မြန်မာလိုဆို အလုံးဈေး၊ လက်ကားဈေး၊ ဖောက်သည်ဈေးလို့
ခေါ်မလားပဲ။ ဖလင်မန်တန်ဈေးလို့ ဗမာများက ခေါ်ကြတယ်။ အမှန်က Flemington မှာ
ရှိတဲ့ Sydney food market ပါ။ ဟင်းသီးဟင်းရွက်၊ sea food တွေ ရောင်းကြတယ်။
ဟိုတစ်ခါ အိမ်တက်လုပ်တုံးက တစ်ခါသွားဖူးတယ်။ အိမ်နဲ့ နဲနဲဝေးတာရယ်၊ ဟိုမှာ
ကားကို အဝေးကြီးရပ်ပြီး နေပူထဲ ပစ္စည်းတွေ သယ်ရတာဆိုတော့ ပင်ပမ်းလို့ဆို
ထပ်မသွားဖြစ်ကြတော့ဘူး။ ခုဟာက ဒုတိယအခေါက်ပေါ့နော်။
အများအားဖြင့်တော့ East Wood မှာရှိတဲ့ ဈေးပဲ သွားကြတာ။ အဲဒီမှာတော့
တရုတ်စာတွေ ဟင်းရွက်တွေပေါတယ်။ ဘာရယ်လို့မဟုတ် အပြောင်းအလဲလေးဖြစ်အောင်
သွားကြတာ။ သမီးကျူရှင်ပြီးတာနဲ့ စောင့်ပြီးသွားကြတယ်။
အဲဒီမှာ ဟင်းသီး ဟင်းရွက်တွေ၊ ငါးတွေ ဈေးသိပ်သက်သာတယ်။ တစ်ချို့ဆို
အံ့သြစရာကောင်းလောက်အောင်ကို သက်သာတယ်။
ဒီတစ်ခေါက်တော့ အဟောင်းဈေးပါ
တွေ့ခဲ့သဗျ။ အရင်က အဲဒီနေရာမှာ ကားပါ့ကင်။ ခုတော့
အဟောင်းဈေးတွေရောင်းနေတာ၊ လူတွေရော ပစ္စည်းတွေရော ရှုပ်ယှက်ခတ်လို့၊
စည်မှစည်။ အ၀တ်ဟောင်းတွေ၊ ကောဇောတွေ၊ အရုပ်ဟောင်းတွေ၊
ဆိုဖာတွေ၊ ကုတင်မွှေ့ယာတွေတောင် ပါသဗျာ။ ဘယ်သူတွေဝယ်ကြလဲတော့ သိဘူး။
အဟောင်းဈေးမှာ အဲလို ကုန်မာတွေ လဲရောင်းတယ်။
ကုတင်မွှေ့ယာ စုံလို့ဗျာ။
အဲဒီအဟောင်းဈေးတန်းကို ဖြတ်ပြီးမှ ဟင်းသီးဟင်းရွက်တန်းရောက်ပါတယ်။
ဟောဒီမှာ တူကလဲ ၀ယ်တော့မယ်တဲ့။ အိပ်ကြီးနဲ့ခင်ည။

ဟင်းရွက်တွေ လတ်ဆပ်တယ်နော် ... လာထား ... လာထား ..
အပြန်အဲဒီဆိုင်က ဂေါ်ဖီဝယ်ခဲ့တယ်။ အထုတ်ကြီးတွေ တစ်ထုတ် ၂ကျပ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂေါ်ဖီထုတ် ၂ထုတ် ၀ယ်လာတာ ခုချိန်ထိ ရေခဲသေတ္တာထဲ ကျန်သေးတယ်။ လတ်တာတော့ တော်တော်လတ်ဆပ်တယ်။
ဟမ်မလေး ပျင်းချက်တော့။ အရောင်းအ၀ယ်ကလဲ မကောင်းဘူး ....
မှိုတွေ တစ်ထရေးလုံးမှ ၂၄ကျပ်တဲ့။ ပေါပါတယ် ။ တကယ်ပေါပါတယ်။ အပြင်မှာ တစ်ကီလို ၇ကျပ်-၈ကျပ် ရှိပါသဗျာ။
ဈေးသယ်ဈေးဝယ်စုံလို့ကွယ်။ ဘာဝယ်မလဲ မောင်ရေခဲ။ အဲလေ ၀ူးမောင်ရှိမ့် ....း)
ကြက်ဟင်းခါးသီးတွေ အလုံးတွေ ထွားချက်။ ၂လုံးဝယ်ခဲ့တယ်။ ၁ကျပ် ၆၅ပြား။ ဆစ်ဒ်နီမှာ ဈေးအကြီးဆုံးက ဟောဟိုက ငရုပ်သီးစိမ်းပါခင်ည။ တစ်ကေဂျီ ၃၅ကျပ်။ ၃ကျပ်ဖိုး ၀ယ်ခဲ့ပါတယ်။ စပါးလင် ၃ချာင်းစီးတစ်စီး ၃ကျပ်ခွဲ ။ ၀ယ်ခဲ့ဘူး။ ဈေးကြီးလို့။

