ယခုတစ်လော နွေဦးရာသီ (spring) ရောက်ပြီဖြစ်ရာ ပန်းများလည်း
လှိုင်လှိုင်ပွင့်ပြီဖြစ်သည်။ ဂျူဂျူတို့ကျောင်းသို့ လိုက်ပို့ရင်း
လမ်းတစ်လျှောက်တွင် ဟိုအိမ်ဒီအိမ် ပန်းမျိုးစုံပွင့်နေကြရာ မဆွိတီမှာကား
ပန်းများကို ငေးမောရင်း သွားနေကျဖြစ်သည်။ တစ်အိမ်တွင်
ခရမ်းရောင်ပန်းကလေးများ အဆုတ်လိုက်၊ အဆုတ်လိုက်ပွင့်နေရာ အိုး ပန်းတွေ
လှလိုက်တာ၊ ဘာပန်းတွေပါလိမ့်၊ တစ်ပင်လုံး ခရမ်းရောင် ဆိုကာ
ငေးမောလျက်ရှိပေသည်။ မြို့ထဲ ကားနှင့်သွားသောအခါလည်း လမ်းတစ်လျှောက်
ထိုခရမ်းရောင်ပန်းများ ပွင့်နေရာ ငေးမောအားကျ၍သာ နေပေသည်။
မဆွီတီတို့ မီးဖိုချောင်
ခြေရင်းနားက ခြံစည်းရိုးတွင် ဟိုဖက်ခြံမှ သစ်ပင်ကြီးငယ်များ၊ ၎င်းတို့အပေါ်
တွယ်ကပ်ပေါက်နေသော
နွယ်လိုအပင်များ၊ နံရံကပ်ပင်များ ဒွေးရောယှက်တင် ပေါက်လျှက်ရှိရာ
တစ်နေ့တစ်နေ့ သစ်ရွက်ကြွေ
အမှိုက်လှဲရသည်မှာ မသက်သာလှပါ။ အော်သန်လို သစ်ရွက်ကြွေရာသီတွင် အရွက်တွေကြွေရုံမက၊ ဆောင်းရာသီ တစ်လျှောက်လည်း သဖန်းသီးအကြီးစားလို
အသီးများ တဖြုတ်ဖြုတ်ကြွေကျရာ လှဲလို့၊ သိမ်းလို့မနိုင်နိုင်ပါ။
အပင်အမျိုးမျိုးမှ အရွက်အမျိုးမျိုး၊ အသီးအမျိုးမျိုးတို့သည် ရာသီတိုင်း
တစ်ခုမဟုတ် တစ်ခု လှည့်ပတ်ကြွေနေရာ တစ်ရက်မလှဲမိလို့ကတော့ ခြံဝန်းထဲမှာ
အမှိုက်တွေမြင်မကောင်း။ မဆွိတီလည်း နေ့စဉ်တစ်ခါတော့လှဲပေမဲ့ မနက်လင်းတော့
အမှိုက်တွေက ပွမြဲ။
Fig (အင်္ဂလိပ်ရေသဖန်းသီး)
နှင့်ဆင်တူသောအသီး။

ဆောင်းတွင်းတစ်လျှောက်လုံး လှဲမနိုင်အောင် ဒုက္ခပေးခဲ့သောအသီးဖြစ်ပါသည်။ တစ်ခါသား Master chef အစီအစဉ်တွင် သဖန်းသီးယိုလုပ်ပြရာ တို့ နေ့စဉ် လှဲကာလွှင့်ပစ်နေသော အသီးများသည် အင်္ဂလိပ် ရေသဖန်းသီးတွေများ ဖြစ်လေမည်လား ဟူသော မျှော်လင့်ချက်ဖြင့် ခွဲကြည့်ရာ ငယ်ငယ်က ပုံပြင်ထဲမှ ဗာရာဏသီပြည်က ဘာသီးကြီးလို အထဲမှာ ဘာ ... ဘာ ..ဘာ မှ မရှိပါဘူးခင်ဗျာ။ သဖန်းသီးနှင့်ဆင်ဆင်တူသော အသီးသာဖြစ်ပါသည်။


