နတ်ဆိုးလေးကတော့ အန်တီဆွိကို ဘာစိတ်ကူးနဲ့ တက်ဂ်သည်မသိ။ အန်တီဆွိကလည်း ခေါင်းစဉ်အတိုင်း ဗရုတ်သုတ်ခ ဘလောဂ်ဂါမှို့ ရေးရမှာတောင် အားနာသည်။ အန်တီဆွိကား ဘလော့ဂ်ဂါ အလွန်မပီသသော ဘလော့ဂ်ဂါတစ်ယောက်မှို့ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကိုပြောပြကာ ကန့်လန့်ကာနောက်ကွယ်မှ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ ဘ၀ကို အနည်းအကျဉ်းမျှ ဖွင့်ပြရင်းဖြင့် ဘလော့ဂ်ဂါဟုသော အဓိပါယ်ကို ဖော်ပြလိုပါသည်။
သူများတွေများ ဘလော့ဂ်ရေးကြသည်။ နေ့စဉ် ဖြစ်ပျက်သော အကြောင်းအရာလေးများကို နုနုရွရွ အတွေးလေးတွေ ပေါင်းကာ ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးကြသည်။ တချို့ကလည်း ၀ါသနာပါရာ အသိပညာ၊ အတတ်ပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ ကဗျာ အစရှိသဖြင့် သတ်သတ်မှတ်မှတ်ရေးကြသည်။ ဘလော့ဂ်ကို နေ့စဉ်မဟုတ်ရင်တောင် ၂ရက် ၃ရက် တစ်ခါ အသစ်တင်ကြသည်။ update လုပ်ကြသည်။ နေ့ရက်အလိုက် အမေများနေ့၊ ဘလော့ဂ်ဒေး၊ မွေးနေ့၊ နှစ်ပတ်လည်နေ့ အစရှိသဖြင့် အမှတ်တရနေ့လေးတွေမှာ အမှတ်တရ ပို့စ်လေးတွေ တင်ကြပြန်သည်။
ဘလော့ဂ်ဟူသည် နေ့စဉ်ဒိုင်ယာယီလေးလို update ဖြစ်နေရမှာ အန်တီဆွိမှာကား ဘလော့ဂ်ကို တစ်ခါတစ်ရံ တစ်လနီးပါးလောက်ကြာအောင်ပင် ပစ်ထားတတ်လေသည်။ ရေးစရာအကြောင်းအရာ မရှိ၍လည်းမဟုတ်။ ရှိသည်။ မရေးတာကြာတော့ ကိုယ်ရေးသည့်အကြောင်းအရာသည် လူအများ စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်စေချင်သည်။ ဒီလောက်အကြာကြီးမရေးပဲနေပြီးမှ ဘာမဟုတ်သည့်အကြောင်းအရာကိုလည်း မတင်ချင်။ ရေးမည်ကြံပြန်တော့ ငါရေးတာ ဘယ်သူမှလဲ စိတ်ဝင်စားမှာမဟုတ်ပါဘူး၊ ငါကလဲ သူများတွေလို စာရေးကောင်းတာမှ မဟုတ်တာဆိုကာ စိတ်အားငယ်ပြန်သည်။ တင်ပြီးပြန်တော့ ပရိတ်သတ်ထံမှ (ကွန်မန့်များမှတဆင့်) အားပေးစကားများကြားရသောအခါ ပြန်အားတက်ကာ ၄-၅ရက် ဆက်တိုက်ဆိုသလို ဒလဟောပို့စ်တွေ တင်ပြန်သည်။ မဆွိတီကား " မြှောက်ပေး ဘာတက်အောင်က "ဆိုသော အမျိုးဖြစ်သည်။ နောက် သွေးအေးသွားပြန်ကာ ရေးချင်စိတ်မရှိပြန်။ ငါရေးတာ စိတ်ဝင်စားပါ့မလား၊ ကြိုက်ကြပါ့မလား အတွေးက ပြန်ပေါ်လာ။ ဤသို့နှင့် လုံးလည်ချာလည်လိုက်နေသည်။
အမေများနေ့လို၊ ထူးအိမ်သင်နေ့လို၊ တန်ဆောင်တိုင်သူခိုးပွဲလို သူ့နေ့ရက်အလိုက် ရေးစရာလေးတွေ ပေါ်လာပြန်တော့ အင်မတန် အပျင်းကြီးလှသော မဆွိတီဟာ အချိန်မီချက်ချင်း ဘယ်တော့မှ မရေး။ အချိန်ဆွဲကာ အင်တာနက်ရွာထဲ ဟိုဒီလျှောက်လည်နေသည်။ ရေးမည်ကြံတော့ အဲဒီနေ့ကုန်လို့ နောက်နေ့ မနက် (၁၂နာရီကျော်) ရောက်နေပြီ။ အဲဒီမှ ရေးချင်စိတ်က ထိမ်းမရ။ မီးပျက်တဲ့ ညမှာ စာသိပ်ကြည့်ချင်သလို၊ အချိန်မမီမှ ပိုရေးချင်စိတ်ပေါက်လာသည်။ နောက်တော့လဲ ဒီနှစ်မရေး၊ နောက်နှစ်ရေးလဲ ရတာပဲဆိုကာ တစ်နှစ်စောင့်၊ နောက်နှစ်ကျတော့လဲ ဒီအတိုင်း။ ထိုနှင့် အမေ့ အကြောင်းမရေးဖြစ်တာ ခုထိ။ ကိုငှက်ကြီး ဂျီဟော အဆောင်အောက် ဦးထုတ်ကြီးငိုက်စိုက်ချကာ သီချင်းဆိုသည့်အကြောင်းမရေးဖြစ်၊ တန်ဆောင်တိုင် သူခိုးကြီးညက အဆောင်မှာ သောင်းကျန်းသည့် အကြောင်းအရာ ရေးဖို့ ဟန်ပြင်ခဲ့တာ ဘယ်နှနှစ်ရှိပြီလဲမသိ။ ပြီးခဲ့သည့် ဘလော့ဂ်ဒေးတွင် သူသူငါငါ ဘလော့ဂ်ဒေးအကြောင်း အချိန်မီ ရေးကြရာ မဆွိတီသည် သူများရေးထားသောပို့စ်များကို ၀မ်းသာအားရ သွားဖြဲနားဖြဲ လိုက်ဖတ်လေ၏။ ကိုယ်တိုင်ကား မရေးဖြစ်ခဲ့။ မဆွိတီသည် ဤသို့ အပျင်းကြီးသော ဗရုတ်သုတ်ခ ဘလော်ဂါ ဖြစ်ပါသည်။
နောက်ပြီး ခရီးသွားသည့် အကြောင်းလေးတွေဆိုလဲ ဤနည်းနှင်နှင်။ ခရီးသွားပြီး ပြန်လာလာချင်း ဘယ်တော့မှမရေး။ ပြန်ရောက်တော့ ခရီးပန်းသည်ဟု အကြောင်းပြကာ နားသည်။ ရေးမည်ကြံတော့ တော်တော်နောက်ကျနေပြီ။ update မဖြစ်တော့ မရေးချင်တော့ပြန်။ ဟင်းတွေချက်ကာ ဓာတ်ပုံရိုက်သည်။ ပြီးတော့ ဘယ်တော့မှမတင်ဖြစ်။ တင်မည်ကြံတော့ အတိုင်းအဆတွေ မေ့ကုန်ပြီ။ မဆွိတီကား ဤသို့ အချိန်ကို မလေးစားသော ဗရုတ်သုတ်ခ ဘလော်ဂါ ဖြစ်ပါသည်။
နောက်ပြီး တစ်ခါတစ်ရံ ဟိုသွား၊ ဒီသွား ရေးစရာအကြောင်းအရာ အဖြစ်အပျက်ကလေးတွေ၊ ရယ်စရာ ဟာသလေးတွေ ကြုံရသည်။ စိတ်ထဲမှာတော့ စာစီနေသည်မှာ ညတိုင်း။ မီးပူတိုက်ရင်းလဲ စိတ်ကူးရသည်။ ဟင်းချက်ရင်းလဲ စိတ်ကူးနဲ့ရေးသည်။ သမီးကျောင်းပို့ရင်းတောင် စိတ်ကူးယဉ်ကာ ရေးနေသည်။ နောက်တော့ ရေးဖို့အချိန်ကလဲမရ၊ ရေးလဲ မရေးဖြစ်ကာ တကယ်တန်း ဘလော့ဂ်ပေါ် ဘယ်တော့မှ ရောက်မလာသော ပို့စ်များသာဖြစ်သွားသည်။ အတွေးထဲတင်သာ အခိုးအငွေ့ဖြစ်သွားသော ပို့စ်များဖြစ်သွားသည်။ မဆွိတီကား ဤသို့ စိတ်ကူးနှင့်သာ ရူးတတ်သော ဗရုတ်သုတ်ခ ဘလော့်ဂါ ဖြစ်ပါသည်။
မဆွိတီသည် စာရေးတာအပြင် အင်တာနက် surfing လုပ်တာလဲ အလွန်ဝါသနာပါသည်။ တစ်ခုခုသိစရာရှိပြီဆို ရေးရမည့်၊ လုပ်ရမည့် အကြောင်းအရာထက် အင်တာနက်မှာ ရှာဖို့က ပိုအရေးကြီးသည့် အလုပ်ကြီးအကိုင်ကြီး။ ကွန်ပြူတာရှေ့ရောက်ပြီဆို ပထမဆုံး ဖိုရမ်မှ ပို့စ်တွေဖတ်သည်။ ပြီးတော့ ဘလော့ဂ် အချို့လျှောက်ဖတ်သည်။ ကွန့်မန့်တစ်ချို့ပေးတာ ပေးပြီး အင်တာနက်ကမ္ဘာထဲ လည်ပတ်တော့သည်။ သတင်းတွေ လျှောက်ဖတ်သည်။ ယူကျူ့ကြည့်သည်။ ဖေ့စ်ဘွတ်ကြည့်သည်။ ၀ပ်ဆိုက်တွေ လျှောက်သွားသည်။ ဤသို့နှင့် အချိန်တွေကုန်ကာ ဤနေ့အဖို့ ပို့စ်တွေ မရေးဖြစ်တော့။ ရေးမယ်စိတ်ကူးထားသောပို့စ်သည် အင်တာနက်ကမ္ဘာမှ သတင်း၊ အတင်း၊ ဖိုရမ်၊ ဘလော့ပို့စ်များနှင့် ဖုံးလွှမ်းကာေ၀၀ါးပျောက်ကွယ်သွားလေတော့သတည်း။ မဆွိတီကား ဤသို့ တွေဝေေ၀၀ါးတတ်သော ဗရုတ်သုတ်ခ ဘလော်ဂါ ဖြစ်ပါသည်။
