Thursday, October 30, 2025

Mushroom chicken creamy pasta

Photo credit Google




Chicken breast - 500 gm (Dice 1.5cm )

Pasta - 300 gm 

Mushroom - 250 gm ( chop thin cut)

Thicken cream - 300 ml

Cheese (grate) - 200 gm

Black pepper (ground) - 1 tea spoon

Dice chicken breast 1.5cm  

Garlic 5 clove - chop tiny sizes


Ingredients

  • Pasta – enough for 2–3 servings

  • 1 cup mushrooms, sliced

  • 1–2 cups diced chicken

  • 2 tsp olive oil

  • 2 cloves garlic, chopped

  • 2 tbsp salt (for boiling pasta)

  • ½–1 cup thickened cream

  • ½ cup grated cheese (parmesan or mozzarella)

  • Black pepper, garlic powder, onion powder – to taste


Instructions

  1. Cook the pasta

    • Boil 3 liters of water in a pot.

    • Add 2 tablespoons of salt and the pasta.

    • Cook over medium heat until al dente.

  2. Cook the mushrooms

    • In a non-stick pan over medium heat, add the mushrooms.

    • Stir occasionally until the mushrooms are cooked and all the liquid has evaporated.

  3. Add the chicken

    • Add 2 teaspoons of olive oil and the chopped garlic to the mushrooms.

    • Stir for a few seconds, then add the diced chicken.

    • Cook until the chicken is no longer pink.

  4. Add liquid and cream

    • Pour in some of the boiling water from the pasta pot—just enough to cover the chicken.

    • Add the thickened cream and cheese. Stir well until the sauce becomes creamy.

  5. Combine and season

    • Add the cooked pasta to the sauce and stir gently to combine.

    • Season with black pepper, garlic powder, onion powder, and any other seasonings you like.

    • Cook until the sauce thickens to your preferred consistency.

  6. Serve

    • Once the sauce is thick and creamy, serve hot and enjoy!


Thursday, October 16, 2025

Kimchi recipe new





ကင်မ်ချိ အိုးရှင်း ထုတ် တစ်ထုတ်ကို ထိတ် ဖြတ်၊  တစ်လက်မလောက် အပိုင်းလေးတွေ လှီးပြီး ဆား 1/4 cup နဲ့ နယ်ပီး ရေမြုတ်ရုံ စိမ်ထားပါ။ အပေါ််အောက် မကြာခဏ လှည့်ပေးပါ။

ဆားရည်နဲ့ နှပ်ထားတာ ၂နာရီခန့် ကြာတဲ့ အခါ  အိုးရှင်း ထုတ်လှီးထားတာတွေကို ရေနဲ့ ပြန်ဆေးပေးပါ။

...

ရေ 2cup နဲ့ ဆန်မှုန့် စားပွဲဇွန်း တစ်ဇွန်း၊ ကောက်ညှင်းမှုန့် စားပွဲဇွန်း တစ်ဇွန်းကို နှံ့ အောင် မွှေခေါက်ထားပါ။ ပြီးရင် မီး အလယ် အလတ်နဲ့ ၅မိနစ်ခန်ံ ပျစ်လာသည် အထိ မွှေပေးပါ။ ကေ်ရည် ရပါပြီ

ကြက်သွန်ဖြူ 1/4 cup, ကြက်သွန်နီ ဥကြီး တစ်လုံးခွဲ ၊ ဂျင်း လက် တစ်ဆစ် ပန်းသီး တစ်ခြမ်း တို့ကို ဘလန်ဒါနဲ့ ညက်နေအောင် ကြိတ်ထားပါ။

မုံလာဥ တစ်ဝက်၊ မုန် လာဥနီ ၃ဥ ခန့်ကို အချောင်း အသေးလေး‌တွေ လှီးထားပါ။

ကြက်သွန်မြိတ် အစည်း တစ်ဝက်ခန့်ကို တစ်လက်မခန့် အရှည်လေးတွေ လှီးဖြတ်ထားပါ။

ပြီးရင် အပေါ်် က ကော်ရည်ရယ်၊ ငါးငံပြာရည် 1/4 cup ရယ်၊ ကိုးရီးယား ငရုပ်သီးမှူန့် 1/2 cup ရယ်၊  ကြိတ် ထားတဲ့ အရာတွေရယ်၊ လှီးထားတဲ့ မုံလာဥဖြူ နီ ကြက်သွန်မြိတ် တွေကို အားလုံး ရောနယ်လိုက်ပါ။

ပြီးရင် အပေါ်က Kim Chi sauce ကို လှီးထားတဲ့ အိုးရှင်းထုတ် တွေနဲ့ ရောနယ် ေပးပါ။

ပြီးရင် ဖန်ပုလင်းထဲကို သိပ် ေန ေအာင် ဖိထည့်ပြီး ေလလုံအောင် အပေါ်် က သေချာ ပိတ်ပါ။

ရေခဲသေတ္တာထဲ ချက်ချင်းထည့်ပါ။ တစ်ရက်ခွဲလောက်ဆို စားလို့ရပါပြီ။

Friday, July 25, 2025

အာလူး ကတ်တလိတ် ကြော်



အာလူးကိုနွှာ၊ အတုံးသေးလေးတွေပြုတ် (မိနစ် ၂၀ ခန့်)၊ ထောင်း (သို့) ကြိတ်ခြေပြီး cheese နဲနဲ ခြစ်ထည့်၊ ဆားနဲ့ ပြောင်းဖူးမှုန့်ထည့်နယ်ပြီး၊ လုံးကြော် လုံးဝ ပေါက် မထွက်ပဲ ကြွပ်ကြွပ်လေးနဲ့ အရမ်းစားကောင်းပါတယ်။


ingredient တွေက
အာလူး ၄လုံး
grated cheese - 35 gm
ပြောင်းဖူးမှုန့် - ၄ဇွန်း (table spoon)
ဆား - သင့်သလို
flavor အတွက် နံနံပင် အနည်းငယ်လှီးထည့်





Sunday, July 6, 2025

 

ရှမ်းတို့ဟူး ကျိုနည်း -သုပ်နည်း



Basen မှုန့်ခေါ် ကုလားပဲမှုန့်ကို ဆန်ချဉ်ခွက် ၄ခွက်ခန့် ရေ များများ ( တစ်လီတာခန့်) ထည့်ပြီး အားလုံး ရေပျော်သွားအောင် အတုံးအခဲတွေမကျန်အောင် စကာနဲ့ စစ်ချဖျော်ပြီး ၅နာရီခန့် အနည်ထိုင်ထားပါ၊

အနည် ကျသွားပြီဆို အပေါ်ကအရည်တွေကို ကဲ့ယူပြီး အနည်တွေကိုတော့ ရေဆန်ချင်ခွက် ၂ခွက်လောက်နဲ့ ပျစ်ပျစ်လေး ဖြစ်အောင် ရောသမမွှေလိုက်ပါ။



..

ပြီးရင် ကျိုမဲ့ အိုးထဲကို ရေ ၃၀၀ မီလီလောက်ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုပါ။ ပြီးရင် စောနက ပဲစိမ်ထားတဲ့ အပေါ်ရေကို ဆန်ချင်ခွက် တစ်ခွက်ခန့် လောင်းထည့်ပြီး ဆက်ကျိုပါ။ ကျန်တဲ့ အပေါ်ရေတွေ သွန်သာပစ်ပါ။

ပြီးရင် ပဲနှစ်နဲ့ ရေပြန်ရောထားတာကို သမအောင် မွှေပြီး အောက်က ဆူနေတဲ့ အိုးထဲ ဖြေးဖြေးချင်းလောင်းထည့် အောက်ကလဲ အိုးကို ယောင်းမနဲ့ အဆက်မပျက်မွှေပေးပါ။

မီးအနေတော်နဲ့ ဆက်ကျိုပါ။ ကျိုတာ အရမ်းပျစ်လာတယ်ဆို ရေနွေးပွက်ပွက်ဆူ အနည်းငယ်ထည့်ပါ။ ဆီ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ၊ ဆား အနည်းငယ်၊ ဟင်းခပ်မှုန့် အနည်းငယ်၊ သင့်တော်သလို ကိုယ့် စိတ်ကြိုက် အရသာ ရသည်အထိ ထည့်ပါ၊

၁၀မိနစ်ခန့် ကျိုလိုက်ရင် နို့ဆီလို ခပ်ပျစ်ပျစ်လေး အခြေအနေမှာ ချပြီး ဆီသုပ်ထားတဲ့ ဗန်းထဲထည့် အအေးခံပါ။

၃-၄ နာရီဆို ရှမ်းတို့ဟူး တုံတုံလေးရပါပြီ။

 


..

