Showing posts with label (၇ ၀၀) *** Western food (ခလေးတို့အကြိုက်) ***. Show all posts
Showing posts with label (၇ ၀၀) *** Western food (ခလေးတို့အကြိုက်) ***. Show all posts

Thursday, October 30, 2025

Mushroom chicken creamy pasta

Photo credit Google




Chicken breast - 500 gm (Dice 1.5cm )

Pasta - 300 gm 

Mushroom - 250 gm ( chop thin cut)

Thicken cream - 300 ml

Cheese (grate) - 200 gm

Black pepper (ground) - 1 tea spoon

Dice chicken breast 1.5cm  

Garlic 5 clove - chop tiny sizes


Ingredients

  • Pasta – enough for 2–3 servings

  • 1 cup mushrooms, sliced

  • 1–2 cups diced chicken

  • 2 tsp olive oil

  • 2 cloves garlic, chopped

  • 2 tbsp salt (for boiling pasta)

  • ½–1 cup thickened cream

  • ½ cup grated cheese (parmesan or mozzarella)

  • Black pepper, garlic powder, onion powder – to taste


Instructions

  1. Cook the pasta

    • Boil 3 liters of water in a pot.

    • Add 2 tablespoons of salt and the pasta.

    • Cook over medium heat until al dente.

  2. Cook the mushrooms

    • In a non-stick pan over medium heat, add the mushrooms.

    • Stir occasionally until the mushrooms are cooked and all the liquid has evaporated.

  3. Add the chicken

    • Add 2 teaspoons of olive oil and the chopped garlic to the mushrooms.

    • Stir for a few seconds, then add the diced chicken.

    • Cook until the chicken is no longer pink.

  4. Add liquid and cream

    • Pour in some of the boiling water from the pasta pot—just enough to cover the chicken.

    • Add the thickened cream and cheese. Stir well until the sauce becomes creamy.

  5. Combine and season

    • Add the cooked pasta to the sauce and stir gently to combine.

    • Season with black pepper, garlic powder, onion powder, and any other seasonings you like.

    • Cook until the sauce thickens to your preferred consistency.

  6. Serve

    • Once the sauce is thick and creamy, serve hot and enjoy!


Tuesday, February 11, 2020

Egg and cheese tortilla

Image may contain: food
ဂျူဂျူ လုပ်ကျွေးတာ စားလို့ကောင်းသား၊
သူလုပ်တာကြည့်တာ လုပ်ရတာလဲ ပျော်စရာကြီး။
ပထမဆုံး ကြက်ဥ ၂ လုံးကို ဆား၊ ငရုပ်ကောင်းနဲ့ ရော ခေါက်ပြီး မီးအေးအေးနဲ့ ဒယ်အိုးအပြည့် အပြားလိုက်လေးဖြစ်အောင် ကြော်လိုက်တယ်၊
ကြက်ဥမကျက်တကျက်မှာ wrap လေးကို အပေါ်က အုပ်လိုက်တယ်၊
ကြက်ဥနဲ့ wrap နဲ့ကပ်သွားရင် wrap ကို အောက်ရောက်အောင် (flip) လှည့်လိုက်တယ်၊
ပြီးတော့ shredded cheese ကို ကြက်ဥပေါ်မှာ အပြည့်ဖြူးလိုက်ပြီး မုန့်ကို တစ်ဝက်ခေါက်ချ လိုက်တယ်၊
ခေါက်ပြီး ဟိုဖက်ဒီဖက် မီးလေးကျွမ်းအောင် မီးအေးအေးလေးနဲ့ ထပ်တည်လိုက်ပြန်တယ်၊
Cheese လေးတွေ ပျော်ပြီး ကော်ကပ်သလို ဖြစ်သွားရင် ချပြီး လှီးလို့ရပါပြီ။
BBQ sauce လေးနဲ့စား ၊
အားပါး ကောင်းမှကောင်း၊
...
ဘေးသဝိုင်း
BBQ sauce လေး တင်တာ အမေ့လက်ရာ။ ဟင်း .. ဟင်း ဘာရမလဲ။ 😁

Image may contain: foodImage may contain: food and indoor

Image may contain: food


Image may contain: food


Image may contain: food

Thursday, June 22, 2017

Chicken Pie လုပ်စားကြရအောင် ..


ဒီမှာ Chicken pie ဆိုတာ မသိရင်တော့ အင်မတန်ပေါ ဘယ်နေရာမဆို ဝယ်ရတယ်ထင်နေကြမှာ ။ တကယ်တမ်းကျတော့ ကောင်းကောင်းစားချင်ပြီဆို ဘယ်မှာ ဝယ်စားရမှန်း မသိပါဘူး။ သိတဲ့ဆိုင်ကျတော့လဲ အိမ်ကနေ နာရီဝက်လောက်မောင်းမှ ရောက်တော့ pie လေးအတွက်နဲ့တော့ အဲလောက် အဝေးကြီးကားမမောင်းချင်တာနဲ့ အိမ်မှာပဲ လုပ်စားဖြစ်တော့တယ်။ Recipe ကတော့ ဂျူဂျူလေး ကျောင်းမှာ food technology သင်ရတော့ သူ့ဆီကရတာပါ။

