မဆွိတီ ကျောင်းသွားရ၊လာရတာ ကားရှားတာ တစ်ကြောင်း၊ မှော်ဘီကားခတွေ ဈေးကြီးလာတာ တစ်ကြောင်းကြောင့် နောက်ပိုင်းနှစ်တွေမှာ အဆောင်မှာပြောင်း နေခဲ့တယ်။ 4th yr နှစ် သဇင်မှာ ခဏပဲနေလိုက်ရတယ်။ နောက်ဆုံး၂နှစ်ကို ဂျီဟောမှာ နေခဲ့တယ်။ တစ်ခန်းမှာ လူ၎ယောက်နေရတယ်။ အရင်ပို့စ်မှာ ရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းရယ်၊ နောက်သူနဲ့ တွဲနေမဲ့ သူငယ်ချင်း၂ယောက်ရယ်ပေါ့။ နောက်ပိုင်းတော့ ဒီကောင်တွေနဲ့လဲ အရမ်းခင်သွားပြီး ပြောမနာ၊ ဆိုမနာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။
မဆွိတီ အဆောင်နေခဲ့တဲ့ အကြောင်းပြောရရင် ဘေးခန်းက သူငယ်ချင်းတွေ အကြောင်းလဲ မပါ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘေးခန်းက အင်မတန် သောင်းကျန်း၊ ဗရုတ်ကျတဲ့ ၃ယောက်နဲ့ မဆွိတီတို့ အခန်းက ၄ယောက် ပေါင်းပြီး တစ်ခန်းနဲ့ တစ်ခန်း စကြ နောက်ကြ၊ ပျော်ခဲ့ကြတာတွေဟာ နောက်ပိုင်း အဆောင်မှူးသိပြီး ခေါ်အဆူခံရတဲ့ အထိ ဂျီဟောမှာ ပြောစမှတ်ဖြစ်ခဲ့လို့ပါပဲ။ ဒီအကြောင်းတွေ နောက်မှပဲ ရေးပါတော့မယ်။
အောက်က ပုံကတော့ အခန်း၂ခန်းက သူငယ်ချင်းတွေ အဆောင် dinner ညမှာ အမှတ်တရ ရိုက်ခဲ့ကြတဲ့ ပုံပါ။ မဆွိတီရဲ့ ချစ်သူနယ်ချင်းကြီးကတော့ dinner မတက်လို့ သူ့ပုံတော့ မပါပါဘူး။ အဲဒီ dinner ကို ယောက်ျားလေးဆောင် A,B,C,D,E,F နဲ့ မောင်နှမဆောင်မှို့ " ကြို့ကုန်းဆောင်များ Dinner " ဆိုပြီး တွဲလုပ်တော့ ဂျီဟောသူများဟာ ယောက်ျားလေးဆောင်တွေကို သွားတက်ရတာပါ။ ကျောင်းဝန်းထဲမှာပဲဆိုတော့ ၅မိနစ်လောက်ပဲ လျှောက်ရပါတယ်။ အင်းစိန်လမ်းမကနေ ကျောင်းဝန်းထဲ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ အဆောင်တွေပါ။
အဲဒီမှာ အဆောင်သူတွေ အကြောင်းကြုံလို့ ပြောရရင် အဲဒီဒင်နာကို အဆောင်သူတွေက လှတပတ ၀တ်စားဆင်ယဉ်ပြီးမှ သွားတက်ကြတာ။ ပထမတော့ ကိုယ်လဲ အဆောင်ရောက်စဆိုတော့ ဘယ်သိမလဲ။ ဒင်နာအတွက် သူတို့တွေ အပြတ်ပြင်ဆင်နေကြတော့ ကိုယ်လဲ ဘာဝတ်ရမှန်းမသိ။ ဈေးကြီးတဲ့ ရယ်ဒီမိတ် အသစ်တွေလည်း မ၀ယ်နိုင်နဲ့ ဖြစ်နေတုံး တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန် အစ်ကို မလေးရှားက ပို့တဲ့ ပိတ်စလေး ဆိုင်အပ်ပြီး အသစ်တစ်ထည် ချုပ်လိုက်ရပါရောလား။ အဲဒီတုံးကတော့ တော်တော်လှတယ်ထင်တာ။ ခုတော့ တောဂေါ်ဒီဇိုင်းပေါ့ဂျာ။
