Thursday, December 15, 2011

မင်းကတော် အမေ


မဆွိတီငယ်ငယ်က နယ်မှာနေတဲ့ ဦးလေးအိမ် အလည်သွားလေ့ရှိတယ်။ ဦးလေးမှာ သားတစ်ယောက် သမီးလေးတစ်ယောက် မွေးထားတာမှာ လင်မယား၂ယောက်လုံး ခလေးတွေကို သိပ်အလိုလိုက်တယ်။ စီးပွားရေးကလည်း အဆင်ပြေတော့ ခလေးတွေ ဘာလိုချင်လဲ၊ ဘာစားချင်လဲ လိုလေသေးမရှိ အမြဲဖြည့်ဆည်းပေးနေတော့တာပဲ။  တစ်ခါသား မှတ်မှတ်ရရ ညကြီး မင်းကြီး အကြီးကောင်လေးက မြို့ထဲက ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ အမေလုပ်သူက  ဆိုင်ကယ်လေးပေါ်တက် တဖုတ်ဖုတ်နဲ့ ထွက်သွားပြီး ၀ယ်တော့တာပဲ။  ည မှောင်မှောင်မဲမဲကြီးထဲကိုလေ။ ကိုယ့််မှာ ဒေါ်လေးတို့ကြည့်ပြီး တရားကျတယ်။ ခလေးတွေ အဲလောက်အလိုလိုက်ရလားဆို ကရုဏာဒေါသောဖြစ်ရတယ်။

ကိုယ်လဲ ခလေးအမေဖြစ်ရော၊ ဒေါ်လေးတို့ထက်ကို သာပါပေ့တယ်ပြောရမယ်။ သမီးဘာစားချင်လဲ၊ ဘာလိုချင်လဲ အမြဲဖြည့်ဆည်းပေးချင်နေတော့တာပဲ။ သမီးလေး စိတ်ချမ်းသာအောင်၊ ပျော်အောင်သာ ထားချင်နေတာ။ ကျောင်းမှာလဲ သမီးမျက်နှာမငယ်ရအောင် လိုလေသေးမရှိ လိုက်လုပ်ပေးသေးတယ်။ ကျောင်းမှာ ဒီနေ့တော့ ဘာပွဲရှိတယ်။ ဘာယူသွားရမယ်ဆို လိုတာကို မျက်နှာမငယ်ရစေဘူး။ အစားအသောက်ဆိုလဲ နေ့လည်စာအတွက်တစ်ဖုံ၊ recess အတွက်ဆို တစ်မျိုး မပါမနေရလေအောင် မျိုးစုံစီမံချက်ပြုတ်ပြီး ထည့်ပေးလိုက်တာပဲ။

တစ်ခါလဲ ကျောင်းမှာ မသန်မစွမ်းခလေးများအတွက် အလှူငွေ ထည့်ရမယ်ဆိုတာကို လမ်းရောက်မှ သမီးက သတိရတယ်။ ဒါနဲ့ သမီးကို ကျောင်းပို့ပြီး ချက်ချင်း အိမ်တစ်ခေါက်ပြန်ယူ သမီးအခန်းကို လိုက်ပေးရတယ်။ သမီးတို့ ကျောင်းက မီတာ ၆၀၀-၇၀၀ လောက်သာဝေးတယ် ဆိုပေမဲ့ ကျောင်းက ကုန်းတက်လေးပေါ်တက်ရတော့ အသွားအပြန်၎ခေါက်သွားရတာ မောတာအပြင်  လူက တော်တော်လဲငြီးငွေ့သကိုး။ ကိုယ်တိုင်က အစကတည်းက တစ်ခုခုမေ့လို့ ဒီလမ်းနဲ့ဒီလမ်း ၂ခေါက်ပြန်လျှောက်ရတယ်ဆိုတာမျိုး အင်မတန်ငြီးငွေ့တတ်တဲ့ လူစားမျိုး။ သမီးကိစ္စမှို့သာ လုပ်ပေးရတယ်ပေါ့။