 Chicken pie ၈ခု စာ အတွက် ပြင်ထားရမှာတွေက (လူ ၄ယောက်စာလောက်ရှိပါတယ်)
အထဲက ဌာပနာအတွက်
ကြက်သားရင်ပုံသား - ၃၅၀ gm - 1cm ပတ်လည် အတုံးလေးတွေ တုံးပြီး ဆားငရုပ်ကောင်းနဲ့နယ်ထားပါ။
ကြက်သွန်နီ ၂လုံး-  1cm ပတ်လည်လောက် chop လုပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာလောက် - နုတ်နုတ်စင်းထားပါ။
ပြောင်းဖူးချွေပြီးသား - 3/4 cup
ပဲစိမ်းလုံး (green pea) - 3/4 cup
Butter -  ၄၀ ဂရမ်
chicken stock - 1cup
ငရုပ်ကောင်း အကြမ်းမှုန့် - လ္ဖက်ရည်ဇွန်း တစ်ဝက်
ဟင်းခပ်ဆီ စားပွဲဇွန်း တစ်ဇွန်း
ဂျုံမှုန့် -  1/2 cup
ကြက်ဥ တစ်လုံး

မုန့်ပြင်ဖို့အတွက်
Pastry - 25 cm square  ၄ ချပ်
တစ်ခါသုံး aluminium pie cup -  ၈ ခွက်
(ကိုယ့်အိမ်မှာရှိတဲ့ အပူခံ ဒန်ခွက်၊ ကြွေခွက်၊စတီးခွက် ကြိုက်ရာနဲ့ လုပ်နိူင်ပါတယ်။ pastry ကို ခွက်နဲ့ ကိုက်အောင် ဖြတ်ဖို့ပဲ လိုတာပါ။ ဒီတစ်ခါသုံးလေးတွေက ၄ခု ကွက်တိ ဖြတ်လို့ရလို့ သဘောကျနေတာ)




ပထမဆုံး oven ကို preheat 180 deg C ထားပါ။
စောနက နယ်ထားတဲ့  ကြက်သားကို အိုးထဲကို ဆီထည့် မီးအနေတော်နဲ့ (၃-၄ မိနစ်လောက်) အပူပေး၊   ကြက်သား အနည်းငယ် ကျက်သွားရင် သပ်သပ် ကော်ထားပါ။
စောနက ကြက်သားအိုးနဲ့ပဲ ထောပတ်ထည့် ၊ ကြက်သွန်ဖြူ၊ နီတွေထည့်ကြော်ပါ။ ကြက်သွန်တွေ နဲနဲညှိုးလာတာနဲ့ ပြောင်းဖူး၊ ပဲစိမ်းလုံးလေးတွေထည့်၊  ကြက်သားကိုလဲ ထည့်ပြီး မွှေပေးပါ။ ပြီးရင် chicken stock ကို 1 cup လောက်ထည့် ပွက်လာရင်၊ ဂျုံမှုန့် ထည့်ပြီး မွှေပေးပါ။ အနှစ်လေး ဌာပနာလို့ ကောင်းရုံအနေအထား ပျစ်လာပြီဆို ချပြီးအအေးခံထားပါ။ အပေါ့အငံ ဆားငရုပ်ကောင်း ကိုယ်ကြိုက်သလို သင့်တော်အောင် ပြင်ပါ။

 Pastry အတွက် အောက်က ပုံအတိုင်း အောက်ခံ ၈ ခု၊ အပေါ်က အဖုံး ၈ ခု ကို ဖြတ်ထားပါ။ တစ်ချပ်ကို အဝိုင်းပုံ ၄ခု ရပါမယ်။ စုစုပေါင်း pastry အဝိုင်း ၁၆ ခု ရရပါမယ်။  အပေါ်က အမိုးလုပ်မဲ့ အဝိုင်းလေးတွေကိုတော့ အလည်ကနေ ဓားလေးနဲ့ cross ပုံလေး ဖောက်ထားပေးပါ။

ပြီးရင် တစ်ခါသုံး pie ခွက်လေးတွေထဲကို pastry အဝိုင်းကိုခင်းပြီး၊  အောက်က သူ့ခွက်ပုံလေးအတိုင်း ဖြစ်အောင် အပေါ်နှုတ်ခမ်းနားအထိ  ဖြန့်လိုက်ပါ။ ခွက်ထဲမှာ အခင်းခင်းတာပေါ့။  ၈ခွက်လုံး တစ်ပြိုက်တည်း ပြင်ထားပါ။

အဲဒီခွက်ကလေးတွေထဲကို စောနက ဌာပနာလေးတွေကို အပြည့် လောင်းထည့်ပါ။

 အပေါ်ကနေ အဖုံးလေးတွေ ဖုံးပြီး ဘေးလေးတွေကို အပေါ်နဲ့ အောက် (အမိုးနဲ့ အကာ) ကပ်သွားအောင် ခက်ရင်းလေးနဲ့ ဖိပြီးလိုက်ပိတ်ပေးပါ။
အပေါ်က အရောင်လေး လှအောင် ကြက်ဥ ခေါက်ထားတာလေး သုပ်ပေးပါ။

