Showing posts with label (၄ ၀၀) *** စင်္ကာပူမှ အစားအသောက်များ ***. Show all posts
Showing posts with label (၄ ၀၀) *** စင်္ကာပူမှ အစားအသောက်များ ***. Show all posts

Saturday, July 17, 2021

Singapore style fried carrot cake (Chai Tow Kway), အော်ကေ့ကြည်

လိုအပ်သော ပစ္စည်းများ 
Steam carrot cake အတွက် 
မုံလာဥဖြူ (radish) - 700 gm ( အခွံခွါပြီး သင်္ဘောခြစ်နဲ့ ခြစ်ထားပါ (သို့)  chopper နဲ့ ကြိတ်ထားပါ။
ကြက်ပြုတ်ရည် (chicken stock) - 400 ml (မရှိရင် ဟင်းခပ်မှုန့် အနည်းငယ်နဲ့ ရေ ထည့်ပါ)
ဆန်မှုန့် - 250 gm
ဆီ စားပွဲဇွန်း - 2 table spoon 
ကြက်သွန်ဖြူ - ၃မွှာခန့် နုတ်နုတ်စင်းထားပါ။
 ပုဇွန်ခြောက်မှုန့် - 2 table spoon
ဆား - 0.5 tea spoon
သကြား - 1/2 table spoon

----------------------------- 
  Fried carrot cake တစ်ပွဲစာ အတွက်
Carrot cake - တစ်ပွဲစာ အတုံးလေးတေ တုံးထားပါ။ 
ဆီ စားပွဲဇွန်း - 3 table spoon 
ကြက်သွန်ဖြူ - ၃ မွှာခန့် (နုတ်နုတ်စင်း ထားပါ)
ကြက်ဥ - ၃ လုံး (ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ခေါက်ထားပါ) 
ကြက်သွန်မြိတ် - အနည်းငယ် (နုတ်နုတ် စင်းထားပါ) 
ပဲငံပြာရည် အကြည်ရည် - စားပွဲဇွန်း တစ်ဇွန်းခန့် 
ပဲငံပြာရည် အနောက်ရည် - စားပွဲဇွန်း ဇွန်းဝက်ခန့် 
ငါးငံပြာရည် - လက်ဖက်ရည် ဇွန်းဝက်ခန့် 
------------------------------- 
 ပထမဆုံး steam carrot cake ကို စလုပ်ပါမယ်။ 
ဆန်မှုန့်နဲ့ chicken stock ကို သမအောင် ကြက်ဥခေါက်တံနဲ့ ရောမွှေ ခေါက်ထားပါ။ 
 ဒယ်အိုးကို မီးအနေတော် (medium) နဲ့ တည်ပါ။ 
အထဲကို ဆီထည့် ကြက်သွန်ဖြူထည့်ပြီး ကြက်သွန်ဖြူ ကြေ်နံ့မွှေးလာရင် ပုဇွန်ခြောက်မှုန့် ထည့်ကြော် ပုဇွန်ခြောက် မတူးခင် မုံလာဥခြစ်ထားတာတွေ ထည့်ကြော်ပါ။
 မုံလာဥက အရည်တွေထွက်လာပြီး မုံလာဥ အရည်အနည်းငယ် ခမ်းသည်အထိ ၇ မိနစ်ခန့် ကြော်ပေးနေပါ။ မုန်လာဥ တွေ ကျက်လောက်ပြီဆို ဆန်မှုန့်အရည်ကို ထည့်မွှေပါ။ ဆား၊ သကြား တို့ကိုလည်း ထည့် ေမွှပါ။
မွှေနေရင်း ဆန်မှုန့်တွေ ပျစ်ခဲလာရင် ဆီသုပ်ထားတဲ့ မီးအပူခံ tray ထဲကို ထည့်ပါ။ Aluminum foil နဲ့ ပိတ်ပြီး 
 ရေနွေးငွေ့ steam နဲ့ ၄၅မိနစ်ခန့် ပေါင်းပါ။ ချခါနီး တူလေးနဲ့ ထိုးကြည့် မုန့်တွေ ကပ်ပါမလာရင် ကျက်ပါပြီ။ 
မကြော်ခင် ရေခဲသေတ္တာထဲ အအေးခံထားပါ။
လုံးဝ ေအးခဲသွားမှ အတုံးလေးတွေ လှီးလို့ ရပါမည်။ 
 ------------------------------ 
Fried carrot cake အတွက် ပထမဆုံး ဒယ်အိုးကို မီးအနေတော်နဲ့တည်ပြီး ဆီထည့် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းလာတာနဲ့ carrot cake လှီးထားတာတွေကို ထည့်ကြော်ပါ။ 
၃-၄မိနစ်ခန့် carrot cake တွေ အပေါ်ရံကြွပ်အောင် ကြော်ပြီးရင် ကြက်ဥ ခေါက်ထားတာကို အပေါ်ကနေ ဒယ်အိုး တစ်ခုလုံး ပြန့်သွားအောင် လောင်းထည့်ပါ။ 
ကြက်ဥ အနည်းငယ် ကျက်လာပြီဆို ပဲငံပြာရည် အကြည် အနောက်၊ ငါးငံပြာရည်တို့ ကို ထည့်ကြော်ပါ။ မွှေပေးပါ။ ၅မိနစ်ခန့်ကြော်အပြီး ချခါနီး ကြက်သွန်မြိတ်လေး(သို့) chives တွေထည့် ပြီး ပန်းကန်ထဲ ထည့်စားလို့ရပါပြီ။ အလွန် အနံ့ အရသာ နဲ့ ပြည့်စုံသော Fried carrot cake ရပါပြီ။

Monday, November 30, 2020

စင်္ကာပူစတိုင် Fried fish soup

 


စင်္ကာပူစတိုင် Fried fish soup အတွက် လိုတဲ့ ပစ္စည်းတွေက (လူ ၅ယောက်စာ အတွက်)

Ling fish  fillet (သို့) Basa fillet  (ငါးအသားချည်း )  - ၅၀၀ ဂရမ်

အကြော် မှုန့် - စားပွဲဇွန်း ၃ဇွန်းခ့န်

ငရုပ်ကောင်းမှုန့် (white pepper) အနည်းငယ်

ပဲပြား (soft tofu) - ၂ခုခန့်

ခရမ်းချဉ်သီး - ၂လုံး

ဆလတ်ရွက် တစ်ထုတ် (Iceberg lettuce )

မုန်ညင်းဖြူရွက် တစ်စည်း (Choy Sum)

ကြက်ဟင်းခါးသီး အထူသီး တစ်လုံး- အစေ့ ထုတ် ပါးပါးလှီး

ကြက်သွန်မြိတ် (Spring Onion)

နံနံ (Coriander) 

ကြက်သွန်နီကြော် 

‌ရေညှိ ခြောက်

 နန်းလတ် မုန့် တီ အစို (မရှိရင်) အခြောက် တစ်ထုပ် (jiangxi rice stick)  

ကြိုက်တတ်ရင် ငနီတူငါးခြောက်ကြော် ကိုလည်း အဆင်သ့ ပြင်ဆင်ထားပါ။

-----------------------------------------

ဟင်းချို အတွက်

ငါးရိုး ၅၀၀ ဂရမ် (မရလျှင်) ဆယ်လ်မွန် ငါးရိုး - 1 kg

ငါးနီတူငါးခြောက်  ၂၀ ကောင်ခန့်  (ikan bilis )

ပဲပိစပ် (Soy bean) -1 cup

ဂျင်း အနည်းငယ်

နွားနိူ့ အနည်းငယ်

-----------------------------------------------























မုန့်ဖတ် ပြုတ်ရန်

မုန့်ဖတ်အခြောက်ဆို ပြုတ်ပြီး ရေစစ်၊ အဆင်သင့်ဖြစ်အောင် အအေးခံထားပါ။


ဟင်းချို ပြင်ဆင်ခြင်း

ပထမ ဆုံး ငါးရိုးနဲ့ ငါးခေါင်း တွေကို အညှိ အချွဲတွေပျောက်အောင် ဆားနဲ့ နယ်ပြီး ရေ ၃-၄ ခါလောက် ဆေးချပါ။

အညှိတွေ ပျောက်သွားရင် ငါးနီတူ၊ ပဲပိစပ်၊ ဆား ၊ ဂျင်း ပါးပါးလှီးထားတာ ၃-၄ ပြားလောက်ထည့်ပြီး ရေမြုတ်အောင် ၄၅ မိနစ်ခန့်ပြုတ်ပြီး အချိုရည်ရအောင် ယူထားပါ။ 

ပြီးရင် နွားနို့ အနည်းငယ် ရော၊ ဆူပွက်နေအောင် ပြန်ကျိုပြီး ဟင်းချိုကို အပေါ့ အငံ အချို အနေတော်် ဖြစ်အောင်ပြင်ထားပါ။


အခြား ingredient များ ပြင်ဆင်ထားရန် 

ငါးအသားကို လက်တစ်လုံးခန့် အထူလေးတွေ လှီးပြီး ဆား (အနည််းငယ်သာ) ငရုပ်ကောင်း မှုန့်တို့နှင့် နယ်ထားပါ။

ပြီးရင် အကြော် မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ငါးအသားလွှာ တစ်ခုလုံးနစ်အောင် နှစ်ပြီးမှ  ကြွပ်‌ ‌နေအောင် ကြော်ပြီး ဆီစစ်ထားပါ။

ပဲပြားကို လက်မဝက်ပတ်လည် အတုံးလေးတွေ တုံးထားပါ။

ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ။

ဆလတ်ရွက်ကို အရွက်လေးတွေ ခွါထားပါ။

မုန်ညင်းရွက်ကို နှစ်လက်မ အရှည်လေးတွေ ဖြတ်၊ ကြက်ဟင်းခါးသီးကိုလည်း အစိမ်းရောင် မပြတ် ‌ရေ‌နွေး ဖျောပြီး စစ်ထားပါ။

ကြက်သွန်မြိတ် နံနံပင်ကို ပါးပါးလှီးထားပါ၊


ပွဲပြင်ရန်အတွက်

ပထမဆုံး ဇလုံခပ်ကြီးကြီးထဲကို ဆလတ်ရွက်အလွှာတွေ ကို ခင်းလိုက်ပါ။

အပေါ် ကနေ မုန့်ဖတ် ကို သင့်တော် သလိုထည့်ပါ။

 ပဲပြား၊ ခရမ်းချဉ်သီး၊  ရေညှိ၊  မုန်ညင်းရွက်၊ ကြက်ဟင်းခါးသီး ငါးကြော် အစရှိသည်တို့ကို မုန့်ဖတ်ပေါ်ကနေ လှအောင် စီထည့်ပြီး ဟင်းချို ပွက်ပွက်ဆူကို ဇွန်းနဲ့ လောင်းထည့်ပါ။