ရှမ်းတို့ဟူးသုပ်နည်း

ကြက်သွန်ဖြူ  ၈မွှာခန့် ၊ ငရုပ်သီးစိမ်း ၄တောင့်ခန့်၊ နံနံပင် ၅ပင် လောက်ကို နုတ်နုတ်စင်း (သို့) blender နဲ့ ကြိတ်ပါ။

ပြီးရင် သံပုရာသီး တစ်ခြမ်း (သို့) ရှာလကာရည် တစ်ဇွန်း ၊ သကြား ၂ဇွန်း၊ ဆား အနည်းငယ်၊ ပဲငံပြာရည် ၃ဇွန်းခန့်၊ ဟင်းခပ်မှုန့် အနည်းငယ်ကို ရေ ဆန်ချင်ခွက် တစ်ဝက်ခန့်ထည့်ပြီး အပေါ်က ကြိတ်ထားတာနဲ့ ရောသမမွှေပါ။ အရသာ စိတ်ကြိုက်ရအောင် လိုတိုး ပိုလျှော့ လုပ်ပေးပါ။ ရှမ်းတို့ဟူးသုပ်အတွက် sauce ရပါပြီ။

မြေပဲဆံ ကြိတ်ထားပါ။

ဆီပူပူမှာ နှမ်းထည့်ပြီး နှမ်းဆီမွှေး လုပ်ထားပါ။

ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။

ငရုပ်သီးခွဲခြမ်းကို ဆီပူပူမှာထည့်ပြီး ငရုပ်သီးဆီ (ဆီနီ) လုပ်ထားပါ၊

ငရုပ်သီး ခွဲကြမ်း ကြော်ထားတာကို စစ်ယူထားပါ၊

အားလုံး ရပြီဆို ပွဲပြင်လို့ရပါပြီ။

..

တို့ဟူးကို အပြားလေးတွေ လှီးထားပြီး သုပ်မည့် ပန်းကန်ထဲ ထည့်ပါ၊



Sauce ကို တို့ဟူးတွေ အကုန်နစ်သွားအောင် များများ ထည့်ရပါတယ်။

ပြီးရင် အပေါ်က ingredient တွေကို တစ်ခုချင်း တို့ဟူးပေါ်မှာ တစ်နေရာစီ ပုံလိုက်ပြီး ရေသမေမွှေလိုက်ရင် အလွန် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ရှမ်းတို့ဟူးသုပ်ရပါပြီ၊


တို့ဟူးကို ကြော်၊ ကတ်ကျေးနဲ့ ညှပ်ပြီးလဲ တို့ဟူးသုပ်ထဲ ထည့်စားကြပါတယ်။

ဇွန်း=> ထမင်းစားဇွန်း = > table spoon

 