စောနက preheat လုပ်ထားတဲ့ oven ထဲကို 180 deg နဲ့  ၁၂ မိနစ်လောက် ထားလိုက်ရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ Chicken pie လေးတွေ ရပါပြီ။ ပူပူနွေးနွေး fresh ကိုစားရင် အရသာ ပိုကောင်းပါတယ်။


 

Saturday, March 7, 2015

အာလူး ကတ်တလိတ်ကြော်





ဂျူဂျူစားချင်တယ်ဆိုလို့ အာလူးကတ်တလိတ် ကြော်ပေးရတယ်။ ငယ်ငယ်က ခဏခဏ ကြော်ပေးတာ သိပ်စိတ်မဝင်စားပဲ MKR ရှိုးမှာ ပြတာနဲ့ ခုစားချင်တယ်ဆို ထ ကြော်ပေးရတာ သူအရမ်းကြိုက်တယ်တဲ့။
မှတ်မိတုံးလေး ကြော်နည်းလေး အကြမ်းဖျင်းရေးလိုက်ဦးမယ်။
အာလူးကို အိလာအောင်ပြုတ်ပြီး အခွံခွါ ထောင်းပါ။ ထောင်းတဲ့အခါ ဆား၊ ငရုပ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်နဲ့ ထောပတ်နဲနဲပါထည့်ထောင်းပြီး ကိုယ်ကြိုက်တဲ့ အနေအထား အပေါ့ အငံရအောင် မြည်းကြည့်ပါ။
အထဲအစာသွပ်ဖို့အတွက်ကတော့ ဝက်သားအကြေလေးတွေကို ကြက်သွန်ဖြူထောင်းထားတာနဲ့ ကြက်သွန်နီလေးတွေ chop လုပ်ထားတာနဲ့ ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည် အနည်းငယ်နဲ့ ရောကြော်ထားပါ။
ကြက်ဥတစ်လုံးကို ခေါက်ထားပါ။
Bread crumb ကို ပန်းကန်ပြားတစ်ချပ်မှာ ထည့်ထားပါ။ Bread crumb က flavor ပါတဲ့ အမျိုးဆို ပိုကောင်းပါတယ်။
ပြီးတော့ အာလူးထောင်းထားတာကို အလုံးလေးတွေလုံး အထဲမှာ ဝက်သားအကြေကြော်ထားတာကို ဌာပနာပြီး ပြန်ပ်ိတ်အလုံးတွေပြန်လုံးပြီး ကြက်ဥခေါက်ထားတဲ့အထဲ ကြက်ဥတွေ ရွှဲနေအာင်နှစ်ရပါတယ်။ ဒါမှ ကြော်တဲ့အခါ ဌာပနာတွေ ပေါက်မထွက်မှာပါ။ ပြီးတော့ bread crumb ထဲ ထည့်လိမ်းပြီး ဆီပူပူထဲ ထည့်ကြော်ပါ။ တစ်ခြမ်း အညိုရောင်သန်းလာရင် နောက်တစ်ဖက်ကို လှန်ပေးပါ။ အရသာ ရှိတဲ့ အာလူးကတ်တလိတ်ကြော်ရပါပြီ။ သူ့ချည်းပဲစားစား ထမင်းနဲ့ပဲစားစား စားလို့အရသာသိပ်ရှိပါတယ်။ မဆလာတွေ အစပ်တွေ မပါတဲ့ ခလေးတွေကြိုက်မဲ့ ဗားရှင်းပါ။

Sunday, October 7, 2012

ခလေးတို့အကြိုက် Popcorn Chicken ...

အန်တီဆွိတို့ စင်္ကာပူမှာနေတုံးက အိမ်နားက ဟော်ကာစင်တာမှာ ကြက်ကြော်တို့၊ chicken chop တို့၊ Lemon chicken၊ ကြက်တောင်ပံကြော် အစရှိသဖြင့် ရောင်းတဲ့ဆိုင်ရှိတယ်။ အဲဒီဆိုင်က ထူးထူးခြားခြား  Chicken ပေါက်ပေါက်တွေလဲ ရောင်းသဗျ။ ဂျူဂျူလေးက ချစ်ကန်းပေါက်ပေါက်ကြိုက်တော့ ခဏခဏ ဝယ်ကျွေးရသပေါ့။ ညနေ သူကျောင်းက ပြန်ပြီဆို အဲ့ဆိုင်လေးမှာ လူကျနေတော့ စောင့်စောင့်ဝယ်ရတယ်။ ၂ကျပ်ဖိုး- ၃ကျပ်ဖိုး သွားရေစာအနေနဲ့ သွားသွားဝယ်တာပါ။ ၂ကျပ်ဖိုးဆို တစ်ခါသုံး ဖော့ရေခွက်လေးနဲ့ တစ်ဗူး အပြည့်ရတယ်။ နောက်လဲကျရော အဲ့ဆိုင်က ပိတ်သွားရောဗျာ။ မရောင်းရလို့လားမမေးနဲ့။ အရမ်းရောင်းရရဲ့သားနဲ့ ပိတ်လိုက်တာ။ အဲဒီဆိုင်က အဲလိုပဲ၊ ဘယ်တော့မှ လူမမြဲဘူး။ အလွန်ဆုံးခံ ၆လပဲ။ ထင်တာကတော့ ဆိုင်က လူလာမှ ပူပူနွေးနွေးကြော်ပေးရတာဆိုတော့ ပင်ပမ်းပါလိမ့်မယ်။ ဆီပူ၊ မီးပူတွေနဲ့  တစ်နေကုန် ချွေးတလုံးလုံးနဲ့ တကုန်းကုန်းလုပ်ရတော့ ဒဏ်မခံနိူင်ဘူးနဲ့တူပါရဲ့။  ငွေဘယ်လောက်ရရ တစ်ခါတရံမှာ အရမ်းပင်ပမ်းလာရင်လဲ လူတွေက မခံနိူင်ကြပေဘူး။ နောက်ရောက်လာတဲ့လူကလဲ တရုတ်လင်မယား၂ယောက်။ သူတို့လဲ  ၄-၅လ တောင်မခံဘူး။ ပြေးကြပြန်ရော။ နောက်အဲ့ဆိုင်ကို ငှါးမဲ့သူမရှိတော့ ဒီတိုင်းပိတ်ထားတာ အန်တီဆွိတို့ ဒီပြောင်းလာတဲ့ထိပဲ။ အဲဒီတုံးက ဂျူဂျူလေးလဲ ချစ်ကန်းပေါက်ပေါက် စားချင်ပြီဆို KFC မှာပဲ သွားသွားစားရတော့တယ်။


