Monday, January 20, 2014

Chinese Wok

ဟိုနေ့က ဆတ်ဆော့ပြီး Chinese wok တစ်လုံးဝယ်လာတယ်။ တရုတ်ဆိုင်မှာ ကြာဆံကြော်တို့ ထမင်းကြော်တို့ ကြော်ရင် သံဇွန်းကြီးနဲ့ တဂွက်ဂွက်ခေါက်ပြီး မီးတွေတောက်အောင် ကြော်တဲ့ သံဒယ်အိုးပေါ့ဗျာ။

အိမ်မှာလဲ စင်္ကာပူက အစာတွေ ငတ်တိုင်း၊ ဗမာပြည်က ဟင်းတွေ ငတ်တိုင်း ကြော်စား၊ ချက်စားနေကျဆိုတော့ တရုတ်ဆိုင်တွေလို ဒယ်အိုးကပ်နံ့ သင်းသင်းလေးနဲ့ ကြာဆံကြော်တို့၊ ထမင်းကြော်တို့ ကြော်စားချင်တာ။ လက်တည့် စမ်းချင်တာ အဓိကပေါ့။

ဒါနဲ့ အဲလိုဒယ်အိုးတွေက စစချင်း ဆီ၀ပြီးကြော်လို့ကောင်းအောင် seasoning ဆိုတာလုပ်ရတယ်ဆိုတာ ကြားဖူးတော့ ဂူဂဲထဲရှာဖတ်ပြီး သူတို့ပြောသလို ဒယ်အိုး ဆပ်ပြာရည်နဲ့ဆေး၊ အဝတ်နဲ့သုတ်၊ ဆီသုတ်ပြီး မီးပြင်းပြင်းနဲ့ တည်ဆို လုပ်နေတုံးရှိသေး ဦးခြိမ့်က ဒယ်အိုးနဲ့ ပါလာတဲ့ အညွှန်းကို ပြပါလေရော။ အဲဒီကျ ကြည့်လိုက်တော့ သူက ပိုလို့တောင် ရှုပ်သေး။ Repeat လုပ်ရတဲ့ အဆင့် ပါ ထည့်တွက်ရင် အဆင့် က ၁၇ဆင့်လောက်ဖြစ်နေပြီ။ အပေါ်က ဆားနဲ့ လုပ်တဲ့ အဆင့်တွေက ပြန်လုပ်လို့ မရတော့ အဲဒါတွေ ကျော်ပြီး ဆီသုတ်ပြီး ၁၀မိနစ်စီ မီးပြင်းတိုက်တဲ့ အဆင့်ပဲ ဆက်လုပ်ရတော့တယ်။

အိမ်ထဲ မီးခိုးတွေ ရိုက်မှာစိုးလို့ အပြင်က barbecue burner မှာ သွားပြီး ဆီသုတ်လိုက် ကင်လိုက် ဒယ်အိုးအပူကြီးက အမဲအမှုန်တွေ သုတ်လိုက်နဲ့ ၃ခါလောက်ဆိုတော့ လူတွေလဲ တော်တော်မောနေပြီ။ ဟမ်မလေး ဒယ်အိုးလေး သုံးရပါမဲ့ အရေး ဒီလောက် အပင်ပမ်းခံရလား ဆို ငြီးတွားနေကြပြီ။

အားလုံး အဆင့်တွေပြီးတော့ လူက မနေနိူင် စမ်းသပ်ကြည့်ချင်တာနဲ့ မနက်စာ ထမင်လေး ထကြော်တယ်။ ဆိုးတော့ မဆိုးဘူးပေါ့။ non sticker လိုပဲ မကပ်ဘူးပေါ့။ ပြီးတော့ တရုတ်တွေ ကြော်တဲ့ ဇွန်းကြီး တဂွက်ဂွက်နဲ့ မာန်ပါပါနဲ့ ကြော်နေတာ။ ထမင်းကြော်လေး မွှစိနှောက်ကို။ မဆိုးပါဘူး။ ပုံမှန်ကြော်တာထက် တရုတ်ဆိုင်ကြော်နဲ့ တော်တော်တူတယ်ဆို တွေးပြီးကျေနပ်နေတာ။