အဲဒီမှာဗျာ။ ဟိုကောင်တွေက အင်္ကျံတွေတင်သာမက ဖိနပ်တွေပါ လေဒီရှူးတွေ၊ဘာတွေ စီးပြီး ရှိုးထုတ်ကြတာကလား။ အဲဒီခေတ်က လေဒီရှူးဆိုတာ တော်ရုံလူ စီးတာမဟုတ်ဘူးနော်။ သိပ်လဲ ပေါ်ပြူလာ မဖြစ်သေးပါဘူး။ အဲဒါ စီးနေကျမဟုတ်တော့ အပြန်ကျ ဖိနပ်တွေ ပေါက်ပြီး အဲဒီကောင်တွေ လမ်းလျှောက်တိုင်း ထော့ကျိုးတွေနဲ့ တအားအား၊ တအီးအီး အော် လျှောက်နေကြတာ ။ နောက်တော့ မခံနိုင်လို့ ဖိနပ်တွေ ချွတ်ပြီးလျှောရတော့တာ။ အလာတုံးတော့ ရှိုးစမိုးအပြည့်နဲ့ ကောင်တွေ အပြန်ကျ ဖိနပ်မပါတာကြည့်ပြီး မဆွိတီတို့က ၀ိုင်းဟားကြတာ တလမ်းလုံး ရယ်နေရတယ်။

ဒီပုံကလဲ ဒင်နာညကပဲ။ ဒင်နာကပြန်လာလာချင်း ဟိုဘက်ခန်းက ဗရုတ်ကောင်တွေက လာပြောတယ်။ သူတို့ အခန်းမှာ ဘူးသီးကြီးတစ်လုံး ရောက်နေတယ်တဲ့။ ကြံကြံဖန်ဖန်ဗျာ။ ဘူးသီးနဲ့ အဆောင် ဘာဆိုင်တုံး။ အဆောင်မှာ ဟင်းလဲ ချက်စားလို့ရတာမဟုတ်။ ဗရုတ်ကျချင်လို့ကို သက်သက် သယ်လာတာ။ အဲဒီအခန်းက မေငယ်ဆိုတဲ့ကောင်က သူ့ယောက်ဖကြီးက လက်ဆောင်ပေးလို့ ယူလာတယ်ဆိုလားပဲ။ ပေးစရာရှားလို့ ဘူးသီးတဲ့ဗျာ။ ဒီဘက်ခန်းကကောင်တွေကလဲ ဗရုတ်က ကျချင်တော့ ဘူးသီးကြီးနဲ့ ဓာတ်ပုံရိုက်ကြမယ်ဆို အမှတ်တရ ရိုက်ထားကြတာ။ (ဘောင်းဘီတွေကတော့ ဓာတ်ပုံရိုက်မှာမှို့ ရှိုးထုတ်ပြီး ၀တ်ထားကြတာပါဗျာ။ ပုံမှန် အဆောင်မှာ လုံခြည်ပဲဝတ်ကြပါတယ်။)

ဒါကတော့ ဒင်နာမှာ Decoration လုပ်တဲ့ပုံတွေနဲ့ ရိုက်ထားတာပါ။ ကာတွန်းဆွဲတဲ့သူက အဖွဲ့ထဲက တစ်ယောက်နဲ့ သက်ဆိုင်သူမှို့ ပွဲအပြီးမှာ ဖြုတ်ပြီး ပေးလိုက်တာပါ။

ဒါကတော့ ချစ်သူငယ်ချင်းနဲ့ လက်တွဲကာ ပြေးလွှား ပျော်ပါးခဲ့စဉ်က။ ဖီးဆစ် ဒီပတ်မန့်နားမှာ ထင်တာပါပဲ။