အပေါ်ကနေ နံနံ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီကြော်ဖြူးပြီး စားနိူင်ပါပြီ။

ကြိုက်တတ်ရင် ငနီတူကြော်ကိုလည်း ထည့်စားနိူင်ပါတယ်။

အလွန် အရသာရှိတဲ့ fried fish soup ဖြစ်ပါတယ်။





(ပုံအချို့ကို google မှ ယူပါတယ်၊ credit to original uploader)

Thursday, November 5, 2020

Singapore စတိုင် Carrot cake လုပ်နည်း



စင်္ကာပူမှာ fried carrot cake ဆိုတာ သိပ်နာမည်ကြီးပြီး စားလို့လဲ သိပ်ကောင်းတာ။ အိမ်က ဂျူဂျူလေးက သိပ်ကြိုက်လို့ ဒီရောက်မှ ခဏခဏ လုပ်စားဖြစ်နေတာ။ Carrot cake ဆိုပေမဲ့ မုန်လာဥနီလုံးဝ မပါပဲ radish - မုန်လာဥ အဖြူနဲ့ ပဲ လုပ်တာသာဖြစ်ပြီး မြန်မာပြည်က အော်ကေ့ကြည် လုပ်နည်းနဲ့ အတူတူပါပဲ။
လုပ်နည်းလေး အမှတ်တရဖြစ်အောင် မှတ်တမ်းလေး ရေးထားပါမယ်။
Fried Carrot cake ၆ ပွဲစာလောက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့
မုန်လာဥ ၆၅၀ ဂရမ်
ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ၆ မွှာခန့် နုတ်နုတ်စင်းထားပါ
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
--------------
မုန့် အနှစ်အတွက်
300 gm rice flour
60 gm corn starch
1 ½ cup (350 ml) chicken broth
½ cup water (125 ml)
1 tsp sugar
1 tsp salt
------------
ရေနွေးငွေ့နဲ့ ပေါင်းဖို့ အတွက် အဆင်သင့် ပြင်ရန်
- ဆီသုပ်ထားသော လေးထောင့် ဖန်လင်ပန်း (သို့) စတီးလင်ပန်းကို အဆင်သင့်ပြင်ထားပါ။
- အိုးစောက်နက်နက်ထဲကို ရေ ၄လက်မလောက်ထည့်ဆူအောင်တည်ပြီး အပေါ်က သံစကာတင်ထားပါ။
------------
ပထမဆုံး မုန်လာဥနီ ကို အခွံခွါ ခြစ်နဲ့ ခြစ်ထားပါ။ (သို့) chopper နဲ့ ကြိတ်ထားပါ။
မုန့်အနှစ်ကိုလည်း အားလုံးရောပြီး ဖျော်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ရင်၊
ဒယ်အိုးအကြီး တစ်လုံးကို မီး အနေတော်နဲ့ အပူပေး ဆီထည့် ပူလာရင် ကြက်သွန်ဖြူနဲ့ ဆီသတ်ပါ။
ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာရင် ပုဇွန်ခြောက်မှုန့်ထည့်မွှေပါ။
ပြီးရင် မုန်လာဥခြစ်ထားတာတွေ ထည့်ကြော်လိုက်ပါ။
မုန်လာဥက အရည်တွေ ထွက်လာရင်လည်း အသာလေး မွှေပေးနေပါ။
၄မိနစ်လောက် မွှေပြီးသွားရင် စောနက ဖျော်ထားတဲ့ မုန့် အနှစ်ကို ထည့်ပြီးး အဆက်မပြတ်မွှေပေးပါ။
မုန့်နှစ်တွေ အရမ်းကိုပျစ်ပြီး ခဲလုနီးပါးဖြစ်သွားပါလိမ့်မယ်။
အဲဒီအချိန်မှာ မုန့်တွေကို စောနက ဆီသုပ်ထားတဲ့ ဖန် လင်ပန်းဇောက်နက်နက်ထဲ လောင်းထည့်ပြီး အပေါ်က ဆီနဲ့ အချောသတ်ပေးပါ။
----
ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းဖို့ စောနက ဆူအောင်တည်ထားတဲ့ ပေါင်းအိုးထဲထည့် ပေါင်းအိုးကို အဖုံးအုပ်ပြီး မိနစ် ၃၀ ကနေ ၄၀ မိနစ်လောက် မီးအနေတော်နဲ့ တည်လိုက်ရင် carrot cake ကျက်ပါပြီ။
(သေချာကျက်မကျက် စစ်ချင်ရင် တူတစ်ချောင်းကို မုန့်ထဲထိုးစစ်ကြည့်လို့ မုန့်နှစ်တွေ ကပ်ပါမလာတော့ဘူးဆို ရပါပြီ)
carrot cake ကို ပေါင်းအိုးထဲက ထုတ်ပြီး အပြင်မှာ အအေးခံထား ရင် carrot cake ကြော်စားဖို့ အဆင်သင့်ဖြစ်ပါပြီ။
--------------

Carrot cake ကြော်နည်း (တစ်ပွဲစာအတွက်)
ကြက်ဥ ၃လုံး ကို ငရုပ်ကောင်း၊ ဆား အနည်းငယ်ထည့် နှံ့အောင် ခေါက်ထားပါ။
Carrot cake ကို တစ်စင်တီမီတာ ပတ်လည် အတုံးလေးတွေ ဖြစ်အောင် လှီီးထားပါ။
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
ကြက်သွန်ဖြူ တစ်မွှာ နှုတ်နှုတ်စင်းထားပါ။
ကြက်သွန်မြိတ် (သို့) chives အနည်းငယ် ပါးပါးလှီးထားပါ။
ငါးငံပြာရည် အနည်းငယ်
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် 1/2 tsp

---------------
ပထမဆုံး မီးပြင်းပြင်းမှာ ဒယ်အိုး တည် ဆီထည့် carrot cake ရယ် ကြက်သွန် ဖြူနုတ်နုတ်စင်းထားတာရယ်ထည့် ပြီး carrot cake လေးတွေ မီးအနည်းငယ် ကျွမ်းသည်အထိ ဆီ ပူကပ်ထားပါ။


၃မိနစ်လောက်ကြာရင် ခေါက်ထားတဲ့့ ကြက်ဥ ထည့်ကြော်ပါ။
ကြက်ဥ ကျက်လို့ ခဲလာရင် ပြန် မွှေ ပြီး ငါးငံပြာရည်၊ ပဲငံပြာရည် အကြည် အနောက်တို့ကို မိမိ စိတ်ကြိုက်အရသာရအောင် ကြိုက်သလို ထည့်၊ ကြက်သွန်မြိတ် လေး ဖြူးလိုက်ရင် အနံ့ အရသာနဲ့ပြည့်စုံတဲ့ Fried carrot cake ရပါပြီ။












Monday, March 4, 2019

Hot Plate Tofu (သို႔) Tie Ban Tofu

 Image may contain: food
ပြီးခဲ့တဲ့ အပတ်က စင်္ကာပူမှာတုံးက ကျဲပန်တို့ဟူးဆိုပြီး မှာစားရတဲ့ တို့ဖူးကြော်လေး အိမ်မှာ လုပ်စားတယ်။
ချက်နည်းမေးတဲ့ သူတွေအတွကေ်ရာ နောက်တစ်ခါချက်ရင် မှတ်မိအောင် ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

ကျဲပန်တို့ဟူး ၆ယောက်စာအတွက်
- ဝက်သား အကြေ -  ၃၅၀ ဂရမ် - ပြောင်းဖူးမှုန့်တစ်ဇွန်း ၊နှမ်းဆီ၊ ပဲငံပြာရည် အကြည်ဇွန်းဝက်၊           ငရုပ်ကောင်းမှုန့် အနည်းငယ် တို့နှင့်နယ်ထားပါ။
- ပုဇွန် - အကောင် အလတ် ၁၀ကောင်ခန့် - အခွံတွေ အားလုံးနွှာပြီး ဗိုက်ခွဲ သန့်ရှင်းထားပါ။
- silken egg tofu - ၄ ခု  - ၁ စင်တီလောက်အထူလေးတွေ လှီးထားပါ။
- ကြက်ဥ ၄လုံး - ငရုပ်ကောင်း၊ ဆားအနည်းငယ်ထည့်ပြီး နာနာ ခေါက်ထားပါ။
- ရွှေပဲသီး - ၂၀ တောင့်ခန့် - အတောင့်လိုက်ကို အနား၂ဖက် ဖြတ်ထားပါ။
- baby corn - ၁၀ ခုခန့် -  ထပ်ခြမ်းခြမ်းထားပါ။
- မှို - ၈ ခုခန့် - လေးစိပ်စိပ်ထားပါ။
- မုန်လာဥနီ - နှစ်ဥ - အဝိုင်းလိုက် ပါးပါး လှီးထားပါ။
 - ကြက်သွန်မြိတ် - ၃ ပင်ခန့် - ပါးပါးလေးတွေ လှီးထားပါ။
- ဂျင်း - တစ်စင်တီလောက်အထူ -  ညက်ညက်ထောင်းထားပါ။
- ကြက်သွန်ဖြူ - ၅ မွှာခန့် - ညက်ညက်ထောင်းထားပါ။
 - ကော်မှုန့် တစ်ဇွန်းခွဲ - ရေ တစ်ခွက် နှင့် ဖျော်ထားပါ။

- chilli bean suace -  ၂ ဇွန်း
- ပဲငံပြာရည် အကြည်ရည် - နှစ်ဇွန်း
- တရုတ်ဟင်းချက်ဝိုင် - နှစ်ဇွန်း
- ခရုဆီ - တစ်ဇွန်း
- သကြား -  တစ်ဇွန်းခန့်
- ဆီ - ၂ ဇွန်း ခန့်

( ဇွန်း = စားပွဲဇွန်း)

-ပထမဆုံး ဒယ်အိုးထဲမှာ တို့ဟူးလှီးထားတာကို ဆီမြုတ်အောင် ထည့်ပြီး ကြော်လိုက်ပါ။
 အပေါ်ရံတွေ အနည်းငယ် ကြွပ်ပြီး တင်းလာရင် ဆယ်ပြီး ဆီစစ်ထားပါ။

