Sunday, June 24, 2012
အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၃)
ထိုနေ့မနက်က ဂျုဂျူလေးကို ကျောင်းပို့မှအပြန် ၃၀ ကီလိုဝေးသော အင်တာဗျူးရာနေရာကို ကားမောင်းသွားပါသည်။ ကိုကိုခြိမ့်က မြို့ထဲမှာ ကားပါ့ကင် ခက်သည်ဆိုကာ ရထားဖြင့်ပင် သွားခိုင်းနေရာ ရထားကို တစ်ခါမျှပင် တစ်ယောက်တည်း မစီးဖူးသူက ရထား ၂ဆင့်စီးရမည်ကို မစီးတတ်၍ GPS အကူအညီဖြင့် သွားရာ အလွန်အဆင်ပြေပါသည်။ ကားပါ့ကင်လည်း ထင်သလောက် မခက်ပါ။ အင်တာဗျူးသူက Product Engineering မှ ဒါရိုက်တာဆိုသူ အသက် ၄၀ကျော်ခန့် အော်ဇီလူမျိုးဖြစ်ပါသည်။ gentleman ပုံသဏ္ဌာန်၊ စကားပြောရာမှာ ပညာတတ်ပုံပေါက်ပြီး အေးအေးဆေးဆေး ရှိလှသည်။ အလုပ်ကတော့ အလွန်များသည့်ပုံပေါက်ပြီး ကိုယ်ရောက်သွားတော့ သူအင်ဂျင်နီယာတွေကြားထဲ့မှာ discussion လုပ်နေသည်။
သူမေးသည့်မေးခွန်းအချို့ကို ဖြေနိုင်သည်လည်းရှိသည်။ တစ်ချို့လဲ တော်တော်များများ မဖြေနိုင်။ ကိုယ်ပိုင်သည့် အပိုင်းများကျ ချဲ့ကားပြောနေသည်။ အင်တာဗျူးရာတွင် လက်ရှိအလုပ်လုပ်နေသူနှင့် အလုပ်မလုပ်ပဲ တစ်နှစ်လောက် အဆက်အသွယ်ပြတ်နေသူ မတူနိုင်ပါ။ ထို့ပြင် အန်တီဆွိမှာ နဂိုက သတိမေ့တတ်သူဖြစ်ရာ ဟိုးအရင်က လုပ်ခဲ့ဖူးသော technical terms များ ပါးစပ်ဖျားတွင် မေ့နေသည်။  ပြောရလျှင် အင်တာဗျူးကို လုံးဝ အားမရပါ။ ၅၀% လောက်သာ ဖြေနိုင်ပါသည်။ မေးသူကိုပင် အားနာနေမိသည်။ ကိုယ်လုပ်ခဲ့ဖူးသည့် product များအားလုံးကို စုပေါင်း၍ ပရင့်အောက်ထုတ်ထားသည်ကို ရှင်းပြရာတွင်တော့ အလွန်စိတ်ဝင်စားဟန်ပြပါသည်။
စိတ်ပျက်နေသည့် အင်တာဗျူဝါ ...
 နောက်ဆုံး အင်တာဗျူးပြီးခါနီး၍ ကိုယ့်ဖက်မှ မေးလိုသည်များ မေးပါဆိုရာ ကိုယ်အကယ်၍ အလုပ်ရလျှင် လုပ်ရမည့် product ၏ အမည်နှင့် ၄င်းနှင့်ပတ်သတ်သည့် အကြောင်းအရာကို အနည်းငယ်ချဲ့မေးလိုက်ပါသည်။ ကုမ္ပဏီအကြောင်း မေးရာ သူတို့ကုမ္ပဏီသည် R&D ရော၊ production ပါ under one roof မှာ လုပ်နေသည့်  world wide အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးအောက်မှ အခွဲဖြစ်ကြောင်း ရှင်းပြပါသည်။ (အန်တီဆွိမှာ ကုမ္ပဏီအကြောင်း ဂူဂဲလ်ပြီး၍ အားလုံး သိပြီးဖြစ်ပါသည်) နောက်ပြီး သူက အလုပ်ကို Part time အနေနှင့် လုပ်ဖို့ရော စိတ်ဝင်စားပါသလား မေးရာ အန်တီဆွိမှာ part time ရလျှင် ပို၍ပင် အဆင်ပြေပါကြောင်း ၀မ်းသာအားရ ပြန်ပြောလိုက်ပါသည်။
 နောက်ဆုံး အင်တာဗျူးပြီးသောအခါ ကိုယ့်ကို တံခါးဝနားအထိလိုက်ပို့ကာ သူသည် လက်ဆွဲနှုတ်ဆက်ကာ သက်ပျင်းတစ်ချက်ချသလိုပုံစံမျိုး ကိုယ့်စိတ်ထဲမှာထင်လိုက်သည်။ ပြီးတော့ ကိုယ်ထွက်သွားသည့်ဖက်နှင့် ဆန့်ကျင်ဖက် လမ်းမဘေးထွက်ကာ အဖော်တစ်ယောက်နှင့်  ဆေးလိပ်သောက်နေသည်။ သူ့ပုံစံကို ကြည့်၍ ကိုယ်စိတ်က ထင်သည်မှာ အင်တာဗျူးလာသူသည် သူထင်ထားသလို မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ စိတ်ပျက်နေသလို ပုံစံမျိုး။  (ဟုတ်ချင်မှလည်း ဟုတ်မည်။)
စိတ်ပျက်နေသည့် အင်တာဗျူဝီး ...
အင်တာ ဗျူးမှပြန်လာပြီး အန်တီဆွိသည် ပို၍ပင် စိတ်ပျက်လက်လျှော့မိပါသည်။ စိတ်ကို ဒုံးဒုံးချကာ ဒီအလုပ်တော့ မရနိုင်ဆိုကာ ကိုကိုခြိမ့်ကိုလဲ အင်တာဗျူးမှာ မေးတာတွေ သေချာ မဖြေနိုင်ခဲ့ဘူး။ စိတ်ကလျှော့ထားတော့ ဘာမှ သေချာ ပြန်မကြည့်သွားတော့ technical terms တွေလဲ မေ့နေတယ်။ မရနိုင်ပါဘူး ယောက်ျားရယ်ဆိုကာ on line မှာ Jewelery ဆိုင်တွေ သွားကြည့်ကာ လုပ်ငန်းဘယ်လို စရမည်လဲဆိုတာသာ  လေ့လာနေပါတော့သည်။ 
 Catalog distributor job
ဤသို့နှင့်၂ပတ်ခန့်ကြာသောအခါ အန်တီဆွိ၏ email ထဲ လူတစ်ယောက်က အကြောင်းကြားလာသည်။ ကတ်တလော့တွေ ဖြန့်ဝေသည့် အလုပ်အတွက် သင်၏ နေရာ၊ ရပ်ကွက်တွင် Vacancy ရှိနေသည်။  သင်ယခင်က catalog distributor အနေဖြင့် လျှောက်ထားရာ ယခုစိတ်ဝင်စားလျှင် အကြောင်းပြန်ပါ ဟူသတည်း။ ကိုယ်ဖြန့်ဝေရမည့်  ရပ်ကွက် ဧရိယာကိုလည်း စာထဲတွင် မြေပုံဖြင့် ဖော်ပြထားပါသည်။ အန်တီဆွိတို့နေရာနှင့် ကပ်ရပ် ရပ်ကွက်မြေပုံ ဖြစ်ပါသည်။