ဒီနေ့လဲ ကျောင်းမှာ movie day တဲ့။ ခလေးတွေကို ရုပ်ရှင်လိုက်ပြမယ်ပေါ့။ ဒါ့အပြင် ရုပ်ရှင်ရုံမှာစားဖို့ တက်ဒီဘဲရုပ် ဘီစကစ်ယူရမယ်ဆိုတော့ ကိုယ်က သတိမေ့တတ်လွန်းလို့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လွယ်အိပ်ထဲ ကြိုထည့်ပြီးသား။ ဖြစ်ချင်တော့ ဒီနေ့မနက် လွယ်နေကျအိပ်လေး လျှော်ထားတာ ခြောက်လို့ ပြောင်းအထည့်မှာ အဲဒီ တက်ဒီဘဲ ဘီစကွတ်ထုတ်လေးတွေ ပါမလာတော့ဘူး။ ဒီလိုနဲ့ သားအမိ၂ယောက် ကျောင်းသွားကြ၊ လမ်းကျမှ မဂျူဂျူက သတိရတယ်။ ဒါနဲ့  ထုံးစံအတိုင်း တက်ဒီဘဲ ဘီစကစ်မပါလို့ မျက်နှာငယ်မှာစိုးတဲ့ အမေကြီးက သမီးကျောင်းကို အမေလာပို့မယ်ဆိုပြီး ပြန်ခဲ့တယ်။ အမှန်က မပါလဲ ဘာမှ မဖြစ်လောက်ဘူး။ ကိုယ်က ခလေး ဆရာမမှာတဲ့မုန့် မပါလို့ စိတ်အားငယ်မှာ မျက်နှာငယ်မှာစိုးတာ။ သူYအတွက် နေ့လည်စာရော ရီဆက်အတွက်ပါ   အစုံထည့်ပေးလိုက်ပြီးသား။

ပြောရရင်တော့ ဒီလမ်းကြီးကို တစ်ခေါက်ပြန်လျှောက် သွားပေးရမှာ ငြီးငွေ့နေပြီ။ လမ်းက ကုန်းတက်ကုန်းဆင်းတွေက များကများနဲ့ဆိုတော့လေ။ အိမ်ရောက်တော့ ဒီနေ့ ဦးခြိမ့်ရုံးကို ကားမယူသွားတော့ ကားလေးနဲ့ ပြန်သွားမလား စိတ်ကူးသေးတယ်။ ကားမောင်းမယ်ကြံတော့ အိမ်ရှေ့မှာ တစ်ခြားပါ့ကင်လုပ်ထားတဲ့ ကားတစ်စီးက လမ်းကို ပိတ်လုနီးပါးဆိုတော့ လမ်းပဲလျှောက်သွားတော့မယ်ဆို ကမန်းကတန်းလေး အပြေးကလေး သွားတာပေါ့။

ကျောင်းနားရောက်တော့ ကျောင်းရှေ့အ၀ိုင်းမှာ ရုပ်ရှင်သွားဖို့ထင်တာပဲ၊ ဘတ်စကားကြီးတွေ ၄-၅စီး လှမ်းမြင်နေရတယ်။ ခလေးတွေလဲ ကားတွေပေါ်မှာ အပြည့်ပဲ။ ဟော ကြည့်နေရင်းနဲ့ ဘတ်စ်ကားကြီးတွေက တစ်စီးပြီး တစ်စီး ထွက်သွားကြတာ နောက်ဆုံး၂စီးပဲ ကျန်တော့တယ်။ ဟယ် ငါတော့ မမှီလောက်တော့ဘူးနဲ့တူတယ်ဆို တက်ဒီဘဲ မုန့်ထုပ်လေး၂ထုပ်ကိုင် ကျောင်းကုန်းတက်လေးပေါ် အပြေးတက်၊ မောချက်တော့။ ဂျူဂျူတို့ အတန်းတွေ ပါချင်မှ ပါဦးမှာပါဆို စိတ်ကတော့ မလျှော့သေးဘူး။ ကျောင်းနားလဲ ကိုယ်ကလွဲလို့ ဘယ်ခလေးအမေမှလဲ မရှိ။  တက်ဒီဘဲမုန့်ထုပ်လေးကိုင်ထားပြီး ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ တီတီဆွိဆိုတဲ့ ဂျူဂျူတို့အမေကြီး တစ်ယောက်တည်းရယ်။