- ပြီးရင် အသားနဲ့ ဟင်းရွက်တွေကို ကြော်ပါမယ်။
 ဒယ်အိုးထဲကို ဆီတစ်ဇွန်းခန့်ထည့်ပြီး ဂျင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပါ။
အနည်းငယ်အညိုရောင် သန်းလာရင် ဝက်သားအကြေကို ထည့်ပြီး ကြော်ပါ။
 ဝက်သား အရည်တွေကုန်ပြီး အနံ့မွှေးလာရင် ပုဇွန်နဲ့ အသီးအရွက်တွေ ထည့်ကြော်ပါ။
 Black bean chilli sauce၊ ပဲငံပြာရည် အကြည်ရည်၊ သကြား၊ ခရုဆီ အစရှိတာတွေကိုလည်းထည့်ပြီး မွှေပေးပါ။
အသီးအရွက်တွေ ကျက်ရင် ကော်ရည်လောင်းထည့် အပေါ့အငံ အရသာမြည်းကြည့်ပြီး လိုတာ ထပ်ထည့်ပြီး ကိုယ့်စိတ်ကြိုက်ပြင်ပါ။
 
- အသားတွေနဲ့ ဟင်းရွက်တွေ ချက်နေတုံးမှာပဲ တပြိုင်နက်တည်း တခြား မီးဖိုတစ်ခုနဲ့ hot plate ကို ဆီအနည်းငယ် သုပ်ပြီး မီးပြင်းပြင်းမှာ ပူကျက်နေအောင် အပူပေးပါ။
 ပူလာရင် မီးပိတ်ပြီး အပေါ်က ကြက်ဥ  လောင်းထည့်ပါ။
 ကြက်ဥတွေ ပြန့်သွားအောင် ဒယ်အိုးကို လှည့်ပေးပါ။ ကြက်ဥတွေ ကျက်သွားရင် အပေါ်ကနေ တို့ဟူးတွေကို အရင်စီထည့်ပါ။
 ပြီးမှ စောနက ချက်ထားတဲ့ အသီးအရွက်နဲ့ အသားတွေကို အပေါ်ကနေလောင်းချ၊ ကြက်သွန်မြိတ်ပါးပါး လှီးထားတာဖြူးပြီး စားနိူင်ပါပြီ။
တစ်ခါစားပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ အင်မတန်မှ အနံ့အရသာနဲ့ပြည့်စုံတဲ့ Hot plate tofu (သို့့) ကျဲပန်တို့ဟူး ဖြစ်ပါတယ်။


Sunday, December 9, 2018

Singapore style prawn mee soup

Image may contain: food

ဒီနေ့ အိမ်မှာ စင်္ကာပူ အမှတ်တရ prawn mee soup ချက်စားတယ်။
နောက်တစ်ခါချက်ရင် လွယ်အောင် ဒီမှာ လာပြီး မှတ်ထားလိုက်ဦးမယ်။
လူ ၅ယောက်စာအတွက်လိုတဲ့ ပစ္စည်းတွေက 
ပုဇွန် အလတ် ၁၅ကောင်ခန့်
ဝက်သား ၃၀၀ gm
ဝက်ရိုး တစ်ကေဂျီ
ပဲပင်ပေါက် တစ်ထုပ်
ကန်စွန်းရွက် တစ်စည်း
ကြက်သွန်ဖြူ ၅မွှာ
နာနတ်ပွင့် ၃ပွင့်
သစ်ဂျပိုးခေါက် တစ်ခု
လေးညှင်း (သိူ့) clove 5 ခုခန့်
ငရုပ်ကောင်း ၁၀ စေ့ခန့်
ထန်းလျှက် ၂လုံးခန့်
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း တစ်ဇွန်း
ငါးငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း
Fish cake တစ်ခု

ပထမဆုံး ဝက်ရိုး တစ်ကေဂျီကို ရေ တစ်လီတာခွဲ ဂျင်းအနည်းငယ်ထည့်ပြီး ပြုတ်လိုက်ပါ။
ဝက်သားကိုလည်း အတုံးကြီးကြီး ၃တုံးခန့်တုံး ဆားနယ်ပြီး ဝက်နံရိုးပြုတ်ထဲ ထည့်ပြုတ်ပါ။
ပုဇွန်တွေကို ခေါင်းဖြတ်ပြီး အသားတွေကို ရေခဲသေတ္တာထဲ သပ်သပ်သိမ်းထားပါ။
 ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်  (လဖက်ရည် နှစ်ဇွန်းခန့်) ကြက်သွန်ဖြူု၊ နာနတ်ပွင့်၊ သစ်ဂျပိုး၊ လေးညှင်း၊ ငရုပ်ကောင်း အစရှိတဲ့ ဟင်းခပ် အမွှေးအကြိုင်တွေကို ဆီသတ်ပါ။ ၂ မိနစ်လောက် သတ်ပြီးရင် ပုဇွန်ခေါင်းတွေ ထည့်လှော်ပြီး ၃မိနစ်လောက်ကြာလို့ ပုဇွန်ခေါင်းတွေ ခြောက်လာရင် စောနက တည်ထားတဲ့ ဝက်ရိုးပြုတ်အိုးထဲ ထည့်ပြီး တစ်နာရီခန့် မီးအေးအေးနဲ့ ပြုတ်ထားလိုက်ပါ။
ဒီကြားထဲ ဝက်သားထည့်ထားတာ နူးပြီဆို ဆယ်ထားပြီး ပါးပါးလေးတွေ လှီးထားပါ။
တစ်နာရီလောက်ကြာလို့ ဟင်းရည်က အချိုရည် ထွက်လာပြီဆို ပဲငံပြာရည် အကြည်၊ အနောက်၊ ထန်းလျှက်၊ ငါးငံပြာရည်တိို့ကို ထည့်ပြီး ဆားလိုက ထပ်ထည့်ကာ အရသာ အနေတော်ဖြစ်သည်အထိ ပြုပြင်ပြီး ၅မိနစ်ခန့် ထပ်တည်ထားပါ။
ဟင်းပွဲပြင်ရန်အတွက်ကတော့
စောနက prawn mee soup  ကို အရည်တွေချည်းရအောင် စကာကြဲကြဲနဲ့ စစ်ပြီး ဟင်းအိုးအသေးနဲ့ ခွဲတည်ပါ။
ခေါက်ဆွဲ၊ ကန်ဇွန်းရွက်၊ ပဲပင်ပေါက်တို့ကို စကာနှင့် ထည့်ပြီး prawn mee soup  ထဲထည့် ဖျောပြီး
ခေါက်ဆွဲ ပျော့လာရင် စားမည့် ပန်းကန်ထဲ ထည့်ပြင်ပါ။
ပုဇွန်ခွာထားတာ၊ ဝက်သားလှီးထားတာနှင့် fish cake လှီးထားတာတွေကိုလည်း တစ်ခုချင်းစီ စီပြီး လှပအောင်ပြင်ဆင်ထည့်ပါ။
နောက်ဆုံးမှ soup ကို ခေါက်ဆွဲ အသားတွေပေါ်မှ အသာလောင်းချကာ စားချင်စဖွယ် prawn mee ကို အရသာရှိစွာ စားနိူင်ပါပြီ။



Monday, November 6, 2017

Steam Fish recipe - စင်္ကာပူစတိုင် ငါးပေါင်း






ဒီအပတ်တော့ ဟင်းတွေစားရတာ ပျင်းလာလို့ steam fish လေး စမ်းသပ်ကြည့်မယ်ဆို ငါး၂ကောင် ဝယ်လာခဲ့တယ်။ စင်္ကာပူမှာတုံးက Sea bass လို့ခေါ်တဲ့ မြန်မာလို ကက္ကတစ် ငါးပါ။ ဒီမှာတော့ barramundi ခေါ်ကြပါတယ်။ နာမည်တွေက အညိုးညိုးပဲနော့။

အဲဒီ Sea bass ၂ကောင်ဝယ်လာတာ တစ်ကေဂျီခွဲကျော်ကျော်ဆိုတော့ တစ်ကောင်ကို ၈၀၀ ဂရမ်လောက်ရှိပါတယ်။ ဒီနေ့ညနေတော့ တစ်ကောင်ပဲ စမ်းလုပ်ကြည့်ပါတယ်။
-------------------------------------------------------------------------------------
Steam fish လုပ်ဖို့အတွက် လိုတဲ့ ပစ္စည်းတွေကတော့
- Barramundi fish တစ်ကောင် (800 gm to 1 kg ခန့်)
- ကြက်သွန်မြိတ် (spring onion)အပင်ကြီးကြီး ၃ပင်ခန့် (နှစ်လက်မစီ အရင်ဖြတ်ပြီး အချောင်း သေးသေး စိတ်စိတ်လှီးထားပါ)
- နံနံ ၃ပင်ခန့် - တစ်လက်မခန့်စီ ဖြတ်ထားပါ။
- ဂျင်း (Ginger) တစ်လက်မခန့်  (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ကြက်သွန်ဖြူ ၅မွှာခန့် (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ငရုပ်သီး အနီ အတောင့်ရှည် ၂တောင့်ခန့်


Sauce အတွက်
- တရုတ်ဟင်းချက်ဝိုင် (Shaoxing rice wine) - စားပွဲဇွန်း ၃ဇွန်း
- ပဲငံပြာရည် အကြည်ရည် - စားပွဲဇွန်း ၃ဇွန်း ( အိမ်မှာတော့ Lee Kum Kee Premium light soy sauce  ကို သုံးပါတယ်)
- ပဲငံပြာရည် အနောက်ရည် - စားပွဲဇွန်း တစ်ဇွန်း (Lee Kum Kee Dark soy sauce)
- ငါးငံပြာရည် - စားပွဲဇွန်း တစ်ဇွန်း (squid brand premium fish sauce)
- သကြား - စားပွဲဇွန်း ၃ဇွန်း
- ရေ စားပွဲဇွန်း နှစ်ဇွန်းခန့်