နောက်အန်တီဆွိရေးသော အကြောင်းအရာများသည် ဟိုရောက် ဒီရောက် အလွန်နိုင်လှသည်ထင်သည်။ ဒီနေ့ စားစရာပို့စ်တင်ရာကနေ နောက်နေ့ကျ ခရီးသွားပို့စ် ဖြစ်ချင်ဖြစ်သွားမည်။ နောက်ကျ ငယ်ငယ်က အကြောင်းတွေ၊ တစ်ခါတစ်ရံ ကိုယ့်အိမ်ကလူ တင်သော နိုင်ငံတော်ကို ဘာကြောင့်စွန့်ခွါ ဆိုသည့် ပို့စ်တွေ ဖြစ်ချင်ဖြစ်နေသည်။ မဆွိတီရေးသော အကြောင်းအရာများကို ပေါင်းလိုက်ပါက ဘုန်းကြီးများဘုန်းပေးသော ဘတ်လဘိုင်ဆွမ်းလို၊ သားဆိုးဆိုသော ရောသမမွှေသီချင်းလို စုပေါင်းစပ်ပေါင်း ရောမွှေထားသလို ဖြစ်နေသည်ဟု စိတ်ကထင်သည်။ မဆွိတီကား ဤသို့ ပေါက်ကရမျိုးစုံရေးသော ဗရုတ်သုတ်ခ ဘလော်ဂါ ဖြစ်ပါသည်။
ပို့စ်ရေးပြီးလျှင်လည်း အငြိမ်မနေ အင်မတန် စမြုံ့ပြန်တတ်သေးသည်။ ကိုယ်ရေးသည့်ပို့စ် ကိုယ်ပြန်ဖတ်ကာ ဘယ်နားကျနေလဲ၊ ဘယ်နား ဖတ်ရတာ ထောင့်နေလဲ ဖတ်ရင်း-ပြင်ရင်း၊ ပြင်ရင်း-ဖတ်ရင်း မပြီးသေးသော ပန်းချီကားလို ပြင်လို့ မဆုံးနိုင်တော့။ တစ်ခါတစ်ရံ ပထမတစ်ခေါက်ရေးထားတာ အကောင်း။ ပြင်လွန်းမှ ဖင်ချွန်းကာ ပိုဆိုးသွားသည်များလည်းရှိသည်။ ထိုအခါမျိုးတွင် ရုံးတွင်လုပ်နေသော ကိုယ့်အိမ်ကလူကို စစ်ခိုင်းရသည်။ "ကျုပ်ပို့စ်လေးတင်ထားတယ် စစ်ပေးပါတော် ဘာတွေကျခဲ့လဲ။ ဘယ်လိုနေလဲ...ဖတ်ရတာ ထောက်နေသလား ..အဆင်ပြေလား " အစရှိသဖြင့်ပေါ့။ (တကယ်တော့ ဟိုကလဲ တကယ် အားကိုးရတာ မဟုတ်ပါဘူး။ အလုပ်ထဲမှာဆိုတော့ ပြီးပြီးရော ... အေး ... အေး ... ကောင်းတယ် ... ကောင်းတယ် .. ဒါလောက်ပဲ ပြောတာပါ။) ပြီးတော့ ကိုယ့်ဘလော့ဂ်ကို လူဘယ်နှစ်ယောက်လာဖတ်သလဲ၊ ကွန့်မန့်ဘယ်နှစ်ခုရပြီလဲ၊ ပြန်ပြန်စစ်ရတာလဲ အမော။ တစ်ခါတစ်ရံ အပြင်ရောက်နေရင်တောင် အိုင်ဖုံးလေးဖွင့်ကာ စစ်သည်။ ဘလော့ဂ်ဂါများ၏ ပီတိသည်ကား၊ ပို့စ်တင်ပြီး တက်လာသော ကွန့်မန့်များပေါ်မှ အားပေးမှုများပင်ဖြစ်ပါသည်။
အပြင်လောကမှာတော့ ကိုယ်ဟာ ဘလော့ဂ်တစ်ခုဖွင့်ပြီး ရေးနေတာတွေ လူသိမခံချင်ပြန်။ ကိုယ်က စိတ်ထဲ ပေါ်ရာ ရေးချင်တာတွေ ရေးနေတာ။ စာရေးဆရာလဲ မဟုတ်တော့ ကိုယ့်ကို မသိသူများသာ ကိုယ်ရေးသည့်စာ ဖတ်စေချင်ကာ၊ ကိုယ်နှင့်အရင်သိပြီးသူများ ကိုယ့်စာဖတ်မှာတော့ အလွန်ရှက်ပေသည်။ အထူးသဖြင့် ရန်ကုန်က ကိုယ့်မိသားစုဝင်များ ဖြစ်သည်။ ကိုယ်က ငယ်ငယ်ကအကြောင်းတွေ၊ အဖေ၊အမေ၊အဘွား၊အကိုတွေအကြောင်း၊ မိသားစုအကြောင်းတွေ ဘွင်းဘွင်းကြီးရေးထားသည်ဖြစ်ရာ သူတို့ဖတ်မိသွားမည်ကို အလွန်စိုးရိန်သည်။ ခုချိန်ထိ မဆွိတီစာတွေရေးနေသည်ကို အိမ်က မသိပါ။ တခါတရံလည်း ငယ်ငယ်က "ညည်းစာရေးပါလား ..." လို့ ပြောဖူးသော အမေ့ကိုတော့ ပြောမည်ဟု စိတ်ကူးရသည်။