ဒါကတော့ အင်းယားလိပ်နားက စက်မှု (၁) မှာ နောက်ဆုံးနှစ် field ဆင်းတော့ သင်တန်းပြီးခါနီး သူငယ်ချင်းတွေ အမှတ်တရ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားရင်း အမှတ်တရ ရိုက်ထားတာပါ။ ဒီထဲက ယောက်ျားလေး သူငယ်ချင်းတော်တော်များများတော့ စင်္ကာပူမှာ ရှိနေပါတယ်။ ရုပ်ပြောင်နေတဲ့ ပုံတွေ အမှတ်တရပါ။ ခွင့်တောင်းဖို့ကလဲ တစ်ယောက်နဲ့မှ အဆက်အသွယ် မရှိတော့လို့ ဒီတိုင်းပဲ တင်လိုက်ပါတယ်။ ပုံတွေ မကျေနပ်လို့ ကန့်ကွက်တဲ့သူရှိရင် တစ်ပတ်အတွင်း လာကန့်ကွက်နိုင်ပါတယ်။ ပန်းကလေးများနဲ့ ဖုံးပေးပါမယ်ခင်ည။

ဒါကတော့ နောက်ဆုံးနှစ် ကြံခင်း၊ ထုံးဖိုဖက် လေ့လာရေး ခရီးထွက်ခဲ့တုံးက အမှတ်တရ ရိုက်ခဲ့တဲ့ပုံပါ။ သူငယ်ချင်းတွေနဲ့ စုရိုက်တဲ့ ပုံတွေတော့ ပါမလာပါဘူးခင်ည။ အဲဒီတုံးက ကား ၄-၅ စီးနဲ့ ကိုယ်တို့ စက်မှုတွေချည်းပဲ ထွက်ခဲ့ကြတာ။ သိပ်ပျော်စရာကောင်းတယ်။ ဟိုးတောထဲက စက်အကြီးကြီးတွေ၊ မော်တော်ကား ထုတ်တဲ့ စက်ရုံတွေကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာ မှတ်မိတယ်။ BE ဆင်း စက်ရုံဝန်ထမ်းတွေရဲ့ ဘ၀ကိုလဲ အံ့သြခဲ့ရပါတယ်။ အဲဒီညက မီးပုံပွဲမှာ ကိုယ်တို့အတန်းထဲက နာမည်ကြီး တော်ဟန်ဝင်းရဲ့ မြန်မာအက အလွန်နာမည်ကြီးခဲ့ကြောင်း မသက်ဝေမှ တစ်ခါရေးဖူးပါတယ်။ အဲဒီပို့စ်ကြောင့်လဲ သူ့ကို မသက်ဝေဖြစ်ကြောင်း ရိပ်မိခဲ့တာပါ။

ဒါကတော့ ပုဝါ၂စ အသာချ ဆရာမဘ၀ မှာ ရိုက်ထားတဲ့ ပုံပါ။ အတော်ရင့် ကျက်သွားတယ်နော် ... ((ဟမ်))

နောက်ဆုံးပုံ၂ပုံကိုတော့ ဦးမောင်ခြိမ့်ပုံတွေနဲ အဆုံးသတ်ပါမယ်ခင်ညာ။ ဒါကတော့ နောက်ဆုံးနှစ် ME တန်းတွေ ဆရာကန်တော့ပွဲဖြစ်ပါတယ်။ ကြူံလို့ပြောရရင် ဦးမောင်ခြိမ့်က မဆွိတီထက် ၂နှစ် စီနီယာကျပါတယ်။
Mechanical က သူတို့ EC တွေ စုရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။
ဒါကတော့ ကိုမောင်ခြိမ့် ခိုးထုတ် ခိုးထည်နဲ့မိတာ မဟုတ်ပါဘူးခင်ဗျာ။ သူက အဲဒီတုံးက AME (Association of Mechanical Engineering) အသင်းရဲ့ အတွင်းရေးမှူးဆိုတော့ ကျောင်းသားတွေအတွက် အဲလို စာအုပ်တွေ သယ်ရထမ်းရတာတွေလဲ တကယ်လုပ်ခဲ့ရပါသတဲ့ဗျား။ (အဲဒီတုံးက ME ကျောင်းသားတွေ အတွက် စာအုပ်တွေ၊ Tutorial , practical စာရွက်စာတန်းတွေ အကုန်လုံးကို AME အသင်းကပဲ ရောင်းချပေးပါတယ်။ )