Thursday, May 8, 2025

မုန့်ပြားသလက် အပေါက်ဖောက်နည်း

မုန့်ပြားသလက်ကို အပေါက်လေးတွေနဲ့ ရအောင် ဘယ်လို လုပ်သလဲ မေးနေကြလို့။ တီဆွိပြောတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီး ပုံလေးတွေ တင်ပေးကြရင် ပြောပြရကျိုး နပ်မယ်နော်။ တင်ပေးကြပါ လုပ်ကြည့်ပြီးရင်။
 ...
သြဇီရောက်ကတည်းက မုန့်ပြားသလက်လုပ်တိုင်း တစ်ခါမှ အဲလို မဖြစ်ဖူးလို့ ပျော်လိုက်တာ။ မုန့်လုပ်တော့လဲ ငယ်ငယ်က မုန့်လုပ်တိုင်း ဆော့နေရသလို ပျော်နေတာ။ အဲလို အပေါက်လေးတွေနဲ့က ငယ်ငယ်က အညာမှာ စားဖူးတဲ့ မနက်စာ မုန့်ပြားသလက် အတိုင်း တူမှတူ၊ ပြီးတော့ အလယ်မှာ ဖောင်းဖောင်း အိအိလေး၊ ပြီးတော့ နှမ်းထောင်းမွှေးမွှေးလေးနဲ့။ 
 .. 
စာရှည်မှာ စိုးလို့ လုပ်နည်းကို အသေးစိတ် မပြောတော့ပဲ အကျဉ်းချုပ်ပြောပြပါမယ်၊ အကျဉ်းချုပ်ပေမှို့ပဲ .. ဒီ လုပ်နည်းကို ယူကျူ့ကနေ ရပါတယ်။ credit ပေးပါတယ်။ သူ့ recipe ထက် အနည်းငယ် လိုတိုးပိုလျှော့ လေးတွေ တော့ ရှိပါတယ်၊
-ယိုးဒယား ဆန်မှုန့် (တံဆိပ်အနီ) ဆန်ချဉ်ခွက် ၂ခွက်၊
 -ထမင်းကြမ်း ဆန်ချဉ်ခွက် တစ်ခွက်၊ 
-ရေ (ကြက်သီးနွေး - 30 deg C ခန့်) ၃၅၀ - ၄၀၀ မီလီ (ml) ခန့်၊
 - ဆား လက်ဖက်ရည် ဇွန်း လေးပုံ တစ်ပုံ (1/4 tea spoon) 
- dry yeast လက်ဖက်ရည် ဇွန်း တစ်ဝက်၊
- သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
(တကယ့် measuring tea spoon နဲ့ အတိအကျ ထည့်ပေးပါ။) 
အားလုံးကို သစ်သီးဖျော်စက်လို blender ထဲ ထည့်၊ အတော် ညက်နေအောင် ၂မိနစ်လောက် မွှေလိုက်ပါ။ 
(ရေကို ၃၅၀ မီလီလောက်ပဲ အရင်ထည့် ကြိတ်ပါ၊ နောက်မှ  blender ဆေးရေကို မုန့် အပျော့ အမာပေါ် တည်ပြီး ထပ်ထည့်ပါ)
 ...
 လာပါပြီ၊ လာပါပြီ၊ အပေါက် ပညာက ဒီမှာပါ။ ဒါကို ချက်ချင်း မုန့် အိုးထဲ ထည့်လုပ်ရင် မုန့်က မဖြစ်ပါဘူး။ yeast တွေ active ဖြစ်အောင် (fermentation ဖြစ်အာင်) စောင့်ရပါတယ်။ မြန်မာလိုဆို မုန့်ပွ အောင်၊ အချဉ် ပေါက်‌အောင် စောင့်ရတာပါ၊ 
စောင့်တာလဲ ဒီဆစ်ဒနီမှာလို ဆောင်းဦးအပူချိန် ၁၅ -၂၀ လောက်ဆို yeast က active ဖြစ်ဖို့ အတော် နှေးပြီး၊ ခက်လဲ ခက်ပါတယ်။ 
ညနေအထိစောင့်တောင် ဒီအပူချိန်နဲ့ မုန့်က ပွ မလာပါဘူး။ 
ဒီ‌တော့ ဘာလုပ်ရလဲဆိုတော့ အခန်းထဲမှာ aircon က heater ကို 30 deg C မှာ ၂ နာရီလောက်ထားပြီး မုန့် ပွ ခံထားရပါတယ်၊ အဲနေ့က work from home ဆိုတော့ အလုပ်လုပ်တဲ့ အခန်းထဲ တံခါးပိတ် ပြီး heater ဖွင့် ၊ fan ကိုလဲ ၄ တုံးလုံး အပြည့်ထားလိုက်တာ၊ ၂ နာရီကြာတော့ မုန့်က အမြှုတ်တွေ ထပြီး သိသိသာသာပွလာပါတယ်။ ပူလွန်းလို့ အခန်းထဲက Milo က ထွက်ပြေးသွားပါတယ်။
 yeast တွေ ကတော့ အပြည့် active ဖြစ်သွားပြီပေါ့၊ 
 ဟဲဟဲ အလုပ်တွေ အရမ်း ကြိုးစားတာနော် အဲ့လို။ 

