မနက်အိပ်ရာကထ ညက်လုံးလေးဖွင့်ကြည့်လိုက်တာနဲ့ နာရီလေးကို မြင်ချင်လို့ ဆွိတို့အခန်းထဲ တိုင်ကပ်နာရီလေးတစ်လုံး ထပ်ဝယ်ရအောင် ယောက်ျားရေဆိုတော့ အခန်းတိုင်းမှာ နာရီတွေနဲ့ တစ်အိမ်လုံးလဲ နာရီတွေပြည့်နေပြီတဲ့၊ ဘာလုပ်မလဲတဲ့။ အိမ်ဦးနတ်ကြီးဆိုတော့လဲ သူပြောတဲ့ အတိုင်းပေါ့။ အထွန့်မတက် အသာနေရတယ်။
ဒါနဲ့ စလုံးက ပါလာတဲ့ စားပွဲတင်နာရီ အစုတ်ကလေးကိုပဲ ကြည့်ကြည့်နေရတယ်။ မျက်လုံးလေးဖွင့်ရုံမဟုတ်၊ ခေါင်းလေးတော့စောင်းကြည့်ရသပေါ့။ မနက်မနက် ၅နာရီလောက် စောစောနိုး၊ အွန်လိုင်း ဟိုလျှောက်ဖတ်၊ ဒီလျှောက်ဖတ်နဲ့ ၆နာရီလောက်ကျ ပြန်အိပ်ချင်လာပြန်၊ ပြန်အိပ်တော့ မနက်ထရမဲ့ အချိန်ကျ လူကမနိုးတော့။ တစ်ခါတစ်ရံလဲ "ထရမယ် ... ထရတော့မယ်" နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတော့ဘူး။
ဒါနဲ့ နာရီအစုတ်လေး alarm ပေး အိပ်ပြန်တယ်။ နာရီက အစုတ်ဆိုတော့ alarm က အတိအကျ ပေးမရဘူး။ လက်တံနဲ့ အသံကလွဲနေတော့ ဒုက္ခ။ ကိုယ်ပေးတဲ့ အချိန်ကတခြား၊ မြည်တဲ့ အချိန်က တလွဲတွေဖြစ်လာတော့ အချိန်တော်တော်ကြာ နာရီသံပတ် alarm မပေးပဲနဲ့ အိပ်ရေးပျက် မနက်တွေကများလာ။
ဒါနဲ့ တစ်ရက် အော် ငါ့နှယ် ဒီအိုင်တီခေတ်ကြီးမှာ အိုင်ဖုန်းတွေ၊ အိုင်ပက်တွေ ကိုင်နေပြီး နာရီသံပတ်ပေးတာတောင် ဒုက္ခရောက်နေရသလားဆို အိုင်ဖုန်းကလေးနဲ့ နှိုးစက်ပေးဖို့ သတိရတယ်။ setting မှာ ဘာသံလဲ ringtone ရွေးဆိုတော့ မနက် ညင်ညင်သာသာနှိုးမယ်ထင်ရတဲ့ Crickets ဆိုတဲ့ အသံလေးရွေးလိုက်တယ်။ မနက်ခင်းမယ် ထရတဲ့အခါ alarm သံရွေးတာလဲ သိပ်အရေးကြီးတယ်။ အဆောင်မှာနေစဉ်က အခန်းဖော် မန်းသူတစ်ယောက်သယ်လာတဲ့ ဗို့အားတစ်ထောင် alarm ကို မမေ့သေးဘူး။ အသံကြားတာနဲ့ ကောက်ပေါက်ချင်စရာကောင်းလောက်အောင် ကျယ်လောင်ဆူညံတဲ့ "ကလင် ကလင်င်င်င်င် ..." ဆိုတဲ့ အသံကတော့ တစ်သက် မမေ့စရာဖြစ်ခဲ့သကိုး။
ဒါနဲ့ ခရစ်ကတ် အသံလေး "ကကျစ် ကကျစ်" နဲ့ မနက်တိုင်း ဟန်ကျနေရာကနေ ပြသနာက ပေါ်ပြန်တယ်။ ဖုန်းကို အိပ်ခါနီးတိုင်း အနားမှာ ယူထားဖို့ ဘယ်သတိရမလဲလေ နော့။ အဲလို အပြင်မှာ မေ့ကျန်ခဲ့တဲ့ မနက်တွေဆို တစ်ခါတစ်ရံ အိပ်မပျော်နိုးတစ်ဝက် အပြင်က ပုရစ်သံ ကကျစ်ကကျစ်နဲ့ တောထဲများရောက်နေလား တွေးထင်ရတယ်။ တစ်ခါတစ်လေ နိုးနေတဲ့ နေ့တွေကျပြန်တော့လဲ သွားထပြီး ပိတ်ရမှာ ပျင်းတာနဲ့ ဒီအတိုင်းပစ်ထားလိုက်တာ တစ်မနက်လုံး အိမ်ရှေ့မှာ ကကျစ်ကကျစ်နဲ့ ဆူပွက်လို့၊ တော်တော်နဲ့ မရပ်တော့ဘူး။ alarm က ထရမဲ့ အချိန်ထက် နာရီဝက်ကြိုပေးထားသကိုး။
