ငယ်ငယ်က ကုန်းဘောင်ကြီးကြော် ... ကုန်းဘောင်ကြီးကြော် ..ဆိုတော့ အော် ကုန်းဘောင်ခေတ်က ဟင်းလိုလို၊ ဘာလိုလိုထင်နေတာ။ တရုတ်ဆိုင်တွေမှာ ရောင်းတာသိပေမဲ့ ဘာလို့ ဒီနံမယ်ခေါ်တယ်ဆိုတာလဲ မစပ်စုမိခဲ့ဘူး။ အဲဒီတုံးက ချက်တာလဲ ဝက်သားကို အတုံးသေးလေးတွေတုံး၊ ကြက်သွန်နီအကွင်းလိုက်တွေ အများကြီးထည့်ကြော် ပြီးတော့ ကြာညို့လို့ခေါ်တဲ့ ပဲငံပြာရည်တွေ မဲနေအောင်ထည့် ကုန်းဘောင်ကြော် ဖြစ်ကရောပဲ။ တစ်ခါတစ်လေ မွှေးအောင် ကုလားမဆလာလေးပါ အဆစ်ထည့်လိုက်သေး။ း) အဲဒါကိုပဲ အဖေတို့မယ် သူ့သမီးချက်တဲ့ဟင်း ကောင်းလှ ကောင်းလှဆို အားပေးရှာတယ်။ ရုံးသွားခါနီး အမေ့ခမြာ ကမန်းကတမ်းချက်ရတော့ ဟင်းတွေက တစ်ခါတစ်လေ ဆားထည့်ဖို့ မေ့လိုမေ့၊ တစ်ခါတစ်လေလဲ ဆားများသွားလို့ ငန်လိုငန်နဲ့ ။ အဖေ့မှာ အဲသလိုပဲ စားနေရတော့ ဘုတ်အီးမတို့ ကျောင်းပ်ိတ်လို့ အဆောင်ကပြန်မှပဲ သို့ဂလို ဟင်းထူး၊ ဟင်းဆန်းလေးတွေကို ဆားပြားမှန်မှန်ကန်ကန်နဲ့ စားရတာကိုး။
ဘုတ်အီးမလဲ နောက်ပိုင်းနိူင်ငံခြားရောက် ဟော်တယ်တွေ၊ ရက်စတောရန့်တွေမှာစားနဲ့ အဲဒီကျမှ ကုန်းဘောင်ကြော်အစစ်ကို စားဖူးပါတော့တယ်။ နောက် အင်တာနက်ထဲ မွှေနှောက်ကြည့်ရင်းမှ ကုန်းဘောင်ဆိုတာ ဘယ်ကုန်းဘောင်ခေတ်က ဟင်းရမလဲ။ တရုတ်ပြည် ဇီချွမ် (Sichuan) ပြည်က နာမည်ကြီးဟင်းလျှာ Kung Bao ဆိုတာ သိတော့တယ်။ အဲဒီဟင်းကို ကြိုက်နှစ်သက်တဲ့ ဇီချွမ်ပြည်က မြို့စား နာမည် Gōng Bǎo ကနေ အစွဲပြုပြီး ဟင်းအမည် Kung Pao ရယ်လို့ ဖြစ်လာပါသတဲ့။ နောက်ပိုင်းတော့ ဟင်းအမည်က အုပ်ချုပ်ရေး၊ နိူင်ငံရေးက လူတစ်ယောက်နာမည်နဲ့ စပ်ဆက်နေတာ မဖြစ်သင့်ဘူးဆိုပြီး "fast-fried chicken cubes" (hong bao ji ding) လို့ နာမည်ပြောင်းလိုက်ပါသတဲ့။ အဲဒီခေတ်ကတော့ ကုန်းဘောင်က ဝက်သားထက် ကြက်သားနဲ့ကြော်တာပါ။ နာမည်ကြီးတာက Kung Bao Chicken ပါ။ မြန်မာပြည်မှာတော့ ကြက်သားရှားလို့လားမသိ၊ ကုန်းဘောင်ကြော်ဆို ဝက်သားနဲ့ပဲ ကြော်ကြတာများသဗျ။ အန်တီဆွိတို့လဲ ဝက်သားနဲ့ပဲ ကြော်စားဖြစ်ပါတယ်။ ငယ်ငယ်ကလို ကြာညို့ချည်းပဲ မဟုတ်ပဲ Kung Pao sauce လေးစပ်ပြီး ကြော်တော့ ရက်စတောရန့်တွေက ကုန်းဘောင်ကြော်အတိုင်း ပိုစားကောင်းပါတယ်။ ချက်ရတာလဲ ဒီလောက်မခက်ပါဘူး။ ထမင်းစားခါနီးလေး ပူပူနွေးနွေးကြော်စားရုံပါပဲ။
လိုအပ်တဲ့ပစ္စည်းတွေက (လူ ၂ယောက်စာခန့်)


ဝက်သား အသားချည်း ၂၅၀ ဂရမ်ခန့် (လက်မဝက်ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပြီး ကြက်သားမှုန့်နဲနယ်ထားပါ)
ကြက်သွန်နီ တစ်လုံး(လက်မဝက်ပတ်လည်ခန့် လှီးပြီး အဖတ်လေးတွေ ခွါထားပါ)