.. 
ဘက်တီးရီးယား ပွားဖို့ အကောင်းဆုံး အပူချိန်က 27 deg C to 32 deg C ၊ အဲဒါကို သိထားရင် မုန့်ပြားသလက် အပေါက်လေးတွေ ပေါက်ဖို့ လွယ်သွားပါပြီ။ ဟိုး အပေါ်မှာ ရေ ကြက်သီးနွေးဆိုတာ ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးတာ ဘာကြောင့် ပါလိမ့်ပေါ့ ၊ ခုတော့ သိပြီမဟုတ်လား။ နောက် သကြားကလဲ yeast တွေ ကို ပိုပြီး fermentation ဖြစ်စေတယ်၊ ဒါကြောင့်လဲ ပါမယ် မုန့် ပိုပွလာတာ။ 

.. 
ဆစ်ဒနီမှာ ဟိုး အရင် ဘုန်းကြီးကျောင်း ရံပုံငွေ‌စျေး ရောင်းပွဲတွေမှာ လုပ်ချင်လွန်းလို့ ကျောက်ဒယ်အိုး အသေးလေးတွေ ၅လုံးလောက် ရှိတယ်၊ ဝယ်ပြီး အဖွဲ့လိုက် မုန့်ပြားသလက် ရောင်းဖူးတာ ၊ အဲ့တုံးကလဲ ‌ဆောင်းတွင်းပဲ လုပ်တာ အဲလို အပေါက်လေးတွေ မရခဲ့ဘူး။ အရသာတော့ ရှိတယ် စားလို့တော့ ကောင်းတယ်။ ဒါပေမဲ့ တကယ့် မုန့်ပြားသလက် အစစ်အတိုင်း မရခဲ့ဘူး။ အဲဒီတုံးက တော် တော် တုံးတာ၊ ဘာလို့ မရခဲ့လဲဆိုတာ စဉ်းစားမရခဲ့ဘူး။ 
..


 မုန့်ကို မနက်စ ဖျော််ထားရင်ညနေ‌လောက်လုပ်ရင် ပိုကောင်းပါတယ်၊ ဒယ်အိုး အောက်ခြေ အလုံးထဲကို ဆီ အနည်းငယ်သုပ်၊ မီး အနေတော် ကို ဒယ်အိုး အတော် ပူအောင် စောင့်ပြီး မုန့်နှစ် ယောက်ချို တစ်ဇွန်းထည့်၊ နံနံ ကြက်သွန်မြိတ် ပဲပြုတ်လေးတွေ ထည့် အဖုံး အုပ် ၃မိနစ်လောက်ထားရင် မုန့်ပြား သလက် အပေါက်လေးတွေနဲ့ ရပါပြီ။ 

.. 

ရရင် ပုံလေးတွေ လာပြကြဦးနော်။

Sunday, October 8, 2023

  Dumpling with red chilli oil



ပထမဆုံး dumpling အတွက် တွေ ပြင်ဆင်ပါမယ်။

dumpling အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

Wanton wrapping (square shape)  တစ်ထုပ်

ဝက်သား အကြေ ၅၀၀ ဂရမ်

chives  တစ်စီး > နှုတ်နှုတ် စင်းထားပါ

ပုဇွန် ၃၀၀ ဂရမ် အသားချည်း  >နှုတ်နှုတ် စင်းထားပါ

ပဲငံပြာရည် အကြည်ရည် 4 tea spoon

သကြား 3 tea spoon

ငရုပ်ကောင်း မှုန့် 1/2 tea spoon

5 spice powder 1/2 tea spoon

corn stretch 1 table spoon

ကြက်ဥ တစ်လုံး

ဂျင်း တစ်ပြား >ညက်ညက်ထောင်းထားပါ

ကြက်သွန်ဖြူ  ၄ မြွှာ >ညက်ညက်ထောင်းထားပါ

နှမ်းဆီ 1 table spoon

ဆီ 1 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ရောသမမွှေ ပေးပါ။

ပြီးရင် dumpling အဖတ် (Wanton wrapping ) နှင့် dumpling လေးတွေ လုပ်ထားပါ။






..

