အန်တီဆွိလဲ ဘန်နာမှာ ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ် ဆိုရေးထားပြီး ဟင်းချက်နည်းတွေ မတင်ဖြစ်တာကြာပေါ့။ ဒီနေ့တော့ အိမ်မှာ ဝက်သားလုံးချိုချဉ်လေး ချက်စားဖြစ်လို့ ဟင်းချက်နည်းလေး တင်လိုက်ပါဦးမယ်။
မဆွိတီ ခုတလော ဟင်းတွေချက်တာ အဲလို Instant ကြော်စား၊ ချက်စားရတာတွေပဲ ချက်ချင်၊ စားချင်နေတယ်။ ဒါမှ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားလို့ရတာပေါ့။ ဦးခြိမ့်ကတော့ အန်တီဆွိ ပင်ပန်းမှာကြောက်လို့ ဟင်းတွေ တစ်ပတ်စာ တစ်ခါထဲ ၃-၄မျိုး ချက်ထား၊ ရေခဲသေတ္တာထဲထည့်ထား၊ စားခါနီးမှ မိုက်ခရိုဝေ့ဖ်လေးနဲ့ နွှေးစားဆို အကြံပေးတာ။ ကိုယ်ကလဲ ကြီးကျယ်တာတော့ မဟုတ်ဘူး။ အဲလို ဟင်းတွေကို ခဲပြီးနွှေးစားရတာကို ဘယ်လိုမှ စားလို့မရဘူး။ အလုပ်မအားတဲ့ အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မတွေကိုတော့ အားနာပါတယ်။ ကိုယ်က ခုလောလောဆည်တော့ အားနေတော့ တစ်နေ့တစ်ခါ လတ်လတ်ဆတ်ဆတ် ချက်စားလို့ရတာတွေပဲ ချက်စား၊ ကြော်စားမိနေပါတယ်။ ကိုယ်လဲ အလုပ်ပြန်လုပ်ဖြစ်မယ်ဆိုရင်တော့ ဦးခြိမ့်ပြောတဲ့ နည်းအတိုင်းပဲ ချက်ရတော့မှာပေါ့နော်။
ဝက်သားလုံးကြော်ရန်
ဝက်သားလုံးချိုချဉ် ၂ယောက်စာ အတွက် ပထမဆုံး ဝက်သားအကြေ ၂၅၀ ဂရမ်ကို သကြား တစ်ဇွန်း၊ ဟင်းခတ်မှုန့် (ကြက်သားမှုန့်+ ငရုပ်ကောင်းအဖြူ+ ဆား)တစ်ဇွန်း၊ ကြက်သွန်ဖြူ ၂မွှာ ညက်ညက်ထောင်း၊ ပဲငံပြာရည် အကြည်ရည် တစ်ဇွန်း၊ ငရုပ်ကောင်း( black pepper)အနည်းငယ်(one pinch)၊ တရုတ်မဆလာ အနည်းငယ် (one pinch)၊ Corn flour တစ်ဇွန်း၊ Bread crumbs တစ်ဇွန်း၊ ဆီ တစ်ဇွန်းထည့် နယ်ပြီး အလုံးလေးတွေ လုံးထားပါ။ လုံးတဲ့နေရာမှာ ဆီကို လက်မှာ အရင်ရွှဲရွှဲသုတ်ပြီးလုံးရင် အလုံးလေးတွေလဲ လှတယ်။ လက်မှာလဲ မကပ်တော့ဘူးပေါ့ဂျာ။ (ဇွန်းဆိုတာကတော့ လ္ဘက်ရည်ဇွန်း ဖြစ်ပါတယ်။)
ပြီးရင် ဒယ်အိုးထဲမှာ မီးအနေတော်ထား၊ ဆီကို ဝက်သားလုံး တစ်ဝက်မြုတ်ရုံလောက်ထည့်ပြီး ကြော်ပေးပါ။ ဆီအများကြီးမလိုလို့ တစ်ဝက်နဲ့ပဲကြော်ပါတယ်။ င်္ဆီတွေက ကြော်ပြီးရင် အပိုတွေအများကြီး ဖြစ်နေမှာကြောက်လို့ပါ။

ဝက်သားလုံးလေးတွေ အနည်းငယ် မာလာရင် အကျက်ညီအောင် အသာလေးမွှေပေးပါ။ အရောင်အနည်းငယ်နီပြီး ကြွပ်လာရင် ဆယ်ထားလိုက်ပါ။

အသီးအနှံများ အဆင်သင့်ပြင်ထားရန် (၂ယောက်စာ)
မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံအကြီးစား (celery)၊ ကြက်သွန်နီ တစ်လုံး၊ ခရမ်းချဉ်သီး တစ်လုံး၊ ကြက်သွန်မြိတ် အစရှိသည်တို့ကို ပုံပါအတိုင်း ခပ်သေးသေး လှီးဖြတ်ထားပါ။ ဂျင်းလက်တစ်ဆစ်လောက်ကို အချောင်းသေးသေးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူ၂မွှာလောက်ကို chop လုပ်ထားပါ။ နာနတ်သီးဗူးမှ နာနတ်သီးတုံးလေးတွေလဲ ကြိုက်ရင်ထည့်နိူင်ပါတယ်။