နောက်တစ်ခု ရယ်ရတာက ကိုယ်က စောစောထတတ်တော့ အများအားဖြင့်တော့ နာရီမနှိုးခင် ကိုယ်က နိုးနေတာများတယ်။ ရက်တော်တော်များများကတော့ အော် ခရစ်ကက်လေးလဲ မအော်သေးပါလားဆို နားစွင့်နေရတာများတယ်။ သူအော်တော့မယ် ... အော်တော့မယ်ဆို အော်ခါနီးရင် နေရာယူ၊ အသင့်ပြင် .... အော်တာနဲ့ မြားလေး ထဆွဲရတယ်။ ရယ်ရချက်။
တစ်နေ့ကတော့ အိမ်ကလူက ကွန်ပလိမ့်တက်တယ်။ alarm နဲ့တော့ မဆိုင်ပါဘူး။ ညည်းဟမ်းဖုန်းကတဲ့ ခေါ်လို့လဲမကြား၊ အော်လို့လဲမကြားတဲ့။ အဲဒါလေး ဂရုစိုက်ပါဦးအေတဲ့။ ရှော့ပင်ထွက်ရင်းနဲ့ ဖုန်းခေါ်တိုင်း မကြားတာတွေက များလာလို့ ကွန်ပလိမ့်တက်တာ။ များလာတော့ ကိုယ်လဲ ဆင်ခြင်ဦးမှပါလေဆို ကြည့်လိုက်တော့ miss call က ၅ခါတောင်ဆိုတော့ ခပ်လန့်လန့်ရှိလှနဲ့ ဖုန်းက ရှိသမျှ ring tone အသံတွေကို အကျယ်ဆုံးထား၊ ရှိသမျှ အသံတွေအကုန် vibration နဲ့ တွဲထားပလိုက်တယ်။
ပထမအကြိမ်စမ်းသပ်ချက်အရ အောင်မြင်တယ်ပြောရမယ်။ ဒီလောက် လူတွေဆူညံနေတဲ့ ရှော့ပင်းစင်တာတစ်ခုမှာ သူခေါ်တဲ့ ပထမဆုံးဖုံးကို ပထမဆုံးအနေနဲ့ ကြားတယ်ဗျား။
ဒီမနက် အိပ်ရာက စောစောနိုးနေပြန်တယ်။ ၆နာရီလောက်ပြန်အိပ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းတုံးရှိသေး တိတ်ဆိတ်နေတဲ့ နံနက်ခင်းမှာ ရုပ်တရက်ကြီး "ဗရူးဗရူး ကကျစ် ကကျစ် ... ဗရူးဗရူး ကကျစ် ကကျစ်" နဲ့ ခါတိုင်းလို ခရစ်ကက်အသံက ညင်ညင်သာသာမရှိပဲ ခရစ်ကက်ကို စတင်းဂမ်းနဲ့ဆော်၊ ပုရစ်က ကကျစ်ကကျစ်နဲ့ အသံကို ပြဲနေအောင် အော်တဲ့ အသံမျိုး။ ဟဲ့ ဟဲ့ ပလုပ်တုတ်ဆို ကမန်းကတမ်း ဟမ်းဖုန်းကို လက်နဲ့ ထစမ်းတာ စမ်းမမိဘူး။ စတင်းဂမ်းသံက ပိုတောင်ကျယ်လာတယ်ထင်လို့ အိပ်ချင်မူးတူးမျက်လုံးကို ပြူးပြဲကြည့်ပြီး ရှာမှ ဒီစတင်းဂမ်းမှန်တဲ့ ခရစ်ကက် အဲလေ ဟမ်းဖုန်းကို အမြန်ဖမ်း၊ မြားလေးကို အမြန်ဆွဲမှ ခရစ်ကက်လဲသေ၊ အဲလေ alarm အသံလဲ ပျောက်တော့တယ်။
အသာလုပ်ပါ ခရစ်ကက်တို့ရယ်။ ဘေးက ဂျူဂျူလေး လန့်နိုးမှဖြင့် ဆို သက်ပျင်းချ ။
ဟိုနေ့က လန့်လန့်နဲ့ ring tone တွေအကုန် ကျယ်ပြီး ဗိုက်ဗရေးရှင်းထည့်လိုက်မိတာ ငါးပါးမှောက်။ ဗိုက်ဗရေးရှင်းအသံက တိတ်ဆိတ်နေတဲ့ အချိန်မှာ စတင်းဂန်းဆွဲနေတဲ့ အတိုင်းပဲကိုး။