အန်တီဆွိတစ်ယောက် ဘယ်အချိန်က ဘယ်လိုလျှောက်ထားသည့် အလုပ်မှန်း သေချာပင် သတိမရပါ။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ၊့ ခုချိန်မှာ ကိုယ်က အလုပ်လုပ်တော့မည်ဆိုကတည်းက အိမ်မှာ နေရတဲ့ ဘ၀ကို ပျင်းနေပြီ၊ ငြီးငွေ့နေပြီ၊ အတွေ့အကြုံပဲရရ၊ ဗော်လန်တီယာပဲ လုပ်ရ လုပ်ရ  ငွေရေးကြေးရေး အဓိက မဟုတ်၊ အလုပ်သာ လုပ်ချင်နေသည်။ ဘယ်လိုအလုပ်မျိုးလဲ ဂူဂဲလ်ကြည့်တော့ မိမိတို့ရပ်ကွက် ပတ်ဝန်းကျင်မှ အိမ်များ၏ စာတိုက်ပုံးများကို စူပါမားကတ်၊ စတိုးဆိုင်၊ စာသောက်ဆိုင်၊ အစရှိသည်တို့မှ ကတ်တလော့ဂ်များ၊ ကြော်ငြာများကို အိမ်ပေါက်စေ့ လိုက်ပို့ရသော အလုပ်ဖြစ်ပါသည်။ သူပြထားသည့်မြေပုံမှာ အိမ်ခြေ ၄၀၀-၅၀၀ ခန့်ရှိပြီး ငွေဘယ်လောက်ပေးမည်လဲ၊ ဘာလဲ ဆိုတာတော့ စာထဲမှာ ဘာမှ ရေးမထားပါ။
 ယဉ်ကျေးသော Area Representative
သို့နှင့် စုံစမ်းတော့ကြည့်မည်ဆိုကာ စာပို့သူထံ ဖုန်းခေါ်၍ သူချိန်းဆိုရာ နေရာရောက်သွားပါသည်။ သူသည် အင်မတန် ယဉ်ကျေးသိမ်မွေ့သော အိန္ဒိယ  (သို့) သီရိလင်္ကာ  အမျိုးသား အသက် ၄၀ကျော်ခန့်ပင်ဖြစ်ပါသည်။ သူက ဒီ ဧရိယာ အတွက် Area representative ဖြစ်သည်ဟု မိတ်ဆက်လာသည်။ အကောင့်တန့် ကော်န်မန့်စ်ဖြင့်ကျောင်းပြီးပြီး၊ အိမ်မှာပင် ကွန်ပြူတာတစ်လုံး စားပွဲပေါ်တင်ကာ အလုပ်လုပ်နေခြင်းဖြစ်ပါသည်။ လူကို သေသေချာချာ လေးလေးစားစား နှုတ်ဆက်၍၊ မိတ်ဆက်ကြကာ လုပ်ရမည့်အလုပ်ကို ရှင်းပြပါသည်။ တစ်ပတ်မှာ ၂ရက်သာ လုပ်ရမည်။ ကတ်တလော့တွေကို ၂ရက်အတွင်း ပြီးအောင် လိုက်ဖြန့်ဝေရမည်။ လုပ်ခက အားလုံးအပြီးအစီး ပုပ်ပြတ် ဒေါ်လာ ၉၀ ရမည်။ အိမ်ခြေရပ်ကွက်ပေါ်၊ ဝေရမည့် ကတ်တလော့ဂ် အရေအတွက်ပေါ်တည်၍ ၀င်ငွေက အနည်းငယ်စီ ကွာခြားမည်။ အိမ်ခြေ ၄၅၀ခန့်ရှိသောရပ်ကွက်ကို ကိုယ်က ရွေးလိုက်ရာ လုပ်နိုင်ပါမည်လားမေးသည်။ " Why not ... " ဟု ပြန်ဖြေကာ လက်မှတ်ထိုးစရာရှိတာတွေထိုးကာ ပြန်ဖို့ လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ နောက် အပတ် Tuesday မှ အလုပ်စမည်ဆိုကာ ကတ်တလော့ဂ်တွေ လာယူရန်ပင် ချိန်းလိုက်ပါသေးသည်။
 ထွက်ခါနီးမှ ကတ်တလော့ဂ်တွေ နမူနာပြမည်ဆိုကာ သူ့ကားဂိုထောင်ထဲ ခေါ်သွားကာ လူတစ်ရပ်လောက်ရှိသည့် ကတ်တလော့ဂ်အပုံကြီးတွေကို ပြပါသည်။ နောက်ပြန်ခါနီးကားပေါ်တက်ခါနီးတော့ ကိုယ်မောင်းလာသည့် Mini Cooper ကိုကြည့်ကာ Wow !!...  your car is so beautiful !! ဆိုကာ ကားကလဲ တော်တော်သစ်နေတော့  ဒီကားမျိုးစီးပြီး စာတိုက်ပုံးမှာ ကတ်တလော့ဂ်ဖြန့်ဝေမည့် သူကို နားမလည်နိုင်စွာ ကြည့်ရင်း ကျန်ရစ်ပါသည်။
တစ်နာရီ ၅ကျပ် အလုပ် ...
နောက်ပိုင်းမှ ဖိုရမ်တွေဖတ်ရင်း သိရသည်မှာ ထိုလူတစ်ရပ်မြင့်သည့် ကပ်တလော့မျိုးစုံကို တစ်ရွက်ခြင်းစီထပ်ခြင်း၊ ရွေးခြင်းကပင် နာရီပေါင်းများစွာ ခါးကိုက်အောင်လုပ်ရသည်ဆိုပါသည်။ အန်တီဆွိ ဘုမသိဘမသိနှင့် အလုပ်လုပ်ချင်တာ တစ်ခုတည်းသာ သိ၍ လက်မှတ်ထိုးလာခဲ့သော အလုပ်မှာ အော်ဇီလိုနိုင်ငံမျိုးတွင် လုပ်ခ အနည်းဆုံး တွက်ကြည့်လျှင် တစ်နာရီ ၅ကျပ်မျှသာ ရသော အလုပ်ဖြစ်နေလေသတည်း၊ ( အော်ဇီတွင် ပုံမှန် ဘာအလုပ်ပဲဖြစ်ဖြစ် တစ်နာရီ အနည်းဆုံး ၁၅ကျပ် သတ်မှတ်ထားပါသည်။) နေပူမိုးရွာ မရှောင် တစ်အိမ်တက်ဆင်း လိုက်ပို့ရမည့်ခရီးမှာလည်း ကီလိုမီတာပေါင်းများစွာရှိပါသည်။ ဖိုရမ်တစ်ခုတွင်ရေးထားရာ အိမ်ခြေ တစ်ထောင်ရှိသောရပ်ကွက်ကို သူပို့ရာ  တစ်နေ့တည်း  ၃၅ ကီလိုကို လမ်းလျှောက်ရသည်တဲ့။ မည်သို့ တွက်သည်ကိုတော့ မသိပါ။ ထိုအလုပ်သည်ကား မတော်မတရား လူတစ်ယောက်၏ လုပ်အားခကို နှိမ်ကာခိုင်းသော အလုပ်မျိုးမှန်း သဘောပေါက်လိုက်ပါသည်.။ အများအားဖြင့် မုန့်ဖိုးအပိုဝင်ငွေရလိုသော ခလေးသူငယ်များ၊ ကျန်းမာရေး လိုက်စားလိုသော retired သက်ကြီးရွယ်အိုများ၊ အလုပ်ရှာရခက်သော ကျောင်းသားများ လုပ်သောအလုပ်ဖြစ်ပါသည်။
အန်တီဆွိမှာ လက်မှတ်ထိုးခဲ့ပြီဖြစ်ရာ ပထမဆုံးတစ်ခေါက်တော့ ကိစ္စမရှိ လုပ်လိုက်မည် စိတ်ဒုံးဒုံးချထားသည်။ လမ်းလျှောက်တာ လူတောင် ကျန်းမာသေး။ လူက ပိန်ချင်တာအတော်ပဲဆို စဉ်းစားနေသေးသည်။
2 miss call