KFC ဆိုလို့ သတိရလို့ပြောဦးမယ်။ စင်္ကာပူမှာနေတုံးက အိမ်မှာငှါးနေတဲ့ ညီအစ်ကို၂ယောက်က KFC သိပ်ကြိုက်ကြတာ။ လူပျိုကြီးတွေ၊ ၂ယောက်လုံး ၃၅ အထက်တွေနော်။ အငယ်ကောင်လေးက ခုတော့ အိမ်ထောင်ကျသွားပါပြီ။  သူတို့ညီအစ်ကို အမြဲတမ်း စနေ (သို့) တနင်္ဂနွေ ပိတ်ရက်တွေဆို  ရှိုးတွေ ၊ စမိုးတွေနဲ့ ဂျူရောင်းပွှိုင့်ကို သွားဖို့ ပြင်ကြပြီ။ ဘာလုပ်မှာလဲဆိုတော့  KFC သွားစားဖို့တဲ့ဗျား။ ဒီအရွယ်ကြီးတွေနဲ့ မကြီးမငယ် KFC အလုပ်တစ်ခုလုပ် သွားစားကြတယ်ဆို ကိုယ်တွေမှာ ရယ်ချင်နေရော။  အကြီးကောင်လေးက ရန်အောင်တို့ ငယ်ငယ်ကလိုရုပ်မျိုး ချောချောလေးခင်ဗျ။  အလှအပ အမွှေးအကြိုင်ကလဲ အရမ်းကြိုက်။ သူ ရေမွှေးတွေကို ထောင်းလမောင်းထအောင်ဆွတ်လာပြီး အခန်းထဲကထွက်လာပြီဆို အန်တီဆွိက စပြီ။ ဟဲ့ နိူင်ကြီးတို့ညီအစ်ကို KFC သွားစားမှာကို ဒီလောက်ရှိုးစမိုးတွေ လုပ်ကြလားပေါ့။ အံမယ် သူတို့က သူတို့ဟာသူတို့ စားရုံမက တစ်ခါတရံလဲ ဂျူဂျူတို့ တူအရီးကို ခေါ်သွားကြသေးသဗျာ။ ဂျူဂျူတို့ အဒေါ်လဲ KFC ကြိုက်တော့ သူတို့အချင်းချင်းတော့ အကိုက်ပဲ။ အဲဒီမှာ ဂျူဂျူလဲ သူကြိုက်တဲ့ ချစ်ကန်းပေါက်ပေါက် ဝယ်စားတယ်ပေါ့။