(ကိုယ်က ရယ်စရာ ဗရုတ်သုတ်ခတွေပဲ ရေးနေကျဆိုတော့ အဆောင်သူတွေ အကြောင်း ဟာသလုပ်သလိုဖြစ်သွားရင် ခွင့်လွှတ်ကြပါ။ တကယ်တော့ အဆောင်သူတွေ စာလဲ အလွန်ကြိုးစားပြီး စာအလွန်တော်ကြပါတယ်။ မဆွိတီတို့ဘက်ရှ်က မေဂျာပေါင်းစုံက Roll 1 တော်တော်များများက ဂျီဟောမှ မိန်းခလေးများဖြစ်ပါသည်ခင်ဗျာ။ ပုံထဲက မဆွိတီရဲ့သူငယ်ချင်း အရင်းခေါက်ခေါက် တစ်ယောက်ကလဲ နာမည်ကြီး မေဂျာတစ်ခုက Roll 1 ပါ။ )
အလို....ကျောင်းသူတွေ မျက်နှာပျက်နေပါလား....
ReplyDeleteဦးမောင်ရှိမ့်တို့ စာအုပ်ထုပ် ထမ်းနေကြဆိုတော့....
မိန်းမ ခိုးတော့လဲ..........
အထုပ်ထမ်း နိုင်သွားတာပေါ့လေ......
TTSweet
ReplyDeletea yan kyaik par the :)...sat yay par own naw...( myanmar lo ma yite tat loh par)
အဆောင်သူပုံလေးတွေလာကြည့်သွားတယ်
ReplyDeleteစူးနွယ်လေး
ပန်းလေးတွေနဲ့ အဆောင်သူချောချောလေးတွေက တအားပျော်နေတာနော် :D ပုံရိပ်ဟောင်းလေးတွေက လွမ်းစရာကြီး။ နောက်ပြီး မဆွိ.. တော်တော်နောက်ခဲ့ပုံရတယ်း)))
ReplyDeleteပန်းတွေနဲ့ဝေ....
ReplyDeleteပျော်စရာကြီးနေမှာပဲ....ဆွိကို မျက်နှာပျက်နေပေမဲ့ မှတ်မိပါ့တော်....:P
ReplyDeleteရုပ်မပြချင်မှတော့ .. ဓာတ်ပုံတင်မနေပါနဲ့ လား အန်တီဆွိရယ်
ReplyDeleteပြချင်းပြရင်လဲ .. အရှင်းလုပ်ပါလို့ ...
ဟိဟိ.
ReplyDeleteကျောင်းသားဘ၀က အပျော်ရဆုံးဘ၀ပဲထင်တယ် ဘာလို.လည်း ဆိုတော့မိဘဆီက ကျောင်းစရိတ်၊ မုန်.ဘိုးယူပြီး ဘာမှအပူအပင်မရှိဖူးလေ၊ ကျွန်တော်လည်း ကျွန်တော့်မေဂျာမှာ Roll 1 ပါ ၊ ဒါပေမဲ့ အတန်းထဲမှာ နောက်ကနေပြန်ရေရလိမ့်မယ်
ReplyDeleteကျေးဇူး မဆွိ
ReplyDeleteတကယ့် ပျော်စရာ လှုပ်ရှားမူ ပုံလေး တွေ။။
လက်ဖက်ရည်ဆိုင်က..ပုံမှာ..တယောက်ကို သိသလိုပဲ။ အမ တယောက် သူငယ်ချင်း။
ပန်းလေးတွေ နဲ့ကာထားလို့ တော်သေးတာပေါ့နော်.. မျက်စိ မှာ အမဲ ကြောင်းလေး တွေ တားမထားလို့..း))
ကိုမောင်ခြိမ့်ကိုတော့.. ဖော်ထားပြီး.. လေဒီမောင်ခြိမ့်က.. ပန်းတွေ နဲ့ ကွယ်ထားတာ..မတရားဘူး ထင်တယ်။း)
ReplyDeleteကိုမောင်ခြိမ့်တဲ့လား...