လိမ္မော် တစ်ပုံးလုံးမှ ၁၂ကျပ်။ အပြင်မှာ တစ်ကီလို ၃ကျပ်-၄ကျပ်လောက်ရှိပါသဗျား။
ဒီလို စိမ်းစိမ်းအရွက်ဆိုင်တွေကတော့ ဒီဈေးမှာ အပေါဆုံး။ ကိုက်လံရယ်၊ မုန်ညင်းစိမ်းရယ် ၀ယ်ခဲ့တယ်။
ဆစ်ဒ်နီမှာ အဲလို ပဲသီးစိမ်းစိမ်းတွေ အရမ်းပေါတာ။ တစ်ကေဂျီ ၂ကျပ်တဲ့။ ကီလိုဝက်၊ ၁ကျပ်ဖိုးဝယ်ခဲ့တယ်။ စားပါလေ့။ အပြင်မှာကျ တစ်ကေဂျီထုတ်တွေ၊ တစ်ထုတ် ၃ကျပ်ခွဲ လောက်ရှိတယ်။ ဒီမှာ ကောင်းတာတစ်ခုက ကိုယ်လိုချင်သလောက် ချိန်ဝယ်လို့ရတယ်။ ပြောင်းပြန်နော်။
ကြက်သွန်မြိတ်တွေ တစ်စီးတစ်ကျပ်တဲ့။ တစ်စည်းဝယ်ခဲ့တယ်။
ငရုပ်ချိုသီးတွေလဲပေါတယ်။ တစ်ကေဂျီ မှ ၂ကျပ်- ၂ကျပ်ခွဲ။ ၀ယ်ချင်ထှာ ။ ရေခဲသေတ္တာ မဆန့်မှာကြောက်လို့ ... အဟင့်။

သင်္ဘောသီးကို အချိန်နဲ့ရောင်းသဗျ။ တစ်ကေဂျီ ၆ကျပ်။

မြေပဲစိမ်း တစ်ကေဂျီ ၂ကျပ်။ ၂ကေဂျီ.ယူရင် ၃ကျပ် ပြား၈၀ ရမယ်တဲ့ ...

ရုံးပတီသီးကတော့ ဆစ်ဒနီမှာ ဈေးကြီးတယ်။ အပြင်မှာဆို တစ်ကေဂျီ ၁၀လောက်ရှိတယ်။

ကျွန်မရောင်းတဲ့ အသီးတွေက လတ်တာမှ ပြောင်နေတာပဲး) (ဟယ် ... ဘာမှလဲ ဆိုင်ဘူးး)

အဲဒီ ခရမ်းရောင်သန်းနေတဲ့ ဥဥတွေက ဘာဥတွေလဲ မသိဘူးနော်။

သခွါးသီး တစ်ပုံးလုံးမှ ၂၅ကျပ်တဲ့။ ကီလိုနဲ့ဝယ်တော့ တစ်ကေဂျီ ၂ကျပ်ခွဲ။ အပေါ်မှာတော့ ဘူးသီးတွေဗျ။

ဟင်းရွက်တန်းရဲ့ ထိပ်မှာ ငါးပုဇွန်တန်းရှိတယ်။ တိုက်ဂါး ပရောင်းက တစ်ကေဂျီ ၁၂ကျပ်။ အပြင်မှာ ၁၇ကျပ်လောက်တော့ ရှိတယ်။

