Monday, June 20, 2011

အန်တီဆွိရဲ့ ကျေးတမာနဲ့ စီဘောက်စာ

်အန်တီဆွိတစ်ယောက်လည်း ကားရောင်းပြီးကတည်းက ပျောက်သွားလိုက်တာလို့ ပြောကြတယ်။
ဟုတ်ပါတယ်။ အိမ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်၊ အိမ်တက်လေးလုပ်လို့ အလုပ်ရှုပ်သွားတာနဲ့ ဘလော့မကင်းဖြစ်တာ ကြာသွားတယ်။

စီဘောက်မှာ တစ်ချို့တွေ လာအော်ထား မေးထားတာတွေကို ဒီကပဲ ဖြေရင်း အလာဘ၊ သလာဘ ပို့စ်လေးပေါ့။

စီဘောက်စ်ကတော့ အမြင်မတော် မဖွယ်မရာတွေ လာရေးထားတာတွေ့လို့ ခဏဖြုတ်ထားလိုက်ပါတယ်။ ကိုယ်တို့ မြန်မာလူမျိုးတွေ စိတ်ဓာတ်ရေးရာနဲ့ ပတ်သတ်လို့ တော်တော် ပြုပြင်ရဦးမှာပါ။ ထားပါတော့။

ညီမလေးတစ်ယောက်က ဟိုးအရင် ပို့စ်က စောင်အမျိုးအစားမေးနေလို့ ဓာတ်ပုံလေးတင်ပေးလိုက်ပါတယ်။ ဈေးကတော့ queen size အတွက် အော်ဇီ ၁၅၉.၉၅ပါ။ Single ကတော့ ၁၁၉.၉၅ ပါ။ ၃၀ % Discount နဲ့ ၀ယ်ထားတယ်လို့ ဦးခြိမ့်ကပြောပါတယ်။ဈေးက after discount ပါတဲ့။ Myer တို့ David Jones တို့မှာ မေးဝယ်လို့ရပါတယ်တဲ့။



နောက်ညီမလေးတစ်ယောက်က အိမ်မှာ ငံပြာရည်ဘယ်နှစ်မျိုးသုံးလဲ မေးနေလို့။ အိမ်မှာ ပဲငံပြာရည် အချိုရည် (အကျဲ)၊ အနောက်ရည် (အပျစ်- ကြာညို့လို့လဲ ခေါ်ပါတယ်) နဲ့ ငါးငံပြာရည် ၃မျိုးပဲ သုံးပါတယ်။ ဒီမှာ ပဲငံပြာရည်အပျစ်က တော်တော်ရှားတယ်ဗျ။ တရုတ်ဆိုင်တွေက Black soy sauce ဆို အကျဲတွေချည်းပဲ ရှိတယ်။ ကြာညို့ မဟုတ်ဘူးဗျ။ နောက်ဆုံး ကမ်စီက မြန်မာဆိုင်မှာ မြန်မာလို မေးဝယ်မှပဲ ရတော့တယ်။ ပုံတွေပါတင်ပေးလိုက်ပါတယ်။


ကြုံလို့ အန်တီဆွိလည်း ပရော်ဖက်ရှင်နယ် အိမ်ရှင်မကြီးဖြစ်ပြီဆိုတော့ မီးဖိုချောင်သုံး ingredient တွေံတော်တော်စုမိဆောင်းမိနေပြီဆိုတဲ့ အကြောင်း ကြုံတုံးလေး။


နောက်ညီမလေးတစ်ယောက်တောင်းဆိုထားတဲ့ NUS ကျောင်းသူဘ၀ အကြောင်း ပို့စ်လေးရေးနေတာ တစ်ဝက်လောက်ရှိနေပြီ။ ပြီးရင် တင်ပေးပါတော့မယ်လို့လဲ ဒီကပဲ အကြောင်းကြားလိုက်ပါတယ်။

