မြန်မာပြည်မှာတုံးက မိုးရာသီရောက်ပြီဆို မဆွိတီတို့ သူငယ်ချင်းတသိုက် လေယာဉ်ကွင်း တောထဲသွားပြီး ဖလန်တောင်ဝှေးတွေချိုး ကြော်စားကြတာမှတ်မိပါတယ်။ အဲဒီတုံးက အရင့်တွေရတာများတယ်။ အပေါ်ပိုင်း နုတာလေးတွေပဲ လှီးပြီး ကြော်စားရတာ။ သူကနဲနဲ သက်သက် ချိုချိုလေးလေးမှို့ ခံတွင်းတွေ့လှပါတယ်။ မိုးတွင်းမှသာစားရတဲ့ ရာသီစာ ဖလှန်တောင်ဝှေးပါရှင်။
အဲဒီနေ့က မဆွိတီတို့အိမ်မှာ ညနေစာ ဖလန်တောင်ဝှေးကြော်ရယ် ပုဇွန်ချဉ်သုတ်ရယ် ဘူသီးကြော် ဘယာကြော် ရယ် နဲ. ဘာအသားကြီး ငါးကြီးဟင်းမှမပါပဲ စားကြတယ် ... တစ်ခါတလေ စားလို့ကောင်းပါတယ် ...ချွေတာရေးလည်းဖြစ်ပါတယ် ...
ကြုံတုံး ဓာတ်ပုံလေး ရိုက်ထားလို. ဘယ်လိုချက်လဲ အတိုချုံးပြောပြမယ်နော် ...
ဖလန်တောင်ဝှေးကြော်
၁။ဖလန်တောင်ဝှေးကို တစ်လက်မအရွယ်လေးတွေလှီးဖြတ် ငရုပ်ကျည်ပွေ့လေးနဲ. အသာထု ပြီးရင် ဆနွင်းမှုန့်လေး နဲနဲ ဆားလေးတစ်ဇွန်းလောက် ထည်.ပြီးရေ၁၅မိနစ်လောက် ရေစိမ်ပြီး ရေစစ်ထားပါ ... အစေးလေးတွေ ပျောက်အောင်ပါ ...
၂။ပုဇွန်ခြောက် ၂ဇွန်း မောက်မောက်ရယ် ကြက်သွန်နီဥကြီးတစ်လုံးလှီးထားတာရယ် ကြက်သွန်ဖြူ ၄မွှာလောက်ရယ် မျှင်ငပိ လက်၂ဆစ်စာလောက်ရယ် ငရုပ်သီးအရောင်တင်မှုန့်နဲနဲရယ် ရောပြီး ကြိတ်စက်နဲ. ကြိတ် ဒါမှမဟုတ်ထောင်းပါ...
၃။ပြီးရင် ဒယ်အိုး မီးဖိုပေါ်တင် ဆီ ၃ဇွန်းလောက်ထည့် ဆီကျက်ရင် ဆနွင်းမှုန့်လေးနဲနဲပစ်ထည့် အပေါ်ကထောင်းထားတဲ. အစာတွေထည်.ပြီး ဇွန်းနဲ.အဆက်မပျက်မွှေပြီးကြော်ပါ ...ရွေဝါရောင်သန်းပြီး မွှေးနံ့ထွက်လာရင် ဖလန်တောင်ဝှေး ထည်.ပြီး မွှေပေးပါ ...ငံပြာရည်လေးရယ် အချိုမုန့်ရယ် သင့်သလိုထည်းပြီးဆက်မွှေပါ
၄။မွှေရင်းနဲ အိုးကပ်ချင်လာရင် ခုနက ငရုပ်ဆုံဆေးရေလေးတစ်ဇွန်းစာလောက်ထည်. မွှေပြီး အဖုံးဖုံး နှပ်ထားပါ ... ရေခမ်းရင် အပေါ့အငံမြည်း လိုရင်ထပ်ထည်. ချလို့ရပါပြီ ...
ဖလန်တောင်ဝှေး အစိမ်းရောင်မပျက်ခင် ချပါ ...
ဒီမှာစားလို့ရပါပြီရှင်။ အနီးကပ်သွားရည်ကျချင်ရင်တော့ ရဲရဲကြီးသာ ကလစ်လိုက်ပါ။ ပုံကိုပြောတာပါ။
ဖလန်တောင်ဝှေးမရှိရင် Asparagus လို.ခေါ်တဲ. ကညွတ် ကိုကြော်လည်းရပါတယ် ...Asparagus ကတော. နေရာတိုင်းမှာရလိမ့်မယ်လို.ထင်ပါတယ် ...
ကြက်ဟင်းခါးသီးကြော် ကင်းပုံသီးကြော် ကြောင်လျှာသီးကြော် အားလုံး ဒီပုံစံအတိုင်းကြော်လို့ရပါတယ် ... အစာထောင်းထားတာက ကြက်ဟင်းခါးသီးဆို အရွယ်လတ် ၄လုံးစာ ကြောင်လျှာသီးဆို တစ်တောင့်စာလောက်ရှိပါတယ် ...
အခါးရေထွက်အောင် နဲနဲလေး ညှစ်ပစ်ရတာပဲ ကွာပါတယ် ...
စလုံးမှာ ဘယ်လို ဖလန်တောင်ဝှေးရလဲလို့တော့ မမေးပါနဲ့။ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးလို့ပါရှင်။ သူငယ်ချင်းဘယ်လိုရလဲ မမေးပါနဲ့။ တိုးတိုးတိတ်တိတ်ပြောမှရမှာပါ။