ချိုချဉ် ဆော့စ် ဖျော်ရန် (၂ယောက်စာ ကြော်ရန်)
ရေ ၁၅၀ ml
နာနတ်သီးဗူးမှ အချိုရည် ၅ဇွန်း
ခရမ်းချဉ်သီးဆော့စ် ၅ဇွန်း
ပြောင်းမှုန့် (သို့) ကော်မှုန့် တစ်ဇွန်း
သကြားတစ်ဇွန်း
ပဲငံပြာရည်အကြည်ရည် တစ်ဇွန်း
ကြက်သားမှုန့် ဇွန်းတစ်ဝက်
သံပုရာရည် (သို့) ရှာလကာရည် တစ်ဇွန်း
(ဇွန်းဆိုတာကတော့ လ္ဘက်ရည်ဇွန်း ဖြစ်ပါတယ်။)
အပေါ်ကပစ္စည်းတွေ အားလုံးကို ကြွေပန်းကန်လုံးတစ်ခုမှာ ရောပြီး သမအောင် မွှေပေးပါ။ ကော်မှုန့်နဲ့ ရေကို အရင်သမအောင် မွှေပေးစေလိုပါတယ်။ ပြီးမှ ကျန်တာတွေထည့်မွှေပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်လာအောင်တည်လိုက်ရင် ချိုချဉ်ဆော့စ် (sweet and sour sauce) ရပါပြီ။
ချိုချဉ်ကြော် ကြော်တော့မယ်
ဒယ်အိုးကို မီး medium ထားပြီး စောနက ဝက်သားလုံးကြော်ထားတဲ့ဆီ စားပွဲဇွန်း ၂ဇွန်းခန့်ထည့်ပါ။ ဂျင်းအချောင်းလေးတွေ အရင်ထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်ဖြူ နီညိုရောင်သန်းလာရင် ဟင်းသီးဟင်းရွက်တွေထဲက ပိုကြာကြာကြော်ရမဲ့ မုံလာဥနီနဲ့ ပန်းဂေါ်ဖီအရင်ထည့်ကြော်ပါ။ ပဲငံပြာရည်အချိုရည် ၂ဇွန်း၊ ဟင်းခတ်မှုန့် တစ်ဇွန်း တို့ကိုလည်း ထည့်မွှေပေးပါ။ ခဏနေရင်ကြက်သွန်နီ၊ တရုတ်နံနံ ခရမ်းချဉ်သီးတိို့ကိုပါထည့်ပါ။ အသီးအရွက်တွေ ကျက်ခါနီးမှာ ဝက်သားလုံးထည့်ပါ။ ငရုပ်ကောင်းထည့်မွှေပေးပါ။
နောက်ဆုံး ချိုချဉ်ဆော့စ်ကို လောင်းထည့်ပြီး မွှေပေးပါ။ မီးကို လျှော့ပေးပါ။ ဆော့စ်က ပူလို့ အရည်ခမ်းသွားရင် ရေလိုသလောက်ထပ်ထည့်ပါ။ ကြက်သွန်မြိတ်ကို စိမ်းနေအောင် နောက်ဆုံးမှထည့်ပါ။ တစ်မိနစ်လောက်ကြော်ပေးပြီးရင် ချိုချဉ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပါပြီ။ ပြင်ထားတာ အမြင်လှအောင် ပန်းကန်ပြားအကြီးထဲကို လောင်းချပါ။
လိုက်ဖက်တဲ့ ဟင်းကတော့ ကြက်ဥမွှေကြော်ပါ။ ကြက်ဥ၄လုံးကို ဖောက်၊ ကြက်သွန်နီပါးပါးလှီး၊ ခရမ်းချဉ်သီး တစ်ဝက်ကို chop လုပ်၊ ကြက်သွန်မြိတ် ပါးပါးလှီး၊ ငရုပ်ကောင်း၊ ဟင်းခတ်မှုန့် တို့နဲ့ ကြွပ်ပြီး အချပ်ကြီးတွေဖြစ်အောင် ကြော်ပါတယ်။
ထမင်းဖြူပူပူလေးရယ်၊ ကြက်ဥကြော်ရယ်၊ ချိုချဉ်ကြော်ရယ်၊ ရေနွေးကြမ်းရယ် ဒီနေ့ ဦးခြိမ့် ၂ပန်းကန်စားပါသဗျား။
Thank you so much Ma Ma Sweet for sharing this yummy dishes recipes.
ReplyDeleteMon Petit Avatar
ချိုချဉ်ကြော် ကြော်တော့မယ် ဆိုတော့ဘာမှန်းမသိ. excited ဖြစ်မိသေးတယ်။ အဟိ.