ဦးခြိမ့်သည်ကား တနင်္ဂနွေ တစ်ပတ်ခြားဆိုသလို ခြံဝန်းထဲ မြက်ရိတ်၊ အမှိုက်လှဲတာဝန်ယူထားရာ တံမြက်စည်းလှည်းတိုင်း " ဟိုဖက်ခြံကတော့ နှိပ်စက်သကွာ၊ တို့ခြံကလဲ မဟုတ်ပဲနဲ့ လှဲရသဟေ့ ..."ဆို ငြီးလေသည်။ မြက်ကလဲ ဒီမှာ မရိတ်ရင် စည်ပင်ကလာစစ်ပြီး warning ပေးသည်ဆိုလား ရောက်စက ပြောဖူးသည်။ သစ်ရွက်မှိုက်များ၊ မြက်အမှိုက်များကို ၂ပတ်မှ တစ်ခါသာ စည်ပင်ကသိမ်းသည်ဆိုတော့ အမှိုက်ပုံးက တစ်ခါတစ်လေ ဆန့်ပင်မဆန့်ချင်။

ကြုံလို့ (ကြုံပြန်ပြီး))ဒီက
အမှိုက်သိမ်းစနစ်အကြောင်း ဖောက်သည်ချရဦးမည်။ ဒီမှာ ဗုဒ္ဒဟူးနေ့တိုင်း
တစ်ပတ်တစ်ခါ စည်ပင်က အမှိုက်သိမ်းသည်။ ဒီက အမှိုက်သိမ်းစံနစ်က
စင်္ကာပူကနှင့်မတူ၊ ပိုစံနစ်ကျသည်ထင်သည်။ စင်္ကာပူမှာတော့ အမှိုက်တွေ
အားလုံးရောကာ dust bin chute ကနေ ကြွပ်ကြွပ်အိပ်တွေနှင့် ပစ်ချရသည်။
အပေါ်ထပ်အမြင့်က ပစ်ချရသည်ဖြစ်ရာ ပုလင်းများဆို တချွမ်ချွမ်နှင့်
ကွဲကုန်သည်မှာ အူယားစရာ။ ဒီမှာတော့ အိမ်တိုင်းမှာ အမှိုက်ပုံးတွေကို
အရောင်၃ရောင် ခွဲပေးထားသည်။ အမှိုက်ပုံးများကို သစ်ရွက်များ၊
မြေကြီးများအတွက် အစိမ်းရောင်၊ နေ့စဉ် မီးဖိုချောင်
စွန့်ပစ်ပစ္စည်းများအတွက် အနီရောင်၊ Recycle အတွက် အ၀ါရောင်ဆို ခွဲထားကာ၊
အနီကိုတော့ အပတ်စဉ်၊ အစိမ်းနှင့် အ၀ါကို တစ်ပတ်ခြား တစ်လှည့်စီ ပစ်ရလေသည်။
အင်္ဂါနေ့ကတည်းက အမှိုက်ပုံးများကို လမ်းဘေးသတ်မှတ်ထားသည့်နေရာတွင်
ချပေးထားရသည်။ ဗုဒ္ဒဟူးနေ့ မနက်စောစော ၉နာရီလောက် (ဂျူဂျူကျောင်းပို့ချိန်)
ဆိုလျှင် အမှိုက်တွေမရှိတော့၊ လာသိမ်းသွားပါပြီ။
အမှိုက်များကို ဘယ်သူသိတာလိုက်လို့ဆိုကာ ထည့်ချင်ရာပစ်ထည့်လို့ မရပါ။ အမှိုက်မှားထည့်သည်ကို သိပါက စည်ပင်က ဒါဏ်ငွေရိုက်သည်ဆိုသည်။ မသင်္ကာ၍ လိုအပ်ပါက အိတ်စ်ရေးဖြင့်ပင်စစ်ကာ ဒါဏ်ငွေရိုက်သည်ဟုပြောရာ မဆွိတီတို့လည်း အမှိုက်ပစ်တာတောင် လက်လွတ်စပါယ် မပြစ်ရဲပါ။ အမှိုက်ကို မပြစ်မီ ကက်တဂိုရီ ခွဲရသည်က အလုပ်တစ်လုပ်။.
အမှိုက်များကို ဘယ်သူသိတာလိုက်လို့ဆိုကာ ထည့်ချင်ရာပစ်ထည့်လို့ မရပါ။ အမှိုက်မှားထည့်သည်ကို သိပါက စည်ပင်က ဒါဏ်ငွေရိုက်သည်ဆိုသည်။ မသင်္ကာ၍ လိုအပ်ပါက အိတ်စ်ရေးဖြင့်ပင်စစ်ကာ ဒါဏ်ငွေရိုက်သည်ဟုပြောရာ မဆွိတီတို့လည်း အမှိုက်ပစ်တာတောင် လက်လွတ်စပါယ် မပြစ်ရဲပါ။ အမှိုက်ကို မပြစ်မီ ကက်တဂိုရီ ခွဲရသည်က အလုပ်တစ်လုပ်။.