ထိုအတိုင်းပင် ခင်မင်ရင်းနှီးရာ အသိုင်းအ၀ိုင်းကိုလဲ ဖြစ်နိုင်လျှင် ကိုယ်ဘလော့ဂ်လေးဖွင့်ပြီး စာရေးနေသည်ကို မသိစေချင်ပါ။ ဘလော့ဂ်ရေးရာတွင် လူ့လောက၊ လူ့ဘုံဘ၀၊ အကြောင်းအရာ အမျိုးမျိုးကို ရေးရသည်ဖြစ်ရာ ကိုယ်ရေးသည့် အကြောင်းအရာထဲ သူတို့လဲ ပါချင်ပါနေမည်။ ထိုအခါ ရေးရမှာ ဘယ်လိုပဲ လွတ်လွတ်လပ်လပ်ရေးပါ ပြောလာသည့်တိုင် စိတ်ထဲမှာ ရေးရတာ မလွတ်လပ်တော့ပါ။ ထို့အပြင် ကိုယ့်စာကို ကိုယ်နှင့်ခင်မင်နေသူများက ဖတ်မည်ကို အလွန်ပင် ရှက်လှပါသည်။ ကိုယ်က သူများတွေလို နုနုရွရွ လှလှပပ ရေးတတ်သည်မဟုတ်။ အဆင့်မြင့်မြင့် စကားလုံးလှလှတွေ သုံးတတ်၊ ရေးတတ်သည်မဟုတ်၊ တောင်ရေး၊ မြောက်ရေး၊ ပေါက်ကရတွေသာ များသည်ဆိုတော့ သိသွားလျှင် အထင်ပင်သေးမည်လား။ မသိသည်ကပင် ပိုကောင်းသည်ဟု တွေးမိပါသည်။
အန်တီဆွိရဲ့ နောက်မကောင်းတဲ့ အကျင့်တစ်ခုက စာတစ်ပုဒ်၊ ပို့စ်တစ်ခုရေးလျှင် ပြီးသည်အထိသာ ဆက်ရေးချင်သည်။ မနားချင်ပါ။ အာရုံရတုံးလေး ဆက်တိုက်ချရေးချင်တာ။ ပြီးရင် ချက်ချင်း တင်လိုက် (Publish လုပ်လိုက်) ချင်တာ။ အဲဒီမှာ ရေးနေတုံး ဟိုဟာလုပ်ပေးပါ၊ ဒါလုပ်ပေးပါဆို စိတ်က အင်မတန် တိုသည်။ အဲသည်တော့ မဆွိတီ ပို့စ်ရေးသောနေ့များသည် ဟိုသားအဖ၂ယောက် မရှိသည့် ကြားရက်များသာဖြစ်သည်။ အဲဒီနေ့တွေမှာ နောက်ဆံမတင်းရအောင် မနက်ကတည်းက အိမ်အလုပ်တွေ အတော်များများပြီးအောင် လုပ်ထားသည်။ ညနေစာကို ချက်ထားသည်။ ပြီးတော့ ကီးဗုတ်ကို တဂျောင်းဂျောင်းရိုက်ကာ မပြီးမချင်း ရေးတော့သည်။ အချိန် အနည်းဆုံး ၃နာရီလောက်ရမှ ပို့စ်တစ်ပုဒ်ရေးဖို့ လုံလောက်ပါသည်။ မဟုတ်လို့ကတော့ ဟိုသားအဖ၂ယောက် ညနေစာငတ်မည်။
ဟိုသားအဖ၂ယောက်ဆိုတော့ ကိုယ့်အိမ်ကလူအကြောင်း ပြောရဦးမည်။ မဆွိတီ ဘလော့ဂ်မှာ ပို့စ်လေးတွေတင်ဖို့ကျဲလာပြီဆို ပထမဆုံး ကွန်ပလိမ့်တက်သူမှာ ကိုယ့်အိမ်ကလူပင်ဖြစ်ပါသည်။ "ညည်းဘလော့ဂ်လဲ ပစ်ထားတာကြာပြီ ... ရေးဦးလေ"ဆိုကာ ရုံးကနေ ဖုံးဆက်ကာပင် ပြောတတ်သည်။ သူကတော့ မဆွိတီ အိမ်မှာနေရင်း ပျင်းသွားမှာစိုးတာလည်းပါသည်။ ဘလော့ဂ်လေးရှိနေတော့ လူ့လောကနဲ့လဲ အဆက်အသွယ်မပျက်၊ ဘာပဲပြောပြော ဘာမှမဟုတ်တော့ရင်တောင် ဗရုတ်သုက္ခပဲဖြစ်ဖြစ် ဘလော့ဂ်ဂါဆိုသော pride လေးတော့ ရှိစေချင်သည် ထင်သည်။ မဆွိတီလို စာရေးရတာ ၀ါသနာပါသူအဖို့မှာ ဘလော့ဂ်လေးရှိသည်က အပျင်းလည်းပြေ၊ ကိုယ်ရေးချင်တာလေးလဲ ရေးရ၊ ကိုယ်ရှယ်ပေးချင်တာလေးတွေလဲ ရှယ်ပေးရနှင့် တော်တော်တော့ အသုံးဝင်ပါသည်။