Dumpling ပြုတ်ဖို့ soup အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်ရိုး တစ်ကေဂျီ

ဂျင်း ၃ပြားခန့်

ဆား

ကြက်သွန်မြိတ် အမြစ်ပိုင်း ၄ခုခန့်

ငရုပ်ကောင်း 1/2 tea spoon 

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို soup အိုးထဲ ထည့်ပြီး ရေ ၄လီတာခန့်ထည့်ကာ တစ်နာရီခန့် ပြုတ်ထားပါ။

..

Chilli oil လုပ်ရန် လိုတဲ့ ပစ္စည်းတွေကတော့

ဆီ 500 ml

ငရုပ်သီး ခြောက် အကြမ်း မှုန့်  3 table spoon

 ငရုပ်သီး အရောင်တင်မှုန့် 1 table spoon

Sichuan pepper powder  အကြမ်း 1/2 tea spoon

နှမ်း 3 table spoon

ဆီကို ဒယ်အိုးထဲမှာ ပူနေအောင်တည်ပါ။ ဆီ အငွေ့ မထွက်မီ အကြမ်းမှုန့် အရင်ထည့် မွှေပေး၊ နောက်မှ အရောင်တင်မှုန့် ၊ နှမ်း နှင့် Sichuan pepper မှုန့် တို့ကို ထည့်ပါ။ ငရုပ်သီး မီးမတူးမီ ဆီကို စစ်ယူထားပါ။

Sichuan pepper နံ့ သင်းတဲ့  chilli oil ရပါပြီ။



...

ပဲငံပြာရည် sauce အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပဲငံပြာရည် အကြည်ရည် 6 table spoon

ဝက်ရိုး ပြုတ်ရည် 8 table spoon

ငါး ငံပြာရည် 1 table spoon

သကြား 3 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို ရော သမ မွှေ ပေး လိုက်လျှင် ပဲငံပြာရည် sauce ရပါပြီ။

..

vegetable အတွက်  

အရွက်ကြိုက်တတ်လျှင် broccoli အရွက် (သို့) bok choi (သို့)  မုန်ညင်းဖြူရွက်ကို ရေနွေးဖျောထားပါ။

ကြက်သွန်မြိတ် ပါးပါး လှီးထားပါ။

..

Dumpling ပြုတ်ရန် အတွက်

Soup တစ်ဝက်ကို အရိုးများ ရေစစ်ပြီး အိုးငယ် တစ်လုံးထဲထည့် မီးဖိုပေါ် ပွက်ပွက်ဆူအောင် တည်ပါ။

Dumpling များကို ထည့်ပြုတ်ပြီး ကျက်လျှင် ဆယ်ထားပါ။


ပွဲ ပြင်ရန် အတွက်

ဇလုံ တစ်လုံးထဲကို Dumpling ၁၀ ခုခန့် စီထည့်ပါ။

အရွက်ကိုလည်း ဘေးဖက်မှာ လှအောင် ထည့်ပါ။

အပေါ််် မှ ပဲငံပြာရည် sauce 2 table spoonနှင့်  chilli oil 2 table spoon တို့ကို ထည့်ပါ။

ကြက်သွန်မြိတ် လှီးထားတာလေးတွေ အပေါ်က ဖြူးလိုက်လျှင် အလွန် အနံ့ အရသာနှင့် ပြည့်စုံတဲ့ Red Chilli oil Dumpling ကို စားသုံးနှိုင်ပါပြီ။

Soup ကြိုက်ရင် soup ထဲ ကြက်သွန်မြိတ်လေး ဖြူးကာ သောက်နိူင်ပါတယ်။

..

ငရုပ်သီးကြော််််််ကြိုက်က် လျှင် အောက်ပါ တံဆိပ် ငရုပ်သီး ကြော် ကြွပ် ကြွပ် လေး ထည့်စား ပိုကောင်းပါတယ်။















Tuesday, April 19, 2022

ရွှေရင်အေး လုပ်နည်း

 





နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာ ကိုယ်ဝါသနာပါတဲ့ မုန့်လုပ်နည်းလေး ရှယ်လိုက်ပါဦးမယ်။

ရွှေရင်အေး လုပ်နည်းထဲကနေ အဓိက မုန့်လက်ဆောင်းဖတ် (cendol) လုပ်နည်း ကို ရှယ်ပေးချင်တာပါ။ 