ပထမဆုံး ငါးကို အကြေးခွံနွှာ ဗိုက်ဖောက်ပြီး သန့်ရှင်းရေးလုပ်ထားပါ။ (ဒီမှာတော့ ဆိုင်က တစ်ခါထဲ ကိုင်ပေးလိုက်တော့ ရေးတစ်ခေါက်ထပ်ဆေးပြီး ပြင်ရုံပါပဲ) ရေးဆေးသန့်ရှင်းပြီးတဲ့ငါးကို အပေါ်အောက်ကို ဆား (a pinch ) ခန့်နဲ့ အသာပုတ်ပေး၊ နယ်ပေးပါ။
ငါးဗိုက်ထဲကိုလည်း ဆား အနည်းငယ် ( a pinch ခန့်) နဲ့ ပုတ်ပေး၊ နယ်ပေးပါ။ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ် အချောင်းလေးတွေ (လှီးထားတာထဲက သုံးပုံ တစ်ပုံခန့်) ကိုလည်း ငါးဗိုက်ထဲ ထည့်လိုက်ပါ။
င်္ပြီးရင် ပန်းကန်အပြားထဲကို စောနက လှီးထားတဲ့ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ (နောက်ထပ် သုံးပုံ တစ်ပုံကို) နဲ့ ငရုပ်သီး အောက်က ခင်းပါ။ အပေါ်ကနေ ငါးကို တင်ပြီး steam လုပ်လို့ရပါပြီ။

ပန်းကန်ပြားဆန့်တဲ့ အိုးကြီးကြီးထဲ (သို့)  ဒယ်အိုးထဲကို ရေနွေးပွက်ပွက်ဆူကိုထည့်၊  ပြီးရင်အပေါ်က grill လုပ်တဲ့ ဇကာလေး တင်၊ အပေါ်ကမှ ငါးပန်းကန်လေးတင် အဖုံးလုံအောင် အုပ်ပြီး မိနစ် ၂၀ ခန့် ပေါင်းရပါတယ်။
အောက်က ပစ္စည်းလေးကတော့ ပန်းကန်ကို ထည့်၊ ပြန်ဆယ်ရင် သုံးရတာပါ။

၁၅မိနစ်ခန့်ပေါင်းလို့ ငါးကျက် သွားပြီဆိုရင် ငါးပန်းကန်ကို အပြင်ကိုထုတ်လိုက်ပါ။ အပေါ်ကနေ စောနက လှီးထားတဲ့  အမွှေးအကြိုင် spices (နောက်ဆုံး သုံးပုံ တစ်ပုံကို) ငါးအပေါ်ကနေ ဖြန့်ခင်းလိုက်ပါ။
ဒီမှာ အရေးကြီးတဲ့ step က ကျန်ခဲ့လို့ မရပါဘူး။ ဆီ စားပွဲဇွန်း ၃ဇွန်းခန့်ကို ကျက်နေအောင် အငွေ့တွေ ထွက်လာတဲ့ အထိ တည်လိုက်ပြီး ငါးပေါ်ကနေ နေရာနှံ့အောင် လောင်းချရပါမယ်။ ဒါမှ စောနက ပြင်ထားတဲ့ spice တွေကနေ အနံ့လေးတွေက မွှေးလာမှာပါ။
နောက်ဆုံးကျမှ စောနက ပြင်ထားတဲ့ sauce ကို အပေါ်ကနေ လောင်းထည့်လိုက်ရင် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ steam fish လေးရပါပြီ။
ကိုက်လံလေးပါ ကြော်လိုက်တော့ ဒီနေ့ညစာ အတွက် ပြည့်စုံသွားပါပြီ။






Wednesday, March 9, 2016

ကြက်ဆီ ထမင်း



ယနေ့ညနေ Menu အတွက် ကြက်ဆီ ထမင်းချက်ပြီး ချက်နည်းလေး မမေ့ခင် ကမန်းကတန်း လာတင်ပါတယ်။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ စမ်းချက်ကြည့်ချင် ချက်လို့ရတာပေါ့။

လူ ၅ယောက်စာလောက်အတွက် လိုတဲ့ ပစ္စည်းတွေကတော့

ကြက်ပြုတ်ရန်
ကြက် တစ်ကောင် (ကလီစာထုတ် သန့်ရှင်းပြီးသား)
ဂျင်း - တစ်လက်မခန့်ကို ပါးပါးလှီးထားပါ။
ကြက်သွန်မြိတ် - ၁၀ ပင်ခန့် (အမြစ်ဖက်က အရင်းပိုင်းတွေကို ၂ လက်မ အရွယ်လောက် ဖြတ်ထားပါ)
ကြက်သွန်နီ ဥကြီး တစ်ဥ ကို ၈စိပ်  စိပ်ထားပါ။

 ကြက်သား အကောင်လိုက်ကို အရေခွံတွေအပေါ် ဆားနုဲ့ ပွတ်ပြီး ရေဆေးပါ။ ပြီးရင် ဆား လဖက်ရည်ဇွန်း တစ်ဇွန်းခန့်နဲ့ ကြက်အကောင်လိုက်ကို နယ်ထားပါ။

ကြက်အကောင်ထဲကို အထက်က ဂျင်း၊ကြက်သွန်နီ၊ ကြက်သွန်မြိတ်တွေ အစာသွပ်ပြီး ရေဆူဆူထဲကို အကောင်လိုက် ထည့်ပြုတ်ပါ။ ကျန်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကိုလဲ ထည့် ပြုတ်လိုက်ပါ။


  မီးအနေတော်လောက်နဲ့ နာရီဝက်- ၄၅ မိနစ်ခန့်ကြာရင် ကြက်သားကို ထုတ်လိုက်ပြီး ရေအေးအေးနဲ့ ဆေးချပါ.။ ရေခဲရေနဲ့ဆို ပိုကောင်းပါတယ်။ ရေခဲတုံးလေးတွေ ပစ်ထည့်ပြီးလည်း ထားနိူင်ပါတယ်။ ကြက်သားကို အပူနဲ့ ပျော့ပြဲမသွားပဲ တင်းတင်းလေး ဖြစ်အောင် ရေခဲရည်စိမ်ရတာပါ။ ပြီးရင် ရေစစ်ပြီး အအေးခံထားပါ။

 ကြက်ပြုတ်ရည်တွေကို တော့ ကြက်ဆီ ထမင်းချက်ရအောင် အဖတ်တွေ စစ်ပြီးသိမ်းထားပါ။

ကြက်သားကို အရိုးထုတ် အသားတွေကို ပုံမှာ ပြထားတဲ့ အတိုင်း bite size လေးတွေ လှီးပြီး ပန်ကန်ကြီး တစ်လုံးမှာ ထည့်ထားပါ။

အရိုးတွေကိုတော့ ရေရောပြီး ဟင်းချိုချက်ပါ။

ကြက်ဆီထမင်းချက်ရန်
ဂျင်းတက် တစ်လက်မခွဲခန့် - ပါးပါးလှီးပြီး ညက်နေအောင် ထောင်း/ ကြိတ်ထားပါ။
ကြက်သွန်ဖြူ  ၁၀မွှာ - ညက်နေအောင် ထောင်း/ကြိတ်ထားပါ။
ဆီ - စားပွဲဇွန်း ၇ ဇွန်းခန့် (ကြက်ထဲက ထွက်တဲ့ အဆီတွေရ ရင် ပိုကောင်းပါတယ်။ အိမ်မှာတော့ ကျန်းမာရေးအတွက် နေကြာဆီနဲ့ ပဲ ချက်လိုက်ပါတယ်)
ဆား - စားပွဲဇွန်းတစ်ဇွန်း
ဟင်းခတ်မှုန့် - သင့်သလို
သကြား - စားပွဲဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရည် - ၈ခွက် (ဆန်ချင်ခွက်) စောစောက ကြက်ပြုတ်ပြီး သိမ်းထားတဲ့ ကြက်ပြုတ်ရည်ပါ။
ယိုးဒယားဆန် Jasmine rice - ၇ခွက်  (ဆန်ချင်ခွက်)

ဒယ်အိုးလေးထဲကို ဆီထည့်ပြီး ကြိတ်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြုတွေကို ဆီသတ်ပါ။ ဝါပြီး၊ ကြွပ်တဲ့ အထိမထားပဲ ခပ်ပျော့ပျော့မှာပဲ အနံ့လေးနဲနဲ မွှေးလာတယ်ဆို ရပါပြီ။

rice cooker အိုးထဲကို ဆန်ထည့်ဆေးပြီး  အပေါ်ကနေ ဆီသတ်ထားတာထည့်၊ ကျန်တဲ့ ingredient တွေထည့်ပြီး မွှေလိုက်ပါ။ ခလုပ်နှိပ်ပြီးတည်လိုက်ရင် ကြက်ဆီထမင်း ဂျင်းနံ့ သင်းသင်းလေး ရပါပြီ။

Sauce ပြင်ရန်
ဂျင်းတက် အနည်းငယ်- (ပါးပါးလှီးပြီး ညက်နေအောင် ကြိတ်ထားပါ- လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာခန့်)
ကြက်သွန်ဖြူ  အနည်းငယ် - (ညက်နေအောင် ကြိတ်ထားပါ -လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာခန့်)
သံပုရာရည် - လဖက်ရည်ဇွန်း ၂ဇွန်းခန့်
ပဲငံပြာရည် အကြည်ရည် - လက်ဖက်ရည် ဇွန်းဝက်ခန့်
သကြား  -  လက်ဖက်ရည် ဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရေ- စားပွဲဇွန်း ၄ ဇွန်းခန့်
ဟင်းခတ်မှုန့် -  သင့်သလို
အပေါ်က ingredient တွေကို ရောသမ မွှေလိုက်ရင် sauce အဖြူုရပါပြီ။
sauce အနီရောင်(အစပ်) လိုချင်ရင်တော့ hot chili sauce   လက်ဖက်ရည် ဇွန်း တစ်ဇွန်း ထည့်လိုက်ပါ။

ကြာညို့ အချို အမဲရောင်ကိုလည်း ပန်းကန်တစ်လုံးထဲ ပြင်ထားပါ။

ကြက်သားအပေါ်က ဆမ်းဖို့   အချိုရည် အတွက် ပဲငံပြာရည် အကြည်ရည်၊ ဟင်းခတ်မှုန့်၊ ဟင်းချို၊ ရည်၊ သကြားတို့ ကို ရောမွှေပြီး စိတ်ကြိုက် အချိုအရသာရအောင် ပြင်ထားပါ။

အပေါ်က garnish လုပ်ဖို့ အတွက် 
သခွါးသီ ၂လုံးခန့် - ခပ်စောင်းစောင်းလေးတွေ ပါးပါးလှီးထားပါ။
ကြက်သွန်မြိတ်လေးတွေကို ၂လက်မလောက်ဖြတ် အမျှင်လေးတွေ ရအောင် ခွာထားပါ။
နံနံကို အပင်လေးတွေ ချွေထားပါ။