ဂျင်း လက်၂ဆစ်ခန့် (ပါးပါးလှီးထားပါ)
ငရုပ်သီးခြောက် ၇တောင့်ခန့်
ကြက်သွန်မြိတ် ကြီးကြီး၂ချောင်း (နှစ်လက်မစီအရှည်ခန့် လှီးထားပါ)
မြေပဲဆံ (သို့) သီဟိုစေ့ အနည်းငယ် (လက်တစ်ဆုတ်ခန့်)( အိမ်မှာ အဲ့၂ခုလုံး မရှိလို့ မထည့်ဖြစ်ပါ)
ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာခန့် chop လုပ်ထားပါ။ (အိမ်မှာတော့ Garlic paste အလွယ်တကူရှိလို့ အဲဒါပဲသုံးပါတယ်)
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
Kung Pao sauce အတွက် အောက်ပါတ်ို့ကို ဇလုံအသေးတစ်လုံးနဲ့ အဆင်သင့်စပ်ထားပါ။
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း၁ဇွန်း
သကြား စားပွဲဇွန်း ၂ဇွန်း
ကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ဇွန်း
တရုတ်ဟင်းချက်ဝိုင် စားပွဲဇွန်း၁ဇွန်း
ကော်မှုန့် လဖ္ဘက်စား၁ဇွန်း
ဆီ စားပွဲဇွန်းတစ်ဇွန်း
ခရုဆီ လဖ္ဘက်စားဇွန်း၁ဇွန်း

ပထမဆုံး ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ မြေပဲ (သို့) သီဟိုစေ့တွေကို ကြွပ်နေအောင် မီးအေးအေးနဲ့ ကြော်ပြီး ဆယ်ထားပါ။
ကျန်တဲ့ ဆီထည့် ငရုပ်သီးခြောက်များ ကြော်ပြီး ဆယ်ထားပါ။
အဲဒီဆီထဲကိုပဲ ဂျင်းထည့် ပြီး မွှေးနေအောင် အရင်ကြော်လိုက်ပါ။
ပြီးရင် ဝက်သားထည့်ပြီး ကြော်ပြီး မကပ်အောင် အသာမွှေပေးပါ။
ဝက်သားအနည်းငယ်မာလာရင် ကြက်သွန်ဖြူထည့်ပြီး မွှေးနေအောင် ကြော်ပေးပါ။
ဝက်သားအရောင်ညိုပြီး ကြွပ်လာရင် ကြက်သွန်နီထည့်ပါ။
ကြက်သွန်နီ အနည်းငယ်နွမ်းလာရင် Kung Bao sauce ထည့်ပြီး မွှေပေးပါ။
ကြက်သွန်မြိတ်၊ ငရုပ်သီးခြောက်ကြော်ထားတာနဲ့ သီဟိုစေ့ကြော်ထားတာတို့ကိုထည့်မွှေပေးပါ။ အပေါ့အငံမြည်း၊ လိုတာထပ်ထည့်ပြီး ကြက်သွန်မြိတ်နွမ်းရင် ချလို့ရပါပြီ။



ချားလို့ရပါပြီ ... အဲလေ စားလို့ရပါပြီခင်ညာ။ ထုံးစံအတိုင်း ထမင်းဖြူလေးနဲ့ သူ့ချည်းလဲ ကောင်းတာပါပဲ ခင်ည။
(အထူးသတိပေးချက် ... အန်တီသက်ဝေလို စိတ်မခိုင်သူများ၊ စိတ်ကြီးသူများ ပုံကို ၂ခါမကလစ်ပါနှင့်။ း))
ဟုတ်တယ်မဆွိရေ..မိန်းထဲကကင်တင်းမှာကုန်းဘောင်ေ ကြာ်၊အင်းဝ
ReplyDeleteေ ကြာ် ၊ထွန်းမြင့်ေ ကြာ်တဲ့..အဲဒါနဲ့ထွန်းမြင့်ေ ကြာ်ဆိုတာဘယ်လိုဟင်း
မျိုးပါလိမ့်လို့မှာလိုက်တာ..ဝက်သားကိုအသီးအရွက်၊ကော်ရည်နဲ့ေ ကြာ်
ထားတာဘဲ..ဆိုင်ရှင်ကိုဘာေ ကြာင့်ဒီနာမည်ပေးတာလဲလို့မေးတော့
ေ ကြာ်တဲ့လူနာမည်ကထွန်းမြင့်မို့လို့"ထွန်းမြင့်ေ ကြာ်"တဲ့..သေရောဗျာ..။
မစု စိုးမြင့်ကြော်ဟုတ်ဘူးလားဟင် ။
ReplyDeleteကုန်းဘောင်ကြီးကြော်ကြိုက်စ်စ်စ်.....
