တော်တို့ ယောက်ျားတွေရယ်
နှင်းဆီရောင် လောင်းကြေး မှ အဆက်ဖြစ်ပါသည်။
Friday, 16th September, 2011
မဆွိတီသည် မနက်လင်းတိုင်း အိပ်ရာမှ နိုးနိုးချင်း နှင်းဆီပင်ကို သွားသွားကြည့်ရာ ယနေ့နံနက်တွင်တော့ နှင်းဆီဖူး၏ ပွင့်ချပ်များကြားမှ အ၀ါရောင်ပြပြလေး လှမ်းမြင်လိုက်ရသည်။ ဤတွင် အလွန်ပျော်ရွှင်သွားရာ
" အဖေရေ ... နှင်းဆီပန်းတွေက အ၀ါရောင်တွေတော့ ... သိလား ... ဒီတစ်ခါ ဆွိလေးနိုင်တယ် "
" အင်း ... အဖေသိသားပဲ ... မနေ့ညနေကထဲက မြင်တာ "
"ကြည့်ဦး လူဇိုးကြီး ... သိရဲ့သားနဲ့ မပြောဘူး ... သူရှုံးတော့ကျ ငြိမ်နေတယ် ... ဟွန့် ..."

![]() |
အ၀ါရောင်နှင်းဆီ၏ လှည့်ဖျားမှု အောက်တွင် (ရလဲ့ ... တယ်ဟုတ်ပါလားး) သားအဖ ၂ယောက် အရှုံးကြီး ရှုံးလေပြီ။ |
Sunday,18th September, 2011
ယနေ့ညနေ သားအမိ၊သားအဖတတွေ လမ်းလျှောက်ထွက်ကြသည်။ Spring ရောက်ပြီဖြစ်၍
ညနေ၅နာရီထိုးပြီဖြစ်သော်လည်း လင်းလင်းချင်းချင်းရှိသေးသည်။ အအေးလည်း
ပေါ့လာပြီဖြစ်ရာ ၃ယောက်လုံး အနွေးထည်တွေ ၀တ်မထားကြ။ လမ်းရောက်မှ လေကတဖြူးဖြူးတိုက်နေရာ ချမ်းလာကြသည်။ ပြန်ခါနီးကျ သမီးအအေးမိမည်စိုးသည်နှင့်
သူ့အဖေက အမြန်လျှောက်ရန်ပြောရာ အိမ်ကုန်းတက်နားအရောက်တွင် သားအမိ၂ယောက်လုံး
မောလာကြသည်။ မောသည့်ကြားမှ ဂျူဂျူသည် အိမ်နားအရောက်တွင် သူလုပ်နေကျအတိုင်း
အိမ်ရှိရာ ကုန်းတက်ပေါ်သို့ အပြေးတက်သွားသည်။

"သမီးက မောတယ်သာ ပြောတာ ဒီကုန်းတက်တော့ အပြေးတက်နိုင်သားပဲ"
ဟု လင်မယား၂ယောက်ပြောပြော လျှောက်လာရာ ဂျူဂျူသည် အိမ်အပေါက်ဝရောက်မှ အောက်သို့ ပြန်ဆင်းပြေးလာပြန်သည်။
" အော် အပေါ်တက်ရုံမက အောက်တောင် ပြန်ဆင်းလာသေး"လို့ ပြောနေစဉ် မအေ့နားလာက တမွမွနှင့် နမ်းလေတော့သည်။
"ဟဲ့ သမီးရဲ့ ဘယ်လိုဖြစ်လို့ အမေကို နမ်းနေရပြန်တာလဲ ... မောရတဲ့ ကြားထဲ"
"ဟိုမှာ အ၀ါရောင်တွေ မေမေ ... ဂျူဂျူ တွေ့ခဲ့တယ် ...သိလား ... အဲဒါကြောင့်နမ်းတာ"
" နှင်းဆီပန်းတွေ ပြောတာလား ... မေမေတွေ့တာကြာပြီသမီးရဲ့ ... သမီး ဟိုနေ့က နမ်းပြီးပြီလေ"
" ဟုတ်လား ဂျူဂျူ မမှတ်မိတော့ဘူး ... ခုနမ်းဦးမယ် " ဆိုကာ အနမ်းသန်သူ မဂျူဂျူတို့ နမ်းပြန်လေသည်။
"ကဲကဲ တော်ပါတော့ သမီးရယ် မောနေပါဦးမယ်" ဆိုတော့
"ခု ၄၅ခါ ပြီးပြီ။ နောက်မှ ၃၀ နမ်းမယ်" ဆိုကာ အကြွေး ၃၀ မှတ်ထားခိုင်းလေသတည်း။
(ကဲ ဂျူဂျူ အနမ်းသန်သည်ဆိုသည်ကို ယုံပြီမလား ပိတ်သတ်ရေ။ )
ပန်းလေးများ ပွင့်တော့မည်။
![]() | ||||
Saturday, 24th, September, 2011
ယနေ့နံနက်စောစောထကာ ရေမိုးချိုး၊ ခေါင်းလျှော်ပြီး နှင်းဆီပန်းပင်သွားကြည့်သည်။![]() |
ပန်းကလေးများ ပွင့်လေပြီ။ |
![]() |
နှင်းဆီပန်းပွင့်လေးတစ်ပွင့် ခူးကာ ဘုရားတင်သည်။ |
![]() |
ဘုရားတင်လိုက်သည်မှာ အနီရောင်စွန်းနေသော နှင်းဆီပန်းလေး ဖြစ်သည်။ |
![]() |
ဒီပန်းလေးကတော့ပထမဆုံးပွင့်ပေမဲ့ ပိုးကိုက်နေ၍ ဘုရားမတင်ဖြစ်တော့ပါ။ |
![]() | |||||
|
ပန်းကလေးတွေကလဲလှ ...