ထိုနေ့ နေ့ခင်း သမီးသွားကြိုရန် ကျောင်းသို့ လမ်းလျှောက်နေစဉ် အချိန်သိချင်၍ ဖုန်းကိုကြည့်ရာ ဖုန်းမှ miss call ၂ခုပေါ်နေသည်။ အန်တီဆွိ ရေချိုးနေစဉ် ၀င်လာတာဖြစ်မည်။ ပြန်ခေါ်ကြည့်တော့ မည်သူမျှမကိုင်။ နောက် လမ်းလျှောက်နေရင်းဖြင့် Road work လုပ်နေသည်အနား ဆူဆူညံညံကျ မှ ဖုန်းက မြည်လာပြန်သည်။ ကိုင်လိုက်တော့ အမျိုးသားတစ်ယောက် ထုံးစံအတိုင်း အလုပ်အေးဂျင့် ဖြစ်မည်ထင်သည်။ သူပြောသည်ကို မကြားတစ်ချက်၊ ကြားတစ်ချက်။ သူက HR နဲ့ တွေ့ပါချည်း စွတ်ပြောနေသည်။ အင်တာဗျူးလာဖို့ ချိန်းသည်လဲ မဟုတ်။ သို့နှင့် အန်တီဆွိမှ အခုခေါ်တာ အလုပ် အေးဂျင့် ကုမ္ပဏီက မဟုတ်လား၊ အင်တာဗျူးချင်လို့လားမေးမှ၊  အင်တာဗျူး က technically ok, but you have to contact with  HR ဆိုမှ  သဘောပေါက်သည်။ ဟိုးလွန်ခဲ့သည့် ၂ပတ်က အင်တာဗျူးခဲ့သူမှ HR နှင့် အလုပ်ကိစ္စဆွေးနွေးဖို့ ပြန်ခေါ်နေခြင်းဖြစ်ပါသည်။ Road work နှင့် သူပြောတာတွေ သေချာ မကြားရ၊ email သာ ပို့ပါဆိုကာ ပြန်ပြောလိုက်ပြီး ကျေးဇူးတင်ကြောင်း သေချာ ပြောကာ ဖုန်းချလိုက်သည်။
ရမဲ့ ရတော့ Consultant post
အိမ်ရောက်တော့ အီးမေးလ်စစ်ကြည့်ရာ ဟိုတစ်လောက အင်တာဗျူးခဲ့သော ဒါရိုက်တာက အင်တာဗျူး successful ဖြစ်သောကြောင့် ကုမ္ပဏီမှာ Consultant အနေနှင့် အလုပ်ခန့်မည်ဖြစ်ကြောင်း၊ လစာကိစ္စ၊ အလုပ်ချိန်ကိစ္စတွေကို HR ကို ဖုန်းဆက်မေးပါဆိုကာ သူ့ရုံးမှ HR နှင့် မိတ်ဆက်ပေးထားသည်။ HRကို ဖုန်းဆက်ကြည့်ရာ part time အနေနှင့် တစ်ပတ်ကို အင်္ဂါနေ့ ၁ရက်သာ လုပ်ရမည်။ သို့ပေမဲ့ အရေးပေါ်လာလျှင်လည်း ထိုထက် ပိုလုပ်နိုင်ရမည်။  လုပ်ခ ဘယ်လောက်လိုချင်လဲမေးရာ လုပ်ခနှင့်ပတ်သတ်၍ consultant တစ်ယောက် လခ ဘယ်လောက်ရလဲ ကိုယ်တကယ်ပင် မသိရာ ကုမ္ပဏီမှ အော်ဖာ လုပ်ပါဟုပင် ပြောလိုက်ပါသည်။  သူက အထက်မှ ဘော့စ်နှင့် တိုင်ပင် ၍ ဖုန်းပြန်ခေါ်ရာ တစ်နာရီ ဒေါ်လာ ၇၀ ပေးမည်ဆိုပါသည်။
ပညာတတ်အလုပ်၊ သာမန် အလုပ် 
 ဒီနေရာမှာ ငွေရရ မရရ အလုပ်တစ်ခု အစပျိုးဖို့ ဗော်လန်တီယာရလျင်ပင်  လုပ်ဖို့ရည်ရွယ်ထားရာ တစ်နာရီ ၇၀ မှာ ကိုယ့် အတွက် မထင်မှတ်နိုင်အောင် များလွန်းနေပါပြီ။ ယနေ့ပဲ တစ်နာရီ ၅ကျပ်မျှရသော အလုပ်ကို  " Why not ... " ဆိုကာ လက်မှတ်ထိုးခဲ့ပြီ မဟုတ်ပါလား။ ဒီနေရာမှာ ပညာနှင့်လုပ်သော အလုပ်နှင့် ပညာမတတ် သာမာန် မည်သူမဆို ၀င်လုပ်နိုင်သော အလုပ်တို့၏ ကွာခြားပုံကို ကောင်းကောင်းကြီး သိလိုက်ရပါသည်။ ဤ အလုပ်တွေ လျှောက်ရာမှ ဘ၀အတွက် အသိ၊ သင်္ခန်းစာ၊ အတွေ့ အကြုံတွေ များစွာ ရခဲ့ပါသည်။ မိမိအား ဤပညာများတတ်အောင် ကျောင်းထားပေးသော မိဖများ၊ သင်ကြားပေးသော ဆရာများ၊ ကျောင်းတော်ကြီးများ၊ အတွေ့အကြုံများ သင်ပေးခဲ့သည့် ကုမ္ပဏီများ၊ အလုပ်ထဲမှ စီနီယာများအား အလွန်ကျေးဇူးတင်မိပါသည်။ ပညာတတ်သူနှင့် မတတ်သူ၏ ၀င်ငွေကွာခြားပုံ၊ သက်တောင့်သက်သာနှင့် အပင်ပမ်းခံ လုပ်ရပုံ၊ အသုံးကျပုံ၊ ကွာခြားပုံကို တစ်ရက်တည်းပင် တိုက်တိုက်ဆိုင်ဆိုင် ဆန့်ကျင်ဖက် အော်ဖာ ၂ခုရကာ သိလိုက်ရပါသည်။
 တစ်ချိန်တည်းမှာပဲ catalog distributor job မှ အိန္ဒိယအမျိုးသားထံ ဖုန်းဆက်ကာ အခြားအလုပ်အော်ဖာရ၍ မလုပ်နိုင်တော့ကြောင်း အင်မတန် ယဉ်ကျေးစွာဖြင့်  တောင်းပန်ပြောလိုက်ရပါသည်။ သဘောကောင်းသော representative က ကိစ္စမရှိပါဟု ပြောပါသည်။
 ဆန်းဆန်းတင့် အချိန်
အန်တီဆွိမှာ ပြောခဲ့ဖူးသည့် အတိုင်း အလုပ်နှင့် အဆက်အသွယ် ၁နှစ်ကျော် ပြတ်နေရာ ယခုလို ရာထူးမျိုးနှင့် ဘာသာစကားအခက်အခဲရှိရာ နေရာ အသစ်၊ ကုမ္ပဏီအသစ်မှာ လုပ်ရမည်ဆိုတော့ အနည်းငယ်ကြောက်ရွံ့မိပြန်ပါသည်။ အမှန်အတိုင်းဝန်ခံရရင် ဤမျှလောက် ရာထူးလဲ မလိုချင်ပါ၊ လုပ်ခလဲ မလိုချင်ပါ။ stress လဲ မလိုချင်ပါ။ တစ်ပတ်၁ရက်အစား ၂ရက်လောက်ဖြင့် လုပ်ခငွေ တစ်ဝက်လျှော့ကာ လုပ်ချင်လည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ သိပ် sensitive ဖြစ်သည့် အလုပ် offer ချိန်မှာ ကိုယ့်ကို အထင်သေးမှာမျိုး မလိုလား၍ ကိုယ်ဖြစ်ချင်သည်ကို စိတ်ထဲတွင်အသာထားကာ offer letter ကို email မှသာ ပို့ပေးရန်တောင်းဆိုလိုက်ပါတော့သည်။
 offer letter  ရပြီ။
offer letter ကို  US အထိ ပို့ကာ ခွင့်ပြုချက်ယူ လက်မှတ်ထိုးနေရသောကြောင့် နောက် တစ်ပတ်ကျော်မှ offer letter ရပါသည်။ သူတို့သည် ကိုယ့်စိတ်ကို သိနေသည့်အလား။ offer letter ရသောအခါ သာမာန် Engineer ရာထူးဖြင့် တစ်နာရီလုပ်ခလည်း အရင်ကထက်  လျှော့ကာ တစ်ပတ်ကို ၂ရက် ပုံမှန် လုပ်ရမည်ဆိုပါသည်။ အိမ်ရှင်မတစ်ယောက်အတွက် တစ်ပတ် ၂ရက်သာ အလုပ်လုပ်ခြင်းသည် အလွန်သင့်လျှော်ကာ အန်တီဆွိလိုချင်သော အခြေ အနေများနှင့်  ကွက်တိဖြစ်နေရာ အန်တီဆွိ၏ အလုပ် ကံကြမ္မာကို ကိုကိုခြိမ့်မှ ထုံးစံအတိုင်း အံ့သြ ချီးမွန်း၍သာ နေပါတော့သတည်း။
အလုပ်ရှာရင်းမှ သင်္ခန်းစာ ..