စလုံးက ကို WD မေးထားတဲ့ ဂျူဂျူလေး ကျောင်းအကြောင်းလဲ နောက်ပိုင်း အလျှင်းသင့်သလို အတွေ့အကြူံတွေ ရှယ်ပေးပါမယ်ဆိုတဲ့ အကြောင်း ကျေးတမာနဲ့ စီဘောက်စာကနေ အကြောင်းပြန်လိုက်ပါတယ်ခင်ဗျား။

နှင်းဆီပင် update
အိမ်မှာစိုက်ထားတဲ့ နှင်းဆီပင်လေးတွေ အညွန့်အခက်လေးတွေ ထွက်နေပါပြီ။ စိုက်ထားတာ တစ်လနဲ့ တစ်ပတ်သားရှိပါပြီ။ အညွန့်အနီလေးတွေက အနီရောင် ရှိုးနှင်းဆီ။ အညွန့်အစိမ်းရောင်က အ၀ါရောင် (gold bunny) ထင်တာပါပဲ။ စိုက်တုံးက သေချာမှတ်မထားတော့ ပွင့်လာမှသာ သိရမှာပါ။



ဒီမှာ ဂျင်းတို့ ကြက်သွန်ဖြူတို့ဈေးကြီးသဗျ။ ဈေးကြီးရတဲ့ အထဲ ဦးခြိမ့်က ဂျင်းဆို old ginger မှတဲ့ဆိုလို့။ စလုံးမှာ တစ်ကျပ်လောက်ပေးရတဲ့ ဂျင်းကို ၄ကျပ်ကျော်တောင်ပေးရတယ်ဂျ။ ဟိုနေ့ကလဲ မုန့်ဟင်းခါးလေးချက်စားချင်လို့ စပါးလင်လေးဝယ်တာ တစ်ပင်ကို တစ်ကျပ်ခွဲတဲ့။


မဆွိတီလဲ ဟိုတစ်လောက တစ်ပတ်လုံးနီးပါး မိုးတွေ ဆက်တိုက်ရွာတော့ နေမင်းကြီးကို မျှော်လိုက်ရတာ။ နေပူတဲ့နေ့ဆို သိပ်ပျော်တာ။ နောက်မှို့ အ၀တ်တွေက မခြောက်ဘူးကိုး။ အ၀တ်ခြောက်စက်ထဲ ထည့်ရတာလဲ မီတာကုန်မှစိုးတာရယ် သုံးနေကျမဟုတ်တာရယ်နဲ့ တော်တော်နဲ့ မသုံးချင်ဘူးဖြစ်နေတာ။
ဘ၀မှာ နေမင်းကြီးကို မော့ကြည့်ပြီး နေရယ်ပူပါတော့လို့ မျှော်နေရမဲ့ ဘ၀ရောက်ရမယ်လို့ တစ်ခါမှ ထင်မထားမိဘူး။
တို့ ဘလော်ဂါမမကြီးလို တိမ်တွေကို ဓာတ်ပုံရိုက်တတ်လာပြီ။ တို့လဲ အနုပညာကို ခံစားတတ်လာပြီ။ အ၀တ်တွေ မခြောက်မှာစိုးလို့ ...း)


ခ၀ါသည် အန်တီဆွိ လျှော်လှမ်းထားသည်များဖြစ်ပါသည်။

အ၀တ်လှမ်းစင်က နေကွယ်လေကွယ် အရပ်မှာ။
အိုး လေညာအရပ်ကအချစ် ... အဲလေ နေကွယ်အရပ်က အ၀တ်လှမ်းစင်။