အဲဒါတင်မက ရယ်ရတာက ဒီဖက်ပြောင်းခါနီးတစ်ရက်ကျ အစ်မတို့ကို နှုတ်ဆက်ပွဲ KFC မှာ ကျွေးချင်လို့တဲ့ဆို ပေါက်ချလာသေးတယ်။ အဲဒီအချိန် အငယ်ကောင်လေးက အိမ်ထောင်ကျလို့ သူတို့တခြားအိမ်ပြောင်းသွားကြပါပြီ။ အဓိကက သူတို့က ဂျူဂျူလေးကို အရမ်းချစ်တော့ သူ့တို့ ညီမကို နှုတ်ဆက်ချင်တာပါ။ ဒီလိုနဲ့ပဲ KFC ကြိုက်တဲ့ ညီအစ်ကိုနဲ့ chicken ပေါက်ပေါက်ကြိုက်တဲ့ ဂျူဂျူတို့ရဲ့ နှုတ်ဆက်ပွဲကို KFC မှာ ကျင်းပခဲ့ပါတယ်ခင်ဗျ။
ဒီရောက်တော့ ကိုယ်တိုင် ဂျူဂျူလေး နေထိုင်စားသောက်ရေး စီစဉ်နေရတာဆိုတော့ သူကြိုက်တတ်တာလေးတွေ မှတ်ထားပြီး လုပ်ကျွေးရတယ်။ ကြုံလို့ပြောရရင် ဒီက KFC မှာတော့ ဂျူဂျူစားလေ့ရှိတာက All Star box ဆိုတဲ့ package ပဲ။ အထဲမှာ Chicken popcorn ဗူးလေးတစ်ဗူး၊ ကြက်တောင်ပံ တစ်ချောင်း၊ ကြက်ပေါင် အသေးတစ်ချောင်း၊ ရင်ပုံတစ်ခု၊ နောက် ပေါင်မုန့် အသေးတစ်လုံး၊ mash potato, gravy, ပက်စီ အဲဒီလို အများကြီးပါတယ်။ ဂျူဂျူလေးက တစ်ယောက်တည်း မကုန်တော့ သူ့အမေကြီးကပဲ ဘေးက ကပ်တုတ်ရတာပေါ့ဂျာ။ အမှန်ကတော့ ခလေးစားတာတွေ ဘယ်စားချင်မှာတုံး။ အပြင်သွားလို့ စားကြပြီဆို သူ့အမေကြီးမှာ သူကြိုက်တာ ဘယ်တော့မှ မစားရရှာပါဘူး။ သမီးမကုန်လို့ကျန်တာရယ် ယောက်ျားဆီက နဲနဲကပ်မြည်းတာရယ်နဲ့ ဗိုက်ပြည့်တာချည်းပါပဲ။ ဒီက ပွဲတစ်ပွဲဆိုတာ ကိုယ်တွေ ၂ယောက်စာလောက်ရှိတာကိုး။ ကျန်နေရင် နှမြောစရာမဟုတ်လား။

ကဲ ချိကန်းပေါက်ပေါက် အကြောင်းပြောရင်းနဲ့ ဘယ့်နှာ ကိုယ့်ကိုကိုယ် သနားအောင် ရေးမိနေပါလိမ့်။ ကဲကဲ အတိုချုပ်ရရင် အဲသလို KFC တို့ MC Donald တို့မှာသာ စားရတဲ့ chicken popcorn ကို သမီး အိမ်မှာ အလွယ်တကူ စားရအောင်  စမ်းလုပ်ရင်းနဲ့ အောင်မြင်သွားလို့ သမီးအတွက် အမြဲလုပ်ကျွေးခဲ့တာ ကြာပါပြီ။ အများအားဖြင့် သမီးကျောင်းကပြန်လာ ဆာလာပြီဆို အဲဒါလေးနဲ့ အာလူးချောင်း လေး (French fry)  ကြော်ပေးထားလိုက်တာ။ အမြဲတော့မဟုတ်ဘူးပေါ့ဗျာ။ ဆီကြော်တွေဆိုတော့ ခလေးတွေအတွက် သိပ်တော့မကောင်းဘူး။

Chicken popcorn လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက (ခလေး ၂ယောက်စာခန့်)

ကြက်သားရင်ပုံသား ၂၀၀ ဂရမ်ခန့်
ကြက်သားမှုန့် 1/2 tea spoon
ဆား 1/4 tea spoon
သကြား 1/2 tea spoon
ငရုပ်ကောင်း 1/3 tea spoon (အစေ့ လှော်ထားတာကို လက်နဲ့ လှည့်ကြိတ်တာလေး ထည့်ပါတယ်။ လတ်ဆတ်တော့ အနံ့တော်တော်မွှေးပါတယ်။ )
နွားနို့ ( full cream) 30 ml
အကြော်မှုန့် စားပွဲဇွန်း မောက်မောက် တစ်ဇွန်း
bread crumbs (သို့) Corn crumbs 
ဆီ (အိမ်မှာတော့ မြေပဲဆီရယ်၊ ဟင်းရွက်ဆီရယ် တစ်ဝက်စီရောကြော်ပါတယ်၊ ခလေးတွေအတွက်ဆိုရင်တော့ ကြော်ပြီးသားဆီကို ၂ခါ လောက်ပဲ ထပ်သုံးပါတယ်)

ကြက်သားကို စင်တီမီတာ တစ်ဝက်လောက် ခပ်သေးသေးလေးတွေ လှီးပါတယ်။ chop လုပ်တယ်ပေါ့။

ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့နဲ့ နယ်ပါတယ်။

၅မိနစ်ခန့်ခဏနှပ်ထားပြီးမှ နွားနို့ထည့်ပြီး အသာမွှေပေးပါတယ်။

ကြော်ခါနီးမှ အကြော်မှုန့်ကို ထည့်ပြီး ဇွန်းလေးနဲ့ နယ်ပါတယ်။

ဒီနေရာမှာ ကြက်သားနယ်ထားတာက နွားနိူ့များလွန်းပြီး သိပ်ကျဲနေရင်လဲ မကောင်း၊ အမှုန့်များပြီး သိပ်ခြောက်နေရင်လဲ ကြော်တဲ့အခါ မာဆတ်ဆတ်နဲ့ မကောင်းပါ။ မပျစ်မကျဲလေးဖြစ်ပါစေ။ (အန်တီဆွိပြောတဲ့ အချိုးက ဟန်မကျရင် ကိုယ့်ဟာကိုယ် ပြင်နိုင်အောင်ပါ။)