ဘတ်စ်ကားတွေနားရောက်တော့ တစ်စီးက  ခလေးတွေ တက်နေတုံး။ နောက် ထွက်လုဆဲဆဲ တစ်စီးကိုကြည့်လိုက်တော့ ဂျူဂျူ့သူငယ်ချင်းလေးတွေ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ ဟ တိုက်တိုက်ဆိုင်ဆိုင် ဒါ ဂျူဂျူတို့ကားပဲဆို တက်ဒီဘဲ ဘီစကစ်ထုပ်လေး ခုန်ခုန် မြှောက်မြှောက်ပြပြီး ခလေးတွေကို ပြတယ်။ ခလေးတွေကလဲ နေကာမျက်မှန်တပ်ထားတဲ့ ကိုယ့်ကို မမှတ်မိတာလား။ အူကြောင်ကြောင်နဲ့သာ ကြည့်နေကြတယ်။ မျက်မှန်ကိုချွတ်ပြီး ဂျူဂျူ့အတွက် မုန့်ဆို ခြေဟန်လက်ဟန်နဲ့ပြမှ မယ်မင်းကြီးမလေးများက သတိပြုမိပြီး ဂျူဂျူရှိတဲ့ နေရာကို လက်ညှိုးထိုးပြီး ပြောတယ်။ ဟော ပေးမလို့ ကြည့်နေတုံးရှိသေး ဘတ်စ်ကားကြီးက ၀ူးဆို ထွက်သွားပါလေရောဗျာ။ ဟူးးးးးးးးးးးးးးးးးးး .........................

ဂျူဂျူ့အမေကြီးမှာ မောရကျိုး မနပ်ချက်။ အဲ့နားတင် လူက သာခွေယိုင်ဖြစ်ချင်နေပြီ။  ခလေးတွေ ပြောလို့များ ဘတ်စ်ကားဒရိုင်ဘာကြီးက ကားရပ်ပေးမှာလားလို့ ဘတ်စ်ကားနောက်ပိုင်းကို ငေးကြည့်နေမိသေးတယ်။ ဘတ်စ်ကားက တဖြေးဖြေး ဝေးသာသွားတယ် ရပ်ပေးမဲ့ အရိပ်အရောင်မမြင်မှ တပ်ဆုပ်ပြန်ဖို့ သတိရတယ်။ အပင်ပမ်းခံပြီး လာပေးတာကို ကပ်လွဲသွားသေးတယ်ဆို ယူကြုံးမရဖြစ်။ ကိုယ့်ကိုကိုယ်လဲ အပြစ်တင်။ ငါကိုက အ တာပါ။ ဘတ်စကား ဒရိုင်ဘာကြီးကို လက်ပြပြီးတားရမှာ။ မဂျူဂျူတို့ကလဲ မအေ လာပေးမယ်ဆိုတာကို လမ်းဖက်ကြည့်မနေဘူးပေါ့။ သူကတော့ အေးဆေးပဲ။ မအေကို မြင်ကို မမြင်တာဗျား။ လာပေးမယ် ဆိုတာကိုတောင် မေ့ချင်မေ့နေမှာ။

အပြန်လမ်းတစ်လျှောက်လုံးလဲ တက်ဒီဘဲ ဘီစကစ်မုန့်ထုပ်လေး၂ထုပ်ကိုင်ပြီး တရွေ့ရွေ့ ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ အဒေါ်ကြီးက အဖြစ်အပျက်တွေကိုတွေး ကိုယ့်ဟာကိုယ် ပြေးမြင်လိုက်တာက ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင် "မင်းကတော်"ဆိုတဲ့ ကားထဲက မင်းကတော် အမေကြီး အဖြစ်ကိုပဲ။