ReplyDeleteဒါ ကြီးနာမည် ဖြစ်မယ်းP
ဒါကဒီလိုချိတယ်လေ .... မကေကလဲ ... ဦးမောင်ရှိမ့်က အချက်မချိ ... အဲလေ ဘာတွေ ပြောမိပါလိမ့် ... သူက သူ့ပုံတင်လဲရတယ် ... ကိစ္စမရှိဘူးတဲ့။ ဟိုးအရင်ကထဲကလဲ သူတို့ သားအဖပုံတွေက တင်နေကျမှို့ ခုမှတော့ ထူးပြီးဖုံးမနေတော့ပါဘူး။
ReplyDeleteကိုယ့်ပုံကတော့ နဲနဲချက်တတ်လို့ပါခင်ည။ တူနယ်ချင်းပုံတွေကလဲ ခွင့်ပြုချက် မတောင်းထားတော့ ကြိုက်မှန်းမကြိုက်မှန်းမသိ ကိုယ့်ပုံတောင် ကိုယ် မပြချင်တာ သူတို့လဲ ကိုယ့်လိုပဲနေမှာပါဆို ပန်းကလေးတွေနဲ့ ကွယ်ထားလိုက်တာပါဗျာ။ ယောက်ျားလေး သူနယ်ချင်းတွေပုံကျတော့ စိုးရိန်စရာမချိဘူးလေ။ ဖက်ပေါ်ဆူးကျကျ ... ဆူးပေါ်ပဲဖက်ကျကျ ... အဲလေ ဟိုဟာနဲ့ ရောကုန်ပါပြီ ..း )
သူတို့ကို တစ်ပတ်အတွင်းလာကန့်ကွက်နိုင်တယ်ပြောထားသားပဲကို နော် ...။
အဆောင်နေရတာ အရမ်းပျော်စရာ ကောင်းတာပဲ။ စာဆိုတာကတော့ ကျက်ချင်ချင် မကျက်ချင်ချင် လုပ်ကိုးလုပ်ရတာမျိုးလေ။ ဒီလို ဗရုတ်ကျတာက လုပ်ဖူးမှ ကျောင်းသားဘဝက တန်တာ။
ReplyDeleteခုလိုလေး ရေးထားတော့ တကယ့်အမှတ်တရပဲ။
မအယ်
ယောက်ျားတွေက ခုခေတ်ပြောင်းသွားဘီ မဆွီ ဖက်ပေါ်ဆူးကျကျ မဟုတ်တော့ဘူး
ReplyDelete“ ဘဲဥပေါ် ကျောက်ပြင်ပဲ ကျကျ ကျောက်ပြင်ပေါ် ဥ ပဲကျကျ နောက်တော့ ဥပဲ ကွဲတယ် ” တဲ့ ကဲ စကားပုံ အသစ်လေး မှတ်ထားလိုက်အူးနော် ခစ်ခစ်
ဒါနဲ့စကားမစပ် စာရေးဆရာမ မစန္ဒာတို့က မဆွီထက်ကြီးလား ငယ်လား ဂျီဟော မှာနေတယ်ဆိုလို့ မစန္ဒာရဲ့ ဂျီဟောသူ လေး သတိရသွားလို့ အရမ်းကြိုက်တာ
တကယ်ကို အမှတ်ရစရာကောင်းတဲ့ ပုံရိပ်ဟောင်းတွေပါပဲ...