တရုတ်ဟင်းချက်ဝိုင် ဆိုတာလေး သိချင်လို့  ပါ အမေ၇
ReplyDeleteတီဆွိ
ReplyDeleteခဏခဏဟင်းချက်နည်းတွေတင်နေတာ ၀မ်းသာပါတယ်ဗျို.။
တီဆွိအလုပ်မလုပ်တာလဲ ခပ်ကောင်းကောင်းဖြစ်နေပြီ။
အရင်ကဆို တီဆွိ သိပ်မတင်ဖြစ်ဘူးလေ။အခုတော. ခပ်စိပ်စိပ်လေးဖတ်လာရတယ်။ ဂွတ်ထ ဂွတ်ထ
ဟီးဟီး၊ စိတ်မခိုင်လို. ပုံကို ၂ချက်ခေါက်လိုက်တာ၊ စားချင်စရာကြီး
ReplyDeleteစားစရာမှန်းသိတာနဲ. စာမဖတ်၊ (အဆင့်ဆင့်လုပ်ရတာခက်ပုံရလို.)၊ ပုံတွေဆုံးအောင်ကြည့်၊ နောက်ဆုံးပုံကတော့ ချက်ပြီးသားပုံဖြစ်မှာလို.ကြိုသိနှင့်၊
မဆွိချက်တာ စားချင်တာနဲ. အကြံတစ်ခုရလာတယ်၊ ကိုယ့်ကသားရှင်၊ အချက်အပြုတ်တော်တဲ့ မဆွိကလည်း သမီးရှင်ဆိုတော့ မဆွိကို ခမည်းခမက်တော်ပြီး ကပ်စားရင် ကောင်းမလားလို.စဉ်းစားမိပါတယ်၊
မဆွိရေ စလုံးမှာခေတ်စားနေတဲ့ မာလာဟင်းဆိုတာ ချဉ်ရေဟင်းလိုမျိုးလား၊
ဟိုက် ...))) ဟင်းချက်နည်းတွေ အတင်ကောင်းတာ ခမည်းခမက်တော်မယ့်သူနဲ့ တိုးနေပြီ။ သူကလဲ ဇွတ်ပဲနော်း)
ReplyDeleteမာလာဟင်းက စလုံးမှာ ခေတ်စားလားတော့မသိဘူး။ မြန်မာပြည်မှာတော့ ခေတ်စားနေတာပဲ။ စလုံးမှာလဲ တရုတ်ဆိုင်တွေမှာ မာလာဟင်းဆိုတာ ရှိတယ်။ အဲဒါက တရုတ်ဗားရှင်းပေါ့။ မာလာမြင့်တဲ့ ခေါ်တာ။ အဲဒါမြန်မာမှာတော့ ရယ်ဒီမိတ်ထုတ်တွေရှိတယ်။ တစ်ခါမှ မစားဖူးလို့ ချက်စားကြည့်တာ တော်တော်ကောင်းတယ်။ အနံ့ကတစ်မျိုးလေး မွှေးနေတာပဲ။ စပ်လဲ နဲနဲစပ်တယ်။ ပုံတွေရိုက်ထားတာရှိတယ်။ ဓာတ်ပုံရိုက်ပြီး မတင်ဖြစ်တဲ့ထဲ မာလာဟင်းလဲပါတယ်။ စားချင်ရင် အဲ ကြည့်ချင်ရင် တင်ပေးမယ် အေးဆေးကျမှ။
အနောနိမတ်စ်ရေ
ဟင်းချက်တာတွေ ဓာတ်ပုံရိုက်ပြီး မတင်ဖြစ်တာတွေအများကြီးပဲ။ လာမည် မျှော်။ လာအားပေးတာ ကျေးဇူးနော့။
အနားသားအနောနိမတ်စ်ရေ ဟင်းချက်ဝိုင်ဆိုတာ မြေအိုး ကြက်တောင်ပံပေါင်းဆိုတဲ့ ပို့စ်မှာ ပုံလေးပါပြထားတယ်ဗျာရေ။ တရုတ်ဟင်းကြိုက်တတ်ရင်တော့ အဲဒီဟင်းချက်ဝိုင်လေး ၀ယ်ထားစေချင်တယ်။ တော်တော်အသုံးဝင်တယ်ဗျ။ လွယ်အောင် အောက်က လင့်ခ်လေး ကို သွားကြည့်လိုက်လဲ ရတယ်။ ပုလင်းမှာ ရေးထားတာတော့ Shiwan Rice Chiew တဲ့။ တရုတ်ဆိုင်တွေမှာ ပေါမှပေါ။
http://auntysweet.blogspot.com/2011/08/clay-pot-sesame-chicken-wing.html
ဟုတ်တယ် စိုးမြင့်ကြော်ပါ စုစုရေ။
မဆွိရဲ့ ကွန်မန်.ကို ဖတ်ပြီး ရယ်လိုက်ရတာဗျာ
ReplyDeleteအားရင်မာလာဟင်းချက်နည်းပို.စ်တင်ပါဦး
မဆွိနဲ. မိသားစုကျန်းမာ ပျော်ရွှင်ပါစေ ...