ဘလော့ဂ်ပို့စ်လေးတွေ ခေါင်းစဉ်ပေးခြင်းနှင့်ပတ်သတ်၍ ပြောစရာရှိသေးသည်။ မဆွိတီသည် ဘလော့ဂ်ရေးရာတွင် ခေါင်းစဉ်လေးတွေ စိတ်ဝင်စားဖွယ် ပေးရသည်ကို အလွန်ဝါသနာပါသည်။ အစကတော့ ကိုယ့်ကိုကိုယ်ပင် မသိပါ။ နောက်တော့ အိမ်ဦးနတ်ကိုယ်တိုင်က သူ့ပို့စ်လေးပြီးသောအခါ ဖတ်ပြီး ခေါင်းစဉ်ပေးပေးပါ၊ ညည်းကခေါင်းစဉ်ပေးတာ သိပ်တော်တယ်ဟုပြောလာသောအခါမှ နဲနဲ သဘောပေါက်သည်။ ဘ၀င်ပင်လေဟပ်ချင်သလိုဖြစ်သွားသည်။ ခေါင်းစဉ်အပေးကောင်း၍ အတတ်စူးကာ ဒုက္ခရောက်ခဲ့ရသည်လည်း ရှိသည်။ "Screw driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင်" ဟူသော ပို့စ်သည်ကား ခေါင်းစဉ်ကြောင့် ခုချိန်ထိ ဆက်မရေးဖြစ်သောပို့စ်ဖြစ်သွားသည်။ ခေါင်းစဉ်တပ်စဉ်က ဘာရယ်လို့မဟုတ်။ ငယ်ငယ်က ဆရာမကြီးဒေါ်ပတ္တမြားခင်ရေးခဲ့သော "ကင်မရာကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင်" ဆိုသည့် အခန်းဆက်ဝထ္ထုရှည်ကို ကြိုက်နှစ်သက်လွန်း၍ အတုယူကာ နာမည်ပေးလိုက်ခြင်းဖြစ်သည်။ နောက်မှ ခေါင်းစဉ်က ပေါတောတော ကြောင်တောင်တောင်ကြီးထင်ကာ ထိုပို့စ်လေးကို ပြန်ထုတ်၊ ဖုံခါကာရေးမည်ကြံတိုင်း ခေါင်းစဉ်ကိုရှက်ကာ မရေးဖြစ်တော့ပါ။ အမှန်မှာ မဆွီတီသည် R&D တွင် Design Engineer ဘ၀ဖြင့် ၁၀နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည်ဖြစ်ရာ အင်ဂျင်နီယာ လူငယ်များအတွက် ဗဟုသုတ၊ အတွေ့အကြုံများ ရှယ်ပေးချင်၍ ဤပို့စ်ကို ရေးသားခဲ့ရာ မည်သို့ ဆက်လုပ်ရမည်မသိဖြစ်နေရပါတော့သည်။ ယခုပို့စ်ခေါင်းစဉ်ကိုလည်း ပိတ်သတ်များ "သိပံနည်းကျ အိမ်ထောင်သည်ဘ၀" ဟူသောခါင်းစဉ်နှင့် ထင်ယောင်ထင်မှား မဖြစ်စေလိုပါ။း) ဤကား စကားချပ်။
ဗရုတ်သုတ်ခ ဘလော့ဂါဘ၀မှာ နောက်တစ်ခု ပြောစရာကျန်နေသေးသည်။ ကိုယ်က ဟင်းချက်တာလဲ ၀ါသနာပါတော့ ဟင်းချက်နည်းလေးတွေ ရှယ်ပေးနေရာ ဟင်းပုံတွေဓာတ်ပုံရိုက်ရသည်။ ဘလော့ဂ်ရေးပြီးနောက်ပိုင်း ဟင်းချက်ရာတွင် ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေတတ်ရာ တစ်ခါတစ်ရံလဲ ကိုယ့်အိမ်ကလူက ကြည်ဖြူပါသည်။ တစ်ခါတရံ အလုပ်က အပြန် မောမောပမ်းပမ်းနဲ့ ထမင်းစားမည်ကြံ၊ "ခဏနေဦး ... အဲ့ဒီဟင်းလေး ဓာတ်ပုံရိုက်လိုက်ဦးမယ် ..." ဆို ကင်မရာပြေးယူ အင်မတန်မှ စိတ်ဆိုးလေသည်။ အဲဒီနေ့တော့ မျက်မှောင်ကုတ်ကြီးနဲ့ ပွစိပွစိပြောတာ ခံဖို့ပြင်ပေရော့ပဲ။ ဟိုနေ့ကလဲ ဘလော့ဂ်မှာတင်ဖို့ အိမ်နားလမ်းမက ပန်းပုံလေးတွေ ဓာတ်ပုံလိုက်ရိုက်သည်။ လမ်းမကြီးနံဘေး ကားတွေက တ၀ီဝီသွားလျက်ရှိရာ၊ ကားပေါ်မှလူများက မည်သို့ထင်မည်လဲ။ မထူးဆန်းတဲ့ နေ့စဉ်တွေ့နေရတဲ့ လမ်းဘေးကပန်းတွေကို ကင်မရာတစ်လုံးနဲ့ အနီးကပ်ရိုက်နေရာ အကြင်သူသည် အရူးမဟုတ်လျှင် ဘလော့ဂ်ဂါသာဖြစ်မည်။ ဘလော့ဂ်ဂါဟူသည်ကား ဘယ်သွားသွား ကင်မရာတစ်လုံးနဲ့ ထင်ရာ၊ မြင်ရာ လျှောက်ရိုက်နေသူလည်း ဖြစ်နိုင်ပေသည်။