ReplyDeleteဆောင်းရာသီ အအေးငွေ့တွေနဲ့ အတူ Field Trip ရဲ့ မီးပုံပွဲအကြောင်းကတော့ ဘယ်အချိန်တွေးတွေး လွမ်းနေတုန်းပါ...
ဓါတ်ပုံလေးတွေ ဝေဝေဆာဆာနဲ့ လှပတဲ့ ပုံရိပ်ဟောင်းပိုစ့်အတွက် မကေနဲ့ ထပ်တူ ကျေးဇူးတင်သွားတယ် သူငယ်ချင်းရေ...
မစန္ဒာထက် တီတီဆွိက ၂နှစ်လောက် ကြီးမှာပါ ဝက်ကလေး။:)
ReplyDeleteအပေါ်က အနောနိမတ်စ်နော်။ အတည်ပေါက်နဲ့ နောက်တယ်။ တီတီဆွိကနေ ဘွားဘွားဆွိဖြစ်သွားမစိုးလို့ ကမန်းကတမ်း အပြေးအလွှား လာရှင်းပါတယ်း))
ReplyDeleteဆရာမ မစန္ဒာက သိပ်တော့စီနီယာမကျပါဘူး။ အဲဒီ ဂျီဟောသူဝထ္ထုထွက်တော့ မဆွိတီတို့ ၃နှစ်သမီးလောက်ပဲ ရှိပါဦးမယ်။ ကိုယ်တွေထက် နှစ်၂၀ကျော် စီနီယာကျပါတယ် ၀က်ဝံလေးရေ။
ဂျီဟောသူ ၀ထ္ထုက အတော်ကောင်းတဲ့ ၀ထ္ထုမှို့ အကြိမ်ကြိမ်ပြန်ပုံနှိပ်နေတော့ ခုခေတ်ကလေးတွေအထိပါ ဖတ်ရတော့ ဆရာမ မစန္ဒာကို ငယ်တယ်ထင်နေကြတာနေမှာပါ။
ဆရာမ မစန္ဒာအကြောင်းရေးထဲ့တဲ့ ၀ီကီမြန်မာလင့် ပါ။
အဲဒီပန်းလေးတွေ ပေးပါလား။ အကောင်းတောင်းတယ် မထင်နဲ့၊ မျက်နှာမြင်ချင်တာ ရှုတ်လို့ ဆွဲယူ လွှင့်ပစ်မလို့..
ReplyDeleteတီတီဆွိတို့လို စီနီယာကြီးတွေ အကြောင်းဖတ်ရတာ ပျော်စရာကောင်းပါတယ် (တနှစ်လည်း စီနီယာက စီနီယာပဲ)
ReplyDeleteတော်ဟန်ဝင်းက အဲလောက်နာမည်ကြီးမှန်း ခုမှသိတော့တယ်။ ကောင်းတဲ့နေရာမှာတော့ မဟုတ်နိုင်ဘူး။ :P
သဘောကျလို့ ခဏခဏ လာဖတ်တယ်...
ReplyDeleteဓါတ်ပုံတွေလဲ ခဏခဏ လာကြည့်တယ်...