ဟိုနေ့ကချက်တဲ့ ပုဇွန် ခရမ်းသီးနှပ်။ ချက်နည်းကို နောက်မှပဲ တင်ပေးပါတော့မည်။


ဒီမှာရာသီဥတုကအေးတော့ အ၀တ်အစားတွေက thermal wear အပါအ၀င် ၃-၄ထပ်လောက် ၀တ်နေရတယ်။ ဒီတော့ ရယ်စရာပြောရရင် တစ်နေ့တစ်နေ့ ဂျူဂျူနဲ့ မဆွိတီတို့ သားအမိ အပြင်ကပြန်လာရင် အဲဒီအကျီင်္တွေကို အိမ်နေရင်း အကျီ်တွေနဲ့ ချွတ်ရ လဲရတယ်။ တစ်ခါအပြင်သွား သားအမိ၂ယောက်ပေါင်း အ၀တ်အစားတွေတင် အပြင်ဝတ်၁၂ထည် လောက် အိမ်နေရင်းက ၁၀ထည်လောက် စုစုပေါင်း ၂၂ထည်လောက် ၀တ်နေ၊ ချွတ်နေ၊ သိမ်းနေရတော့ အလုပ်ကတော့ တော်တော်ရှုပ်ပါတယ်။ ဒါကြောင့်လဲ အရင်ကတော့ ဘလော့ဂ်မကင်းနိုင်တော့တာများဖြစ်နေမလားလို့ တွေးမိရင်း .... .... ....း)း)း)

23 comments:

  1. အမှန်ပဲ...အင်္ကျီနဲ့ ခြေစွပ်တွေ လက်အိတ်တွေ အထပ်ထပ် ၀တ်နေရတာကိုက အလုပ်တော်တော် ရှုပ်တယ် မဆွိရေ။

    ReplyDelete
  2. လာရောက်ဖတ်သွားပါကြောင်း ၊ ခရမ်းသီးနှပ်က ပုဇွန်တွေအများကြီးနဲ. စားချင်စရာကြီး ၊ ကြက်သွန်ဖြူ၊ ဂျင်းတို.ဈေးကြီးတယ်ဆိုလို. အသားဈေး ၊ seafood ဈေးတွေရော စလုံးထက်ပေါသလား၊ ပိုပြီးတော့ဈေးကြီးလား?

    ReplyDelete
  3. မျှော်တုံး မျှော်ဆဲ သူလဲ ရောက်လာ ဆိုသလိုပါပဲ...
    ဘာပိုစ့်မှ အသစ်မတက်တာ ကြာနေလို့ စိတ်ပူနေတာ... အခုလိုဆိုတော့ ကောင်းပါလေ့ လို့ပဲ ပြောရတော့မယ်... ပြောသာ ပြောတာ ကိုယ်လည်း စာမရေးနိုင် တိမ်တွေ မကြည့်နိုင် ဓါတ်ပုံတွေ မရိုက်နိုင်တာ ကြာပါပြီ...
    ဒါနဲ့ စကားမစပ် အဝတ်ခြောက်စက် သုံးပါ သူငယ်ချင်းရဲ့... အခုလို လှမ်းနေ ရုပ်နေရတာ ဘယ်လောက်ပင်ပန်းသလဲ...

    ReplyDelete
  4. ပုံရိပ်
    ဟုတ်တယ်။ စာရင်းထဲ လက်အိပ်၊ ခြေအိပ်တွေတောင်မပါသေးဘူး။ တစ်နေ့တစ်နေ့ အ၀တ်တွေသိမ်းရတာကို တော်တော် အလုပ်ရှုပ်တယ်။

    ကိုဇက်
    ဒီမှာ အသားဈေးက စလုံးထက်ပေါတယ်ထင်တာပဲ။ ၀က်သားတစ်ကေဂျီ ၈ကျပ်။ Pork chop တစ်ကေဂျီ၈ကျပ်၊ ၀က်နံရိုးလဲ ဈေးပေါတယ်။ ကြက်က ၂ကောင်ကို ၈ကျပ်။ တစ်ကောင်ချင်းဆို ၅ကျပ်။ ငါးတော့ ဈေးကြီးတယ်ဗျ။ ငါးအသားချည်း fillet တွေတော့ ပေါတယ်။ စလုံးမှာစားတဲ့ sea bass ကို တစ်ကေဂျီ ၁၄-၅ကျပ်ရှိတယ်။ ပုဇွန်အသေးလေးတွေတော့ပေါပါတယ်၊ တစ်ကေဂျီ ၈ကျပ်လောက်။ ပုဇွန်ကြီးရင် ၂၀ကျော်တယ်။ အမဲသားလဲ ပေါတယ်။ မစားတော့ ဈေးတော့ သေချာမသိဘူး။ ဒီကအမဲသားက အနံ့မရှိဘူး။ မညှီဘူးလို့တော့ ပြောကြတယ်။