မနေ့ကလဲ ဘလော့ဂ်ဂါအကြောင်းရေးမည်ဆိုကာ အင်တာနက်ထဲ မွှေနှောက်ရှာလိုက်သည်မှာ ပို့စ်ကတော့ ဖြစ်မလာခဲ့။ အဘိဓာန်ထဲမှာတော့ ဘလော့ဂ်ဂါဆိုတာ ဘာလဲဆိုတော့ "ဘလော့ဂ်ကိုရေးသူ " တဲ့။ အင်မတန်ရှင်းပါသည်။ ထိုအခါ ဘလော့ဂ်ဆိုတာကို ဆက်ရှာလိုက်ပြန်တော့ Diary တဲ့၊ နေ့စဉ်မှတ်တမ်းတဲ့ ခင်ည။ ဆိုလိုချင်တာကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကလေးတွေ၊ အကြောင်းအရာလေးတွေ၊ အတွေးလေးတွေကို နေ့စဉ် မှန်မှန်လေး update လုပ်ရေးနေတာပေါ့ခင်ညာ။ အဲဒီထဲမှာ ဒုံးပျံ၊ ဂြိုလ်တု လွှတ်တဲ့ သတင်းလဲပါချင်ပါမယ်၊ အိုဘာမားအကြောင်းလဲ ပါချင်ပါမယ်၊ ကိုယ့်အိမ်မှာ အပ်ပျောက်တာလဲ ဖြစ်ချင်ဖြစ်မယ်။ အမှိုက်ပုံးပေါက်တာလဲ ပါမယ်၊ ယုတ်စွအဆုံး ကိုယ့် အိမ်ဘေး အုတ်ကြားမှာပေါက်နေတဲ့ မြက်ကလေးတွေ အကြောင်းတောင် ဖွဲ့နွဲ့ရေးလို့ရသေးတာပဲ။
" စာရေးတာ ၀ါသနာပါသူတစ်ယောက်က ကိုယ်ရေးချင်တာ၊ ရှယ်ပေးချင်တာလေးတွေကို လာဖတ်သူတွေ အပျင်းပြေအောင်၊ (ဗဟုသုတရအောင်) ကိုယ်လဲ အပျင်းပြေအောင် (တစ်ခါတရံလဲ ပီတိစားရအောင်) အင်တာနက် web page တစ်ခုကနေ ရေးပေးနေတာ၊ ရှယ်ပေးနေတာ ဘလော့ဂ်ဂါပေါ့ဂျာ ... "
ကိုနတ်ဆိုးလေး ကျေနပ်မည်ထင်ပါသည်။
TT Sweet, I always read yr posts and I like yr writing free style very much. But I am a little lazy to write comment.
ReplyDeleteThus why. But I come to yr site everyday and wait and read new post. So, pls keep on writing.
I am looking forward to read yr post.
ဟေ့..နံပတ်တစ်ကွ..ပျော်လိုက်တာ..။
ReplyDeleteနေ့တိုင်းလာလည်တယ်မဆွိရေ..ဟိုအိမ်ဒီအိမ်လျောက်လည်ရတာ
ေ ခြတို..အဲလေ..မျက်စိမလည်နိုင်အောင်အချိန်မရလို့သာမမန်ြ့ဖစ်တာ..
ဘာအေ ကြာင်းဘဲရေးရေးဖတ်လို့ကောင်းနေတာမို့အားပေးပြီးသား...။
ဟင့်..ပထမဆုံးလို့ထင်ထားတာ..သူများဦးသွားပြီ..း(
ReplyDelete((ဘလော့ဂါဟူသည်ကား ဘယ်သွားသွား ကင်မရာတစ်လုံးနဲ့ ထင်ရာ၊ မြင်ရာ လျှောက်ရိုက်နေသူလည်း ဖြစ်နိုင်ပေသည်။))
ReplyDeleteစင်ကာပူက လက်ရှိ ဘလော့ဂါအမကြီးတစ်ယောက်ကို သတိရမိပါသည်။
ဗရုတ်သုတ်ခအကြောင်းတွေကို စီကာပတ်ကုံးရေးသွားတဲ့ ပညာကလည်း နည်းတာမဟုတ်ဖူး၊ ဖတ်လို.တကယ်ကောင်းတယ်၊ ရယ်လည်း ရယ်ရတယ်၊ ပို.စ်တွေမှန်မှန်တင်နော်၊ ဟီးဟီး၊ အားပေးတဲ့သူတွေ (မြှောက်ပေးတဲ့သူတွေ) ရှိနေပြီပဲ၊
မဆွိရေးတဲ့ ပို.စ်တွေမှန်မှန်ဖတ်ဖြစ်ပါတယ်၊ တစ်ခါတစ်လေ ပျင်းလွန်းလို. ကွန်.မန်.မရေးဖြစ်တာပဲရှိတယ်၊
very nice post,every day i want to read your news post coz i like your writting style and your mind.