ဒီမှာ ငါးတွေကို အရိုးနွှင်ပြီးသားတွေ ရောင်းလေ့ရှိတယ်။ အဖြူတွေက Fish and
chip လုပ်စားကြတာကိုး။ အဲဒီ ၇.၉၉ဆိုတဲ့ fish fillet ၀ယ်ခဲ့တယ်။ အိမ်မှာ
ကြိတ်ပြီး ငါးဖယ်ခြစ်လို လုပ်စားတယ်။
ဥဥတွေကလဲ အမျိုးမျိုးအစားစားပဲ။ ပုံမှန်ကတော့ တစ်ဒါဇင်ကို ၂ကျပ်ခွဲလောက်ရှိတယ်။

မပြန်ခင် ရထားဂုံးကျော်တံတားကိုဖြတ်ပြီး အသားရောင်းတဲ့
ဗီယက်နန်ဆိုင်မှာ ၀က်အူရယ်၊ ကြက်သားရယ် ၀င်ဝယ်ကြတယ်။ ၀က်အူကတော့ ကြေးအိုးဆီချက်လုပ်စားချင်လို့။ ဆစ်ဒနီမှာ
ဝက်အူရောင်းတာ ဒီတစ်ဆိုင်ပဲ လောလောဆယ်သိတယ်။ အသိတစ်ယောက်က ပြောပြလို့။ လတ်လဲလတ်တယ်။ ပြီးတော့
တစ်ခါထဲကိုင်ပြီးသားရောင်းတာဆိုတော့ သိပ်ဆေးစရာမလိုဘူးပေါ့ဂျာ။

အသားဆိုင်ကအပြန် အဲ့နားပတ်ဝန်းကျင်မှာ ဗီယက်နမ် အစားအသောက်ဆိုင်တွေ အများကြီးပဲ တွေ့တယ်။ လူတွေလဲ အမျာကြီးပဲ။ ဗိုက်ဆာလာကြတာနဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းဝင်စားကြတယ်။ တစ်ပွဲကို ၈ကျပ် ၉ကျပ်လောက်ပဲ။ အရာသာလဲမဆိုးပါ။ ဗီယက်နမ်တွေ အချဉ်စပ်တာ အရမ်းကောင်းတယ်။ ငရုပ်သီးအစပ်လဲ ကောင်းသဗျား။ စားသောက်ပြီး သားအမိ၊သားအဖ၃ယောက် ဗိုက်ကားပြီး အိမ်ပြန်ခဲ့ကြပါတော့တယ်ခင်ညာ။ ။