တခါဖတ် ဘယ်လောက် လို့ မတောင်းဘူး ဟုတ်...း))
အင်း ဒါဆို မဆွီတို့က ဘဘကြီးထက် တော်တော်ငယ်တာပဲ ဘဘကြီး(အမေ့ အမ ရဲ့အမျိုးသား)က မစန္ဒာနဲ့ တနှစ်တည်းလေ ဟင့်အင်း ငယ်တယ်မထင်ပါဘူး မဆွိ မစန္ဒာနဲ့ တွေ့ဖူးပါတယ် သူတောင် သူ့ဝတ္ထုတွေ ပေးဖူးတယ် မှတ်မှတ်ရရ သူ့လက်မှတ်နဲ့ စာအုပ် ၅ အုပ် ပျော်လိုက်တာ ပြောမနေနဲ့
ReplyDeleteဟီးးးး အသက်သိချင်လို့ မေးစမ်းကြည့်တာ ဟိ
ပန်းတွေနဲ.ကာထားတော. အမတို. အရင်က ဘယ်လောက်လှခဲ.တယ် ဘယ်လောက်နုခဲ.တယ်ဆိုတာ မသဲကွဲဘူးပေါ.။ ဒါပေမယ်. တချို.အမတွေက ကွယ်ထားလည်း သိသာတယ်။ Beauty Queen, EC rool 1, Mechanical က တော်တော်ဗရုတ်ကျတဲ. အမတို.ပေါ.။
ReplyDeleteအမပီအေလဲ mechanical ကပဲဟ။
ReplyDeleteသူ့ကို ကိုမောင်ခြိမ့်ပုံပြတော့ မသိဘူးတဲ့ :((((
တီဆွိဆရာမလုပ်ခဲ့တယ်ဆိုတော့ ဆရာမ တင့်တင့်ရီကို သိမယ်ထင်တယ် ၊ သူတို့နဲ့တော့ နှစ်တူတယ်။ အဲဒါ နှစ်ဘယ်လောက်ကွာလဲ...
အမခင်မင်းဇော်
ပန်းလေးတွေတော့ သည်းခံပါ မချိုသင်းရယ်။
ReplyDeleteကိုကိုထက်ရေ တော်ဟန်ဝင်းက အဲဒီတုံးက TV က ပြတဲ့ ဥာဏ်စမ်းပြိုင်ပွဲမှာ ပထမဆုရလို့ နာမည်ကြီးနေတာ။ အရင်ထဲကလဲ အတန်းထဲမှာ နာမည်ကြီးပါတယ်။
အန်တီသက်ဝေ သူငယ်ချင်းတွေ သတိရသွားပြီနဲ့တူတယ်။ ခဏခဏလာအားပေးတာ ကျေးဇူးတောင်တင်နေရပါတယ် အန်တီသက်ဝေရယ်။
ဂျီဟောသူက EC က roll 1 ကိုသိတယ်နဲ့တူတယ်နော်။ ဘယ် batch ကလဲ မသိဘူးနော်။
အစ်မခင်မင်းဇော် ... ဒေါ်တင့်တင့်ရီက မဆွိတီတို့ ဆရာမ အရင်းခေါက်ခေါက်ပါ။ ဆရာမပြန်လုပ်တော့ အဆောင်မှာလဲ အတူတူမှို့ ပိုလို့တောင် ခင်သွားပါတယ်။ ဟိုတစ်လောကတောင် ဘုန်းကြီးကျောင်းမှာ တွေ့သေးတယ်။ ကျွန်မတို့ထက် ၅နှစ်လောက် စီနီယာကျပါတယ်။
မဆွိပြောတဲ့ဘူးသီးပိုင်ရှင်မေငယ်ဆိုတာသံတွဲကလားဟင်...ပန်းမမတွေ
ReplyDeleteဖြစ်နေလို့ရုပ်ကိုမမှတ်မိဘူး..၊မဆွိရေးတဲ့အဆောင်အကြောင်းလေးတွေဖတ်ပြီးသမိုင်းဝင်းထဲကတို့ရဲ့ကံ့ကော်ကိုလွမ်းလိုက်တာ...ည..ညသီ
ချင်းလာဆိုတဲ့အဖွဲ့ တွေကိုအမူအရာပြပြီးသီချင်းတောင်းရတာပျော်စရာ..
ပန်းခရမ်းပြာနားထောင်ချင်ရင်ပန်းခိုင်ကြီးကိုထောင်ပြလိုက်...မျက်သွယ်
ဆိုရင်ပုတီးလှုပ်ပြလိုက်နဲ့..အဆောင်မှူးမသိအောင်အသံတိတ်နည်းနဲ့
ဆက်သွယ်နေကြတာ...သူငယ်ချင်းတွေသီချင်းလာဆိုရင်လဘက်သုပ်ထဲကိုမိုး
မျှော်ငရုပ်သီးတွေတမင်ထည့်ပေးပြီးညစ်ခဲ့တာတွေ...အောင်မြတ်လေးးး
လွမ်းးးးးးလိုက်တာနော်.......။း'(
dkba or dkkk?