နောက် ပန်းကန်တစ်လုံးထဲ bread crump တွေကို ကြက်သားလုံးလေးတွေ ထည့်လူးရအာင် ခင်းပါတယ်။
မီးဖိုပေါ်မှာ အိုးဇောက်နက်နက်ထဲ ဆီများများထည့်ပါတယ်။ ဆီကို ကြက်သားလုံးလေး တွေ အားလုံး တစ်ခါထဲ၊ တစ်ပြိုင်တည်း ကြော်လို့ရလောက်အောင် ထည့်ပါတယ်။ မီးအေးအေးဖွင့်ထားပြီး ကြက်သား နယ်ထားတာ အနည်းငယ်စီကို bread crump နဲ့ လုံးပြီး ဆီထဲကို အသာထည့်ပါတယ်။ အရွယ်က ထန်းညက်လုံးခန့် သေးပါတယ်။  (ဆီကျက်မှ ထည့်ရင် လုံးရင်းထည့်ရင်းဆိုတော့ ကြက်သားက ကိုယ်မအားလို့ မဆယ်နိူင်ခင်မှာ တူးသွားတတ်ပါတယ်။ ဒါကြောင့်ဆီအေး၊ မီးအေးမှာထဲက စထည့်ပါတယ်။ ဒါဆို အားလုံး အကျက်ညီပါတယ်။ )
(အန်တီဆွိ မီးကို ယောင်ပြီး high ထားမိလို့ စောစောထည့်မိတဲ့ဟာတွေ နဲနဲတူးသွားတယ်ဂျ။)ကြက်သားအလုံးလေးတွေ အိုးထဲ အကုန်ရောက်မှ မီးကို mediumလောက်အထိ မြှင့်လိုက်ပါ။


အကျက်ညီအောင် အပေါ်အောက် အသာမွှေပေးပြီး ရွှေဝါရောင်သန်းလာရင် စကာနဲ့ စစ်ပြီးဆယ်လို့ရပါပြီ။

စားချင်စဖွယ် ချစ်ကန်းပေါက်ပေါက်တွေပါ ခင်ဗျ။ ကြက်သားက အစကတည်းက ချိုပြီးသားဆိုတော့ ငရုပ်ကောင်းနံ့လေးသင်းပြီး ချိုနေတဲ့ ခလေးတို့ အကြိုက် Chicken popcorn တွေပါ။ ဂျူဂျူကတော့ မေမေကြော်တာ ဆိုင်ကထက်တောင် ပိုကောင်းတယ်လို့ ခဏခဏ ပြောပါတယ်။ (ဟီး ... ကြော်ငြာ ဝင်တာ တော်တော်များသွားပြီ ... တော်မှ ..  တော်မှ ...   း)))



french fry တွေ ပါ ကြော်လိုက်ပြီး ခလေးတို့ အကြိုက် မွန်းလိုက်ကို coke လေးနဲ့ သုံးဆောင်နိူင်ကြပါပြီ။



Monday, November 21, 2011

ဂျူဂျူလေး အကြိုက် Pancake

  ဒီအပတ်တော့ pan cake လုပ်နည်းလေး ပြောပြပါ့မယ်။ ခလေးအမေတစ်ယောက်ကလည်း တောင်းဆိုထားလို့ပါ။


ပန်ကိတ်လုပ်ဖို့ လိုတဲ့ ingredient တွေက
(ပန်ကိတ် ၈ခုစာလောက်ပါ)

၁။ ဂျုံမှုန့် 500 ml (ပလပ်စတစ် ဆန်ချင်ခွက် ၃ခွက်ခန့်)
၂။ နွားနိူ့  400 ml (ပလပ်စတစ် ဆန်ချင်ခွက် ၂ခွက်ခွဲခန့်)
၃။ ကြက်ဥ ၂လုံး
၄။ ဆော်ဒါ  လက်ဖက်ရည်ဇွန်း ၂ဇွန်း ( Bicarbonate soda)
၅။ ထောပတ် (ပျော်ပြီးသား)  စားပွဲဇွန်း ၃ဇွန်းခန့် (မုန့်ဖျော်ရန်) ၊ ထောပတ် စားပွဲဇွန်း ၁၆ဇွန်းခန့် (မုန့်လုပ်ရန်)
၆။ သကြား 80ml (ပလပ်စတစ် ဆန်ချင်ခွက် တစ်ဝက်ခန့်)
ဒီဂျုံမှုန့်ကတော့ ဆိုဒါပါပြီးသားမှို့ ဆိုဒါထပ်ထည့်စရာမလိုတဲ့ အစားမျိုးပါ။
 
Baking soda


 
မုန့်နှစ် မွှေပြီ ....