မမရေ အဲဒိဈေးလဲ သွားချင်တယ် ငါးတွေပုဇွန်တွေအသီးအရွက်တွေ လတ်လိုက်တာ ဝယ်ချင်စရာ။
ReplyDeleteအမြဲ လာလာဖတ်ပြီး ချီးကျူးအားကျရတဲ့ မိသားစုလေးပါပဲ။
ReplyDeleteတီဆွိတို့ မိသားစုဘ၀လေး အမြဲတန်း ခုလို အေးချမ်းပျော်ရွှင်နိုင်ပါစေ။။။။
This comment has been removed by the author.
ReplyDeleteဆောရီး ခုနက မပြီးခင် Publish မတော်တဆ နှိပ်မိလို့ ပြန်ဖျက်လိုက်ရတယ်။ အစ်မတို့ ဆစ်ဒနီမှာဆိုတာ သိတာ မကြာသေးဘူး။ ကျွန်မတောင် ဈေးနားမှာ ကပ်နေပြီး ဒီဈေးအကြောင်းကို ပို့စ်တခါမှ တင်ဖြစ်သေးဘူး။ ပို့စ်တင်ဖို့အကြံအစည် ရှိပေမဲ့ ဈေးမှာ ဘာရောင်းတယ်ဆိုတာထက် ဈေးကိုကျွန်မ တံတါးကျော်ပြီး ဘယ်လိုသွားတယ်ဆိုတာ စဉ်းစားထားတာ ကြာပြီ အခုထိ မရေးဖြစ်ဘူး။ စနေနေ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့နေရာက တနင်္ဂနွေနေ့နဲ့ သောကြာနေ့ဆို အ၀တ်အစားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေရောင်းတယ်။ အဲဒီနေ့တွေမှာတော့ ဒီဘက်က အဟောင်းဈေးမှာ ဘာမှမရောင်းဘူး။ အဲဒီဈေးမှာ ဈေးဝယ်ရတာ အတန်ဆုံးက ပန်းပဲ ဈေးအချိုဆုံးပဲ။ ဆိုင်တွေမှာထက် နှစ်ဆနီးပါးသက်သာတယ်။ အဟောင်းဈေးရဲ့ ဟိုဘက်က block က ပန်းဈေးပါ။ ဒါပေမဲ့ အစောကြီးသိမ်းတယ်။ ၁၁ နာရီလောက်ဆို မရှိတော့ဘူး။ Central က Market city shoping အောက်မှာ ရှိတဲ့ Paddy Market မှာလည်း အဲလိုပဲ ဈေးတော်ပါတယ်။ အဲဒီမှာ အဟောင်းတော့ မရှိဘူး။ Parramatta Shopping Centre ကိုလည်း မရောက်သေးရင် ဖြစ်အောင်သွားလည်ကြည့်ပါ။ ကျွန်မ ရောက်ဖူးတဲ့ မြို့တွေက ကုန်တိုက်တွေမှာ Parramatta ကုန်တိုက်လောက် စုံပြီးဈေးဝယ်လို့ကောင်းတဲ့နေရာ ကျွန်မ မတွေ့ဖူးသေးဘူး။ ဆစ်ဒနီမှာရှိတဲ့ မြန်မာအစားအစာရတဲ့ မြန်မာဈေးဆိုင်နဲ့ စားသောက်ဆိုင်တွေလိပ်စာလည်း မရှိသေးရင် ကျွန်မ ပို့ပေးလိုက်မယ် ngenaing2008@gmail.com ကို ဆက်သွယ်လိုက်ပါနော့်။
ReplyDeleteအော်..မြင်သာမြင်မကြင်ရတဲ့ဘဝ..မစားရအညှော်ခံရတဲ့ဘဝပါလားနော်၊ဒီမှာ
ReplyDeleteအဲဒီလိုလတ်ဆတ်တဲ့မုန်ညင်းတို့၊မှိုတို့ကိုမတွေ့မမြင်ရတာကြာပေါ့...ပုဇွန်ကလဲရှားမှရှား..ဒါနဲ့စကားမစပ် ဝူးမောင်ရှိမ့်က လိမ်မော်သီးကြိုကည့်တာလား၊ရွေးနေတဲ့မမကြီးကြိုကည့်တာလား..စိတ်မရှိနဲ့ နော်၊မသိလို့မေးတာ...းD။
အသီးအနှံတွေက ဝယ်ချင်စရာကောင်းလောက်အောင်ကိုလှတယ်။ တစ်ဈေးလုံးကို ဝယ်ချင်စိတ်ဖြစ်နေမိတယ်။း)