ဤအလုပ်ကလေးရသည်ကို ငွေရေးကြေးရေး၊ တခြားကိစ္စများထက် စိတ်ထဲမှာ စိတ်ဓာတ်ရေးရာ အရ မျှင့်တင်ပေး၍ ကျေးဇူးတင်နေမိပါသည်။ အကြောင်းမှာ အန်တီဆွိသည် ထိုအလုပ်မရခင်က အလုပ်ရလိုဇောဖြင့် စိတ်ထဲရှိသမျှ၊ မြင်သမျှ အလုပ်မှန်သမျှကို မဆီမဆိုင်လျှောက်ကာ မရတော့ အလကားနေရင်း စိတ်ဓာတ်ကျနေသည်။ အမှန်မှာ ၂လ-၃လလောက်ရှာရုံနှင့် အလုပ်မရသည်ကို စိတ်ဓာတ်ကျစရာမလိုပါ။ သံချေးတက်နေသော ကိုယ့်အရည်အချင်းများကို နေ့စဉ် ဖတ်ရှု လေ့လာခြင်းအားဖြင့် ထက်မြက်လာအောင်သွေးနေရင်း ၁၀နှစ်ကျော် အတွေ့အကြုံရှိသော မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကိုသာ အားစိုက် ရှာသင့်ပါသည် ဟုသာ နောက်ဆုံး အသိတစ်ခုရခဲ့ပါသည်။
အသိပညာ ၊ အတတ်ပညာ စုဆောင်းခြင်း-  (Mechanical R&D knowledge Bank )
အန်တီဆွိမှာ ထိုနေ့မှစ၍ မနက်ခင်း ဂျူဂျူကျောင်းပို့ချိန်မှ ပြန်ချိန်အထိ အိမ်မှာ တစ်ယောက်တည်း အလုပ်ဆင်းသကဲ့သို့ စားပွဲတစ်လုံးချ၊ ကွန်ပြူတာတစ်လုံး ချကာ အလုပ်နှင့် ပတ်သတ်ရာ၊ မိမိပညာနှင့် ပတ်သတ်ရာ၊ ဘာသာစကားနှင့်ပတ်သတ်ရာ တိုးတက်ရာ တိုးတက်ကြောင်းတွေသာ လုပ်ပါတော့သည်။ သံချေးတက်ကာ တုံးလုတုံးခင်ဖြစ်နေသာ ဓားကို စတင်သွေးနေပါပြီ။ folder တစ်ခုနှင့် Excel file တစ်ခုဖွင့်ကာ ပြန့်ကျဲနေသော (မိမိ စတင်အလုပ်လုပ်ခဲ့ရာမှ နောက်ဆုံးအထိအတွေ့ အကြုံ) technical ပိုင်းဆိုင်ရာများကို အားလုံး ချရေးကာ စုစည်းနေပါသည်။ အလုပ်တွင် သုံးရမည့်ဆော့ဖ်ဝဲများကိုလဲ အိမ်မှာပင် ဒေါင်းလုပ်လုပ်ခါ လေ့ကျင့်နေပါသည်။
ကြီးကြီးကျယ်ကျယ် ပြောရလျင် အန်တီဆွိ ယခုအချိန်မှာ အကြောက်ဆုံးမှာ မိမိသိထားသော အသိပညာများ၊ အတတ်ပညာများ၊  မည်သူ့ကိုမျှ မဖြန့်ဝေပဲ အလုပ်မလုပ်တာကြာ၍ မေ့လျှော့ကာ လွင့်ပျောက်ေ၀၀ါးသွားမှာ  ကြောက်နေပါသည်။ နောင်တွင် အသက်ကြီး၍ မြန်မာပြည်ပြန်ပါကလည်း ကိုယ်သိသည့် ပညာကို ဖြန့်ဝေပေးရန် ရည်ရွယ်ထားရကား ထို excel sheet နှင့် အလုပ်ဟောင်းများမှ စုဆောင်းထားသော စာရွက်စာတမ်းများအားလုံးကို တစ်နေရာထဲ တွင်သေချာ သိမ်းဆည်းကာ စတင်ပြုစုနေပါပြီ။ ယခု အလုပ်မှ ကန်ထရိုက်ကာလပြီးဆုံး၍ နောက်အလုပ်ရှာလျှင်လည်း ယခုလို ၀ရုန်းသုန်းကားမဟုတ်ပဲ နေရာတစ်ခုထဲမှာ အားလုံး သပ်သပ်ရပ်ရပ် စုစုစည်းစည်းဖြစ်အောင် ပြင်ဆင်နေပါပြီ။  ...။
အလုပ်ရဖို့ probability ...
နောက်တစ်ခုပြောလိုသည်မှာ အရာရာတိုင်းတွင် probability ဆိုတာရှိရာ လူတစ်ယောက် အလုပ်ရှာလျှင် ရနိုင်ချေ  probability တစ်ခုတော့ ရှိနိုင်သည်ချည်းဖြစ်ပါသည်။ အန်တီဆွိလို လျှောက်တိုင်း အင်တာဗျူး ရသူဆို ပိုရဖို့ အခွင့်အရေးများပါသည်။ ရှေ့က အင်တာဗျူးများ အတွေ့အကြုံဖြင့် ဒီတစ်သက်တော့ အလုပ်မရနိုင်တော့ပြီဆိုသည်မှာ မမှန်ပါ။ ယခုကုမ္ပဏီဆိုလျှင် အင်တာဗျူးပင် ကောင်းစွာ မဖြေနိုင်ပါ။ ဒီလိုအခြေအနေမျိုးမှာလည်း consultant လို ရာထူးမျိုးပင် ခန့်ဖို့ ရှိရာ တစ်ခါတရံ ကံအကြောင်းများတိုက်ဆိုင်ပါကလည်း အလုပ်ရဖို့ အခွင့်အရေးက ရှိနေပြန်ပါသည်။ နောက်မှ ထိုကုမ္ပဏီကို Linkin မှ ရှာကြည့်ရာ သူတို့ထဲမှာ အေရှန်းတွေ အတော်များများရှိရာ ကိုယ့်လောက် language အခြေအနေနှင့် နေသားကျသော ကုမ္ပဏီနှင့်တွေ့ပါက သူတို့အတွက် ဘာသာစကားအားနည်းသော အေရှန်းတစ်ယောက်ကို ခန့်ရန် မထူးဆန်းပါ။ (ယခုတော့လဲ language တော်တော်တိုးတက်လာပါပြီ)  ထို့ကြောင့် နောင်အလုပ်ရှာလျှင် စိတ်ဓာတ်မကျပဲ စိတ်အေးအေးထား ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထား၊ အရည်အသွေးကို ထက်သထက်ထက်အောင်သွေးရင်းဖြင့် အလုပ်ရဖို့ရာ ဖြစ်နိုင်ပါကြောင်း ကိုယ့်ကိုယ်ကိုလဲ အားပေးရင်း၊ တိုက်ဆိုင်မှုရှိသော ပိတ်သတ်တွေကိုလည်း အားပေးရင်းဖြင့် ....
နောက်အပတ်တွင် အလုပ်စဆင်းရမည်ဖြစ်ပါသည်။ အစစ အရာရာ အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
 ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
76 comments:
  1. Hi sis, best of luck to you :) I'm from YTU as well and working in SG now. I fully understand your mixed feeling for career.
    ReplyDelete
  2. အောင်မလေး တီဆွိ မျက်ရည်တွေ ပြန်လျော်ပေး
    ခုတော့ ပျော်သွားပြီ
    ရှေ့လျှောက် အရမ်းကာရော နင်းကန် အဆင်တွေပြေပါစေ
    ၂ရက်ထဲဆို စာလဲရေးနိုင်တယ်
    အားလုံးအဆင်ပြေ၊ တမိသားစုလုံး တပြုံးပြုံး အမြဲဖြစ်ပါစေနော်
    Z
    ReplyDelete
  3. ၀မ်းသာပါတယ် မဆွိ။ မဆွိ နဲ့ အဆင်ပြေ တဲ့ အလုပ်ဖြစ်မှာပါ။ တမိသားစုလုံး ရှေ့ ရှောက်လဲ ပျော်ရွင်ချမ်းမြေ့ပါစေ။
    လေးစားလျက်
    မြရီ
    ReplyDelete
  4. TT Sweet...
    Good Luck for you..
    Zin
    ReplyDelete
  5. အမ ရေ ၀မ်းသာလိုက်တာ ...း)
    အမ ရဲ့ စာတွေဖတ်ရတာ တကယ့်ကို အကျိုးရှိတာ ။ အလုပ်သစ်မှာ အားလုံးအဆင်ပြေချောမွေ့ အောင်မြင်ပါစေ ရှင် ။
    (အမ တို့ စိတ်တွေရှူပ်နေတဲ့ အချိန်တုန်းက ဂျူဂျူလေးရော စိတ်တွေ ရှူပ်နေမှာပေါ့နော်)
    တမိသားစု လုံး ကျန်းမာပျော်ရွှင်ပါစေ ။
    မယ်သံ
    ReplyDelete
  6. TT Sweet!
    Wishing you best of Luck!