အဲဒီကားထဲမှာတော့ အမေကြီးက အကြော်ရောင်းတာ။ သမီးလေးကျောင်းတက်တော့ ဗေဒင်အရ မင်းကတော်ဖြစ်မဲ့ သမီးဆိုပြီး ဒုက္ခခံ ကျောင်းထား၊ ဖတ်သီဖတ်သီနဲ့ အကြော်ရောင်း ငွေရအောင်ရှာ။ သမီးအတွက် အစစအရာရာ အနင့်နာခံ ဖြည့်စည်းပေး။ သမီးလုပ်သူကတော့ ပေါ်ကျော့။ အမေကိုလဲ မကူ။ အမေက အကြော်သည်မှန်းသိမှာ ရှက်လို့ အမေလို့ မပြော နဲ့ ဇာတ်နာအောင် လုပ်ထားတာ။ ၀ထ္ထုကလဲ ပညာဝန် ဦးဖိုးကျားရေးတဲ့ မင်းကတော် ဆိုတဲ့ ၀ထ္ထုပဲ။ သိပ်နာမည်ကြီးတယ်။ ကိုယ်ကလဲ အလုပ်ကမရှိ၊ နေ့စဉ် သမီးကျောပိုးအိပ်လွယ် ဖတ်သီဖတ်သီနဲ့ ကျောင်းလိုက်ပို့၊ ဘာမှ အလိုက်မသိ၊ နားမလည်တတ်သေးတဲ့ သမီးလေးနဲ့ ကိုယ့်အဖြစ်ကို ဇာတ်နာအောင်တွေးပြီး အဲဒီ မင်းကတော် အမေပဲ ပြေးပြေးမြင်မိတော့တာပဲ။

36 comments:

  1. လာလာအတုယူရတယ် မင်းကတော်အမေကြီးရယ် ဟိဟိ
    အဲ အမကလဲ ဂျုဂျုလေးကတော့လိမ်မာမယ့်ပုံလေးပါနော်
    အဲလိုကြီးတော့ဇာတ်နာအောင်မနှိုင်းပါနဲ့ခလေးကို

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  2. Nice mother!!!

    ReplyDelete
  3. ဂျူဂျူလေး က လိမ်မာပါတယ် တီတီဆွိ ရဲ့  ငယ်သေးလို့ နေမှာပါ

    ReplyDelete
  4. မင်းကတော်တီတီဆွိရဲ့ မုန့်ထုတ်လေးကိုင်ထားတဲ့ အပြေးအလွှားပုံလေးကို မြင်မိလိုက်တယ်..။ မိဘဆိုတော့ သားသမီးကို အစစပြည့်စုံစေချင်တာ သဘာဝပါနော်..။ ပုံထဲမှာ ဂျူးဂျူးလေး ၀လာသလိုပဲ...။

    ReplyDelete
  5. ဂျူဂျူးပုံလေးတွေ ၀နေတာလေးတွေက စလုံးမှာတုံးကလေ။ အဲဒီမှာက နေ့ခင်းစာရော ညနေစာပါ အိမ်မှာဂရုစိုက်ကျွေူးတော့ ခလေးက ၀တယ်။ ဒီမှာတော့ နေ့ခင်းစာကျောင်းမှာ စားရတော့ သူဟာသူဆို ဂရုစိုက်မစားဘူးလေ။ ဒါကြောင့်ပိန်တာ။ တလောကလဲ အအေးမိနေမကောင်းဖြစ်လိုက်သေးတယ်။

    ဟုတ်တယ် သမီးက အရမ်းအဆိုးကြီးထဲမှာတော့ မပါပါဘူး။ ရန်ကုန်ပြန်ရင်တော့ ၀မ်းကွဲတွေထဲမှာ သူက အလိမ်မာဆုံးတဲ့ အမေက အမြဲပြောတယ်။ ငယ်သေးတော့ တစ်ခါတစ်လေ နားမလည်သေးတာ။ မသိတတ်တာလေးတွေပါ။

    ReplyDelete
  6. အမေ့ မေတ္တာတွေကို မြင်နေရတယ်။
    တီဆွိကို ရေးတာကို ရယ်နေရပေမယ့် ငိုချင်သွားတယ်။

    ReplyDelete
  7. မေတ္တာ..မေတ္တာ..း))
    အိုင်အိုရာ

    ReplyDelete
  8. မင်းက‌တော်တီဆွိတ‌ယောက်..တက်ဒီဘဲမုန့်ထုပ်‌လေးကိုင်..‌နေကာ
    ညက်မှန်ကြီးနဲ့ခုန်ဆွ၊ခုန်ဆွလုပ်‌နေတဲ့ပုံကိုလျှပ်တပြက်ရိုက်ချက်မကြည့်ရ
    တာနာသကွာ..က‌တောက်။

    ReplyDelete
  9. ကြိတ်ရီသွားတယ် .. မင်းကတော်နဲ့ တော့နိုင်းပါနဲ့  တူညား ညလေး က လိမ်မာပါတယ် ဟွန့် ..