ReplyDelete(မနက်ကတစ်ခါလာဖတ်သေးတယ်။ ဒီတစ်ပုဒ်ကို ကွန်မန့်ပေးမရလို့ ပြန်လှည့်ပြန်သွားတာ။)
ခင်တဲ့
မေသိမ့်
ဟား... မိုက်တယ်... အသီးတွေခင်းထားတာ.. Westminster ကပွဲဈေးတန်းကြီးကျနေတာပဲ စုံလို့စိလို့.... ဟဲဟဲ
ReplyDeleteခင်မင်စွာဖြင့်
ဒီမှာတော့ sea food တွေက ဈေးကြီးပြီး လတ်လည်းမလတ်ဘူး တီတီဆွိရေ..ဒီလို ဈေးဝယ်ရလို့ ကတော့ ပျော်စရာကြီး...
ReplyDeleteMon
ReplyDeleteဟုတ်တယ်။ အမှန်က ၀ယ်စရာတွေ အများကြီး မရှိပဲနဲ့ ပျော်လို့ကို သွားတာ။ ဆိုင်ခန်းတွေလဲ မရှိပဲနဲ့ တစ်ချို့ဆို မြေကြီးပေါ်ဒီတိုင်းတောင် ခင်းရောင်းတာ။ တောဈေးလေးမှာ ဈေးဝယ်ရသလိုပဲ ။ ပျော် ထှာ။
အနောနိမတ်စ် ကျေးဇူးနော်။
မငယ်နိုင် ကွန့်မန့်ကို ဖျက်လိုက်တယ်မှတ်လို့ စာပြန်ရေးလိုက်တာပါ။ အဲဒီဈေးနားနေတာဆိုတော့ သွားရတာနီးနီးလေး။ကောင်းလိုက်တာ။ ပန်းတန်းတော့ မရောက်ခဲ့ဘူး။ ဟုတ်တယ် ဆစ်ဒနီမှာ ပန်းပေါပြီး ပန်းတွေ ဈေးကြီးလို့ ဘုရားပန်းအတွက် ဒုက္ခရောက်တယ်။ နှင်းဆီပန်း၁၂ပွင့်လောက်အစီးကို ၂၅ကျပ်ဆိုတော့ အပတ်စဉ်တော့ မတင်နိုင်ဘူးပေါ့။ ၇ပွင့်စီးကျ အပတ်စဉ်မရဘူး။ ရပြန်တော့ မလတ်ဘူး။ ပန်းပေါတယ်ဆို ၂ပတ်တစ်ခါလောက် ၀ယ်ရင် ဟန်ကျမယ်။ ပရာမားတားက west field ကို ပြောတာလား။ အဲဒီကိုတော့ ခဏခဏရောက်တယ်။ အဓိက ရှောပင်းနေရာပေါ့။ အိမ်ကကားမရှိလဲ အိမ်ရှေ့က ဘတ်စ်ကားတက်စီး ၁၀မိနစ်ဆို ရှော့ပင်းအထိ ရောက်တယ်။ အရမ်းအဆင်ပြေတယ်။ ဗမာဆိုင်ကတော့ Capsie ကဆိုင်ရယ် black town ကဆိုင်ရယ် ရောက်ပြီးပြီ။ ဆိုင်လစ်စ်လေးရှိရင် ပို့ပေးပါနော်။
တကူးတက ကွန့်မန့်ရှည်ကြီး အတွက် ကျေးဇူးပါ မငယ်နိုင်ရေ။
စုစုက ဘယ်မှာ နေတာတုံး။ မုန်ညင်းတောင် မရှိဘူးဆိုတော့ ခက်ပါ့နော်။ ဟုတ်ပ ၀ူးမောင်ရှိမ့် ဘာကိုကြည့်နေတာလဲ မသိ။ ရဘူး ...ဒီကိစ္စ ... ပြန်စစ်ရမယ်း)
မေသိမ့် ဟုတ်တယ် မနေ့က ကွန့်မန့်တွေ မတွေ့လို့ စစ်ကြည့်လိုက်တာ။ ပြန် update လုပ်မှပဲ ရတော့တယ်။ တစ်ဈေးလုံးကို ၀ယ်ချင်တာ။ ပေါကလဲပေါ။ လတ်ကလဲ လတ်တော့။ ရေခဲသေတ္တာ ကိစ္စကလဲ ရှိသေးသလေ။
ကိုကိုးအိမ် ဟုတ်တယ် တို့ရွာက ဈေးအတိုင်းပဲ ခင်းထားတာ။
ကိုစံထွန်း ငါးတွေကတော့ တော်တော် လတ်ပါတယ်။ ၀ယ်ရတာ ပျော်စရာကြီး။ တကယ်။
Purple colour is beet root, is it? NTUC also sell this.
ReplyDeleteWD