အော် ရေးရင်းနှင့်
ဘယ်တွေရောက်သွားပြီလဲမသိ။ ပန်းတွေနှင့်ဝေ ဆိုကာ အမှိုက်တွေနှင့် ဝေ
ဖြစ်နေပြီ။ သည်းခံပါ ပိတ်သတ်ကြီး။း) ဆက်ရေးပါဦးမည်။
ဟိုတစ်နေ့ကတော့
ခြံစည်းရိုးနား အမှိုက်လှဲရင်း အပေါ်မော့ကြည့်မိရာ ဟိုဖက်ခြံကနေ
ကိုယ့်ခြံဖက်ကို ကျူးကျော်ဝင်ရောက်နေသော အပင်တစ်ပင်မှ အဖူးကလေးများကို
မြင်ရာတွင် ပန်းကြိုက်တတ်သော မဆွိတီသည် ကြိတ်၍ပျော်နေသည်။
ပန်းတွေတော့ဖူးနေပြီ၊ ဘာပန်းတွေပွင့်မလဲ မသိဆိုကာ
စိတ်ဝင်တစားစောင့်ကြည့်နေတော့သည်။


တစ်ရက်တော့ ခရမ်းရောင်ပန်း ကလေးများ အဆုတ်လိုက် အဆုတ်လိုက် တွဲလဲခိုကာ
ပွင့်နေသည်ကို
မြင်ရသည်တွင် ပန်းကြိုက်သော အန်တီဆွိတစ်ယောက် အတော် ပျော်သွားပါသည်။
လက်စသတ်တော့ ဤပန်းများသည်ကား လမ်းတစ်လျှောက်တွေ့နေကျ အားကျ ငေးမောခဲ့သော
အမည်မသိခရမ်းရောင် ပန်းများဖြစ်နေလေသတည်း။
ဒီတစ်ခါတော့ ဟိုဖက်ခြံကို ကျေးဇူးတင်မိသည်။ ပန်းတို့သည် နေရောင်ရသော မဆွိတီတို့အခြမ်းတွင်သာ ဖူးပွင့်လျှက်ရှိသည်။ ဒါတောင် အားလုံးပွင့်သေးသည်မဟုတ်သေး။ အဖူးများက အစီအရီ ရှိနေသေးရာ ပန်းများအားလုံးတစ်ပြိုင်နက်တည်းပွင့်ပါက ခြံစည်းရိုးတစ်လျှောက် ခရမ်းရောင်ပန်းများ ဖွေးဖွေးလှုပ်နေမှာ မြင်ယောင်ရင်း ပျော်နေပါတော့သည်။

(၀ီကီတွင်ရှာကြည့်သောအခါ ပန်းအမည်မှာ Wisteria Floribunda ဟူ၍ ဖြစ်ပါသည်။ wiki link)
အဲလောက် ခရမ်းရောင် တောက်တောက် ပန်းတွေကို တအုံကြီး တွေ့ရတာ ဘယ်လိုကြီးလဲ မသိဘူး .. အူယားလိုက်တယ် :P
ReplyDeleteလိုက်တာ* (typo error) :D
ReplyDeleteခရမ်းရောင်ပန်းလေးကလှလိုက်တာ တီဆွိရယ်...
ReplyDeleteတယ်လှတဲ့ ပန်းခရမ်းပြာလေးတွေပါလားးးး.... :)
ReplyDeleteလှလိုက်တာ အဲလိုနေရာမှာ နေရတဲ့အရသာက ဘာနဲ့ မှ မတူတာ တီဆွိ စလုံးက စာသိုက်ကနေ လွတ်သွားတာ ဝမ်းသာပါတယ်ဗျာ
ReplyDeleteပို.စ်ခေါင်းစဉ်ကိုတွေ.တော့ သီချင်းများတင်ထားတယ်ထင်လို.