    ReplyDelete
  7. Tt sweet,conglaculation. Ochi
    ReplyDelete
  8. အလုပ်အသစ်မှာ အဆင်ပြေပါစေ။
    ReplyDelete
  9. အမကတော်တော်ကံကောင်းတယ်။အားလုံးအဆင်ပြေပါစေ။
    ReplyDelete
  10. အစ်မရေ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဦးခြိမ့်အလုပ်ပြန်ရတာရော၊ အစ်မအလုပ်ရတာအတွက်ရော ၀မ်းသာမိပါတယ်။ ကွန်ပျူတာနဲ့မခွာတော့ဘူးဆိုတော့ ပိုစ့်အသစ်လေးတွေကိုလည်း မျှော်လင့်မိပါတယ်။
    စကားမစပ် ဆွဲကြိုးလေးတွေက အရမ်းလှပါတယ်ခင်ဗျာ။
    (လီယို)
    ReplyDelete
  11. Best wish for your new Job!
    Lin Lin
    ReplyDelete
  12. အမ ဆွီတီရေ ...
    ဝမ်းသာပါတယ်။ပထမ ၁ နဲ့ ၂ ကိုဖတ်ပြီး အခုနောက်ဆုံးအပိုင်း ၃ ကိုဖတ်ပြီးအရမ်းပျော်သွားတယ်။
    အမ စာတွေဖတ်ရတာဗဟုသုတအရမ်းရပါတယ်။အမအတွက်ဂုဏ်ယူပါတယ်။အစစအရာရာအဆင်ပြေမယ်လို့လဲ
    ယုံကြည်ပါတယ်ခင်ဗျ။
    အမဆွီတီတို့ မိသားစု ကျန်းမာချမ်းသာကြပါစေ ...............
    ReplyDelete
  13. အလုပ်လုပ်ရရင်လဲ အားတဲ့အချိန်လေးကိုပို့(စ)ရေးပေးပါဦး အမရေ ..
    အတွေ့အကြုံလေးတွေသိရတာပေါ့။
    ကျေးဇူးတင်ပါတယ်ခင်ဗျ။
    AKM ( MMCP )
    ReplyDelete
  14. Wishing you..
    Good Luck for you..
    ReplyDelete
  15. ချစ်သယ်ရင်းရေ....
    best of luck for your new job and Congratulation!!!!
    နာက နင်တို့ ကော်ဖီဆိုင်လုပ်မှာ အစကတဲက သဘောမတူတာ...
    အခုကျတော့ အဆိုးထဲက အကောင်းပဲ... အလုပ်ကလေး တစ်ခု အဖတ်တင်သွားဘီ...
    I know u can do it!!!
    ;)
    ReplyDelete
  16. Good Luck.. T Sweet
    AP
    ReplyDelete
  17. so happy for u, after reading part3. All the Best
    ReplyDelete
  18. တီဆွိရေ အလုပ်အသစ်မှာကံကောင်းပါစေ..
    ပိုစ် ၃ ခု ဆက်တိုက်ဖတ်ရလို့ စိတ်ချမ်းသာသွားပြီ. အသစ်အသစ်မျှော်လင့်လျှက်...
    မေ
    ReplyDelete
  19. Goodluck sweet....
    best regds..
    P.S:thnx 4 sharing all about u..
    Anne
    ReplyDelete
  20.ွဝမ်းသာတယ် တီ တီ ဆွိ ..................အားလုံးအဆင်ပြေပါစေ ကံကောင်းပြီးရင်းကံကောင်းပါစေ
    ReplyDelete
  21. Dear T Sweet,
    I'd like to know which font are you using in this page.
    Now I can't see Mynamr Font from my office computer.
    I want to re-install .
    Hope you enjoy in new job.... :)
    Thanks
    Zune
    ReplyDelete
  22. TSweet, happy ending. Congrat!
    All the best & good luck.
    Thitsar(S'pore)
    ReplyDelete
  23. ama,
    after u get a job, don't forget to update ur blog lo.....
    Tsu
    ReplyDelete
  24. ရင်တမမနဲ့ ဖတ်လိုက်တာ အဆုံးမှာ ၀မ်းသာစရာ....အစ်မဆွိရေ..
    အလုပ်သစ်မှာ အောင်မြင်ပျော်ရွှင်ပါစေကြောင်းနဲ့ စာတွေလဲ ရတဲ့အချိန်လေးမှာ ရေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အလုပ်သစ်မှာလည်း အစ်မဆွိ အေင်မြင်စွာ ကျော်ဖြတ်နိုင်မယ်လို့ အသေအချာ ယုံကြည့်ပါတယ်။ Congratulation !
    ReplyDelete
  25. အပေါ်က Zune, ဇွန်ဇွန်လားတော့မသိဘူး။ font က Alpha Zawgyi (သို့) Zawgyi one ဖြစ်မယ်ထင်တယ်။ ပြန်ရှာတာလဲ မတွေ့လို့။ သိရင်လဲ ဖြေပေးကြပါဦးနော်။
    အန်တီဆွိကို လာရောက်အားပေးတဲ့သူတွေ၊ ဆုတောင်းပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတဲ့သူတွေများလွန်းလို့ တစ်ယောက်ချင်းဆီကို ပြန်မနှုတ်ဆက်နိုင်တာ ခွင့်လွှတ်တော်မူကြပါ။ အလုပ်ကလေး နဲနဲ အခြေကျသွားရင် ဘလော့ဂ်ပို့စ်လေးတွေ ပြန်ရေးဖြစ်မှာပါ။ ရယ်စရာလေးတွေ ပြန်ရေးနိုင်ရင်တော့ အတိုင်းထက်လွန်ပေါ့ဂျာ။
    email ထဲရောက်လာတဲ့ တစ်ချို့ ကွန်မန့်တွေ ဒီမှာ မပေါ်ဘူးဖြစ်နေလို့ အမှတ်တရဖြစ်အောင် တစ်ခုချင်းဆီ အောက်မှာ ပြန်ကူးရေးပေးလိုက်ပါတယ်။
    ReplyDelete
    Replies
    1. ဟုတ်ပါတယ်တီဆွိ
      window 7 က update လုပ်လိုက်လို့ တဲ့ 
      mozilla မှာ မမြင်ရဘူး Internet Explorer မှာမြင်ရတယ်
      ကျေးဇူးတင်ပါတယ်
      Blog မလုပ်ဖြစ်တောင် account လုပ်ဦးမှပဲ... ကိုယ့် account နဲ့ ဝင်ရေးလို့ ရအောင်လို့ .. :)
      ဇွန်ဇွန်
      Delete
  26. mstint has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပေါ့ ဆွိတီရေ။ အလုပ်အတွက် စိတ်ဖိစီးမှု မထားပါနဲ့။ ပုတီးလေးတွေလုပ်တာ ကြည့်ရတာ သပ်သပ်ရပ်ရပ်နဲ့ စိတ်ရှည်ပုံရတယ်း) အစစအရာရာ အဆင်ပြေချောမွေ့ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  27. Anonymous has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    မဆွိ။ ခံစားနားလည်စွာ ဖတ်ရပါတယ်။ တချို့က ထင်တယ်။ နိုင်ငံခြားမှာ ကျမတို့ အတော်လေး အဆင်ပြေတယ်လို့ ပါ။ ဒါပေမယ့် လောကဓံမုန်တိုင်း တိုက်ခိုက်ခံရပြီဆို နိုင်ငံခြားကလူတွေက ပို ခံစားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာပဲ ရောက်ရောက် စိတ်ဓါတ်တော့ မကျလိုက်ပါနဲ့။ မဆွိ နားထောင်ရတာလဲ စိတ်ဓါတ်ကျမယ့်ပုံ လဲ မတွေ့ ရသေးပါဘူး။ အရေးကြီးတာက ကိုယ်ပျော်မယ့် ကိုယ် ကျေနပ်မယ့် အလုပ်မျိုး ရှာစေချင်တယ် မဆွိ။ အခု လောလောဆယ်ဆယ်မှာ အမျိုးသား အလုပ်ရှိနေချိန်မှာ ကိုယ်နှစ်သက်မယ့် အလုပ်ကလေးတွေရှာပါ။ နောက်တော့ မဆွိလုပ်တဲ့  ပုတီးကုန်းလေးတွေကို ရောင်းတာမျိုးကို ကျမ ပိုအားပေးချင်ပါတယ်။ အိုးမကွာ အိမ်မကွာပေါ့။ သမီးလေး လဲရှိနေတယ်လေ။ ကျမ နော်ဝေးမှာ နေပါတယ်။ လိုအပ်ရင် ကျမ ဒီဘက်မှာလဲ လိုက်ပြပေးပါ့မယ်။ မဆွိ လုပ်တာမျိုးကို လဲ အွန်လိုင်းမှာ တင်ထားမယ်ဆိုရင် သူတို့ ဝင်ဝယ်မယ်ထင်ပါတယ်။ အဖြူတွေ အုကိုက်မျိုးပဲ မှလား။ မဆွိကို ကျမ မေးလ်နဲ့ ဖြစ်ဖြစ် ဆက်သွယ်ပရစေ။ မဆွိ အီးမေးလ်း လေး အချိန်ရရင် ကျမကို ပေးထားစေချင်ပါတယ်။ လေးစားလျက် မြရီ။
    xxxxxxx@yahoo.com က ကျမရဲ့အီးမေးလ်ပါ။
    (အစ်မ အီးမေးလ်က sweetee2008@gmail.com ဖြစ်ပါတယ် .. အားပေးတဲ့ ကျေးဇူးပါ မမြရီရေ။ လေးစားလျက်ပါ။ အလုပ်က ၂ရက်တည်းဆိုတော့ အဲဒီ အလုပ်လေး ဆက်လုပ်ဖြစ်မယ်ထင်ပါတယ်။)
    ReplyDelete
  28. Tai noreply-comment@blogger.com
    7:10 AM (13 hours ago)
    to me
    Tai has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    Wish you the best. Never ever give up.