ReplyDeleteပျော်ရွှင် ကြည်နူးစရာ ဘဝလေးတွေပေါ့ အစ်မရေ။
ReplyDeleteအခု အချိန်မှာ ပြန်ပြီး ရေနူးမိယုံက လွဲလို့ ပြန်မရနိုင်တော့ဘူးပေါ့ဗျာ။
ပန်းတွေကတော့ ထူးဆန်းတယ်နော် မျက်နှာမှာ ပွင့်နေကြတယ်။
ကြည်နူးစရာ ပို့စ်လေးပါပဲ။
အပေါ်က ကဗျာဆရာ ကိုကိုထိပ်ပြောင် ...အဲ...ကိုကိုထက်နဲ. သူငယ်ချင်းပါ အမ။
ReplyDeleteဓါတ်ပုံတွေထဲက ကောင်လေးတွေကို တစ်ယောက်ကမှ မှတ်မမိဘူးဖြစ်နေတယ်တော့... ကိုရေချမ်းကလည်း မှတ်မိဖူးတဲ့...
ReplyDeleteစဉ်းစားပြီး ပုံဖော်နေရတယ်...ဟီး...
း-)
ဘူးသီးပိုင်ရှင်က စုစုပြောတာ ဟုတ်ပါတယ်။
ReplyDeleteကိုကိုထက်နဲ့ သူငယ်ချင်းဆိုတော့ အစ်မတို့နဲ့ အပေါ်အောက်နေခဲ့တာပေါ့။ ဘယ်သူများပါလိမ့်နော် ...???
ကြီးတော်ရေ ... အဲဒီထဲက ၅ယောက်လောက်က စလုံးမှာရှိပါတယ်။နောက်ဆုံမှ ပြောပြတော့မယ်။
အင်း အီးစီရိုးဝမ်းမစလို့  တီတီဆွိလဲ အပျိုကြီးဘ၀ကလွတ်တာဖြစ်တာမဟုတ်လား .... တော်တော်အားကိုးရတဲ့သူငယ်ချင်း ...... ခွိခွိခွိ
ReplyDeleteအပေါ်က အနောနိမတ်စ်ကတော့ ဓာတ်သိထဲက ဖြစ်မယ်။ အပျိုကြီးတော့ မဖြစ်သေးပါဘူးကွယ်။ အဲဒီအချိန်က။
ReplyDeleteအစ်မက ကိုတော်ဟန်ဝင်းတို့ ဘက်ခ်ျကဆိုရင် သိပ်မှ အသက်မူကီးသေးတာ။ ဘာလို့ တီတီူဖစ်နေရတာတုန်း။ အဲဒီ အစ်ကိုက ရုပ်ူမင်သူံကားက လွတ်လပ်ရေးနေ့ ပဟေလိုပိုင်ပွဲဝင်ူပီး ဆုတောင် ရသေးတယ်ထင်တယ်။ အစ်မတို့ ခေတ်နောက်ပိုင်းမှာ ထမီတိုတို ၀တ်တာ ပျောက်သွားတယ်နော်။ူပီးတော့ ဒီဘလော့မှာ တစ်ခု သတိထားမိတာ..အစ်မ ဓာတ်ပုံတွေကို ကွယ်ထားပေမယ့်၊ ဂျူဂျူးလေး ပုံတွေကို ဘာလို့ မကွယ်တာလဲ။ ကလေး (သမီး မိန်းကလေး) တစ်ယောက်ရဲ့ ပရိုက်ဗီစီက ပိုအရေူးကီးသလားလို့။
ReplyDeleteလေးစားစွာဖြင့်