်ချစ်ကြီးကတော့ ဆွိလက်ရာတွေ လွမ်းနေတော့မှာပဲ

    ReplyDelete
  7. တို့လဲ ဟင်းချက်ဝါသနာပါတယ် မဆွိရဲ့ ...စမ်းကြည့်အုံးမယ်...ခုတော့ငမ်းပဲငမ်းကြည့် သွားပါ၏ ........

    ReplyDelete