ပွဲပြင်ဖို့ အတွက်
ကြက်ဆီ ထမင်းပူပူနွေးနွေးကို ပန်းကန်လုံးလေးနဲ့ ပုံသွင်းပြီး ပန်းကန်ပြားချပ် အလည်မှ မှောက်ချလိုက်ပါ။ ဘေးပတ်လည်က သခွားသီး၊ ကြက်သားတို့ကို လှလှပပ ပြင်ဆင်ပါ။ ကြက်သားပေါ်က အချိုရည်ကို ဇွန်းလေးနဲ့ဖြန်းပေးပါ။ ကြက်သွန်မြိတ် ၊ နံနံတို့ကို အပေါ်က လှအောင် တင်လိုက်ရင် စားချင်စဖွယ် ကြက်ဆီထမင်းပွဲလေးရပါပြီ။ ဟင်းချိုကိုလည်း ကြက်သွန်မြိတ် လေးတွေ ထည့်ပြီး သုံးဆောင် နိူင်ပါပြီ.။











Sunday, March 6, 2016

Mee Pok


  Mee Pok လုပ်နည်းလေး ရေးချင်လို့ ဘလော့ဂ်လေးကို ဖုန်လာခါပါတယ်။ ဘလော့ဂ်လေး တစ်ခုရှိတာ ဒီနေရကျ သိပ်ကို အသုံးဝင်ပါတယ်။ ကိုယ်ချက်စားတာလေးတွေ ကို အမှတ်တရ ရေးထား သိမ်းထား၊ ပြန်ချက်ချင်ရင် ပြန်ရှာ ချက်ရုံပဲ။ ဟင်းချက်နည်း မေးတဲ့ အန်တီဆွိရဲ့ ပိတ်သတ်တွေ အတွက်လဲ အဆင်တပြေ ကြည့်လို့ရတော့ ဒီမှာပဲ အမြဲလာရှယ် ဖြစ်ပါတယ်။
ခုအပတ်တော့ စောနက ပြောသလို  စင်္ကာပူမှာနေတုံးက အရမ်း ကြိုက်လို့ ဟော်ကာ စင်တာတွေ ရောက်တိုင်း အမြဲ စားဖြစ်တဲ့ Mee Pok လုပ်နည်းလေး ရေးပါဦးမယ်။



Mee Pok အတွက် လိုအပ်တာတွေက (လူ ၆ယောက်စာခန့်)

Soup (ဟင်းချိုရည်) အတွက်
(၁) ဝက်ရိုး ၅၀၀ ဂရမ်
(၂) ပဲပိစပ် (soya bean) လက် ၂ဆုတ်စာခန့်
(၃) ငါးနီတူု ငါးခြောက် (Iken Bilis) လက်တစ်ဆုတ်စာခန့်
(၄) ဂျင်း ပါးပါး ၂ပြားခန့်
(၅) ဆား သင့်သလို
(၆) ဟင်းခတ်မှန့် သင့်သလို
(၇)ရေ ၂လီတာ
အားလုံးကို ၂နာရီခန့် ကြိုပြီး ဆားအပေါ့အငံ အချို စိတ်ကြိုက်ပြင်ထားပါ။

Sauce အတွက် (ဟင်းတစ်ပွဲစာစီ)
(၁) ပဲငံပြာရည် အကြည်ရေ လဖက်ရည် တစ်ဇွန်း
(၂) ငါးငံပြာရည် လက်ဖက်ရည် ဇွန်းဝက်
(၃) ပဲငံပြာရည် အနောက်ရည် လဖက်ရည် တစ်ဇွန်း
(၄) ဝက်ဆီ စားပွဲဇွန်း တစ်ဇွန်း (ဝက်ဆီဖတ် ကို သေးသေးလေးတွေ လှီးပြီး ဆီနဲ့ ကြော်ပါ။ ဆီပေါက်တတ်လို့ အဖုံးအုပ် ကြော်ပါရန်။ ကြော်ပြီး ဝက်ဆီဖတ်လေးတွေ သတ်သတ်၊ ဝက်ဆီ သတ်သတ် ခွဲကော်ထားပါ)
(၅) မလေး ငပိကြော် ငရုပ်ဆီ ( Sambal Tumis ) စားပွဲဇွန်း တစ်ဇွန်း (ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပုံမှာကြည့်ပါ ။ ဆိုင်တွေက ဆီနဲလို့ ကိုယ့်အိမ်မှာ ငရုပ်သီးအရောင်တင်ကို ဆီချက်ပြီး ရောထည့်ပါတယ်။ ဒါမှ အရောင်လှပါတယ်။)
(၆) Black vinegar လဖက်ရည် တစ်ဇွန်း
(၇) ကြက်သွန်ဖြူ ဆီချက် စားပွဲဇွန်း တစ်ဝက်

တခြား ingredient များ ပြင်ထားရန်
(၁) ခေါက်ဆွဲပြား (အစိုမရှိလျှင် အခြောက်ကို ပြုတ်ပြီး ရေစစ်ပါ။ အေးသွားလျှင် ဆီ အနည်းငယ် ဆမ်းပြီး နှံ့အောင် နယ်ထားပါ)
(၂) ဝက်သားအကြေ (ပဲငံပြာရည် အကြည်ရေ၊ ငရုပ်ကောင်း- white pepper တို့နဲ့့ နယ်ထားပါ)
(၃) ဝက် အသဲ (ပါးနိူင်သမျှ ပါးပါးလှီးပြီး ပဲငံပြာရည် အကြည်ရည်၊ ဂျင်းရည်၊ ငရုပ်ကောင်း တို့နဲ့့ နယ်ထားပါ)
(၄) တရုတ် မှိုခြောက် (Dried Shiitake Mushroom) ( ရေစိမ်၊ ပါးပါးလှီးပြီး ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ နှမ်းဆီ၊ သကြား၊ ရေအနည်းငယ် ထည့်ပြီး၊ ရေခမ်းသည်အထိနာရီဝက်ခန့် ပြုတ်ထားပါ)
(၅) ဆလတ်ရွက်ထုပ် (Lettuce) ကို အရွက်လေးတွေ တစ်ခုချင်း ခွာထားပါ။
(၆) Fish ball လေးတွေကို ပါးပါး လှီးထားပါ။
(၇) ဝက်ဆီဖတ်ကြော်
(၈) ကြက်သွန်မြိတ်ကို ပါးပါး ရိတ်ရိတ်လေးတွေ လှီးထားပါ။

ဟင်းပွဲ ပြင်ရန်

ပန်းကန်ထဲကို အပေါ်က ပြောထားတဲ့ sauce  တစ်ပွဲစာ ထည့်ထားပါ။

 


ပြီးရင် ဆလတ်ရွက်လေးတွေကို ဘေးပတ်ပတ်လည်မှာ ထည့်ပြင်လိုက်ပါ။
စောနက ဟင်းချိုအိုး အကြီး ပွက်ပွက်ဆူတဲ့ အထဲကနေ (အသားတွေ ထည့် ပြုတ်မဲ့ ) အိုး အသေးလေးထဲကို ဟင်းချိုများ အိုးအပြည့်နီးပါး လောင်းထည့်ပါ။
မီးပြင်းပြင်းနဲ့ တည်ပြီး ပွက်လာရင် စကာထဲ ခေါက်ဆွဲ ထည့်ပြုတ်ပြီး ခေါက်ဆွဲကို စောနက ဟင်းပြင်တဲ့ ပန်းကန်ထဲ စစ်ထည့်ပါ။
နောက် တစ်ခါ စကာထဲ အသား အကြေ၊ fish ball၊ ဝက်အသည်းတို့ကို ကျက်အောင် ၃မိနစ်ခန့် ထည့်ပြုတ်ပြီး အပေါ်ကပြင်ထားတဲ့ ခေါက်ဆွဲပန်းကန်ထဲထည့်ပါ။
ဟင်းချိုရည် ၂ဇွန်းခန့်ကိုလည်း ထည့်ပါ။
မှိူ ၊ကြက်သွန်မြိတ်နဲ့ ဝက်ဆီဖတ်လေးတွေ အပေါ်က ဖြူးပြီးရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ။
ဟင်းချို အိုးကြီးထဲက ဟင်းရည်ကို ဟင်းချိုသောက် ပန်းကန် အသေးလေးထဲထည့် ကြက်သွန်မြိတ်လေး ဖြူးထည့်ရင် Mee Pok နဲ့ တွဲ စားဖို့ ဟင်းချိုလည်း အဆင်သင့် ဖြစ်ပါင်္ပြီ။
အားလုံး သုံးဆောင်နိူင်ကြပါပြီရှင်။



 



Wednesday, July 29, 2015

ဝက်သား ကောက်ညှင်းပေါင်း



ပြီးခဲ့တဲ့ Sunday က အန်တီဆွိတို့ အိမ်မှာ မနက်စာ ဝက်သား ကောက်ညှင်းပေါင်း လုပ်စားပါတယ်။ စင်္ကာပူမှာတုံးကတော့ ဆိုင်မှာ အဲဒါလေးပေးပါဆို လက်ညှိုးလေးထိုး ဝယ်စားရုံပါပဲ။ ဒီရောက်တော့ စားချင်းလွန်းတော့ ကိုယ့်အားကိုယ်ကိုးမှပဲ စားရတော့တယ်။

ကောက်ညှင်းထုတ် ၅ ထုတ်စာလောက်အတွက် လိုတဲ့ ပစ္စည်းများ

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ဗူး
ဝက်သား အဆီအသား 300 gram
Dried shiitake mushroom - မှို ခြောက် ၃ -၄ ပွင့် (ရေစိမ်ပြီး ပျော့လာရင် ပါးပါးလေးတွေ လှီးထားပါ)
Lap Xoung- တရုတ် ဝက်အူချောင်း ၃ ချောင်း (ပါးပါးလေးတွေ အစောင်းလိုက် လှီးထားပါ)
Five spices powder - တရုတ်မဆလာ
တရုတ် ဟင်းချက်ဝိုင်
ပဲငံပြာရည် အကြည်ရည် ( Lee Kum Kee - Premium Soy Sauce)
ပဲငံပြာရည် အနောက်ရည် (ABC - Sweet Soy Sauce)
ငရုပ်ကောင်းမှုန့် white papper