    အန်တီသက်ဝေ
    အ၀တ်လျှောက်စက်က ငါတို့အိမ်က အ၀တ်လျှောက်စက်လို့ ပို့စ်တင်ရမလိုဖြစ်နေပြီ။ သူက ခလုပ်က အရမ်းမာတာ။ Europium brand ဆိုတော့ ကိုယ်တွေအားနဲ့ဆို သူ့ခလုပ်ကို တော်တော်ကို ဖိမှရတာ။ အဲဒါကို ဒုက္ခရောက်နေတာနဲ့ ရယ် ချွေတာချင်တာနဲ့ပဲ မသုံးဖြစ်တာ။ မိုးတွေ တစ်ပတ်လောက် ဆက်တိုက် ရွာရင်တော့ no choice ပေါ့။ သုံးပါတယ်။
    သယ်ရင်းလဲ ပို့စ်သိပ်မတွေ့ပါလားလို့။

    ReplyDelete
  5. ပို့စ်တွေတော်တော်ကျဲသွားတယ်နော်...
    နေရာသစ် အတွေ့ကြုံသစ်တွေနဲ့ နပမ်းလုံးနေရလို့ထင်ရဲ့။

    ReplyDelete
  6. ဟိုအကြောင်း ဒီအကြောင်း လာဖတ်ရင်းနဲ့ ပုံလေးတွေ ကြည့်သွားပါတယ်..

    ReplyDelete
  7. ပရော်ဖက်ရှင်နယ် အိမ်ရှင်မကြီးဖြစ်သွားပြီပေါ့ ဟုတ်တယ်ဟုတ်
    ကွန့်မန့်က ရေးရတာ အဆင်မပြေဘူး တီဆွိရေ တဦးတယောက် မကောင်းတာနဲ့ စစတို့မှာ ဒုက္ခဗျာ

    ခင်မင်တဲ့
    seesein

    ReplyDelete
  8. Hooray......Hooray..........Hooray........

    Thanks, TT,
    I'm looking forward to reading NUS student-life post!

    ReplyDelete
  9. အဲဒီမှာလဲ အေးတာပဲလား.ဒါဆို လာမလည်တော့ဘူး :( အပူချိန်ဘယ်လောက်ရှိလဲဟင်။

    ReplyDelete
  10. Glad to see your post.
    WD

    ReplyDelete
  11. your writing is excellent as can't move the sight to another page. Thanks for sharing your experience.

    ReplyDelete
  12. Dhoby Ghaut က တီဆွိတို့ အိမ်နားရောက်သွားတာကိုးးးး ;P

    ReplyDelete
  13. အမရေ။ အဲ.ဒီဘုရားပန်းအိုးလေးတွေဘယ်က၀ယ်လဲဟင်။ ဆိုင်နာမည်နဲ.လိပ်စာလေးပြောပေးပါလား။ ကြာညို.ကို Campsy ကဆိုင်မှာရတယ်ဆိုလို.ကျေးဇူး။ ရှာနေတာမတွေ.လို.။ နောက်ရောက်မှဝယ်ရမယ်။ :)

    ReplyDelete
  14. that sounds too much, please make it real, Sydney is not a haven lol

    ReplyDelete
  15. ရေးနိုင်သေးရင်မဆိုးပါဘူး။ အဝတ်တွေအမြန်ခြောက်ပါစေဗျာ။

    ReplyDelete
  16. ==============================
    Anonymous said...

