ငယ်ငယ်က မှတ်မိသေးတယ်။ မဆလခေတ်ကပေါ့။ ဖေဖော်ဝါရီဆို ပြည်ထောင်စုနေ့အတွက် ကျိုက္ကဆံကွင်းမှာ ပွဲတော်ရှိတယ်။ ခလေးတွေစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပြိုင်ပွဲ၊ ပြပွဲတွေ မျိုးစုံပဲ။ ၀န်ကြီးဋ္ဌာနအလိုက်ပြခန်းတွေ၊ ပိသုကာပုံစံအသေးလေးတွေနဲ့ ပြထားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်ပွဲတွေလဲရှိတယ်။ ဇာတ်ပွဲတွေဆို အဲသည် ကျိုက္ကဆံပွဲကို အားထားကြတာ။ အကောင်းဆုံး၊ အဆန်းဆုံး အစီအစဉ်တွေ နဲ့ သူ့ဆီ လူပိုကြည့်အောင် ဆွဲဆောင်ကြတာ။ လူတွေကလဲ အရမ်းကိုစည်တယ် ၊ ကိုယ်တို့ ခလေးတွေလည်း အရမ်းကိုပျော်ခဲ့ကြပါတယ်။
အဲဒီမှာ ကိုယ်တို့အမေက ၀န်ထမ်းဆိုတော့ သူတို့ဝန်ကြီးဋ္ဌာန ပြခန်းမှာ အစောင့်ကျလို့ ဇာတ်ပွဲလက်မှတ်တွေ အလကားရတယ်။ အဲဒီခေတ်က ပိုက်ပိုက်ရှိမှ ၊၀ါသနာအလွန်ကြီးမှ၊ ကြည့်နိုင်တဲ့ ရွှေမန်းတင်မောင်၊ မြို့တော်သိန်းအောင်၊ မိုးဝင်း၊ မန္တလေး သိန်းဇော် အစရှိသဖြင့် ပွဲလက်မှတ်တွေ အလကားရတော့ ကိုယ်တွေလဲကြည့်ဘူးအောင်ဆို ပထမဆုံး မြို့တော်သိန်းအောင် စကြည့်ကြပါတယ်။ ပွဲကလူရွှင်တော်တွေက အရမ်းကောင်းတော့ ကိုယ်တွေလုံးဝ အိပ်မငိုက်ပဲ ညလုံးပေါက် မိုးအလင်း ထိုင်ကြည့်ကြပါတယ်။
မနက်ခင်းရောက်တော့ အိမ်ပြန်၊ အဲဒီကျမှ အိပ်ရာထဲဝင် အိပ်ကြတာပေါ့။ ခဏနေတော့ နားထဲ ဆိုင်းသံတွေကြားနေလို့ အိပ်နေရာကနေ ခဏခဏ အပြင်ကို ထွက်ထွက်ကြည့်မိနေတယ်။ နောက်မှ အမေရေလို့ ဒီနား ဘယ်က ဆိုင်းဝိုင်း ရှိမှန်းမသိ ဆိုင်းသံတွေကြားရတယ်၊ဆိုမှ အမေက ဟဲ့ ... အဲသာ ပွဲကိုက်တယ်ခေါ်တယ်။ ဒီနားဘာမှ ဆိုင်းဝိုင်းမရှိဘူးဆို အတင်းပြန်အိပ်ခိုင်းမှ ပြန်အိပ်ရပါတယ်။ အဲလိုဆိုင်းသံကြားရုံတင်မက အိပ်ရေးပျက်တော့ လူကငြီးစီစီနဲ့ အတော့ကို နေရထိုင်ရဆိုးပါတယ်။
ခုချိန်များ ငယ်ငယ်ကလို ပွဲကိုက်တတ်လို့ကတော့ အလုပ်ထဲ ဒုက္ခ ရောက်ရချည့်ရဲ့။ ။
ပွဲဆိုလို့ စပ်ဆက်ပြီး စင်္ကာပူမှ ပွဲကြည့်ချင်သူများအတွက် ဘလော့လာဖတ်တဲ့ ညီမလေးတစ်ယောက်မှ ကြော်ငြာပေးပါဆိုလို့ ဇာတ်ပွဲ၊ အငြိမ့်ပွဲကြည့်ချင်သူများအတွက် သတင်းကောင်းလေးပါ။ နာမည်ကြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ် ) စီစဉ်တာဖြစ်ပါတယ်။

မကြာမှီမှာကျရောက်လာတော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုရင်း စင်္ကာပူနိုင်ငံရောက် အနုပညာချစ်သူများနှင့် တက်လူ ၊ ဘကျော် ၊ အောင်ပြည့်တို့ စီစဉ်သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကို (21 -3- 2010)တနင်္ဂနွေနေ့ နေ့လည်၃နာရီ တိတိအချိန်မှာ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့မှာရှိတဲ့ Chinatown ၊ Kreta Ayer Prople's Theatreဇာတ်ရုံကြီးမှာကပြဖျော်ဖြေမှာဖြစ်ပါတယ်...။နှင်းဆီရင်ခွင်နှစ်ပါးသဘင်၊်မှာ-(မင်းသား) တင်မောင်ဆန်းမင်းဝင်း (သစ္စာမေတ္တာရွှေမန်းသဘင်)၊မင်းသမီးများ - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မေကဗျာ ၊ ခင်ဖြူကြည် ၊ ခင်သီတာစိုး ၊ စန္ဒာတိုး ၊ နန်းဝေယံမြင့် ၊ ဖူး ၊ သိမ့် တို့ဖြစ်ကြပြီး လူရွှင်တော်များအဖြစ် - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် - နေတိုး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း (Example) ၊ မိုးမိုး တို့မှ စတိတ်ရှိုး ၊ နှစ်ပါးအငြိမ့်များနဲ့အတူ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ် ...။
ကြိုတင်လက်မှတ်များကိုတော့ (၁) ဒေ၀ီဦး - # 05-17 Peninsula Plaza
(၂) T3 Treasure Travel - # 02-25 Peninsula Plaza
(၃) ဆုံဆည်းရာ - # 05-35 Peninsula Plaza
(၄) ရနံ့သစ် - B1 Peninsula Plaza
(၅) Golden Crown (s) Pte.ltd - # 02-104 Boonlay Place
(၆) သပြေနု - # 05-20 Peninsula Plaza
တို့မှာ ယခုအချိန်မှစတင်ပြီး ၀ယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းလည်း ကြိုတင် သတင်း ကောင်းပါးလိုက်ပါတယ် ...။အသေးစိတ်သိရှိလိုပါက ဦးမြင့်စန်း (92954247)၊ ကိုဘကျော် ( 98301562) ၊ ကိုအောင်ပြည့် (81912634) ၊ ကိုကိုလေး ( 91405700) ၊ ဒေါ်နီနီ (84646989) နဲ့ မဖြူဖြူအေး (96485774) တို့ထံမှာ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ် ...။အားလုံးပဲ စောစောဝယ်ထားမှ စိတ်ချရမှာမို့ နေရာကောင်းလေးရအောင် အမြန်ဆုံးသွးဝယ်နိုင်ကြဖို့ ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်....း)