ReplyDeleteဒီပို့ စ်ကို အိမ်က မိန်းမကိုပေးဖတ်လို.မဖြစ်ဖူး၊ တော်ကြာ မိန်းမက သူများယောကျာင်္းတွေတောင် အလုပ်နားရက်မှာ မိန်းမကို ကူညီလိုက်တာဆိုပြီး အားလပ်ရက်တွေမှာ ကိုယ့်ကို ခိုင်းမှာကိုတော့ မြင်ယောင်မိတယ်၊ အ၀တ်လျော် ၊ မီးပူထိုး၊ အိမ်ရှင်း ၊ ဟင်းချက် ၊ ဈေးဝယ် အားပါးပါး တွေးရင်းနဲ့ ကြောက်သွားပြီ
ဟင်းးးးဓာတ်ပုံတွေပြပြီးနှိပ်စက်နေပြန်ပြီ...သူများကပန်းလှလှလေးတွေ
ReplyDeleteကိုအစားအသောက်ထက်ပိုမက်တတ်တာ..လှချက်ကတော့ရက်စက်
တယ်..အရောင်ကလဲအကြိုက်ဆုံး..မဆွိတြို့ခံထဲရောက်နေတဲ့ပန်း
ခိုင်ကြီးတွေချိုးယူသွားပြီ..တဝက်ကဘုရားတင်ဖို့..တဝက်ကခေါင်းမှာ
ပန်ဖို့....း)
တီဆွိရေ
ReplyDeleteဂျပန်မှာ အမှိုက်ပစ်ဖို.ကတော. ပိုလို.တောင် လက်လီစိတ်သေးတယ်။
တခုချင်းစီကို အမျိုးအစားခွဲပြီး အိတ်တွေထဲမှာပစ်ရပါတယ်။ ပစ်ရင်လဲ ပစည်းအမျိုးအစားအလိုက် ၊အမှိုက်သိမ်းကားက နေ.မတူပါဘူး။
ထမင်းဟင်းကျန်၊ pet bottle မှာဆိုလဲ အဖုံးခွံလေးတွေကိုသပ်သပ်၊ပုလင်းတွေကိုသပ်သပ်၊ ကွဲနိုင်ရှနိုင်တဲ.ပစည်းမျိုးကသပ်သပ်၊ ကတ်ထူစကူပုံးတွေဆိုလဲ ၊ပုံးတွေကိုအကုန်ဖြန်.ပလိုက်ရပြီးတော.အပြားလိုက်စီနေအောင်ထပ်ရတာမျိုး၊ စုံနေတာပါဘဲ။
ပန်းတွေလဲ ဂျပန်မှာ အရမ်းလှတယ်။အရောင်တွေလဲစုံနေတာဘဲ။ ပန်းပွင်.တဲ.ရာသီဆို ကြည်.မ၀အောင်လှတယ်။ဒါပေမယ်.လေ မြန်မာပြည်မှာလိုတော. မွှေးတဲ.ပန်းတွေပေါပေါများများမရှိဘူး။
မြန်မာပြည်မှာက မွှေးတဲ.ပန်းတွေအမျိုးအစားအရမ်းစုံတယ်လေ။
တော်ပြီ တော်ပြီ တို့ရွှေပြည်ဘဲကောင်းတယ် ပန်းတွေလဲ လှတယ် မွှေးတယ် အမှိုက်လဲ ပစ်ချင်သလိုပစ်ဗျာ အဟက်.ဟက်... နှင်းဆီလောင်းကြေးက အဖြေမထွက်သေးဘူးလားဟင်.....