    ReplyDelete
  29. Anonymous noreply-comment@blogger.com
    7:34 PM (1 hour ago)
    to me
    Anonymous has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    Congratulations Ma Ma, I am so happy for you and all the best wishes!
    Mon Petit Avatar
    ReplyDelete
  30. Anonymous
    8:56 PM (48 minutes ago)
    to me
    Anonymous has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    အန်တီဆွိ ကော်ဖီဆိုင်မှာ အလုပ်လုပ်မလို့ ပြောထားတာ ခုတော့.....ခုတော့။ ၀မ်းသာ၇မလိုဝမ်းနည်း၇မလိုဖြစ်တွားပြီ။ Ww
    ReplyDelete
  31. အန်တီဆွိရဲ့ post လေးက ညီမအတွက်တော့ တကယ့်ကို အားဆေးတခွက်ပါ..အန်တီဆွိလို ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်.ကျေးဇူးတင်ပါတယ်..
    ReplyDelete
  32. Hello TT Sweet,
    I've been thinking that it has been so long not to read your new posts. And tonight when I saw your three posts, I felt really delighted. However,though the posts, I had to know the problems you were facing and that made me sad. As a reader, you three are my characters and I always want you to overcome all the problems wise-fully and successfully. I really respect you and U Chaint to be such a kind and helpful couple. I don't think I will be able to sleep tonight unless I read such a happy ending. Congratulations!
    ReplyDelete
  33. မွန်မွန်ယိုကို noreply-comment@blogger.com
    3:37 AM (4 hours ago)
    to me
    မွန်မွန်ယိုကို has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    တီဆွိ
    တီဆွိရေးထားတာဖတ်ပီး ဟိုနေ.တည်းက ဘာဆက်ဖြစ်မလဲ ရင်ခုန်နေတာ။ congratulations။အရမ်းအရမ်းဝမ်းသာပါတယ်။မွန်မွန်.အဖြစ်နဲ. တော်တော်များများတူတယ်။တိုက်ဆိုင်လိုက်တာများ။မွန်မွန်လဲ ခုတော. အိုကေသွားပါပီ။ ဟိုနေ.က အော်စီနဲ.အနွေးထည်အကြောင်းမေးတာ ပြန်ဖြေပေးတဲ. ဦးခြိမ်.နဲ. တီဆွိကို အရမ်း ကျေးဇူးတင်တယ်နော်။
    မွန်မွန်ယိုကို(MMCP)
    ReplyDelete
  34. အိုင်အိုရာစဖတ်လိုက်တာအပိုင်း၃။ ပျော်စရာအပိုင်းလေးကိုစဖတ်လိုက်ပေမဲ့ရှေ့ ပိုင်းမှာဘာတွေဖြစ်နေခဲ့တယ်ဆိုတာမကောက်မိဘူး။ ရေးတေးတေးဖြစ်နေတယ်။ ဒါပေမဲ့စိတ်တွေလှုပ်ရှားပြီးဖတ်။ဆုံးတော့၂ ကိုဖတ်။ စိတ်တွေလှုပ်ရှား။ နောက်ဆုံးမှ ၁ ကိုဖတ်ပြီး ဇာတ်ရည်လည်းလည် ၀မ်းသာပီတိတွေဖြစ်။ အစစအရာရာ ဆထက်တံပိုးတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းရင်း...
    ချစ်ခင်မှုအပြည့်ဖြင့်..
    အိုင်အိုရာ
    ReplyDelete
  35. Congratulations...All the best to you!
    Hnin Hnin
    ReplyDelete
  36. အမလေး တော်ပါသေးရဲ့။
    ခုမှ ၃ ပိုင်းလုံး စုဖတ်မိတာ။ နောက် ဘာဖြစ်သလဲ သိချင်နေလို့ ရှေ့က အလွမ်းဇာတ်တွေတော့ နည်းနည်း လျှမ်းဖတ်လိုက်မိတယ်။
    ReplyDelete
  37. Wow,
    Lucky Sweet...Congrats!...I couldn't believe that I'd read long...long...story from long missing Ma Sweet..
    ReplyDelete
  38. Congratulation TTSweet. Wish you all the best.:))).
    ReplyDelete
  39. အစအဆုံး စိတ်မောလူမောနဲ့ ဖတ်မိတာ .. အကုန်အဆင်ပြောတော့ ခေါင်းတွေတောင်ကိုက်ကျန်တယ် တီဆွိဘယ်လောက် စိတ်ပင်ပန်းလိုက်မလည်းလို့  ကိုယ်ချင်းစာမိပါတယ်ဗျို့ 
    ReplyDelete
  40. အစ်မဆွိတီရေ .. အပိုင်း ၁ ကတည်းက ရင်တမမနဲ့ဖတ်လိုက်ရတာ။ ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ အခုလို ကိုယ်တွေ့အဖြစ်အပျက်လေးတွေကို ရေးပြပေးတော့ သဇင်တို့လို အငယ်တွေအတွက် အစ်မတို့တွေက ဦးဆောင်လမ်းပြလိုဖြစ်နေပါပြီ။
    အခုလိုမျှဝေတာ ကျေးဇူးတင်ပါတယ်နော်။
    ReplyDelete
  41. anty sweet, i so excited to read your post. good luck for the job
    ReplyDelete
  42. ဗုံဘဝ ဆိုပေမယ့် တီဆွိတို့ အတီးမခံရပါဘူး။
    အဆင်ပြေမှာပါ အမ။ အလုပ်လုပ်လက်စ လေဒီတွေက အိမ်ထဲမှာ ကြာကြာ မနေနိုင်ကြဘူး။
    ReplyDelete
  43. တီဆွိရေ
    အပိုင်း ၃ ဖတ်ပြီးမှပဲ ဖူးခနဲ သက်ပြင်းချပြီး အလုံးကျသွားတော.တယ်။
    တော်သေးတာပေါ.။ အားလုံးအဆင်ပြေသွားလို.။
    Good Luck with your new job sis!
    ReplyDelete
  44. အပိုင်း ၃ ပိုင်းစလုံး အစမှ အဆုံး ၃ ခေါက်စီ ဖတ်ပြီး...
    ကိုယ်ပြောချင်သော စကားများအားလုံး သူများတွေ ပြောသွားကြပြီး...
    So.. I just wish you all the best for you, your family & your new job...!!