အရင်က ထုံးရည်ကြည် နဲ့လုပ်တာ ၊ ခု ထုံးရည်ကြည် ကုန်သွားလို့ သူမပါပဲ လုပ်လဲ ကောင်းကောင်းဖြစ်ပါတယ်။





မုန့်လက်ဆောင်းဖတ်

လူ အယောက် ၂၀ စာခန့် မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေက

ယိုးဒယား ဆန်မှုန့် - ဆန်ချင်ခွက် ၃ခွက်

မတ်ပဲမှုန့် (Mung Bean starch) - ဆန်ချင်ခွက် တစ်ဝက်

ပလောပီနံမှုန့်  (tapioca starch) - ဆန်ချင်ခွက် တစ်ဝက်

ဆွမ်းမွှေးရွက် အနံ့ ( Pandan paste) - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ရေ - ၁၀ ခွက်ခန့်

(ရေက လိုရင် ထပ်ထည့်ရအောင် ရေ‌နွေးလေးပွက်ပွက်ဆူ အဆင်သင့်တည်ပေးထားပါ။)

အချိုးက ဆန် ၃ချိုး ၊ (မတ်ပဲမှုန့် + ပလောပီနံမှုန့်)တစ်ချိုးပါ။

အမှုန့် တစ်ဆကို ရေ ၃ဆပါ။ ‌

စုစုပေါင်း အမှုန့်က ၄ခွက်ဆိုတော့ ရေက ၁၂ ခွက်ပါ။

ပထမဆုံးရေ ၁၀ ခွက်သာ အရင်ထည့် ကျိုပါ။

ရေမတော်လို့ များသွားရင် ပျော့ သွားတတ်ပါတယ်။

ရေနည်းနေရင် မွှေနေရင်းနဲ့ ရေနွေးပူ ထပ်ထည့်လို့ရပါတယ်။

ရေကို နောက်လိုရင် ထပ်ထည့်ရအောင် ရေနွေးဆူအောင်တည်ထားပါ။

Cendol maker or potato riser

Pandan essence

Mung bean starch


...

ပထမဆုံး ရောထားတဲ့အမှုန့်၊ ဆား ၊ Pandan essence နဲ့ ရေတွေကို ကျိုမဲ့အိုးထဲထည့် ပြီး မွှေတံလေးနဲ့ သမသွား

အောင် မွှေပေးပါ။

ပြီးတော့ မီးအနေတော်နဲ့ တည်ပြီး ယောင်းမနဲ့ အဆက်မပြတ် မွှေပေးနေပါ။ 

မုန့်တွေ ခဲပျစ်လာရင် ‌ရေ‌နွေးအနည်းငယ်ထည့် ပြီး အဆက် မပြတ် ထပ်မွှေပေးပါ။

၇မိနစ် ၈မိနစ်လောက်ကြာလို့ မုန့်တွေ ပျစ်ပြီး အရောင်ပြောင်လာရင် Cendol maker နဲ့ ရေခဲထည့်ထားတဲ့ ‌ရေအေးဇလုံထဲကို  ညှစ်ချပါ။ 

မုန့်တွေ ခေါက်ဆွဲလို အရှည်ကြီး မဖြစ်အောင် ဂရုစိုက်ပြီး ညှစ်ချပါ။

ပူနေတုံးမှာ ညှစ်ချရင် ‌အကောင်းဆုံးရပါတယ်။

....

မုန့်လက်ဆောင်းလှလှလေးတွေ ရပါပြီ။ ရေအနည်းငယ်ရောပြီး ရေခဲသေတ္တာထဲ  ဗူးနဲ့ သိမ်းထားပါ၊

Chandol making link from youtube (slightly different method, it is better recipe) https://www.youtube.com/watch?v=uIv4r7JV_rs&t=132s

 



အုန်းနို့ ကျောက်ကျော

အုန်းနို့ ကျောက်ကျော ကျိုနည်း ၂ထပ် အတိအကျရအောင် လုပ်နည်းက ရေးပြီးသားမှို့ အဲမှာပဲ သွားကြည့်လိုက်ပါနော်။

http://auntysweet.blogspot.com/search/label/%28%E1%81%82-%20%E1%81%88%29%20%E1%80%A1%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC





ကျောက်ကျော ရောင်စုံ

ကျောက်‌ကျောထုပ် တစ်ထုပ် (၄၂ ဂရမ်ခန့်) ကို ရေ ၄လီတာ ၊ သကြား ၃၀၀ ဂရမ်နဲ့ ကျိုပါ။

ကျောက်ကျောတွေ အားလုံးအရည်ပျော် သွားရင် အရောင် ၃မျိုးကို ဗူး၃မျိုးထဲမှာ အအေးခံပါမယ်။

တစ်ခါသုံး ဗူးလေးတွေနဲ့ အဆင်ပြေပါတယ်။

ကျောက်ကျောရည် သုံးပုံတစ်ပုံစီကို ကိုယ်ကြိုက်ရာ အရောင်လေးတွေ ထည့်‌မွှေပြီး ဗူးလေးတွေထဲမှာ အအေးခံထားပါ။ တီဆွိကတော့ အိမ်မှာ ရှိတဲ့ အဝါ၊ အစီမ်း၊ အနီကို သုံးပါတယ်။

ကျောက်ကျော ရောင်စုံလေးတွေ ခဲသွားရင် ကျောက်ကျော ချောင်းလေးတွေရအောင် လှီးထားပါ။



သာကူစေ့

ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပါ။

မီးကို အနေတော် ထား ၊ သာကူစေ့ ဆန်ချင်ခွက် ၂ခွက်ခန့်ကို ထည့်ပြီး မွှေပေးနေပါ။ 

သာကူစေ့တွေ မျက်ဆံပျောက်ပြီဆို ရေ စစ်ပြီး အေးသွားတဲ့ အထိ ရေအေးနဲ့ ဆေးချပါ။

အရောင် အစိမ်း အနီ အစရှိသဖြင့် မိမိ နှစ်သက်သလို အရောင်ဆိုးပြီး ရေရောကာ ရေခဲသေတ္တာထဲ သိမ်းထားပါ။



ကောက်ညှင်းပေါင်း

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ခွက်ခန့်ကို တစ်ညရေစိမ်ပါ။ 

မနက်လင်းရင် ထမင်းပေါင်းအိုးက စကာထဲ ထည့် ပြီး ထမင်းပေါင်းအိုးနဲ့ ၄၅မိနစ်ခန့်ပေါင်းရပါတယ်၊

ပေါင်းနေစဉ် ရေကို အပေါ် ကနေ ၂ခါ ၃ခါခန့် ဖြန်းပေးရပါတယ်၊ ဒါမှ ကောက်ညှင်းက မမာပဲ အိအိလေးရပါတယ်။



အုန်းနို့ရည်

အုန်းနို့ရည် ready made ၆ဗူးခန့် (400 gm x6) ကို ရေ တစ်ဗူးစာခန့် ရော၍ ပွက်ပွက်ဆူအောင်ကျိုပါ။ ဆား

 လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ 

သကြားကို အချို စိတ်ကြိုက် မြည်းပြီး လိုသလောက်ထည့် ရောကျိုပါ။

 ရေခဲထည့်မယ်ဆို သကြားကို ပိုချိုအောင်ထည့်ရပါတယ်။

ပြီးရင် ရေခဲသေတ္တာထဲမှာ အေးနေအောင် အအေးခံထားပါ။





ပွဲပြင်ရန်

အပေါ်် က ပစည်းတွေကို တစ်ခုချင်းစီ ပန်းကန်လုံးထဲ စီထည့်ပြီး အုန်းနို့ရည် အေးအေးချိုချိုလေး အပေါ်် လောင်း

ထည့်လိုက်ရင် ရင်ကိုအေးစေမဲ့ ရွှေရင်အေးရပါပြီ။

(တချို့လဲ ရွှေရင်အေးကို ပေါင်မုန့်ထည့်စားတတ်ကြပါတယ်။ ပေါင်မုန့် အုန်းနို့ဆမ်းလဲ ခေါ်ကြ ပါတယ်၊)





(ပုံအချို့ မရိုက်ထားခဲ့လို့ google ကနေ ယူပါတယ်၊ credit to original uploader)