    "that sounds too much, please make it real, Sydney is not a haven lol"
    ==============================
    I really don't understand the meaning of this comment.

    Did you see aunty sweet mentioned in her post that Sydney is haven? Which part of the post do you think that unrealistic?

    When you make comment, please read carefully what she wrote and comment clearly what do you mean.

    Don't drop anyhow in the comment to the post and and run away. Be responsible on what you said.

    regards

    ReplyDelete
  17. တီတီဆွိ လာလည်တယ်နော်... အသစ်တင်တိုင်း အမြဲရောက်ဖြစ်တယ်..တီဆွိကို အရမ်းအားကျတာ အိမ်ရှင်မ ပီသ လို့လေ...ညီမချစ်သူက အမြဲပြောတာ ကြည့်စမ်းတီဆွိကို တဲ့... အပြင်အလုပ်လဲလုပ် အိမ်ရှင်မလဲပီသတယ်..ဆိုပြီး ညီမလဲ တီဆွိဆိုဒ်ကြည်ပြီး အားမွေးရတယ် မဟုတ်ရင် ပျင်းလွန်းလို့ တစ်ယောက်ထဲ နေချင်သလိုနေတာ.. တခါတခါ ဘာဟင်းချက်ရမှန်းမသိရင် တီဆွိစီမှာပဲ လာလာ မွေနေကျ...အားပေးနေတယ်နော် တီဆွိ များများတင်ပေးနော်.. ( ဂျာမနီမှာ လဲ အေးတယ် တီဆွိ ရေ) စိတ်ကိုညစ်ရော...

    ReplyDelete
  18. Dream ရေ
    သိပ်လဲ အထင်မကြီးပါနဲ့၊ စလုံးမှာတုံးကက အိမ်မှာ အကူ ကြီးတော်ရှိလို့ သူကပဲ အကုန်လုပ်တာ များပါတယ်။ ခုတော့ ဘာအလုပ်မှမလုပ်ပဲ အိမ်ရှင်မပဲ လုပ်နေရတော့ အဲဒါကိုပဲ အလုပ်တစ်ခုလို သတ်မှတ်ပြီး ကြိုးစားလုပ်နေပါတယ်။ အိမ်ရှင်မလဲ အိမ်ရှင်မ တာဝန်တွေက အများသားပဲ။ ဂျူဂျူးလေးလဲ ပြူစုရသေးတာဆိုတော့ ဒီရောက်မှ ဘလော့ဂ်မကင်းနိုင်တော့တာသာကြည့်ပါတော့။ Dream ပြောမှပဲ ဟင်းချက်နည်းတွေတောင်မတင်ဖြစ်တာကြာပြီ။ ဓာတ်ပုံတွေလဲ မရိုက်ဖြစ်တော့ဘူး။ တင်မယ်ဆို အရင် အဟောင်းပုံတွေတော့အများကြီးရှိတယ်။ ကွန့်မန့်အတွက် ကျေးဇူး။

    Thanks to Anonymous for replying behalf of me. I still can't find yet which thing I wrote is un-realistic.

    ကျေးဇူးပါ အစ်မကွန်ခင်ဗျား။ အ၀တ်စင်လေး ၀ယ်မယ်စိတ်ကူးထားတယ်။ Ph ဆက်ချင်တယ်။ ဂျီမေးကနေ ဖုန်းနံပတ် ပို့လိုက်မယ်။

    ၀ါ
    ဘုရားပန်းအိုးတွေက စလုံးကနေ ပါလာတာ။ ဒီမှာလဲ ဖန်ပစ္စည်းတွေ ဟိုကထက်တောင် ဈေးပေါသေးတယ်နော်။ ရှာဝယ်ရင် ရှိမှာပါ။