ကြက်သွန်ဖြူ  ၈ မွှာခန့်  (နုတ်နုတ်စင်းထားပြီး တစ်ဝက်ကို နှမ်းဆီ စားပွဲဇွန်း ၂ဇွန်း၊ ပဲဆီ စားပွဲဇွန်း ၃ဇွန်းနဲ့ မိုက်ခရိုဝေ့ထဲ 80 sec လောက် ထည့်ပြီး ဆီချက်ထားပါ)
ပြောင်းမှုန့် (corn stretch) လဖက်ရည်ဇွန်း ၂ ဇွန်းခန့် ( ရေနဲ့ ဖျော်ထားပါ)
ပဲငံပြာရည် အကြည်ရည်၊ သူလဲ သုံးဖူးသမျှထဲမှာ အကောင်းဆုံးပါ။
ပဲငံပြာရည် အနောက်ရည် အချိုပါပါတယ်။ ရိုးရိုး ပဲငံပြည်ရည်ပဲ သုံးမယ်ဆို သကြားထည့်ချက်မှ ချိုတဲ့ အရသာ ရပါမယ်။

တရုတ်မဆလာ - သုံးဖူးသမျှထဲမှာ အကောင်းဆုံး brand ပါ)

တရုတ်ဝက်အူချောင်း


Dried shiitake mushroom - မှို ခြောက်




ပထမဆုံး ကောက်ညှင်းနဲ့ မှိုတွေကို ညကတည်းက ရေစိမ်ထားပါ။

မနက် လင်းတော့ ကောက်ညှင်းကို ရေစစ်၊ ရေတစ်ထပ်ဆေးပြီး  ဇလုံထဲမှာ ထည့်၊ အပေါ်က ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည် အကြည်ရည် ၂ဇွန်း၊ အနောက်ရည် နှစ်ဇွန်း၊ ဆား  ဇွန်းတစ်ဝက်၊ တရုတ် မဆလာ ဇွန်းဝက်၊ ငရုပ်ကောင်းမှုန့် ဇွန်းဖျားခန့် ထည့်ပြီးနယ်ပါ။ ပြီးရင် ပေါင်းအိုးထဲကို နာရီဝက်ထည့်ပေါင်းပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း) (အိမ်မှာတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်းပါတယ်။ သူနဲ့ အတူပါလာတဲ့ ဇကာလေးနဲ့ ထည့်ပေါင်းပါတယ်။ လေလုံတော့ အတော်ကို ပေါင်းလို့ အဆင်ပြေပါတယ်)

ကောက်ညှင်းပေါင်းနေတုံး ဝက်သားလေးတွေကို ပါးပါးလှီးပြီး တရုတ်ဟင်းချက်ဝိုင်  တစ်ဇွန်း၊ ပဲငံပြာရည် အကြည်အနောက် ၂ ဇွန်းစီခန့်၊ ဟင်းခပ်မှုန့်၊ တရုတ်မဆလာ ဇွန်း တစ်ဝက်ခန့် ထည့်ပြီး နယ်ထားပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)

ပြီးရင် ဒန်အိုး တစ်လုံးထဲကို ဝက်အူချောင်းတွေ ၂ မိနစ်ခန့် ထည့် လှော်ပြီး ပန်ကန်နဲ့ ကော်ထားပါ။ သူက ဆီပါပြီးသားဆိုတော့ ဆီ မထည့်ရပါ။


 နောက် ဝက်သားနဲ့ မှိုကို အချိုချက်ပါမယ်။
ဒယ်အိုးထဲကို ဆီ ၂ ဇွန်းခန့်ထည့် ကြက်သွန်ဖြူဆီသတ်ပါ။ ကြက်သွန်ဖြူ  ရွှေဝါရောင်လေးသန်းလာရင် စောနက နယ်ထားတဲ့ ဝက်သားတွေနဲ့ ပါးပါးလှီးထားတဲ့ မှိုတွေကို  ထည့် ဆီသတ်ပါ။ မွှေးလာရင် ပဲငံပြာရည် အနောက်ရည် တစ်ဇွန်းခွဲခန့် ထည့်မွှေပါ။
မှိုတွေရော ဝက်သားတွေရော ၅မိနစ်ခန့် ကျက်အောင် တည်ပြီးရင် ပြောင်းမှုန့်ကို ရေဖျော်ပြီး အနှစ်လေးနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ၅ မိနစ်လောက် ထပ်တည်ထားပါ။ မကပ်အောင် ရေကို လိုလျှင် ထပ်ထည့်ပါ။



 ကောက်ညှင်းပေါင်းထားတာ ကျက်ပြီး၊ ingredientတွေ အားလုံးပြင်ဆင်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ပန်းကန်လုံးလေးတွေ အောက်ခြေမှာ ဝက်အူချောင်းရယ် ဝက်သားနဲ့မှို အနှစ် ချက်ထားတာရယ်ကို စီပြီး ခင်းလိုက်ပါ။

 အပေါ်ကနေ ကောက်ညှင်း ပေါင်းထားတာကို ပန်းကန်းလုံး ပြည့်အောင် ထည့်လိုက်ပါ။  အဲဒါမျိုးလေးတွေ ၅လုံးခန့်လောက် ရပါမယ်။ကောက်ညှင်းထုတ်ဖို့ ဝါးရွက်မရှိတော့ အဲလို ပန်းကန်လုံးလေးတွေနဲ့ လုပ်တဲ့ သဘောပါပဲ။
 ကောက်ညှင်းကို ပြန်ပေါင်းဖို့  sauce အတွက် ပဲငံပြာရည် အကြည်အနောက် ၂ဇွန်းစီ၊ ရေ ၂ ဇွန်း ခန့်ရောပြီး အပေါ်ကနေ ဇွန်းလေးနဲ့ တစ်ဇွန်းခန့်စီခန့် နှံ့ အောင် လောင်းချပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)


  ပြီးရင် ပန်းကန်လုံးလေးတွေကို ပေါင်းအိုးထဲမှာ စီပြီး ၁၀ မိနစ်ခန့်ပြန်ပေါင်းရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သား ကောက်ညှင်းပေါင်း ရပါပြီ။

ပွဲ ပြင်ဖို့ အတွက်ကတော့ ပေါင်းထားတဲ့ ပန်းကန်လုံးလေးတွေကို ဒါးလေးနဲ့ ပတ်ပတ်လည် ကော်ပြီး စားမည့် ပန်းကန်ပြားထဲ မှောက်ချလိုက်ရင် အပေါ်က Ingredient လေးတွေနဲ့ စားချင်စဖွယ် မွှေးကြိုင်နေတဲ့ ဝက်သားကောက်ညှင်းပေါင်းကို စားနိုင်ပါပြီရှင်။





အန်တီဆွိ သုံးတဲ့ ပစ္စည်းလေးတွေကို တမင် ဓာတ်ပုံရိုက်ပြီး ပြထားပါတယ်။ တခြား ပစ္စည်းတွေ သုံးရင်တော့ ဒီလောက် အရသာ ကောင်းပါ့မလားလို့ ထင်မိလို့ ဖော်ပြပေးလိုက်တာပါ။




Wednesday, July 22, 2015

Hokkien Prawn Mee



Hokkien Prawn Mee ကို အိမ်မှာကြော်စားတာ ခဏခဏ ရှိနေလို့ ချက်နည်းက အလွတ်ရနေပါပြီ။ ဒါပေမဲ့ ချက်နည်းကိုတော့ တစ် ခါမှ မရေးဖူး၊ မရှယ်ဖူးသေးပါဘူး။ ဘာလို့လဲဆိုတော့ အန်တီဆွိ ရေးတာတွေဟာ မြန်မာလူမျိုး အများစု အတွက်ပဲ ရည်ရွယ်တာဆိုတော့ local က မြန်မာတွေက ဒီတရုတ်စာကို ကြားတောင် မကြားဖူးပါဘူး၊  စင်္ကာပူမှာ နေဖူးတဲ့ ဗမာတွေသာ ကောင်းကောင်းသိကြ စားဖူးကြမှာမှို့ လူကြိုက်နည်းတဲ့ အစာဆိုပြီး မရေးဖြစ်တာပါ။ ဒါပေမဲ့ အဲဒါလေး ဒီနေ့ချက်ပြီး ပုံလေး Face book မှာ တင်လိုက်တော့ တောင်းဆိုသူတွေ ရှိနေလို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

Hokkien Prawn Mee ကို ပထမဆုံး စ စားဖူးတော့ အနံ့သင်းသင်းလေးနဲ့ အနှစ်ကလေးကလဲ အဖြူရောင် ပျစ်ပျစ်လေးဆိုတော့ အုန်းနို့နဲ့ ချက်ထားတာလို့ ထင်လိုက်တာ။ တကယ်တော့ ပုဇွန်က အချိုရည် (prawn broth) နဲ့ နန်းလတ် ခေါက်ဆွဲဖတ်က ထွက်တဲ့ အဖြူုရောင်အရည်နဲ့ ရောသွားတော့ အုန့်နိူ့လို ခပ်ပျစ်ပျစ်လေးဖြစ်သွားတာပါ။ အဓိက အချိုရည်က ပုဇွန် ခွံတွေ၊ ခေါင်းတွေက ပြုတ်ပြီးရတဲ့ အရည်ကနေ ယူတာဆိုတာ နောက်မှ သိရပါတယ်။

လူ ၃-၄  ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

ပုဇွန် အကောင်ကြီးကြီး ၁၀ ကောင်ခန့် (သို့) 400 gram (Tiger prawn ဆို ပိုကောင်းပါတယ် )
ဝက်သား သုံးထပ်သား 300 gm (အတုံး ကြီးကြီး ၃တုံးခန့် တုံးပြီး ဆားနဲ့နယ်ထားပါ)
ဝက်ဆီဖတ် 200  gm, အတုံးသေးသေးလေးတွေတုံးပြီး ကြွပ်နေအောင် ကြော်ထားပါ။ ဆီကိုလည်း ကြော်ရအောင် သိမ်းထားပါ
Squid 250 gm, သန့်စင်ပြီး အကွင်းလိုက်လေးတွေ လှီးထားပါ။
 Fish cake အပြား ၃ခုခန့်  - ပါးပါးလေးတွေ လှီးထားပါ။
ပဲပင်ပေါက် အထုတ် တစ်ဝက်ခန့်
Chives တစ်စည်း ၂လက်မခန့် ရှည်ရှည်လေးတွေ ဖြတ်ထားပါ။
သံပယိုသီး (သို့) သံပုရာသီး တစ်ခြမ်း ၄စိတ်စိတ်ထားပါ။ 

(သံပုရာသီးအစား Calamansi သီးလေးတွေရရင် ပိုကောင်းပါတယ်။)

Hokkien mee ( ဂျုံခေါက်ဆွဲ အဝါ) 500 gm
နန်းလတ် ( ဆန်ခေါက်ဆွဲ) 300 gm
ကြက်ဥ ၃ လုံး
ကြက်သွန်ဖြူ  ၅ မွှာခန့် နှုတ်နှုတ် စင်းထားပါ။
ငါးငံပြာရည် သင့်သလို
ကြက်သားမှုန့်
Singlong တံဆိပ် Sambal Chilli Prawn  မလေးရှား ငပိ အစပ်ကြော်

