Friday, August 14, 2009

ခုတလော ...

ချစ်သူငယ်ချင်း မသက်ဝေမှ tag လာလို့ ရေးပါတယ်။

တွေးနေမိတာက
ဒီနေ့ တစ်ပတ်လုံးပင်ပန်းလွန်းလို့ ဒီနေ့တော့ခွင့်ယူထားပါတယ်။ ပို့စ်တွေတင်ရင်ကောင်းမလား၊ သမီးလေးနဲ့အတူဆော့ရင်ကောင်းမလား။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ဘလော့မှာဆို သူများtag ထားတာတွေ မရေးဖြစ်တော့ အားနာလို့ ရေးအုံးမှပါလေ။ သူငယ်ချင်းတွေဆီ ဖုန်းမခေါ်ဖြစ်တာလဲ အပြစ်တစ်ခုလို။

ကျန်းမာရေး
ဒီတစ်ပတ်လုံးကောင်း၊ အလုပ်ပင်ပန်းလို့ တကိုယ်လုံး ညောင်းကိုက်နေတာမှလွဲလို့။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
အွန်လိုင်းတက်ကတည်းက စာအုပ်တွေ သိပ်မဖတ်ဖြစ်တော့တာ ၀န်ခံပါတယ်။

ရောက်နေဖြစ်တာက
သမီးလေးကို ပျော်ရွှင်စေမဲ့ နေရာတွေ။ ပြီးခဲ့တဲ့ အပတ်က မလက်ကာ၊ Botanic garden

ရေးဖြစ်နေတာက
ဖိုရမ်ထဲမှာ သူများမေးထားတဲ့ ဟင်းချက်နည်း နည်းနည်းပါးပါး။ စာရေးရမှာ ပျင်းနေပြီး လိုက်ဖတ်နေရတာကိုပဲ သဘောတွေ့နေပါတယ်။

နားထောင်ဖြစ်နေတာက
ခုခေတ်ခလေးတွေ ပြန်ဆိုထားတဲ့ ရေဒီယိုသီချင်းလေးတွေ။ ရေဘက်ကာဝင်းတို့ ဘာတို့ပေါ့။

ရွတ်နေမိတဲ့ကဗျာက
ကဗျာသိပ်ဝါသနာမပါတာ ၀န်ခံပါတယ်. သမီးနဲ့အတူ ခလေးကဗျာလေးတွေပဲ ရွတ်မိတယ် ... ဟီဟိ။ ကဗျာသမားများ စိတ်မဆိုးကြပါကုန်။

ဖြစ်ချင်နေတာက
စိတ်မအား လူမနား အခြေအနေက လွတ်ချင်တယ်... (ဒါက မသက်ဝေဆီက ထပ်တူတပ်မျှကူးချထားတာ ... ထပ်တူပါပဲ သူငယ်ချင်း ... ခုတလော ရုံးမှာ အလုပ်ရှုပ်လွန်းလို့)

စားဖြစ်နေတတ်တာက
နဲနဲ ၀ နေတယ်ထင်လို့ diet လုပ်နေပါတယ်... နေ့လည်စာ အသီးအနှံပဲစားဖြစ်ပါတယ်...ညစာတော့ အိမ်ချက်ဟင်းဆိုတော့ စားမိတယ် ... စားမိပါတယ်။

သနားနေမိတာက
အမိမြေမှ သားကောင်းများ ... အစိမ်းဝတ်တွေမဆိုလိုပါ။ စားဝတ်နေရေးအတွက် ရုန်းကန်လှုတ်ရှား၊ ကျပ်တည်းဆင်းရဲနေသူ လူထုအား ဂုဏ်ပြုခေါ်ဆိုပါသည်။

လွမ်းနေမိတာက
ကျန်ခဲ့တဲ့ မိသားစု၊ အဖေ၊အမေ၊ အဖွား၊ အကိုတွေ...