ReplyDeleteတီတီဆွိနဲ့ ဂျူဂျူလေးကလဲ လှ :)
How about from U Maung Cheint? Wishing ur family all the best.
ReplyDeleteတီတီဆွိ အဖြေမှန်ပါတယ်ကွယ်
ReplyDeleteညီမလည်း နှင်းဆီပန်းဆို အဝါရောင် ပိုကြိုက်တယ်... ပန်းနဲ့အပြိုင် သမီးနဲ့အမေလည်း လှနေကြတယ်... :)
ReplyDeleteAll 3 flowers(rose,sweety n Juu) are beautiful.
ReplyDeleteGyidaw
ဂျူးဂျူး နှာခေါင်း မချွန်တာ ဒါကြောင့်ကိုး....
ReplyDeleteပန်းတွေနဲ့အပြိုင်လှနေကြတာ..
ခင်မင်စွာဖြင့်
seesein
I envy t sweet's life,
ReplyDeleteဟုတ်ပ ပြောလဲပြောစရာ။ နှင်းဆီပန်းနဲ့ အလှပြိုင်နေတဲ့ သားအမိ။ သိပ်ချစ်ဖို့ကောင်းတာဘဲ။ အမေဖြစ်တဲ့သူကတော့ ပန်းနဲ့ဆင်တူ အဝါရောင်လေး ။ ပန်းရော သားအမိရော ချစ်ဖို့ကောင်း
ReplyDeleteပန်း ဝါဝါလေးနဲ့  အတူတူ လှနေတဲ့ သားအမိနှစ်ယောက်... :-)
ReplyDeleteဘယ်သူပြိုင်၍လှပါတော့နိုင်။သားအမိနှစ်ယောက်နဲ.ပန်းကလေးအပြိုင်
ReplyDeleteလှနေကြတယ်။ဂျူဂျူလေးကအလှဆုံး။
ဟယ်...နှင်းဆီလေးကလဲလှ..လူလေးတွေကလဲလှလို့ပါလား...
ReplyDeleteဒါပေမဲ့..အေ ကြွးဆပ်တဲ့ပုံတင်မပေးလို့မကျေနပ်ဘူး..း( ။
သားအမိ၂ယောက်လုံး အရမ်းချစ်ဖို.ကောင်းး)
ReplyDeleteတီဆွိကလဲ ပန်းအ၀ါရောင်၊ အကျီအ၀ါရောင်နဲ.၊ သမီးလေးပါအ၀ါရောင်လေးဝတ်ထားရင် ပြီးပါလေရော။
ပန်းတွေနဲ့ အတူလှနေတဲ့ သားအမိနှစ်ယောက်ကို နှုတ်ဆက်လိုက်ပါတယ်။
ReplyDeleteမမတို့ မိသားစုအကြောင်းဖတ်ရတိုင်း သိပ်စိတ်ချမ်းသာတာပဲ :)
ReplyDeleteပန်းကလေးတွေနဲ့  အလှချင်းပြိုင်နေတဲ့ တီတီဆွိနဲ့  ဂျူးဂျူးလေးကို မြင်ရတာ အားကျမိတယ်...
ReplyDeleteသားအဖ နှစ်ယောက်ရှုံးတယ်ဆို .. ဂျူးဂျူးပဲ နမ်းပြီး ဂျူးဂျူးအဖေက နမ်းဘူးလား.. ဒါဆိုရင်တော့ မတရားဘူးနော်..( jk )
ReplyDeleteတီဆွိရဲ့ မိသားစုလေး အမြဲပျော်ရွင်ပါစေ..တီဆွိကိုခုမှ မြင်ဖူးတယ်..
ချောရယ်..
ချစ်တဲ့
အိမ်မက်
သားအမိနှစ်ယောက်စလုံ ချစ်ဖို့ကောင်းတယ် စွိတီရေ။
ReplyDeleteပြုစုထားတဲ့ ပန်းလေးတွေလည်းလှတယ်။
မိသားစု စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပန်းလေးတွေက လှတယ်...
ReplyDeleteဂျူဂျူကလည်း လှတယ်...
ဂျူဂျူ့မေမေကလည်း လှတယ်...
ပျော်ရွှင်ဖွယ်ရာ မိသားစုကမ္ဘာလေး...။