ပထမဆုံး ပုဇွန်တွေကို အမြီးပိုင်းထိပ် အခွံလေးပဲ ကျန်အောင် အခွံခွာသန့်စင်ပြီး ခေါင်းတွေရော အခွံတွေရော ရောပြီး အိုးတစ်လုံးထဲ ရေထည့် ရေမြုတ်အောင်ပြုတ်ပါ။ ဟင်းချိုရည် 300 ml ခန့်ရအောင် မိနစ် ၂၀ ခန့် ပြုတ်ပါ။ ဝက်သားတုံးတွေကိုလည်း ထည့်ပြုတ်ပါ၊  ပြီးရင် အရည်ကို စစ်ပြီး ခွက်တစ်ခုနဲ့ ဖယ်ထားပါ။ ဝက်သားပြုတ်တွေကို ပါးပါးလှီးထားပါ။
လှ

  အပေါ်ကပြောတဲ့ အတိုင်း Ingredient တွေအားလုံး အဆင်သင့်ဖြစ်ရင် စ ကြော်ပါတော့မယ်။

တရုတ်ဆိုင်က ဆီ၀နေတဲ့ ဒယ်အိုး သို့ non sticker ဒယ်အိုး ခပ်ကြီးကြီး ထဲကို စောနက ဝက်ဆီဖတ်ကြော်ထားတဲ့ ဆီ Table spoon ၅ ဇွန်းခန့် ကိုထည့် ပထမဆုံး ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာ ကြော်လိုက်ပါ။ မီးကို အပြင်းဆုံးမှာ ထားပါ။
မွှေးလာရင် ပုဇွန်နဲ့ squid ထည့်ကြော်ပါ။
အားလုံး မွှေးလာရင် ကြော်ထားတာတွေ ဘေးပတ်ပတ်လည်ကို  အသာပို့ပြီး အလယ်ခေါင် ဆီစုနေတဲ့နေရာမှာ  ကြက်ဥ ၃လုံးဖောက်ိထည့်ပြီး ကြော်ပါ။ ကြက်ဥတွေ အနည်းငယ်ကြေသွားအောင် မွှေပေးပါ။
ကြက်ဥကြော်တာ ကျက်ရင် ဘေးက အသားတွေနဲ့ ရောမွှေလို့ရပါပြီ။
ခဏ မွှေပြီးရင် ဝက်သားပြုတ်ထားတာနဲ့ fish cake လှီးထားတာတွေကို ထည့်ကြော်ပါ။ ပြီးရင် ပဲပင်ပေါက်၊ ခေါက်ဆွဲ အဝါ၊ အဖြူ အားလုံးထည့်ကြော်ပါ။
ငါး ငံပြာရည်၊ ကြက်သားမှုန့် သင့်သလို ထည့်ပါ။
အောက်က နဲနဲ ကပ်လာပြီဆို ပုဇွန်ပြုတ်ရည် ၃- ၄ဇွန်းလောက် ထည့်ပြီး အသာလေး မွှေပေးပါ။
အဲလိုပဲ ပုဇွန်ပြုတ်ရည်နဲနဲချင်းထည့်ကာ ခေါက်ဆွဲတွေ ပျော့လာ အိလာရင် ဝက်ဆီဖတ်ကြော်ထည့်၊ Chives လေးတွေထည့်ကြော် အရည် ရွှဲရွှဲလေးနဲ့ အပေါ့ အငံမြည်းကာ ချလို့ရပါပြီ။

ပွဲပြင်ဖို့ကတော့ ပန်းကန်ပြားထဲ ကို ပူပူနွေးနွေး ခေါက်ဆွဲကြော်ကို ထည့် ဘေးက သံပုရာသီး တစ်စိတ်နဲ့ ငပိအကြေ အစပ်ကြော် လေး ဘေးက ပုံလိုက်ရင် စားလို့ရပါပြီ။ အလွန် အနံ့ အရသာနှင့် ပြည့်စုံသော Hokkien Prawn Mee ဖြစ်ပါတယ်။ အာဂ ပါးစပ် လူဖြစ်ကျိုး နပ်လောက်ရဲ့ ဆိုတာ တကယ်ပါပဲ။

Wednesday, March 28, 2012

စင်္ကာပူ အမှတ်တရ Kway Chap

အန်တီဆွိ စင်္ကာပူမှာနေတုံးက ပါစီပါဂျန်းမှာ နာမည်ကြီး ကွေ့ချပ်ဆိုင်ရှိတာ ရုံးနဲ့နီးတော့ ခဏခဏ သွားစားဖြစ်တယ်။ ရုံးကအဖွဲ့ကလဲ လူညီတယ်။ ပါစီပါဂျန်း ကွေ့ချပ်ဆိုင်ဆို ဘယ်သူမှ မငြင်းဘူးဗျ။ အဲဒါ ဒီဖက်လာခါနီးတော့ ကောင်လေးတွေက ဆွိ နင် ဟိုရောက်ရင် ကွေ့ချပ်စားရတော့မှာမဟုတ်ဘူးတဲ့။ ဒီတော့ ဒီမှာရှိတုံး အဝစားသွားဆို နောက်ဆုံးအပတ်ကို နေ့တိုင်းနီးပါး အဲဒီဆိုင်သွားကြတယ်ဗျာ။ ကိုယ်ကတောင် ကွေ့ချပ်က ဝက်အူတွေ၊ ကလီစာတွေဆိုတော့  အဆီများလို့ နေ့တိုင်းတော့ မလုပ်ပါနဲဟယ်။ တော်နေ ငါမသွားခင် နင်တို့အကုန် (ဂန့်ကုန်) ဒုက္ခရောက်ကုန်ဦးမယ်ဆို ပြောယူရတယ်။ 

တကယ်လဲဟုတ်တယ်။ ဒီဖက်မှာ စင်္ကာပူအစားအစာ ကြက်ဆီထမင်းတို့၊ လက်ဆာတို့၊ စင်္ကာပူစတိုင် ခေါက်ဆွဲကြော် (Mee Goreng) တို့၊ ကွေ့သယောင်တို့ အစရှိသဖြင့် အကုန်ရပေမဲ့ အဲဒီ ဝက်အူ၊ ကလီစာတွေကို ပြုတ်ပြီးရောင်းတဲ့ Kway Chap ကတော့ ဒီမှာ ဘယ်နေရာမှ မရှိဘူးခင်ဗျ။ မဆွိတီတို့လဲ စင်္ကာပူရောက်စက ကွေ့ချပ်တို့၊ ဘာကူးတေတို့ မကြိုက်ပေါင်။ ဆေးနံ့က နံပါဘိသနဲ့။ ဘယ်လိုအနံ့ကြီးမှန်း မသိဘူးပေါ့။ နောက်တော့ ဝက်သားတုတ်ထိုးငတ်တာနဲ့ ဝက်အူပြုတ်ကို ဝက်သားတုတ်ထိုး အမှတ်နဲ့ စားရာကနေ ကွေ့ချပ်ကိုပါ ကြိုက်သွားပါရော။ အိမ်မှာကြီးတော်ကလဲ ကွေ့ချပ်ပရိတ်သတ်ပဲ။  ကြီးတော်တင်မက၊ ဂျူဂျူလေးကပါ အဲဒီကပါတဲ့ ဝက်စတူးက အရမ်းနူးအိနေတော့ သူပါကြိုက်ပြီး ၅၂လမ်း ဟော်ကာက ကွေ့ချပ်ဆိုင်မှာလဲ week end ဆို မိသားစု သွားသွား စားကြသေးတယ်။ အဲဒီထဲက ကြက်ဥပြုတ်ကိုလဲ ဂျူဂျူတို့ သိပ်ကြိုက်။ အမှန်က ကွေ့ချပ်ဆိုတာ အရည်နဲ့ ဖျော်သောက်တဲ့ မြန်မာလို ညှပ်ခေါက်ဆွဲ အပြားကြီးကို ခေါ်တာပါ။ သူတို့က ဝက်အူတွေကို တရုတ် spice တွေ၊ ဆေးတွေနဲ့ပြုတ်လိုက်တော့ ဘာညှီနံ့မှ မထွက်တော့ဘူး။ ဝက်သားဆိုလဲ ဝက်စတူးသဘောမျိုး နူးအိနေတာပဲကိုး။ ကြက်ဥတွေ၊ ဝက်သားအရေပြား၊ ပဲပြားကြော်၊ ပဲပြားအစိမ်းတွေ လဲ  ထည့်ပြုတ်သေးတယ်။ တစ်ချို့လဲ မြေပဲ ပြုတ်တွေ၊ မုန်ညင်းချဉ်ပြုတ်တွေပါ ထည့်ပေးတယ်။။ 


မနေ့က ချက်နည်းလေးသိချင်လို့ အင်တာနက်ထဲ ဝင်မွှေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူရဲ့ အကောင်းဆုံးတွေထဲက တစ်ခုသော ကွေ့ချပ်ဆိုင်ဆိုပြီး အပေါ်ကပြောတဲ့ ပါစီပါဂျန်းဆိုင်ကို စင်္ကာပူ ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်လို့ ဆိုင်လိပ်စာလေး သိရအောင် လင်ခ့်လေး ပေးလိုက်ပါတယ်။
 Tong Lok Kway Chap
ခဏခဏသာ သွားစားနေတယ်၊ ဆိုင်နာမည်ကို တစ်ခါမှ သတိမထားမိဘူးဂျာ။ ခုမှ  Tong Lok Kway Chap ဆိုင်ဆိုတာ သိရတော့တယ်။  အဲဒီဘလော့ဂ်က ပုံတွေကြည့်ရင်းနဲ့ ဒီလို ကွေ့ချပ်တွေ ပြင်ဆင်ထားတာ၊ ဆိုင်ပိုင်ရှင်တွေရဲ့ ပုံတွေ ပြထားတာ မြင်ဖူးသလိုလိုပဲဆို တွေးနေတာ။ နောက် ဆိုင်လိပ်စာတွေ့မှ ကိုယ်သွားစားနေကျ ဆိုင်မှန်းသိတော့တယ်။ အဲလောက်နာမည်ကြီးမှန်းကို မသိခဲ့တာပါ။ တစ်ခါ အိမ်ကလူတွေ စားရအောင်ဆို အဲဒီဆိုင်ခေါ်သွားတာ Sunday ကြီးဖြစ်နေလို့ မဖွင့်ဘူးတဲ့ ခင်ဗျ။ စလုံးက ကွေ့ချပ်ပရိတ်သတ်တွေ သွားစားချင်ရင် တနင်္ဂနွေ၊ တနင်္လာနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ဈေးလဲ မကြီးပါဘူး။ ဟော်ကာစင်တာမှာ ရောင်းတဲ့ ဈေးနှုံးထက်တောင် သက်သာပါသေးတယ်။
 