(ပိတ်သတ်ကြီးက တောင်းဆိုလာလို့ ပို့စ်တစ်ပုဒ် အမြန်တင်လိုက်ပါတယ်။ ဂျူဂျူလေး ကျောင်းပိတ်ရက်မှို့ သူ့ကို အန်တာတိန်းနေရလို့ ပျောက်နေတာ ခွင့်လွှတ်တော်မူကြပါ။)
ဦးဦးဖျားဖျား အရောက်လာခဲ့တယ် အစ်မဆွိရေ...။
ReplyDeleteဖတ်ပြီး ပြုံးမိတယ်..။
မြသွေးလည်း Phone Alarmကို အမြဲ ထချင်တဲ့အချိန်ထက် နာရီဝက်စော ပေးထားတယ်။ မြည်လာရင် လှမ်းပိတ်၊ ပြန်အိပ်လိုက်တာ အမြဲတမ်း ထချိန်ထက် နာရီဝက်နောက်ကျတယ်..။ အိမ်ကတစ်ယောက်က Alarmပေးမနေပါနဲ့..၊ ဘာမှ မထူးပါဘူးတဲ့.. ဟိ။
:))
ReplyDeleteWD
အဲလိုမျိုးတွေဖြစ်နေကျ၊ ဖြစ်နေတုန်း။
ReplyDeleteဘယ်လို alarm သံဖြစ်ဖြစ် မုန်းနေတုန်းဘဲ။ ကိုယ်လည်း ၁၅ မိနစ်စောပေးတယ်။ သူလည်းကွန်ပလိန့် လာတာဘဲ။
နေမကောင်းလို့ များလားလို့ တော်သေးတာပေါ့...
အိုင်အိုရာ
satisfied to read a new post
ReplyDeleteneed to wait a long time to read it ;)
Thank
အင်း နှိုးစက်ကိုမုန်းတယ်ကွယ်
ReplyDeleteတီဆွိ alarm က ခရစ်ကတ်မို့တော်သေးတယ်.. အိမ်ကကျားကျားဖုန်းမှာ လုပ်ထားတာက emergency alarm သံကြီး.. ကိုယ်အလုပ်မသွားတဲ့နေ့ သူ့ဖုန်းနဲ့ alarm ပေးရင် မီးလောင်လို့ပဲ ထပြေရတော့မလိုလို.. ဆိုးပါ့..
ReplyDeleteVery nice post
ReplyDeleteThanks
ကျနော်က Alarm ကို ဆယ်မိနစ်ခြား ၃ ခါလောက်ပေးထားရတယ်။ အဲဒါတောင် တခါတလေ ဖုန်းကို ခွအုံးအောက်ထိုးထည့်ပြီး ဆက်အိပ်သေးတာ။
ReplyDelete(ပို့စ်အသစ်လေးဖတ်ရလို့ ကျေးဇူးအစ်မ)
လီယို
ဖြစ်ရမယ် မဆွိရယ်..
ReplyDeleteရယ်လိုက်ရတာ။ ကိုယ့်တုံးကလဲ ဒီလိုပဲ vibration လုပ်ထားပြီး ကိုယ်က မေ့နေရော... နောက်တရက် ဖုန်းလာတော့ စားပွဲပေါ်မှာ ဖုန်းက တဗူးးဗူးလုပ်ပြီး တုန်နေတာ အမှတ်တမဲ့ဆိုတော့ ထမင်းစားရင်း လန့်တောင်အော်မိတယ်....
ရယ်ရတယ် တီဆွိရယ်
ReplyDeleteညီမလည်းလေ အဲလိုပဲ စောနိုးရင် ဖုံးမြည်လာတာကို ပြန်ပြန်စောင့်တတ်တာ သတိရတယ်
:D
ရယ်လိုက်ရတာ အမ..
ReplyDelete:D :D
အဲလိုလုပ်ပါ အမ..ပိတ်သတ်ကြီးကခွင့်လွှတ်တော်မူကြပါတယ်( Thanks for new post)
ReplyDeleteစောင့်ရတာမောပေါ့ တီဆွိရယ်.
ReplyDeleteခုမှပဲပေါ်လာတော့တယ်......
မေ
ပြောဖို့မေ့လို့ထပ်ရေးလိုက်တယ်.
ReplyDeleteHappy New Year, Ty sweet and family!
မေ
အဟ . . .