    ReplyDelete
  10. တီဆွိ
    အလုပ်မလုပ်တာရော၊ တဦးတည်းသောသမီးလေးတို.ရဲ.အမေတွေရဲ.ဖြစ်စဉ်တွေရော၊ ကိုယ်.နိုင်ငံမှာမဟုတ်ဘဲ တခြားနိုင်ငံမှာကျောင်းထားရတော. သမီးလေးကိုအစစအမြဲ ပြည်.စုံနေစေချင်တာတွေ အားလုံးအားလုံး
    တပုံစံထဲမှ တပုံစံထဲပါဘဲ။

    ReplyDelete
  11. T SWEET
    Miss my mom after reading this post.

    ReplyDelete
  12. ဂျူဂျူးလေးက နားမလည်တတ်သေးလို့ပါ
    ဒီပို့စ်လေးဖတ်ပြီ မျက်ရည်ဝဲသွားမိတယ်
    ကျမလည်း သမီးလေးကို သိပ်ချစ်တယ်
    ကျမငယ်စဉ်က မပြည့်စုံခဲ့တော့ သမီးလေးကို
    အရာရာ ဖြည့်ဆည်းပေးချင်တယ်။ ကိုယ့်ပေါ်
    သိတတ်တာ မသိတတ်တာတော့ ကုသိုလ်ကံပဲပေါ့လေနော့

    ReplyDelete
  13. သုံးခေါက်ပြန်ထားတဲ့လမ်းကိုမောကြီးပမ်းကြီးနဲ့ ဖြတ်သန်းပြီးမုန့်ထုပ်လေးကိုင်ပြီးဇောကပ်နေပုံကို မြင်ယောင်မိတယ်။
    မေတ္တာတရားကြီးမားလိုက်တာ။

    ReplyDelete
  14. Mothers,mothers,mothers......
    We all are the same and this is one of natural truth.Don't think and compare to minngadaw cos Ju Juu is still young.She gonna be clever,i'm sure cos she is your daughter true good seed.BTW my 2nd little bird fly away for education and the brunch tremble,not feeling light hearted.Just sharing to prepair in advance....Little sis.
    Gyidaw

    ReplyDelete
  15. တီဆွိရယ်..
    ဘာပြောရမှန်းမသိဘူး..မိခင်မေတ္တာများကြီးမားလိုက်တာ
    မျက်ရည်ဝဲသွားတယ်...
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  16. အမ ကျမလဲ မိခင်ဆိုတော. ကိုယ်ချင်းစာတယ် ကိုယ်ငယ်ငယ်က မသုံးခဲ.ရတာမျိုး သူတို.သုံးနေရင် ကြည်နူးနေကော.... အခုလဲ နိုင်ငံခြားမှာ အသက် ငယ်ငယ်နဲ.စာလာသင်နိုင်တာ ဝမ်းသာမိကော . ကိုယ်ကတော. ကြီးမှရောက်တာလေနော်. ဒါပေမဲ. အမရယ် စိတ်လျော.ထားရတယ် တချို.ဟာတွေက . သိတတ်အောင်တော. တဖြေးဖြေးနဲ. ပြောယူရတာပေါ.နော် သမီးမိန်းကလေးတွေက သိတတ်ပါတယ် ငယ်သေးလို.ပါ

    ReplyDelete
  17.ှအမ...အလုပ်ရှာဖို. မစဉ်းစားသေးဘူးလားဗျ...သင်ထားတဲ.စာတွေနှမျောစရာကြီး...