    ReplyDelete
  45. အန်တီသက်ဝေ သူငယ်ချင်း ရောက်မလာလို့ ... များကို စိတ်များကောက်နေတာလားလို့။ ဟိုတစ်ခါ ဗီအိုအေ အင်တာဗျူးကိစ္စ ...များကြောတာကို တလွဲထင်သွားတယ်မှတ်တာ။ တော်သေးတယ်။ တို့သူငယ်ချင်းတွေက ကြီးလာတော့ အားလုံးရင့်ကျက်ကုန်ကြပါပြီ၊ ဒီလောက်လေးနဲ့တော့ စိတ်မကောက်လောက်ပါဘူးလို့၊
    ဟိုးအပေါ်က ကြီးတော် စုချစ်သူ လဲ ကျေးဇူးနော်။
    တူနယ်ချင်းတို့ဆီလဲ မရောက်တာကြာပြီ။ ကိုယ့်အပူနဲ့ ကိုယ်ဖြစ်နေလို့။ နဲနဲ အနေကျသွားရင် လာလည်ဦးမယ်။
    အန်တီဆွိကို လာအားပေးကြတာ ပိတ်တတ်တွေ ဒီလောက်အများကြီးရှိလိမ့်မယ်လို့ ထင်တောင် မထင်ထားပါဘူးဂျာ။ အနောနိမတ်စ်တွေ နာမည်လေးတွေ ရေးခဲ့ပါဆိုတော့ ရေးထားကြတာ နာမည်တွေကလဲ စုံနေတာပဲ။ အားလုံးကို အန်တီဆွိ မှတ်ထားပါတယ်။ ကွန့်မန့်တိုင်းကို သေချာဖတ်ပြီး အားလုံးကို အလေးထားပါတယ်။ ဟို လာနေကျ စုစု နဲ့ zzz တို့တော့ပျောက်နေတယ်။ တွေ့ရင်မေးတယ်ပြောပါနော်း)))
    ReplyDelete
  46. မဆွိရဲ့ ပိုစ်အသစ်လေးတွေနဲ့ အတူ မဆွိ အလုပ်အသစ်ရတဲ့ အတွက် ဝမ်းသာမိပါတယ်...အလုပ်သစ်မှာလည်း အားလုံးအဆင်ပြေပါစေ...
    ReplyDelete
  47. ama yae..
    စုစု လား ဆုဆု လား အမ။ ဆုက blog ၂ မှာ ရှည် လား စွာ နဲ့ လူ ပြိန်း တွေး တွေးပြီး အားပေးထား တယ်။
    ဆုဆု or (Tsu)
    ReplyDelete
  48. ဆုဆု (Tsu Tsu) ကို တီဆွိကောင်းကောင်းမှတ်မိတယ်။ စုစုက မစု ။ တီဆွိတို့နဲ့ ရွယ်တူလို့ ပြောတယ်။ ခါတိုင်းဆို အမြဲလာတာ ခု မတွေ့လို့။
    ReplyDelete
  49. GOOD LUCK:))
    taE taE
    ReplyDelete
  50. 2:54 PM (16 hours ago)
    သက်ဝေ has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀...
    သက်ဝေ thetwai.blog@gmail.com via blogger.bounces.google.com
    1:12 AM (5 hours ago)
    to me
    သက်ဝေ has left a new comment on your post "အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပို...":
    ဘုရားရေ... စိတ်ကောက်စရာလား ဒွတ်ခပါပဲ... တောင်တောင်အီအီတွေ မတွေးစေကုန်...
    ဒီပိုစ့်ကို အခေါက်ခေါက်ဖတ်ပါတယ်... ဘာပြောရမှန်းမသိလို့မဟုတ်ပဲ ပြောချင်တာတွေက တရှည်တလျားဖြစ်နေလို့ ရုတ်တရက် ကော်မန့် မရေးဖြစ်တာ... ရေးမယ်ဆိုပြီးလည်း ကြည့်လိုက်ရော ရှေ့ကဘော်ဒါတွေ ရေးသွားကြတာ လိုတာထက် ပိုပြီး စုံလင်နေတာမို့ ဆုတောင်းလေးပဲ ရေးသွားတာ... သတိကတော့ အမြဲရနေပါတယ်... ညနေက ရုံးအဆင်းမှာ ၃၅၀ နားမှာ ညစာ ဝင်စားရင်းနဲ့တောင် မော့ကြည့်နေမိသေးတယ်...း(
    သူငယ်ချင်းရေ... ပတ်ဝန်းကျင်က လူတွေတိုင်းမှာ သူ့အပူတွေနဲ့သူပဲ... တချိန်မဟုတ် တချိန်မှာ တခု မဟုတ် တခုတော့ ပူပင်သောက ဖြစ်စရာတွေနဲ့ ကြုံကြရစမြဲပါ။ ဘာမှ စိတ်မညစ်ပါနဲ့... ဖြစ်လာသမျှကို စိတ်အေးအေးထားပြီး ရှင်းသွားလိုက်... အချိန်တန်ရင် ပြီးသွားကြမှာပဲ...
    နောက်တခုက ZZZ က နာမည်ပြောင်းထားတယ်... အပိုင်း ၂ မှာ ရေးသွားတယ်လေ... ဒီမှာ...
    ဖိုးတုတ် June 24, 2012 8:04 PM
    မဆွိရေ စိတ်ဓါတ်မကျပါနဲ.၊ ကိုယ်က ပိုက်ဆံအရမ်းလိုနေတဲ့အခြေအနေမဟုတ်ရင် ရေရှည်လုပ်မဲ့ အလုပ်ကောင်းကောင်းကို အချိန်ယူပြီးရှာပါ၊ ပျင်းရင် ပို.စ်တွေရေးပေါ့၊ အစဉ်အမြဲအားပေးနေမှာပါ၊ အလုပ်အကိုင်အသစ်အဆင်ပြေပါစေ၊ ပရိုဖိုင်းအမည်ကြည့်ပြီးလူသစ်လို.ထင်ရင် ပရိုဖိုင်းဓါတ်ပုံကိုကြည့်ရင် မဆွိရဲ့ အမာခံပရိတ်သတ်ဆိုတာ သိသွားပါလိမ့်မယ်... တဲ့...း)))
    ကိုဇက်ရေ... ကူပြောပေးသွားတယ်... ကော်ဖီတိုက်ပါ... :D :D :D
    ReplyDelete
    Replies
    1. ကျေးဇူးပဲ တူနယ်ချင်းရေ။ ဖေ့စ်ဘွတ်မှာလဲ အဲလိုပဲ အွန်လိုင်းက သူငယ်ချင်းတစ်ယောက် မက်စ်ဆေ့ခ်ျ ပို့ထားတာ မပြန်လို့ စိတ်ဆိုးတာလားအောက်မေ့နေတာ။ အမှန်က သူပြန်ထားတာ ကိုယ်က မမြင်တာ။ စိတ်တွေက ပြာနေတော့ အမြင်တွေကလဲ သိပ်မကြည်လင်တာလားမသိပါဘူး။ ဟိုကလဲ ပြောတယ် ။ စိတ်ကောက်စရာလားတဲ့။ အဲလိုတွေ။
      ကိုဇက်က ဖိုးတုတ်ဖြစ်တွားတာလား။ ဟားဟား။ ရွှေတစ်လုံးပဲ လွဲသွားတာဆိုတော့ များက ဘယ်မှတ်မိပါ့မလဲ ...း))
      Delete
  51. ဟားဟား ရယ်ရတယ် ....
    မသက်ဝေကြီးက ပရိုဖိုင်းပုံကို မဆွိရဲ့ ပို.စ်တစ်ခုမှာ သားရှင်တွေ ချွေးမလောင်းလုရင်းနဲ. မှတ်မိသွားပုံရတယ်၊ ကော်ဖီတင်မက ပင်နစူလာမှာ ကြိုက်တာစား ကျွေးပါ့မယ်၊
    ဟိုတလောက မမကွန်းကတောင်ပြောသေးတယ်၊ မင်းနာမည်ကြီးကလဲ ဘာနာမည်ကြီးလဲတဲ့ ၊
    မဆွိ အလုပ်အကိုင် အဆင်ပြေပါစေ ...
    ReplyDelete
  52. တီဆွိရေ မအားတာနဲ့ခုမှအစဆုံးလာဖတ်ရတယ်. အလုပ်သစ်မှာပျော်ရွှင်ပါစေ.