ReplyDeleteရယ်လိုက်ရတာ ဗရူးဗရူး..တိတ်ဆိတ်တဲ့ အချိန်မှာ အဲဒီ ဗရူးဗရူး က ringtone ထက် ကျယ်လို့  လန့် ခုန်မိတယ်
ReplyDeleteခရစ်ကက် အော်တာနဲ့ မြားလေးထဆွဲတယ် ဆိုတော့ ခရစ်ကက်ကို မြားနဲ့ ပြစ်တော့မယ်လို့ ထင်သွားတယ်။ သေသေချာချာ သုံးခါ ပြန်ဖတ်တော့မှ အိုင်ဖုန်းကဆလိုက်တူအန်လော့ကို ဆိုလိုတာကိုး။ ရယ် လိုက်ရတာ....
ReplyDeleteမဆွိရေ
ReplyDeleteပိုစ့်နဲ့ မဆိုင်တာ တခုလောက် မေးချင်တယ်။ ဗမာပြည်ကို လက်ဆောင်ပေးချင်လို့ စင်ကာပူမှာ အဲ့လိုမျိုးကားခံပို့ပေးတဲ့ နေရာလေးများရှိလားသိချင်လို့ပါ၊ မဆွိရဲ့ အီးမေးလ်ကိုလဲ မသိတာရယ် အာရှဘက်နဲ့လဲ အဆက်အသွယ် မရှိလို့ပါ၊
အမရဲ့ အီးမေလ်းလိပ်စာလေးလဲ ကိစ်စမရှိဘူးဆိုရင် ပြောပြပေးပါလား။ အခက်အခဲရှိရင်လဲ နားလည်ပါတယ်၊ လေးစားလျက်
မြရီ
စင်္ကာပူ ပင်နီစူလာမှာ ပို့တဲ့ဆိုင်တွေ၇ှိပါတယ်။ တစ်ကီလိုကို စင်္ကာပူငွေ ၆-၇ကျပ်လောက်ပေး၇ပါတယ်။ အီလက်ထေ၇ာနစ်ဆို၇င်တော့ မူလတန်ဖိုး၇ဲ့ ၁ဝ၇ာခိုင်နှူန်းယူမယ်ထင်ပါတယ်။ ပျောက်၇င်လျော်ပေးတယ်။ လူကိုယ်တိုင်သွားမှ အဆင်ပြေပါတယ်။ အွန်လိုင်းမ၇ှိကြပါဘူး။
ReplyDeleteကျေးဇူးတင်ပါတယ်ရှင့်ကိုမောင်ခြိမ့်၊ ကျမလောလောဆယ်ဆယ် လူကိုယ်တိုင်မသွားနိုင်သေးတော့ ဘာလုပ်ရမလဲတောင် မသိတော့ပါဘူး။ လေးစားလျက်
ReplyDeleteမြရီ
so funny, it's happening the same to me sis,,
ReplyDeleteပုရစ်ကို စတင်းဂန်းနဲ့ဆွဲတဲ့ အသံတဲ့ နားထဲမှာ အလိုလိုကြားယောင်သွားမိတယ် .... ပို့စ်လေးဖတ်ရတာ ကောင်းတယ်။ မုန့်လုံးရေပေါ်လုပ်နည်းရှာရင်းနဲ့ ဒီရောက်လာတာ။ တခါမှ သေချာမဖတ်ဖူးဘူး ... နောက်မှ မွှေနှောက်ပြီး သေချာဖတ်ဦးမယ် အစ်မဆွိရေ ....
ReplyDelete(
ReplyDeleteခေါင်းစဉ်ကို နှိပ်ပြီး တရားပွဲ ဖိတ်စာကို ဖတ်နိုင်ပါတယ်။ )
စင်္ကာပူနိုင်ငံရောက် မြန်မာများသို့
စင်္ကာပူနိုင်ငံ၊ သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာ၊ တရားပွဲများကို ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားပါသည်။
(ပို့စ် အောက်မှ ကွန်မန့်တွင် ဖတ်ပါ)
မျှော့နေတဲ့ ပိတ်သတ်ကို စာနာသောအားဖြင့် ပိုစ့် အသစ်တင်သင့်နေပြီ ဖြစ်ကြောင်းးးးး
ReplyDeleteNew post ! New Post! .....
ReplyDeleteတီတီဆွိ
ReplyDeleteပျောက်နေတာအတော်ကြာပြီနော်။
နေမှကောင်းရဲ.လား။ သမီးလေးရောနေကောင်းရဲ.လား။
စာရေးဖို. မုဒ် မ၀င်ဘူးဖြစ်နေတာလား။။
T T Sweet!
ReplyDeleteHow are you? Ju Ju is still in holidays?