    ReplyDelete
  18. မဆွိရေ
    မဆွိရေးတာကို မျက်စိထဲလဲ မြင်လို့ ရသလို ထပ်တူလဲ ခံစားလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျမတို့က မိခင်ဖြစ်သလို တဦးတည်းသော သမီးတွေရဲ့ မိခင်တွေ ဖြစ်လို့ပါ၊ ကျမသမီးလဲ သိပ်မေ့တတ်တယ်၊ ဒါပေမယ့် မဆွိရယ် တခါတလေ ကျမတို့ထင်သလောက် သမီးတွေက မဆိုးပါဘူး၊ သူတို့က သိပ်နားလည်တတ်တာကို မုကာခဏ ကျမတို့ သတိထားမိရင်တွေ့ရပါတယ်၊ ကလေးဆိုတာတော့ ကျမတို့လောက်လဲ သိပ်မတွေးဘူး။ ကျမတို့လောက်လဲ သိပ်မရျပ်ထွေးဘူးလေ၊ သိတယ်မှလား။ အမေကလဲ သိပ်ချစ်သိပ်အလိုလိုက်တာမျိုးလဲ သူတို့က သိလေတော့ တော်ရုံတန်ရုံဆိုလဲ ကျမတို့ကို အားကိုးနေတော့တယ်၊ ဘယ်လိုပဲဖြစ်နေပါစေလေ ဂျူဂျုလေးပြုံးနေတဲ့ မျက်နှာလေးကို မြင်လိုက်ရရင် ပင်ပန်းသမျတွေက ပီတိလေးတွေ ဖြစ်နေမှာကို သိနေပါတယ်၊ သိပ်ချစ်တတ်တဲ့ မိခင်တယောက်ကို ဂျူဂျူ ရထားတာပါ၊
    လေးစားလျက်
    မြရီ

    ReplyDelete
  19. သမီးကိုသိပ်ချစ်တဲ့ အမေတစ်ယောက်ရဲ့ မေတ္တာကို ခံစားရတယ် တီတီဆွိရေ။ ၀မ်းနည်းဝမ်းသာခံစားရတယ်။ ကျနော်လဲငယ်ငယ်တုံးက အလိုက်မသိခဲ့ပါဘူး။ ဒါပေမယ့်အရွယ်ရောက်လာတော့ အလိုလိုသိတက်လာတယ် (ထင်တာပဲး) )။ အခုဆို ကိုယ့်ဖာသာချက်စားဖို့ ဈေးဝယ်ရင်တောင် ငါဒီလောက်ချေးများတာ မေမေဆို တော်တော်ဦးနှောက်ခြောက်ခဲ့ရမှာပဲဆိုပြီး ကိုယ့်အမေ့ကို သတိတရကျေးဇူးတင်နေသေးတာ။ ဂျူဂျူလေးလဲ ငယ်သေးလို့ပါဗျ။ (အစ်မရေ သွားရလွယ်ရလွယ်အောင် ကားမသုံးချင်ရင် စက်ဘီးစီးပါလားဗျ။ လေ့ကျင့်ခန်းလုပ်ရာလည်း ကျတာပေါ့။)
    (လီယို)

    ReplyDelete
  20. မင်းကတော်ရဲ့  မေတ္တာတွေကို ခံစားမိပါတယ်..

    ReplyDelete
  21. အီးမေးအတွက်ကျေးဇူးနော်။ဒီမှာလဲ ဘယ်အချိန် မင်းကတော်အမေဖြစ်မလဲ မသိသေးဘူး။အခုတော့ ငယ်သေးလို့သိပ် မသိသာသေးဘူး။မင်းကတော် ကို
    ဖတ်လဲဖတ်ဖူးတယ်။ ကြည့်လဲကြည့်ဖူးတယ်။

    ReplyDelete
  22. မေမေ့ ကို သတိရသွားပြီ

    ဇွန်

    ReplyDelete
  23. နိုင်နိုင်Dec 16, 2011 06:33 AM

    စာနာလို့ရတယ် အစ်မရေ..
    သမီးလေးကလည်း တစ်နှစ်ကျော်ပဲရှိသေးတယ်.. ကလေးဆိုင်လေးတွေသွားလို့ သူ့မျက်လုံးလေးနဲ့စိုက်ကြည့်တာများဆို ၀ယ်ပေးချင်နေတော့တာပ.ဲ ၀ယ်ပေးလိုက်တော့တာပဲ..သူ့ခမျာမပြောတတ်လို့ လိုချင်ရှာတာ သူ့ကိုယ်စားလည်းလူကြီးတွေကိုပြောရသေးရဲ..၀ယ်တာများလို့ ဆူမှာစိုးလို့လေ..ကိုယ့်အတွက်ဆိုတာဘာမှမရှိတော့ဘူး..
    mini princess, kiddy place,...ကလေးဆိုင်လေးတွေ ၀ယ်လွန်းလို့ member ကိုလုပ်ထားလိုက်တော့တယ်..ကောင်းရောနော်..
    သူတို့ပျော်ရင်မောရမှန်းကိုမသိတော့ဘူး..