ပထမဆုံး မုန့်နှစ်ဖျော်ဖို့  ဇောက်နက်နက် ခွက်ထဲမှာ ဂျုံ၊ ဆော်ဒါ နဲ့ သကြားကို အရင် ရောနယ်ထားပါ။
ပြီးတောမှ နွားနိူ့ထည့်ပြီး မွှေပေးပါ။ ကြက်ဥပါထည့်ပြီး အားလုံး နှံ့နေအောင် ကြက်ဥခေါက်တဲ့ ဇွန်းနဲ့ နာနာမွှေပေးပါ။ လက်နဲ့ ဆိုရင်တော့ တော်တော်မွှေရပါမယ်။ (လက်နဲ့ မွှေမယ်ဆိုရင်တော့ အချိုးအစားနဲနဲသာ လုပ်ပါ)


(သို့)
အိမ်မှာ mixer ရှိရင် mixer နဲ့ ၃မိနစ်လောက် မွှေပေးပါ။



ပန်ကိတ် လုပ်ပြီ ....
 အားလုံ ရောသမမွှေပြီး သကာလ ...  ပန်ကိတ်ကြော်ရန် မုန့်နှစ်ရပါပြီခင်ညာ။ တစ်ခါထဲ မစားချင်ရင်ပလပ်စတစ်ဗူးလေးနဲ့နောက်နေ့တွေအတွက်ပါ ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။ ၂ရက် ၃ရက်တော့ ခံပါတယ်။

မီးကို အအေးဆုံးထားပါ။ ဒယ်အိုးထဲ ထောပတ်အရည် စားပွဲဇွန်း နှစ်ဇွန်းခန့်ထည့် မုန့့်နှစ် တစ်ဇွန်းခန့်ထည့်ပြီး မုန့်နှစ်တွေကို အဝိုင်းပုံလေးဖြစ်အောင် ဒယ်အိုးကို စောင်းပြီး လှည့်ပေးပါ။

 ပြီးတော့ အဖုံလေး အုပ်ထားပါ။
 

ခဏနေရင် ဆော်ဒါကြောင့် မုန့်ကပွပြီး အပေါက် အပေါက်လေးတွေ ဖြစ်လာပါလိမ့်မယ်။ မုန့်လုပ်ရတာ ငယ်ငယ်က မြေကြီးပုံထဲ ရေလောင်းချပြီး ကစားသလိုပဲ ပျော်စရာကောင်းပါတယ်။


မုန့်က သကြားပါတော့ အောက်ပိုင်းက တူးလွယ်ပါတယ်။ ဒါကြောင့် မီးအအေးဆုံးနဲ့ တည်ခိုင်းတာပါ။ အောက်ကမတူးခင် အရောင်အနဲငယ်ညိုလာရင် ဇွန်းအပြား ခပ်ကြီးကြီးနဲ့ အပေါ်အောက် လှန်ပေးပါ။

၂ဖက်လုံး အရောင်လေး ညိုလာရင် ချလို့ရပါပြီ။

စားတော့မယ်၊ ဝါးတော့မယ် ...

ပန်ကိတ်က အရမ်းကြီးတော့ မချိုဘူးခင်ည။ အိမ်မှာတော့ ထန်းလျှက်ရည်လို maple syrup နဲ့ ဆမ်းပြီးစားကြတယ်။ ချိုတော့ ဂျူဂျူတို့ အကြိုက် ပေါ့ဂျာ။

 မုန့်က ဘိန်းမုန့်လေးလိုပဲ ကျွပ်ကျွပ် ပွပွ ချိုချိုလေး စားလို့ အင်မတန်ကောင်းပါတယ်။ ဘိန်းမုန့်အလွမ်းပြေပေါ့။






Thursday, February 17, 2011

ဂျူဂျူလေးအတွက် Hawaiian pizza ...

ဂျူဂျူလေးက ပီဇာကြိုက်တယ်။ သူစားချင်ပြီဆို ဈေးသက်သာတဲ့ ကနေဒီယမ် ပီဇာကို ဝယ်ကျွေးလေ့ရှိတယ်။ သူက တစ်ခုမှာရင် ၂ခုရတော့ ဈေးသက်သာတယ်။ အရသာလဲ ကောင်းပါတယ်။ တစ်ခါတစ်ရံလဲ ဂျူရောင်းပွိုင့်က Pizza hut မှာ သွားစားပေါ့။ ပီဇာက ဈေးကြီးတဲ့အပြင် အိမ်ကိုမှာတာဆို အနည်းဆုံး နှစ်ဆယ်၊ အစိတ်ဘိုးမှာမှ ရတာဆိုတော့ တစ်ခါ၊တစ်ခါ ဝယ်ကျွေးရင် မသက်သာဘူးဗျာ။

တလောက ညကြီး စာကြည့်နေရင်းနဲ့ မေမေ ပီဇာစားချင်တယ်ဆို ထလုပ်ပါလေရော။ ပီဇာတောင် အသဲပုံ ပီဇာတဲ့ဂျာ။ ဘာလင်တိုင်းနေ့အတွက် အသဲပုံ ပီဇာကြော်ငြာစာရွက်လေး ဘယ်ကရလာတယ် မသိဘူး။ အဲဒါလေး ကြည့်ပြီး ပူစာတော့တာပဲ။ ဒါနဲ့ မှာရင်လဲ သူ့တစ်ယောက်စာတည်း ဈေးကြီးလှတယ်ဆို အမေလုပ်သူက အကြံထုတ်ရတော့တယ်။ မေမေနဲ့ဂျူဂျူနဲ့ ပီဇာကို ကိုယ်တိုင်လုပ်စားကြရအောင်လေဆိုတော့ သူလဲ ပျော်သွားတယ်။ ယူကျူ့ကနေ ပီဇာလုပ်နည်းလေး သားအမိနှစ်ယောက်အတူ ကြည့်ကြတယ်ပေါ့။