ReplyDeleteဒေါ်ဆွီတိ သမီးလေးညက်နာနဲ့နေ့တိုင်းလာတယ်ဗျ ဘရုတ်သုတ်ခ ဘလော့ဂါပြောလို့ ဘရုတ်သုတ်ခ ရေးသွားတာ
ReplyDeleteခင်မင်တဲ့
seesin
ဟင် သူများ ကွန်တွေတော့ တက်တယ်တော့
ReplyDeleteဒီလိုပဲ..ဒီလိုပါပဲ..း)
ReplyDeleteဟင် မမ အစောကြီးထဲ က လာမန့်နေတာ ရဘူးရယ် ။ခုမှ တက်တယ် ။
ReplyDeleteဖတ်ရတာ သဘောကျလို့  အမြဲ လာ အားပေးနေပါတယ်။
ကွန်မန့်ကတော့ အဲလို စိတ်ဝင်တစားရိုက်ရင် ကိုယ်ဘဲ မကျွမ်းလို့ လားမသိ post / publish လုပ်လိုက်ရင် ပျောက်ပျောက် သွားတာရော ..ကွန်မန့်လေးတောင် ကောင်းကောင်းမရေးတတ်တာရောနဲ့ မမန့်ဖြစ်တာပါ။
တို့ကတော့ ကျေနပ်တယ်လေ့
ReplyDeleteစာရေး မကောင်းဘူး မပြောပါနဲ့ ဝေ့
မသိစေချင်ဘူးဆိုလည်း မသိချင်ယောင်ဆောင်ပေးပါ့မယ်အေ့
:D
တီတီဆွီရေ မန့်လို့ရတုန်း အားကျမခံ မန့်တယ်ဗျို့
ReplyDeleteဘလော့တေလေတရောက် တနေ့ သုံးဆယ့်ခြောက်ခေါက်လောက် လမ်းသလားနေတာ လာပြန်ပြီ နောက်တခါ မီးပူတိုက်ရင်းလဲ စိတ်ကူးမယဉ်ပါနဲ့ အကျီမီးကျွမ်းလိမ့်မယ် ထမင်းချက်ရင်း စိတ်ကူးယဉ်လို့ကတော့ အတူးနံ့ရလိမ့်မယ် ကျောင်းပို့ရင်း စိတ်ကူးမယဉ်ပါနဲ့ သမီးလေး ခလုပ်တိုက်မိမယ်
ခင်မင်တဲ့
seesein
တီဆွိရေးတာကြိုက်တယ်။
ReplyDeleteအပိုတွေမပါဘူး၊ ပို.စ်ထဲမှာ အာမေဋိတ်တွေသိပ်မသုံးဘူး၊စာရေးတာဘွင်းဘွင်းရှင်းရှင်းနဲ.၊ တကယ်.တကယ်ရေးရမယ်.ကိစတွေကျတော.လဲ ပညာရှင်ဆန်တယ်။
တကယ်ကိုကြိုက်ပါတယ်။
ဟိုးအရင်တုံးကလဲ တခေါက်တော.ပြောဖူးပါတယ်၊ တီဆွိရေးတဲ.စာအရေးအသားစတိုင်က တချက်တချက်ကျရင် စာရေးဆရာမ မစနာရေးတဲ. ပုံစံမျိုးနဲ.တူတယ်။
အမြဲရေးပါနော်။ တကယ်ကိုအားပေးနေမယ်. အမာခံပရိတ်သတ်တွေရှိတယ်ဆိုတာ မမေ.ပါနဲ.။
မြှောက်ပြောတာလဲမဟုတ်ပါဘူး။ တီဆွိကိုမြှောက်ပြောလို.လဲ ကိုယ်.မှာဘာမှအကျိုးထူးမခံစားရပါဘူး။ တကယ်ကြိုက်လို. အခုလိုရှည်ရှည်ရေးပြီးတော.ကိုပြောပြတာပါ။
အပေါ်ကတယောက်ပြောသလိုဘဲ ကိုယ်က ကွန်မန်.ပေးနေကျမဟုတ်တော.ကိုယ်လုပ်တာဘဲအလုပ်မဟုတ်လို.လားမသိဘူး၊ရေးပြီး၇င်ပျောက်ပျောက်သွားတယ်။ ဟိုတခါတုံးကလဲ တီဆွိဂျီမေးလ်ထဲကနေပြန်တင်ပေးထားရဖူးတယ်။
ဆက်ရေးပါ၊အမြဲမပြတ်ဆက်ရေးပါ၊တကယ်အားပေးပါတယ်။
Another blog TAYLAE come and walk more than 36 times:D.....Sometimes i don't leave comment.Love to read your writing.Go ahead as blogger.