    အစ်မသီတာ မြင့်တယ်။ မန့်သွားတာ နားမလည်ဘူး။ လာဖတ်တာ ကျေးဇူးအစ်မ။

    ကျေးဇူး WD။ အကြွေးကျန်နေတာ သိတယ်။ အားရင် ရေးပေးမယ်နော်။

    သုနှင်းဆီ
    အော်ဇီမှာ အေးတယ်လို့ ဘယ်သူမှ ဒီလောက် မအော်ကြဘူး ထင်တာပဲ။ အပူပိုင်း အီကွေတာနားမှာ ၁၃နှစ်လောက်နေလာတဲ့ အပြင် အစကတည်းက အအေးကြောက်တဲ့သူဆိုတော့ အော်စီက ကိုယ့်အတွက်တော့ အလွန်အင်တန်အေးပါသည်ပေါ့ဗျာ။ ဦးခြိမ့်သူငယ်ချင်းတစ်ယောက် ကနေဒါမှာနေတာ။ အော်ဇီမှာ အေးတယ်ဆိုတော့ ရယ်တယ်။ သူတို့ဆီမှာ မိုင်းနပ်စ် ၁၀-၂၀ လောက်ကိုး။ ဒီမှာ ည ဆို အအေးဆုံး ၆ကနေ ၈လောက် ။နေ့ဆို ၁၂ကနေ ၁၇ လောက်ရှိပါတယ်။ ညဆို heater ဖွင့်မှရပါတယ်။

    Mo
ှုI am writing on the way this post. I am not sure you will satisfy the way of my writing style. I also afraid there will be enough information what you like to know .... see how ...

    စည်းစိမ်
    အရင်က စီဘောက်စ်မှာပဲ ရေးတယ်နဲ့တူတယ်။ ခုတော့ ခဏဖြုတ်ထားလိုက်ရတယ်။ အမြင်ကို မတော်လို့။ ကျေးဇူး။

    သိင်္ဂါကျော်
    ပုံလေးတွေတင်ရကျိုး နပ်သွားတာပေါ့။ ဘာရယ်မဟုတ်။ လာဖတ်သူတွေ ပျင်းနေမှာ စိုးလို့။

    အနောနိမတ်စ်
    အိမ်ရှင်မအလုပ်က ရုံးအလုပ်ထက်တောင်ပိုရှုပ်သေး။ မနားရပါဘူးဗျာ။ stress မရှိတာ တစ်ခုပဲ။

    ReplyDelete
  19. sea bass ဆိုလို. မစားဖြစ်တာတောင် တော်တော်ကြာပါရော၊ မဆွိရေးပြောမှပဲ စားချင်စိတ်ပေါက်လာတယ်၊ ကျော်စားလိုက်ဦးမယ်၊ အမဲသားကို ကျွန်တော်လည်း မစားလို.ဈေးလဲမသိပေါင် ..

    ဈေးတွေကတော့ နိုင်ငံတိုင်းမှာ (မြန်မာနိုင်ငံအပါအ၀င်) ကြီးပုံရတယ်၊ ဈေးကြီးတာကို တွေးပူနေတာထက် ပိုက်ဆံများများရအောင် လုပ်တာက ပိုပြီးတော့ လက်တွေ.ကျမလားလို.စဉ်းစားမိတယ်၊

    ခင်တဲ့

    မောင်ဇီ

    ReplyDelete
  20. Dhoby = The one who wash the cloths. (I think so :)

    ReplyDelete
  21. တီဆွိရေ..ဒိုဘီဂေါ့ MRT Station ရှိတဲ့နေရာက အယင်က အ၀တ်လျှော်တဲ့ နေရာလို့ ကြားဖူးလို့ တီဆွိကို နောက်လိုက်တာ...း)
    အဆင်ပြေ ပျော်ရွှင်ပါစေ

    ReplyDelete
  22. HI TT SWEET,


    Welcome back, longing for your new post.

    With Regards/Nang Myint

    ReplyDelete
  23.ြAh Ma, U can find ကာညို့ in there. ကြာညို့ = sweet soy sauce

    ReplyDelete