    မေလေး
    ReplyDelete
  53. အလုပ်သစ်မှာအဆင်ပြေပါစေ ..Tsweet
    Nwe Ni
    ReplyDelete
  54. တီဆွိရေ ကိုယ်ပြောချင်တာတွေ အားလုံး ရှေ့မှာ ပြောပြီးကုန်ပြီ၊
    အစမှာ ရင်တမမနဲ့ အဆုံးမှာ ပြုံးသွားကြောင်းပဲ ထပ်ဖြည့်ပါရစေနော်၊
    အလုပ်သစ်မှာ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။
    ပုတီးလေးတွေက သပ်သပ်ရပ်ရပ်နဲ့ လှသားပဲ၊ ဖြစ်နိုင်ရင် အချိန်ရတဲ့အခါ အဲ့ဒီ အလုပ်လေးလဲ တဘက်က ကြိုးစားကြည့်စေချင်တယ်။ အရင်းအနှီးလဲ သိပ်များမယ် မထင်ဘူး။ နဲနဲချင်းပေါ့၊
    ဆွိလုပ်ရင် ဖြစ်နိုင်မယ်လို့ ထင်တယ်။
    ပိုစ့်အသစ်တွေလဲ ဒို့က ဖတ်ချင်သေးတယ်။
    အင်းးးးးးးးးးးးးးးးးးးး တောင်းဆိုတာတွေသိပ်များရင်တော့ မကောင်းဘူးပေါ့နော် ))
    မမိုး
    ReplyDelete
  55. ခင်မင်ရပါသောအန်တီဆွိ....အော်ဇီကနေအပြန်ဝယ်ယူသင့်တဲ့လက်ဆောင်များကိုသိချင်ပါတယ်။
    အလုပ်ထဲကအင်ဂျင်နီယာ။မန်နေဂျာ နဲ့သူငယ်ချင်းတွေအတွက်ရောကိုယ့်ရဲ့bossတွေအတွက်ပါ
    သင့်တော်ရာပေါ့နော်။ဘာဝယ်ရမှန်းမသိဖြစ်နေလို့ပါ။အကြံပေးပါအုံးအန်တီရေ။
    ReplyDelete
    Replies
    1. အန်တီဆွိတို့ ဟိုးတစ်ခေါက်လာတုံးကတော့ ဒီကနေ Nougat အထုတ်တွေ ၀ယ်သွားတယ်။
      Golden Boronia တံဆိပ်ကတော့ နာမည်ကြီးပဲ။
      အဲဒါစားလို့ အရမ်းကောင်းတယ်။စလုံးမှာ အင်မတန်ရှားတယ်။ ဆစ်ဒ်နီမှာ စူပါမားကတ်တွေ တရုပ်ကုန်စုံဆိုင်တွေ၊ မုန့်မျိုးစုံရောင်းတဲ့ ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ ဈေးက Original Crunchy Nougat ဆို တစ်ကေဂျီကို အော်ဇီဒေါ်လာ ၃၀လောက်ရှိတယ်။ original crunchy က အကောင်းဆုံးပဲ။
      အောက်က လင့်ခ်လေးတွေ ကော်ပီ- ပေ့စ်လုပ်ပြီး ကြည့်လိုက်ပါနော်။
      http://www.somethingaussie.com.au/products/?productId=63
      http://golden-boronia.com/products/
      နောက်ပြီး ဒီမှာ ၀ိုင်ပေါတော့ ၀ိုင်ပုလင်းတွေလဲ လက်ဆောင်ပေးတယ်။ ၀ိုင်ပုလင်းထည့်ဖို့ အိပ်လှလှလေးတွေပါ တစ်ခါထဲ ၀ယ်သွားတော့ ပေးရတာ မျက်နှာပန်းလှတာပေါ့နော်။ နောက် souvenir shop ကနေ သားပိုက်ကောင်အရုပ်ပါတဲ့ ပစ္စည်းလေးတွေ ပိုက်ဆံအိပ်တို့၊ ကီးချိန်းတို့ koala မွှေးပွ အရုပ်ကလေးတွေ အစုံပါပဲ။ ကိုယ်စိတ်ကြိုက်ရာ ၀ယ်လို့ရပါတယ်။
      http://www.souvenirsaustralia.com/webcontent8.htm
      Delete
    2. tks very much aunty sweet.
      Delete
  56. အချိန်တွေဖြုန်းနေတဲ့ သူတစ်ယောက်အနေနဲ့ တီတီဆွိ စာက အမှန်တကယ်ကို အကျိုးရှိပါတယ်။
    1/2/3 တစ်ပြိုင်ထဲဖတ်ပြီး ခံစားချက်မျိုးစုံ ရသွားတယ် တီဆွိ။
    အားလုံး အဆင်ပြေချောမွေ့သွားလို့ ဝမ်းသာပါတယ်။
    ReplyDelete
  57. Good luck. i have an experience like yours before.
    ReplyDelete
  58. အမြဲအားပေးတဲ့ပိတ်သတ်ပါ။
    အတွေ့အကြုံတွေ ရေးပေးတာအများကြီးကျေးဇူးတင်ပါတယ်။
    စဉ်းစားစရာတွေလဲအများကြီးရလိုက်ပါတယ်။
    အလုပ်အသစ်မှာအဆင်ပြေပါစေဗျား.
    စင်္ကာပူမှ အော်ဇီသွားရန်အားယူနေသူ
    ReplyDelete
  59. အလုပ်သစ်မှာ အဆင်ပြေပါစေ..ပို့ စ်အသစ်တွေလည်း မျှော်နေပါတယ်..ူ
    ReplyDelete
  60. Tsweet,
    Wish you all the best.
    Htwe
    ReplyDelete
  61. ချစ်ုမJuly 16, 2012 at 3:35 AM
    အစ်မဆွိရေ
    ချစ်ု ပိုစ့် ၃ ခုလုံးဖတ်သွားတယ်နော်.. စိတ်တထင့်ထင်နဲ့ ရင်ခုန်ရင်းဖတ်သွားတယ်။ နောက်ဆုံးတော့ ဥခြိမ့်လဲ အလုပ်ပြန်ရ၊ အစ်မဆွိလဲ အလုပ်ရတယ်ဆိုတော့ ၀မ်းသာပီတိဖြစ်မိပါတယ်။ ခုလို အတွေ့အကြုံလေးတွေဖတ်ခွင့်ရအောင် စိတ်ရှည်ရှည်ရေးပေးတဲ့ အစ်မကိုလဲ ကျေးဇူးပါ။ အလုပ်အသစ်မှာ အဆင်ပြေပါစေ။ ဘ၀မှာ အတက် အကျဆိုတာ မထင်မှတ်ပဲ ကျရောက်လာတတ်တာမို့ စိတ်ဓါတ်တွေမကျပါနဲ့လို့။ အစ်မ နှင့် အစ်ကို ၂ယောက်လုံး အတွက် ဆုတောင်းပေးနေပါတယ်။
    ချစ်ု
    ReplyDelete
  62. ကျေးဇူး ချစ်စုရေ။ အစ်မလဲ အဲဒါတွေ repeat မပြောချင်တာနဲ့ ဖတ်ခိုင်းလိုက်တာ။ ရှည်နေတော့ အားတောင်နာတယ်၊။ ကိုယ်တိုင်တောင် အလုပ်ရှုပ်နေကြတဲ့ သူတွေဆိုတော့လေ။ Thanks again, Keep in touch Sis.
    ReplyDelete
  63. TT ဆွီ ရဲ့စာတွေ ဖတ်ရတာ ကောင်းတယ်
    ကျနေတာတွေ တက်လာတယ်(စိတ်ဓါတ်)
    မီးငယ်က အခုစင်္ကာပူရောက်နေတာ
    အမျိုးသားနောက် လိုက်လာတာပါ
    အလုပ်ကတော့ မရသေးပါဘူး
    Visa ရှေ့လ ၂၀ဆို ပြည့်ပြီ
    ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး
    Internet ကို မွှေနှောက်ရင်းနဲ့ TTဆွီရဲ့ စာတွေဖတ်ပြီး စိတ်ကို အစာကျွေးနေပါတယ်
    TT ဆွီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
    မီးငယ်
    ReplyDelete
  64. စင်ကာပူထက်တောင် အလုပ်ရဖို့ခက်နေသလိုပဲ။
    အဆ်ငပြေသွားလို့တော်ပါသေးရဲ့
    ReplyDelete
  65. အမှန်ပဲ။ ကိုယ်တွေအတွက်တော့ စင်္ကာပူထက် အဆမတန် ခက်ခဲပါတယ်။ တစ်ချို့ကံကောင်းတဲ့ သူတွေကျတော့လဲ တစ်လ-၂လလောက်နဲ့ အလုပ်ရသူတွေလဲ ရှိပါတယ်။ ဒီမှာ စိတ်ထဲကနေ စင်္ကာပူကို ပြန်ပြန်ပြေးနေတာ အခါပေါင်း မရေနိုင်တော့ဘူး။း)
    ReplyDelete
  66. တီဆွိ...
    အခုမှပဲ အသက်ပြန်ရူနိုင်တော့တယ်။
    မောင်ကိုသက်
    ReplyDelete