ReplyDeleteGyidaw(just blog reader)
မမpost တွေကို အမြဲဖတ်ဖြစ်ပါတယ်။ စိတ်ပျော်ရွှင်စေလို့။ ဒါပေမယ့် comment တော့ မပေးဖြစ်ဘူး။ ဥပမာ မမ ရဲ့ အချစ်အကြောင်း tag post ဆို သိပ်ကြိုက်ပါတယ်။ အသည်းကွဲလို့ မပြီးနိုင် ငိုချည်းပဲ နေတာ ဆိုတဲ့ နေရာမှာ စိတ်ထိခိုက်လွန်းလို့ ဘာမှ မရေးနိုင်ခဲ့ပါဘူး။
ReplyDeleteမမရဲ့ အမာခံယပ်တောင်ပါ :P
တဂ်ပို့စ်လေး ဖတ်သွားပါတယ် စွိတီရေ။ ပို့စ်သစ်တင်တိုင်းလည်း အားပေးနေပါတယ်နော်။ စာအရေးအသားကောင်းပါတယ်။ ဘလော့ဂါတစ်ယောက်ရဲ့ လှုပ်ရှားမှုလေးတွေက တစ်ယောက်နဲ့တစ်ယောက် မူလေးတွေကွဲနေပေမယ့် ဆန္ဒလေးတွေတူညီကြတယ်နော်။
ReplyDeleteစိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်မရဲ့ ပိုစ့်ကို ဖတ်ရင်း မျက်နှာက ပြုံးနေမိတယ်
ReplyDeleteအရေးအသားခပ်သွက်သွက်နဲ့ စာဖတ်သူကို ပြုံးချင်စိတ်ပေါက်အောင် ရေးတတ်တဲ့ အတတ်ပညာက တကယ်ကို ချီးကျူးဖို့ကောင်းတာပါ။
ကျွန်မလည်း အစ်မဆွိရဲ့ စာရေးဟန်လေးတွေကို သဘောကျတယ်
ကိုယ်ပိုင်ဟန်လေးနဲ့ အများနဲ့မတူ ဟာသနှောပြီးရေးထားတော့ ဖတ်ရတာမပျင်းဘဲ သွက်လက်နေတယ်
T T Sweet,
ReplyDeleteI always read your blog.I like your Beautiful post.
Always visit your blog. I like your style.
ReplyDeleteDear T T Sweet.
ReplyDeleteI also always come and read every new posts because I like your writing style.
Carry on Ma Sweet..I'm your die hard fan! :))
ReplyDeleteWD
Ama,
ReplyDeleteI also your always reader..
Carry on..
အမရဲ့ရေးဟန်ကိုကြိုက်တယ်..နေ့တိုင်းဖတ်ဖြစ်တယ်.ကွန်ပြူတာဖွင့်ရင် အ၇င်ဆုံးသွားတာကအမဘလောခ်ပါ.အသစ်မရှိရင်လည်းအမဘလော့ခ်လစ် ထဲကတခြားဘလောခ်တွေသွားလည်နေကြ..အမချက်တဲ့ဟင်းတိုင်းလည်းလိုက်ချက်ဖြစ်တယ်..ခြေရာမချန်ပဲတိတ်တိတ်ဝင်လည်နေကြ အမပရိတ်သတ်တဦးပါ..
ReplyDeleteဒီကလည်း တီတီဆွိရဲ့ အမာခံ ယပ်တောင် တချောင်းပါ...
ReplyDeleteနှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာ Blogging နိုင်ပါစေ...
ပုံ/
အရင်းကြီးတွေပဲဟု အစဖေါ်ပေးခဲ့သူ
Hello TT,
ReplyDeleteEveryday I wander around the blog city to pacify myself after the monotonous household chores.
It is your blog whom I usually visit eagerly to see what's new.
အန်တီဆွိဘလော့ဂ်ကို လာရောက်ဖတ်သူ၊ လည်ပတ်သူ၊ အားပေးသူ၊ ကွန်မန့်ပေးသွားသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဂျာ။ ဒီလောက်အားပေးလိမ့်မယ်လို့ မျှော်မှန်းမထားလို့ အလွန်မှလဲ ၀မ်းသာလှပါတယ်။ ပို့စ်လေးတွေ တင်ဖို့ အားသစ်တွေတော့ ရသွားပြန်ပြီ။ Love u all :))
ReplyDeleteဘလော့ဂါဆိုတာ ဘလော့ကိုရေးသူ... မှန်တာဘဲလေ.. :D
ReplyDeleteညီမလည်း အမရဲ့  ယပ်တောင် တစ်ချောင်းပါ (မသက်ဝေ စကားလေးကို ကြိုက်လို့ :). ညီမက အမထက်ဆိုးတာက ကိုရေးတာ သူများသိမှာကြောက်ရင်း အခုဆို ရေးတောင် မရေးဖြစ်တော့ဘူး။ ဒါနဲ့ စကားမစပ် ညီမဘလော့ရေးတုန်းက အမက ပထမဆုံး comment ပေးတာ။ ညီမကတော့ အမြဲတမ်းဖတ်ပေမဲ့ comment မပေးဖြစ်ဘူး။ တနေ့တနေ့ အမဘလော့ဂ်မလာရရင် မနေနိုင်ဘူး။ အသစ်မရှိရင် အဟောင်းပြန်ဖတ်တယ်။ :)
ReplyDeleteအကြင်သူသည် အရူးမဟုတ်လျှင် ဘလော့ဂ်ဂါသာဖြစ်မည်။ မှန်၏...
ReplyDelete