မမ .. ဆန်းထွန်း က ကျောင်းတက်နေတဲ့ မိန်းကလေး ငယ်ငယ်လှလှလေး ဟီးဟီး..။
ReplyDeleteအသီးအနှံတွေက ဝယ်ချင်စရာကောင်းလောက်အောင်ကိုလှတယ်။ တစ်ဈေးလုံးကို ဝယ်ချင်စိတ်ဖြစ်နေမိတယ်။း)
မြင်ရင် မနေနိုင်ဘူး ၀ယ်မိရော အိမ်မှာလဲ အားပေးသူများလို့ ဘာချက်ချက် အကုန်ပြောင်ဘဲ ။
ချောတီး ချောတီး ... အရင်က ဘလော့ဂ်မှာ ပို့စ်သွားဖတ်ဖူးတယ်။ အဲဒီမှာလဲ မိန်းခလေးလို့ မပေါ်ဘူးဂျ။ စံထွန်းဆိုတော့ ယောက်ျားလေးပဲ ထင်ထားတာ။ ခုပြန်ကြည့်မှ မိန်းခလေးပုံလေး တင်ထားတာတွေ့တယ်။ တောင်းပန်ပါတယ်နော်.. ညီမငယ် ဆန်းထွန်းကို။ သေချာမဖတ်ထားပဲ ရေးလိုက်တာ။
ReplyDeleteသန္တာရေ ကျေးဇူး။ အမှားပြင်ပေးတာ။း)
အနောနိမတ်စ် beet root တော့ ကြားဖူးတာကြာပြီ။ ဘယ်လိုချက်စားရလဲမသိဘူး။ ဈေးထဲမှာ ကိုယ်ချက်မစားတဲ့ အသီးအရွက်တွေ အများကြီးပဲဗျ။
ပါစီပါဂျန်းဈေးကြီးအတိုင်းပဲ၊ ဟိုးအရင်တုန်းကတော့ရောက်ဖူးတယ်၊ ခုတော့ရှိသေးလားတောင် မသိတော့ဖူး၊ ပုဇွန်တွေက စားချင်စရာကြီး ၊
ReplyDeleteဓါတ်ပုံဖော်ပြလိုက် ၊ စာရေးလိုက်နဲ. မဆွိရဲ့ ဒီပို.စ် စာရေးသားတဲ့ စတိုင်က မခင်ဦးမေ စာရေးဟန်နဲ.တော်တော်တူတယ်၊
ခင်တဲ့
မောင်ဇီ
ဈေးတခွင်လုံး ကိုယ်တိုင်ရောက်သွားသလိုပဲ တီဆွိရေ..။ ပျော်စရာကြီး..။ မြသွေးလည်း အဲ့လို အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ ရောင်းတဲ့ ဈေးထဲရောက်ရင် တော်တော်နဲ့ မပြန်ဖြစ်တော့ဘူး။ ၀ယ်ချင်တာတွေ သိပ်များထှာ...။ အသုံးအဆောင်၊ အ၀တ်အထည်မျိုးရောင်းတဲ့ ဈေးကြတော့ Window Shopping လောက်ပဲ ထွက်ဖြစ်တယ်။ :)
ReplyDeleteမဆွိရေ..မုန်ညင်းကတထွာမရှိတရှိ..မုန်ညင်းစဉ်မမှီတာလေးတွေတော့တခါတရံ
ReplyDeleteရပါ့..ဒီထက်ဆိုးချက်က များတို့နေတဲ့ပပဝတီတို့တိုင်းပြည်မှာဝက်သားဆို
မူးလို့တောင်ရှူစရာမရှိ..၊ဘလော့ဂ်တွေလျောက်လည်ရင်းဝက်သားတုတ်ထိုး
တို့..သုံးထပ်သားတို့ကိုများတွေ့လိုက်ရရင်ဒေါသသင်ြ့ပီးမျက်စိစုံမှိတ်ပစ်
လိုက်ရတယ်..ဟင်း..။
မရောကဖူးပေမယ့်ဓါတ်ပုံလေးတွေကြည့်ရတော့
ReplyDeleteရောကိသွားသလိုခံစားရပါတယ်
သေသေချာချာရေးပြီးပုံတွေနဲ့ရှင်းပြထားလို့
ရောက်ဖူးတယ်ရှိအောင်တော့သွားလိုက်ချင်တယ်
ချစ်ခင်တဲ့ jasmine
လိမ္မော်သီးနဲ့ဆိုင်ဘေးက ဟာတွေက အော်စွန်းတွေရယ်။
ReplyDeleteပေါက်သုတ်စားတဲ့ဟာလေ။ အခွံကို ဒန့်ဒလွန်သီးလို များများနွာပြီး သုတ်စားရတယ်။