    ReplyDelete
  24. ဂျူဂျူလေးချစ်စရာ... ခလေးကလိမ္မာမယ့်ပုံပါ...

    ReplyDelete
  25. ကလေးတွေအုပ်စုလိုက်ကြီး အပျော်ခရီးအနေနဲ့ သွားကြတော့ ဂျူဂျူးလေးက စိတ်လှုပ်ရှားပျော်ရွှင်နေမှာဘဲ။ ဒါကြောင့်လည်း သူ့မှာ မုန့်ထုပ်တောင် သတိမရတော့တာဖြစ်မယ်.. လူကြီးတွေတောင် အဲလိုမျိုး ဖြစ်တတ်ပါတယ်
    ဒါပေမဲ့ မုန့်ထုပ်ကြီးကိုင်ပြီး ကျန်ခဲ့မဲ့ အစ်မရဲ့ နေရာက စဉ်းစားလိုက်ရင်လည်း နားလည်ခံစားပေးနိုင်ပါတယ်. ကိုယ်သာဆိုရင်လည်း အဲဒီစိတ်မျိုးထက် မလျော့ရင်သာရှိရမယ် ဂရုဏာ ဒေါသောစိတ်လေးတွေ ဖြစ်မိမှာပါ။ ပင်ပင်ပန်းပန်း တကူးတက လာပေးပြီးမှ လက်ထဲ မထည့်လိုက်နိုင်တဲ့အဖြစ်
    စိတ်တော့ မကောင်းဖြစ်မိမှာပါ

    ReplyDelete
  26. ဒီစာဖတ်ပြီး သိပ်ငိုချင်တာပဲ ....ခဏခဏလည်း လာဖတ်မိတယ်။ မယ့်ကို မွေးစားပါလား မမ...လိမ္မာပါ့မယ် :D

    ReplyDelete
  27. နဲနဲ လောက် လျှော့ချစ်ပါလား။ ဘ၀သင်ခန်းစာ တချို့ ကို ဂျူဂျူလေးသင်ယူပါစေဦး။ သူလေး အရွယ်ရောက်လို့ တက္ကသိုလ် သွားရင် တို့ အမတော့ မျက်ရည်နဲ့  နေ့ တိုင်း နှစ်ပါးသွားနေရမယ်။

    ReplyDelete
  28. Wishing you and your family a Happy Wealthy New Year 2012

    ReplyDelete
  29. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
    ဆွိတီရေ။
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  30. ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေ။
    ချစ်သမီး ချစ် ခင်ပွန်းတို့နဲ့ ဒီ့ထက်ဒီပျော်ရွင်ပါစေလို့ဆုတောင်းပါတယ် မဆွိရေ။
    လေးစားစွာဖြင့်
    မြရီ

    ReplyDelete
  31. MaMa Sweet,
    Long time no see. Don't leave your readers, we miss u so much. Happy New Year 2012.

    ReplyDelete
  32. Ma Ma,
    We r waiting new posts...Too Quiet.
    Theint

    ReplyDelete
  33. အစ်မရေ
    ပိုစ့်အသစ်ကို နေ့တိုင်းလာကြည့်တယ်။ အစ်မ မအားဘူးထင်တယ်။
    Happy New Year ပါဗျာ။ မိသားစုနဲ့အတူ အမြဲပျော်ရွှင်ပါစေခင်ဗျာ။
    (လီယို)

    ReplyDelete
  34. New post PLS!!!
    WD

    ReplyDelete
  35. တီတီဆွိရေ ....
    မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ပါစေ
    မအားဘူးထင်တယ် .... ပို့စ်သစ်မျှော်နေတယ်နော်

    ReplyDelete
  36. ပို့စ်အသစ်တင်လိုက်ပါပြီ။ သမီးကျောင်းပိတ်လို့ သူ့ကို baby sit နေရလို့ အရင်ကလောက် မအားတော့လို့ ပို့စ်တင်ကျဲသွားပါတယ်။ အားပေးသူများအားလုံးကျေးဇူးပါနော်။

    ReplyDelete