မေ့လျော့ပစ်နေမိတာက
သူငယ်ချင်းတွေဆီ ဖုန်းဆက်ဖို့၊

ခါးသက်နေမိတာက
ဖတ်ရတဲ့ သတင်းတွေ၊

တမ်းတနေမိတာက
stress ကင်းပြီး ကိုယ်စိတ်ပါရာ၊ ၀ါသနာပါရာလေးတွေအတွက်ပါ အချိန်ပေးနိုင်တဲ့ ဘ၀။ သမီးအတွက် အချိန်တွေ အများကြီး ပေးနိုင်တဲ့ မေမေတစ်ယောက်အဖြစ်

ကြိတ်ပြီးချီးကျူးနေမိတာက
နေ့စဉ် ဘလော့လေးကို ပို့စ်လေးတွေနဲ့ ဝေဆာအောင် စာရေးနိုင်သူတွေ။

ကြိတ်ပြီးအထင်သေးနေမိတာက
မရှိ။

ဆန္ဒမရှိတဲ့နေရာ
ခုစဉ်းစားလို့မရပါ။

ဆန္ဒရှိနေတဲ့ကိစ္စ
ကိုယ့်အိမ်ကလူ လကုန်မှာ နိုင်ငံခြားတိုင်းပြည်မှာ အလုပ်ရှာရင်း အသိုက်ပြောင်းဖို့။ အစစ အဆင်ပြေစေချင်တယ်။

မုန်းတီးနေမိတာက
အာဏာကို အလွဲသုံးစားလုပ် ... အပေါ်ဖား အောက်ဖိတွေ။

ချစ်နေတာက
သမီးလေးပေါ့။

စိတ်ပျက်နေမိတာက
အလုပ်တွေများပြီး stress တွေများတဲ့ ဘ၀ကို။

စွဲလန်းနေမိတာက
အွန်လိုင်း။

လိုအပ်နေတာက
စိတ်တွေကို လျော့ဖို့။ စိတ်အေးအေးနေတတ်ဖို့။

တောင်းနေမိတဲ့ဆု
အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေ။ သမီးလေး လက်နာနေတာ အမြန်ပျောက်ပါစေ။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
မရှိ။

ဝန်ခံချင်တာက
I am a bit lazy guy.

5 comments:

  1. T T Sweetရေ (နာမည်လေးက ခေါ်လို့ကောင်းလိုက်တာ ရင်ထဲထိ ချိုတယ်)
    အခုမှ ကွန်မန့်စရေးရမှာ ဒီဘလော့မှာ...

    အစစအရာရာ အားလုံး အဆင်ပြေပါစေ

    ReplyDelete
  2. သူငယ်ချင်းရေ...
    မအားတဲ့ကြားက ရေးပေးတာ ကျေးဇူးပါ...
    အရင်းကြီးတွေမို့ ချစ်ခြင်းအားဖြင့် Tag တာပါ...
    ဆန္ဒရှိသမျှ ပြည့်ဝ အောင်မြင်စေဖို့ ဆုတောင်းပေးတယ်နော်...
    (ဒါပေမယ့် ရင်ထဲမှာတော့ စိတ်မကောင်းဖြစ်ချင်နေတာပါ..
    အသိုက်ပြောင်းတော့မယ် ဆိုလို့လေ...)
    ပြောပြီးမှ သွားပါနော်...

    ReplyDelete
  3. ဟုတ်ပါ့သယ်ရင်းရေ… သက်ဝေပြောသလိုပဲ…အသိုက်ပြောင်းမယ်ဆိုတော့ စိတ်အတော်မကောင်းဘူး…ဒါပေမယ့်လေ မင်းပျော်မယ်ဆို ကိုယ်ကြိတ်လွမ်းပါ့မယ်…

    ReplyDelete
  4. သူငယ်ချင်းတို့နဲ့ အသိုက်မပြောင်းခင် တွေ့ချင်သေးတယ် ... မပြောင်းခင်တစ်ရက် တွေ့ကြတာပေါ့ကွယ် ... အဲဒီကို ကိုယ်တကယ်မသွားချင်ဘူး။ သူကဆန္ဒ္ဒ သိပ်ပျင်းပျနေတော့ ပါရမီဖြည့်ရတာပ။

    ReplyDelete
  5. ကိုယ့်နေရာမှာ ကိုယ်မနေရတူတူတော့ အပြောင်းအလဲလုပ်ပြီး ဟိုဟိုဒီဒီ ရွှေ့နေရတာ တနည်းအားဖြင့် ကောင်းတာပါပဲ မမရယ်

    ReplyDelete