ဒီဖက်မှာ ဗီယက်နန်တွေ တရုတ်တွေပေါတော့ ဝက်သားကလီစာ အကုန်ဝယ်လို့ရပါတယ်။ ဝက်အူအကြီးဆို တစ်ကေဂျီ ၈ကျပ်လောက်ပဲရှိပါတယ်။ အူချိုလေးတွေလဲ ရပါတယ်။ ခါတိုင်းဆိုရင်တော့ ဗမာစတိုင် ဝက်သားတုတ်ထိုး လုပ်စားတာများတယ်။ ဆေးရကြောရတာ မသက်သာလို့ မစားဖြစ်တာတောင်ကြာလှပေါ့။ နောက်ဆုံးအခေါက်က ဆေးရတာတော်တော် လက်ဝင်ပြီး အနံ့လဲ သိပ်မပျောက်လို့လေ။ ဒါနဲ့  ဒီအပတ် စနေက ဈေးဝယ်တော့ မထင်မှတ်ပဲ ကိုယ်ဝယ်နေကျဆိုင်မှာ တွေ့တာနဲ့ အူအကြီး (ဘာအူ ခေါ်လဲမသိ) ၅၀၀ဂရမ် ဝယ်လာခဲ့တယ်။ မနေ့က ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ဟိုတစ်ခါ စင်္ကာပူက အစ်မ လက်ဆောင်ပေးခဲ့တဲ့ ကွေ့ချပ် spice အမှုန့်ထုတ်တွေ့တာနဲ့ ကွေ့ချပ်ပဲ လုပ်စားတော့မယ်ဆို ဝက်အူကို စပြီး ရေဆေးရပါတော့တယ်။ 

ဝက်အူက ကိုင်ပြီး၊ ဆေးပြီးသားပေမဲ့ အနံ့ကတော်တော်ကျန်သေးတော့ မန်ကျည်းမှည့်နဲ့ ဆားကြမ်းနဲ့ နာနာပွတ်ပြီး အပြင်ဖက် ၃ခါ၊ အတွင်းဖက်လှန်ပြီး ၃ခါလောက် ပွတ်ဆေးရပါတယ်။ စားချင်တော့လဲ ဒုက္ခခံရပါတယ်။ ဝက်သားကိုလဲ  ၂၅၀ဂရမ်လောက် အတုံးလိုက် လှီးထားပါတယ်။ ဝက်သားသုံးထပ်သားဆို ပိုကောင်းပါတယ်။ နောက် ပဲပြားတွေ ဝယ်ထားတာ ရှိတာနဲ့ ပဲပြားတွေလဲ အဆင်သင့် တစ်ဝက်စီ လှီးထားပါတယ်။ ကြက်ဥ ၃လုံးကိုလဲ ရေဆေးပြီး ထည့်ပြုတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ဝက်အူကို မညှီအောင်၊ အနံ့မထွက်အောင် လုပ်နည်းတွေ့လို့ မျှဝေပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် စောနက ဆေးထားတဲ့ ဝက်အူကို ဒီအတိုင်း လုံးဝမလှီးပဲ ဆီကျက်ထဲကို ထည့်ကြော်ပါတယ်။ ရေခန်းလာရင် ဝက်အူ တစ်ဝက်လောက်မြုတ်အောင် ရေထပ်ထည့် ပြုတ်ထား ၂မိနစ်လောက်နေလို့ တော်တော်ပွက်လာရင် အဲဒီ ရေတွေကို ငှဲ့ပစ်ပါတယ်။ အဲဒါမျိုး၃ခါလောက် ရေတွေကို ထည့်လိုက်၊ ငှဲ့လိုက်ရင် ဝက်အူဟာ အညှီနံ့ လုံးဝနီးပါးပျောက်သွားပါတယ်။ နောင် ဝက်သားတုတ်ထိုးလုပ်ရင်လဲ ဒီနည်းပဲ သုံးပါတော့မယ်။

ကွေ့ချပ် spice ဖြစ်ပါတယ်။ အော်ဇီမှာလဲ တရုတ်ဆိုင်တွေမှာ ရှိပါတယ်။ ဈေးမကြီးပါဘူး။ တစ်ထုတ် ၂ကျပ်ခွဲလောက်တော့ ရှိမယ်။
 

နောက်တော့ soup လုပ်ဖို့ ဆော့စ်အတွက် ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း ၃ဇွန်း၊ အကြည်ရေ ၂ဇွန်း၊ ကြက်သားမှုန့် လဖက်ရည် တစ်ဇွန်းခန့်ကို ရေနဲ့ဖျော်ထားပါတယ်။ ကွေ့ချပ်ပြုတ်မဲ့ အိုး ကြီးကြီး ဇောက်နက်နက်ထဲကို ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဂျင်း ပါးပါးလှီးထားတာ ၄-၅ ခုလောက်၊ ကြက်သွန်ဖြူကို အခွံမနွှာပဲ ၄-၅ဥလောက်၊ နာနက်ပွင့် တစ်ပွင့် ၂ပွင့်ခန့်ကို  ဆီကျက်ရင် ထည့်ဆီသတ်ပါတယ်။ (Kway chap spice ထုတ်မှာ တရုတ်မဆလာ five spice တို့ ဘာတို့ အစုံပါပြီးသားဆိုတော့ ဟင်းခပ်အမွှေးအကြိုင်တွေအများကြီး ကိုယ့်ဟာကိုယ် ထည့်ဖို့ မလိုတော့ပါဘူး။) ဆီသတ်တာ အနံ့နဲနဲမွှေးလာရင် မီးပိတ်ပြီး အပေါ်က ရေနဲ့ဖျော်ထားတဲ့ ဆော့စ်ကို လောင်းထည့်ပါတယ်။ (မီးမပိတ်ရင် ဆီကျက်နေတုံးမှို့ မီးထတောက်မှာ ကြောက်ရပါတယ်)။ နောက်ထပ် ရေကို (ထည့်မဲ့ ပစ္စည်းတွေ မြုတ်ရုံ) အိုးနဲ့ အပြည့်နီးပါးထည့်ပြီး အပေါ်ကနေ ကွေ့ချပ် spice အထုတ်ရဲ့ တစ်ဝက်ကို လောင်းထည့်ပါတယ်။ နောက် ချိုအောင် brown sugar ( သို့ ) ထန်းလျှက် ၃လုံးလောက် ပစ်ထည့်ပါတယ်။ အဲဒါဆို soup က အဆင်သင့်ဖြစ်ပါပြီ။  Soup ကို ဆူပွက်နေအောင်တည်ထားပါတယ်။ soup ကို ကိုယ့်စိတ်ကြိုက်အရသာရအောင် ပဲငံပြာရည် အကြည်ရေ၊ ထန်းလျှက် အစရှိသည်တို့ကို လိုရင် ထပ်ထည့်ပေးပါဦး။

Soup ရပြီဆို အပေါ်က ဝက်အူရယ်၊ ဝက်သား၊ ပဲပြား၊ ကြက်ဥတို့ကို soup ထဲ ထည့် မီးအေးအေးနဲ့ နာရီဝက် တစ်နာရီခန့် ထည့်ပြုတ်ရပါတယ်။ ကြက်ဥပြုတ်ကျက်ရင် အခွံခွါပြီး soup ထဲ ပြန်ထည့်ပြုတ်ပါတယ်။ 
 
 အသားတွေက အကျက်မညီလို့ တည်နေတုံး မြည်းစမ်းကြည့်ပြီး ကျက်တာကို အရင်ကော်ထားစေချင်ပါတယ်။ ဝက်အူက နူးလွယ်တော့ အရမ်းပျော့အိသွားရင် မကောင်းလို့ အနေတော်လေးမှာ  ပန်းကန်တစ်လုံးနဲ့ ဆယ်ထားရပါတယ်။

ဝက်အူနဲ့ အသား၊ ပဲပြားတို့ကို အဆင်သင့်ဖြစ်အောင် ပါးပါးလှီးထားပါတယ်။

အမှန်က ပဲပြားကို ကြော်ထားတာလဲ ထည့်ပြုတ်ရင်ပိုကောင်းပါတယ်။

တကယ်တော့ အန်တီဆွိဝယ်တာ  ကွေ့ချပ် အစစ်မဟုတ်ပါဘူး။ ကွေ့ချပ်အစစ်က မညှပ်ရသေးတဲ့ ညှပ်ခေါက်ဆွဲ အချပ်လိုက်ကြီးပါ။ ဈေးက လွယ်တာပဲ ဝယ်ခဲ့ပါတယ်။


အချဉ် Sauce အတွက်တော့ မြန်မာ ဝက်သားတုတ်ထိုး sauce ကိုပဲ အချဉ်ကဲပြီး ခပ်ချဉ်ချဉ်လေး လုပ်လိုက်ပါတယ်။


စားခါနီးကျ စောနက Kway Chap soup ကို ဆူပွက်နေအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့မှ လှီးထားတဲ့ အသားတွေ၊ အူတွေ၊ ပဲပြားတွေကို တစ်ခုချင်းစီ သံစကာလေးနဲ့ soup ထဲ နှစ်ပြီး ပန်းကန်ပြားခပ်ကြီးကြီးထဲထည့် ပြီး ပြင်ဆင်ပါတယ်။

ကွေးချပ် (ညှပ်ခေါက်ဆွဲ)ကိုလည်း ပန်းကန်လုံးလေးထဲထည့် ဟင်းရည် ပူပူ လောင်းထည့်ပါတယ်။

တွဲစားရအောင် အရွက်မပါလို့ Bok Choi ကို ခရုဆီနဲ့ ကြော်လိုက်ပါတယ်။

စားရန် အဆင်သင့်ဖြစ်ပါပြီခင်ညာ။ စလုံးက ပရ်ိတ်သတ်ကတော့ ဒုက္ခခံလုပ်စရာမလိုဘူးပေါ့။ စလုံးမှာ ဆိုင်တွေ ပေါမှပေါကိုး။ နိူင်ငံခြားရောက် ကွေ့ချပ် ပရိတ်သတ်တွေ ချက်စားရအောင် ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။