ဒီနေ့ ညနေစာ လုပ်စားဖြစ်တာလေး
အင်ဒိုနီးရှား ကြက်သား ကြော် ငရုပ်သီးထောင်း လေးပါ။
သူ့ ကြက်သားကြော််လေးက ခါတိုင်းကြော်နေကျလို မဟုတ်ပဲ အပေါ်် ရံက ကြွပ်ရွနေပြီး အထဲက အိစက်နူးညံ့ နေပါတတယ်။ အနံ့လေးက လဲ မွှေးကြိုင် နေရောပဲ။
ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲနဲ့ စားလို့ ကောင်းမှ ကောင်းပဲ။
ချက်နည်းလေးက
ကြက် ပေါင်သား (chicken maryland) ၄ ခု ကို ဆား ဟင်းခပ်မှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ။
..
ဟင်းခတ် အမွှေးအကြိုင်တွေ ကြိတ်ရန်အတွက်
ကြက်သွန် အသေး တစ်ဥ
ကြက်သွန်ဖြူ ၅မွှာခန့်
ဂျင်း လက်တစ်ဆစ်ခန့်
နံနံစေ့ အမှုန့် 1 tea spoon
နံနံမြစ် အနည်းငယ် အစရှိသည်တို့ကို blender နှင့်ညက်နေအောက်ကြိတ်ထားပါ။
...
ကြက်သားပြုတ်ရန် အတွက်
အိုးတစ်လုံးထဲ ဆီ 2 table spoon ခန့်ထည့် ပြီး ဟင်းခတ် အမွှေးအကြိုင်များကို ဆီသတ်ပါ။ စပါးလင် တစ်ချောင်း နှင့် ရှောက်ရွက်အနည်းငယ်ကို လည်းထည့်ပါ။ ကြက်သားထည့်၊ ရေ မြုတ်အောင်ထည့်ပြီး ၂၅ မိနစ်ခန့် ကြက်သား အနည်းငယ် နူးသည်အထိ ပြုတ်လိုက်ပါ။
.
ပြီးရင် ကြက်သားကိုရော ကြက်သားပြုတ်ရည်ကို ရောအအေးခံထားပါ။ ကြက်သားပြုတ်ရည်ကို အဖတ်တွေမပါအောင် ဇကာနဲ့ စစ်ထားပါ။
..
ကြက်သားကြော်ရန်အတွက်
အကြော်မှုန့် အနည်းငယ်ကို ကြက်သားပြုတ်ရည်နဲ့ ရောပြီး အကြော် မုန့်အနှစ်ရည်ရအာင် စပ်ထားပါ။
ဒယ်အိုးထဲ ဆီများများထည့်ပြီး ကြက်သားပြုတ်ထားတာတွေကို အကြော်မုန့်ရည် နိူင်နိူင်လူးပြီး ကြွပ်ရွလာအောင် ကြော်််ပြီး ဆယ်ထားပါ။
..
ငရုပ်သီးစိမ်းထောင်းရန် အတွက်
ကြက်သားကြော်ထားတဲ့ ဆီထဲကို ငရုပ်သီးစိမ်းအတောင့်အကြီး ၁၅ တောင့် ကြက်သွန်ဖြူ ၅မွှာ ကြက်သွန်နီ ဥသေး တစ်ဥခန့်လေးစိတ်စိတ် ထည့်ပြီး ဆီနဲ့ ကြော် ပေးပါ။
ကြော်ထားတဲ့ ငရုပ်သီးစိမ်း ကြက်သွန်တွေကို ဆား ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး ငရုပ်ဆုံထဲ မညက်တညက်ထောင်းပါ။
..
ဟင်းပွဲ ပြင်ရန်အတွက်
ကြက်သားကြော်ထားတာကိုရော ငရုပ်ကျည်ပွေ့ နဲ့ အသာထုပြီး အပေါ် က ငရုပ်သီးစိမ်းထောင်း တင်ပြီး စောနက ကြက်သားကြော်ဆီ ခပ်ပူပူကို အပေါ်က လောင်းချပါ။