သွားရည်ကျသွားတယ်ဗျိုးးး။ တစ်ချို့ မုန်လာဥနီတို့ ခရမ်းချဉ်သီးတို့ပါ ထည့်ကြသေးတယ်နော်။ အဲဒါတွေထည့်ရင် အရသာတော့ နည်းနည်း ပြောင်းသွားမယ်ထင်တယ်။
ReplyDeleteခင်တဲ့
မေသိမ့်
ကိုဇက်ဇက်ဇက်...
ReplyDeleteနောက်ကျသွားပြီ...
အရင်းကြီးတွေဆိုတော့ ဒီက ဦးထားပြီးသား ခင်ည...
(ဦးခြိမ့် စိတ်ဆိုးမှာစိုးလို့ အသံမထွက်ရဲတာ... အခုတော့ ပြိုင်သူ ပေါ်လာလို့ အသံထွက်ရတာ... ဟွန်းးးးး )
နှံပြီစုတ်ကအတောင်တောင်မပေါက်သေးဘူး
ReplyDeleteလောက်စာလုံးဝိုင်းလုံးနေကြပါလားဟရို့ 
Thandar Lwin၊ မဆွိ ရေ..ဟုတ်တယ်၊ စိုးမြင့်ေ ကြာ်ပါ..အသက်ကြီးလာတော့လဲမှတ်ညဏ်တွေကသိပ်မကောင်းေ တာ့ဘူးကွယ်..းD
ReplyDeleteအန်တီသက်ဝေက ဝက်သားမကြိုက်တော့ ပုံကို ဘယ်နှစ်ခါ နှိပ်နှိပ် သိပ်မခံစားလိုက်ရဘူး... အဟိ...း))
ReplyDelete'အန်တီသက်ဝေ'ရဲ. blog ကိုဖတ်ဖတ်နေပြီး အမကို သား၊သမီးမရှိ 'ကိုကြီး' နဲ. လင်ကိုယ်မယားနှစ်ယောက်တည်းလို. ထင်နေတာ။ အခုမှသိတော့တယ် အမသက်ဝေကလည်း သားရှင်ကို...။ မိသားစုအကြောင်းလေးတွေ ရေးပါဦး အမသက်ဝေရေ.. တီတီဆွိရဲ. မိသားစု life လေးကိုဖတ်ရရင် ဘယ်အချိန်ဖတ်ဖတ် ကြည်နူးရလို.။
ReplyDeleteHi ZZZ and Thet Wai,
ReplyDeleteHere is my reply. :)
ငါ့သမီးစာကျက်နေတယ်၊ ဒီနားမှာ ဂစ်တာလာမတီးနဲ့၊ ဖုန်းဆက်လိုက်ရမလား။
mgchaint
ဟုတ်ပ အန်တီသက်ဝေက သားလေးရှိသားနဲ့ မသိခြင်ထောင်ထောင်နေတာ။ သားလေးက စာတော်မှတော်။ နဂိုတော်ဗျား။ သားလေးအကြောင်း တစ်ပုဒ်လောက်ရေးစေချင်တယ်။ အားကျစေချင်လွန်းလို့ ...း)
ReplyDeleteလွန်ခဲ့သော ခြောက်နှစ်ခန့်က... လွမ်းစရာတွေ... ❤️
ReplyDelete