ဂျူဂျူက ခလေးတွေအကြိုက် နာနတ်သီးပါတဲ့ ဟာဝိုင်ရီယမ် ပီဇာကို ကြိုက်တယ်။ မနက် ဘရိတ်ဖက်စားတဲ့အခါ sandwitch ထဲ ထည့်တဲ့ ဟမ်တို့၊ ချိစ်တို့ ကလဲ အိမ်မှာ အလွယ် ရှိနေတော့ ကြီးတော်ကို အောက်ထပ်ကနေ နာနတ်သီး သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီမှာအခက်ဆုံးက doah လုပ်ဖို့ ဂျုံနယ်ရတာပဲ။ အဲဒီနေ့ကတော့ လက်နာအောင်နယ်တာတောင် ဂျုံက သိပ်မနပ်လိုက်ပဲ လုပ်လိုက်တာ ဖြစ်တော့ ဖြစ်သွားတယ်။ ဂျူဂျူကလဲ သူကိုယ်တိုင် ပါဝင်လုပ်ထားတာဆိုတော့ သဘောတွေကျလို့။ စားလို့ကောင်းတယ်ဆိုပဲ။

Week-end ရောက်တော့ မဆွိတီလဲ သမီး စားချင်တဲ့ အချိန် စားလို့ရအောင်ဆိုပြီး NTUC ကနေ ပီဇာထဲထည့်ရမဲ့ ပစ္စည်းတွေ အပြည့်အစုံဝယ်လာခဲ့တယ်။ ပီဇာအောက်ခံလဲ တစ်ခါထဲဝယ်လို့ရခဲ့တော့ ဂျုံနယ်ရတဲ့ဒုက္ခကတော့ သက်သက်သွားတယ်။ ပစ္စည်းလေးတွေ သေချာဝယ်လာတော့ ပို့စ်လေးတင်လို့ရအောင် ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။

လိုတဲ့ပစ္စည်းလေးတွေ။

ပီဇာ အောက်ခံ



Mozzarella (ချိစ်အမာကို အုန်းသီးခြစ်သလို ခြစ်ထားတဲ့ဟာပါဗျာ ... ခေါ်ရတာ လျှာခလုပ်တိုက်လို့ ... ဂျူဂျူ့ကို ဘယ်လိုခေါ်လဲ ခဏခဏပြန်မေးနေရတယ်။ သူတို့က TV တွေကြည့်နေတော့ အဲလိုဟာမျိုးကျ ကိုယ့်ထက် ပိုတော်တယ်။)


ခရမ်းချဉ်သီး အနှစ်ဗူး (စပါဂတီလုပ်လဲ အဲဒါပဲ သုံးတယ်။ 2 in 1 ပေါ့)

နာနတ်သီးဗူး


Ham အပြားလေးတွေ လည်းထည့်ရတယ်။ ငရုပ်ချိုသီးထည့်ရင်တော့ ပိုမွှေးတယ်။ အမှန်က Hawaiian pizza မှာ ငရုပ်ချိုသီး မပါဘူးဗျ။


ပီဇာလုပ်ရန်အသင့်၊ ငရုပ်ကောင်း ခွဲကြမ်းမှုန့်လေးထည့်ဖို့ ခုမှသတိရတယ်။


ခရမ်းချဉ်သီး အနှစ်ကို ဇွန်းနဲ့ ကော်ပြီး ဖြန့်သုတ်လိုက်တယ်။ ထူထူလေးသုတ်မှ ကောင်းပါတယ်။


အပေါ်ကနေ အစာတွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖြန့်ခင်းပါတယ်။ ပြီးရင် အပေါ်က ငရုပ်ကောင်းလေးဖြူးလိုက်တယ်။


အိမ်မှာရှိတဲ့ oven သေးသေးလေးထဲ ၁၀မိနစ်လောက် ထည့်ကင်လိုက်တဲ့အခါ ဂျူဂျူတို့အကြိုက် မွန်းလိုက် .... အဲလေ ပီဇာရပါပြီခင်ညာ။ (ပီဇာဟက်က အော်ဒါမှာတာနဲ့ ချွတ်ဆွတ်တူအောင် ကြက်သားအချို-အစပ်ကင်လေးပါ ရောကင်လိုက်ရသေးတယ် ... )




အဲဒီနေ့က အမေနဲ့ ဂျီးဒေါ်ကတော့ ဝက်သားခရမ်းသီးနှပ် ဆီကျန်ရေကျန်လေးချက်၊ ငပိရည် တို့စရာနဲ့ လွှေးကြတာ၊ ဂျူဂျူးရဲ့ ပီဇာကို ညက်စောင်းတောင်လှည့်မထိုးကြဘူး .... ကြိုက်တာသာ စားသွားကြပါဗျာ။