ReplyDeleteဆလင်းဘော်ဒီလေး ထိန်းထားလေ. ဘာမှ မစားပါနဲ့ဆို.။
ReplyDeleteတီဆွိရေ... လုပ်နည်းလေး အတွက် ကျေးဇူးနော်။ ရို့စ်ကတော့ ကြက်သားနဲ့ ဖြစ်ဖြစ်၊ အမဲသားနဲ့ ဖြစ်ဖြစ် လုပ်စားကြည့်ဦးမယ်။ ဂျုးဂျုးနဲ့ ဦးခြိမ့်ကိုလည်း ရို့စ် နှုတ်ဆက်တယ်လို့ ပြောပေးပါနော်။
ReplyDeleteခင်တဲ့
စားချင်စရာကြီး၊ ဒါပေမဲ့ ချိုချင်ကျော် ကျော်ဖို.တော့ နည်းနည်း ခက်မလားလို.
ReplyDeleteကျွန်တော့်အနေနဲ.တော့ ၀က်သားလုံးကျော်အဆင့်အထိ ကြိုးစားကြည့်ဦးမယ်
မဆွိနှင့်မိသားစု ကျန်းမာပျော်ရွှင်ပါစေ
တီဆွိ,
ReplyDeleteအနော်ပို့တဲ့မေးလ်ကျတော့ အပြန်ဘူး..။ ဟင့်..။ ၀က်သားလုံးကြော်စားနေတယ်..။ NUS ရေးနေတယ်ဆိုတာလည်းဖတ်ချင်တယ်..။
ခင်မင်စွာဖြင့်
မဂျပယ်
အရောင်လေးကို စုံလို့ စားချင်စဖွယ်ကိုဖြစ်နေတာဘဲ.. ည ဗိုက်ဆာနေချိန် ရောက်လာတာ ကိုယ့်ကိုယ်ကို နှိပ်စက်မိသလိုဖြစ်သွားတယ်
ReplyDeleteချက်ဖူးတယ် သယ်ရင်းရေ...သယ်ရင်းလိုမကောင်းဘူး... ငြိမ်းချမ်းတယ်နော်... ဦးခြိမ့်ကြီးကို ပြုစုဖို့ အချိန်တွေ ပိုရလာတာပေါ့... ဦးခြိမ့်ကြီးဂီတာတီးနေတာ ဖဘမှာတွေ့ တယ်... သယ်ရင်းလဲပျော်နေပုံပဲ...
ReplyDeleteသူရင်း တန်ခူးရေ ...
ReplyDeleteငြိမ်းချမ်းတယ်လဲ မဟုတ်ပါ။ အေးချမ်းတယ်ဆိုပိုမှန်မယ်း) ဒီမှာ ရာသီဥတုကအရမ်းအေးလို့ မနေတတ်ဘူးဖြစ်နေတယ်။ full time အိမ်ရှင်မဆိုတော့ အိမ်အလုပ်တွေပဲ အလုပ်တစ်ခုလိုသဘောထား သိမ်းကျုံးလုပ်နေပါတယ်။ သယ်ရင်းတို့လဲ အဆင်ပြေပျော်ရွှင်ပါစေ။
ချောရေ ကျေးဇူး။ နှိပ်စက်သလိုများ ဖြစ်သွားလားမသိ။
မဂျပယ် အဲလေ စပ္ပါယ်ပန်းတော့ စိတ်ဆိုးနေပြီ။ သူ့စာမပြန်လို့။ စာ အရှည်ကြီးရေးထားတာ ဘလော့ဂ်ရေးတဲ့အတိုင်းပဲ။ ဘလော့ဂ်ဖွင့်ပြီးစာတွေ ရေးပါလား။ စာရေးကောင်းပါတယ်။ မပြန်ဖြစ်တာကတော့ စာအရှည်ကြီး ပြန်ရေးချင်လို့ အားတဲ့ အချိန်စောင့်နေရလို့ပါ။ ကျေနပ်ပါတော့း) NUS ပို့စ်တော့ တင်ပြီးပြီ။ ကျွနုပ်တာဝန်ကျေပြီဟုယူဆပါသည်။း)
ညီမ ရို့စ်
ကြက်သားဖြစ်ဖြစ်၊ ပုဇွန်လုံးချိုချဉ်လုပ်စားလဲ တူတူပဲလေ။ လုပ်ရတာ သိပ်မခက်ပါဘူး။
နာ့အစ်မကြီး အိတ်ဇိုက်ဖြစ်တယ်ဆိုတာ ဒီက စဉ်းစားလို့ရဘူး။ ပြောနေရင်းနဲ့ ၀ိတ်နဲနဲ ပြန်တက်နေလို့ ချိတ်ညစ်နေဒယ် ဒီကး)
မွန်ပြည်သစ် အဗေတာမှ ကွန်မန့်အတွက် ကျေးဇူးတင်ပါကြောင်း။
ကိုဇက်
မဒမ်ဇက်ကို ကြော်ခိုင်းလိုက်လေ။ အဲလောက်မခက်ဘူးဂျ။ မဆွိတီက လျှာရှည်ပြီး အရှည်ကြီးရေးနေလို့ ခက်တယ်ထင်ရတာ။
I really love to read your post. I can see the sincerity in your writing style. also like your cooking method - simple and yummy.
ReplyDeletewish you all the best
can u pls tell me how to get that cho-chin-sauce without tomato sauce( i mean without readymade tomato sauce)
ReplyDeleteths