ReplyDeleteခင်မင်တဲ့
seesein
နှင်းဆီအဖူးလေးတွေတော့ အတော်ရင့်နေပြီ စည်းစိမ်ရေ။ ပွင့်လာမှပဲ သေချာ ဓာတ်ပုံရိုက်ပြီး ပြတော့မယ်။ အဖြေတော့ နဲနဲပေါ်နေပြီ။
ReplyDeleteဟုတ်တယ် ။ဒီပန်းလေးတွေကို သူတို့ဝီကီထဲမှာတော့ အမွှေးနံ့သင်းသလေး ဘာလေးနဲ့ အနံ့ကတော့ မမွှေးပါဘူးဗျာ။ လှပဲလှတာပါ။
အနောနိမတ်စ်ရေ
အဲဒီပန်းကလဲ မျိုးရင်းက ဂျပန်ကတဲ့ဗျ။ ဂျပန်ကလဲ 4 season ဆိုတော့ ပန်းလေးတွေအရမ်းပွင့်မှာပဲ။
ဂျပန်မှာ အမှိုက်ပစ်ဖို့ရာလဲ မလွယ်ပါလားနော်။
စုစုရေ ပန်းကြိုက်သူချင်းတူနေပြီ။ မနက်ကပဲ ၃ခိုင်လောက်ချိုးပြီး ဘုရားတင်ပြီးပါကြောင်း။ ဘုရားစင်မှာ အရမ်းကို သပ္ပါယ်တယ်။
ဗစ်တာရေ စလုံးမှာလဲ ပျော်ပါတယ်။ အစားအသောက်ပေါတာ၊ ကိုယ့်လူမျိုး သူငယ်ချင်းတွေပေါတာ အစရှိတာတွေကတော့ ဒီမှာ ဘယ်လိုမှ အစားထိုးလို့မရပါဘူး။ တစ်နေရာ တစ်မျိုးစီပေါ့။ အဆိုးနဲ့အကောင်းတွေရှိပါတယ်။
ကိုမောင်သန့်၊ ဆုမြတ်၊ ဂျင်း ကျေးဇူးနော် လာလည်တာ။ ပန်းလေးတွေက အပြင်မှာ ပိုတောင်လှသေးတယ်။ ဓာတ်ပုံရိုက်လိုက်တော့ အရောင်က သိပ်မလှတော့ အရောင်နဲနဲ ပြန်တင်လိုက်ရသေးတယ်။
လှလိုက်တဲ့ ခရမ်းပြာပန်းတွေ.........
ReplyDelete“ ပန်းတွေနှင့်ဝေ ဆိုကာ အမှိုက်တွေနှင့် ဝေဖြစ်ပေမယ့် ”...
အမှိုက်သိမ်းစနစ်အကြောင်းသိရတော့ ဒီမှာ အဲ့လိုအချိန်မျိုး ဘယ်တော့မှ ရောက်မလဲ တွေးမိတယ်။
မိသားစု အိမ်အလုပ်အတူတူလုပ်တာတော့ သဘောကျတယ်..။
တန်းတူညီမျှပေါ့နော.. :)
update
ReplyDeleteဒီနေ့မနက် ပန်းတွေ အကုန်နီးပါးပွင့်နေလို့ သွားကြည့်လိုက်တာ ပန်းနံ့သင်းသင်းလေးရပါသဗျား။ အနားကပ်နမ်းကြည့်တော့ ဟုတ်တယ်ဗျ။ အနံ့ယဉ်ယဉ် သင်းသင်းလေးတော့ မွှေးပါတယ်။
အဲဒီပန်းကလေးတွေ ဟိုတလောက ဂျပန်မှာပွင့်တဲ့ ရေတံခွန်ပန်းဆိုပြီး ဖတ်လိုက်ရကတည်းက စိတ်ဝင်စားမိတာ။ ရှည်သွယ်နေတဲ့ ပုံစံလေးက တအားလှတယ်နော်။ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ချစ်ဖို့ကောင်းတယ်။ အစိမ်းရောင်နဲ့ ခရမ်းရောင် အကြိုက်ဆုံးမို့ ခုပန်းခရမ်းပြာရောင်ကလည်းကိုလည်း သဘောကျမိတယ်။ ကဗျာဆန်တဲ့ ပန်းဘဲနော်
ReplyDeleteအမှိုက်သိမ်းတာ စနစ်ကျပုံလေးကို သဘောကျသွားတယ်။ အဲဒီပန်းမျိုးနဲ့ ခပ်ဆင်ဆင် သစ်ခွတွေတော့တွေ့ဖူးတယ်။ အခုလို ဝေဝေဆာဆာ လေးတွေ့ရတော့ သိပ်လှတာပဲနော်။
ReplyDeleteခင်တဲ့
မေသိမ့်
ပန်းလေးတွေက ချစ်စရာလေးတွေပါ... ဒါပေမယ့် မိန်းကလေးထဲမှာ ပန်းမကြိုက်တတ်တာ ကိုယ်တယောက်ပဲ ရှိမလား မသိဘူး... ဘာမှ မခံစားရဘူး... အဟီး...း)))
ReplyDeleteခရမ်းပြာတွေ အရမ်းလှတယ်ဗျို့ ...
ReplyDeleteအန်တီသက်ဝေ ... အချစ်မရှိ မ၀င်ရ ... ပန်းမကြိုက် လာမဖတ်ရ ... ဒါပဲ ဒါပဲ ...
ReplyDeleteနောက်တာနော်။ တို့ကတော့ ကြိုက်တယ် ... ကြိုက်ပါတယ်ကွယ်။ ပန်းပို့စ်တွေ လာ .. ဦး ..မှာ ...း)