ထမင်းကြော်စားပြီးသကာလ ... မည်သို့မည်ပုံ ဆေးကြောရမည်လဲဆိုတာ မသိလို့ အညွှန်း ပြေးဖတ်ကာမှ ဒေါ်ဆွိတီတစ်ယောက် ပုံလဲကျမတတ် ဖြစ်သွားရတယ်။

ဒယ်အိုးကို ဆပ်ပြာရည်နဲ့ အသာဆေးပြီး အပေါ်က လုပ်ခဲ့ တဲ့ (မီးကင်တဲ့) အဆင့် ၃ဆင့်ကို repeat ပြန်လုပ်ပြီးမှ သိမ်းပါတဲ့ခင်ဗျား။
ဂစ် ... ဂစ် ...

14 comments:

  1. A hay hay hay.........tt sweet Yae :)

    ReplyDelete
    Replies
    1. ဝေ ... ခေါ်လားဟင် ... အားပေးမဲ့သူနည်းနေလို့ ပိတ်သတ်တွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ မရေးတာကြာလို့။

      Delete
  2. တီဆွိရေ.. အိမ်မှာလည်း ၀ယ်သုံးတယ်.. အလုပ်တော့ ရှုပ်တယ်။ ဒါမဲ့..ကျမတော့ ရိုး၂ ဆေးကြာပြီး ဆီလေး နည်းနည်းပွတ် သိမ်းထားလိုက်တာပါပဲ။ နောက်မို့ဆို သံချေးတက်တယ်

    ReplyDelete
  3. Arr pay par tal TTsweet yal...:)

    ReplyDelete
  4. ရေးသာရေးပါဗျို့..ပိတ်သတ်ကြီးရှိတယ်၊ ကျွန်တော်ဆို ၀က်ကုန်းဘောင်ကို ၂ပတ်တစ်ခေါက်လောက်လာလာကြည့်တယ်၊ ကြော်တိုင်းလဲကြည့်တယ်ခုထိမမှတ်မိသေးဘူးဟီး..

    ReplyDelete
  5. တီဆွိရေ.....ခေါက်ဆွဲကြော်တပွဲ။ ၀က်ဆီများများနဲ့...။ အမာခံ ပိတ်သတ်ကြီးပါ။

    ReplyDelete
  6. ရေးပါနော် အမြဲ လာလာဖတ်ပါတယ် ညီမလေးရေ

    ReplyDelete
  7. သူငယ်ချင်း မိုက်မှမိုက်... ဒီမှာတော့ ဒယ်အိုးကို အုန်းတံမြက်စည်းလိုမျိုး တံမြက်စည်းအတိုလေးနဲ့ ဆေးတာ တွေ့ ဖူးတယ်

    ReplyDelete
  8. ကျမလည်းသုံးတယ်
    ရူပ်လို့ ရိုးရိုးဘဲဆေးတယ်
    သံချေးတက်တာ
    ဘယ်လိုမှမတတ်နိုင်တာနဲ့ 
    ဝဲနင်းကီးလုပ်လိုက်ရတယ်..
    :)))

    ReplyDelete
  9. Oww...don't worry... I always check for new uploads almost everyday. I also wish that u can post everyday.

    ReplyDelete
  10. မမစာရေးတိုင်း ပျော်ရွှင်ရလို့ အမြဲလာဖတ်တယ်နော်။ :)

    ReplyDelete
  11. တီတီဆွိ - ဂစ်...ဂစ်..
    ပရိသတ် - ခစ်...ခစ်
    ပို့ စ်အသစ်တွေ မတင်ပေမဲ့လည်း ဘာချက်ရင်ကောင်းမလဲ စဉ်းစား..တီတီဆွိပို့ စ်တွေ မွှေနောက်ဖတ်..

    ReplyDelete
  12. မေ၇းတာ ကြာ..ပါပေါ့..

    ReplyDelete
  13. တီတီဆွိရေ....သူများလဲ ရှူပ်လို့ ရေနဲ့ ပဲဆေးတာ နောက်တော့သံချေးတွေတက်လို့ လွတ် ပြစ်လိုက်တာကြာပေါ့ကွယ်.....ဘာမှအားမငယ်နဲ့ နော်......ဟဲဟဲ အားပေးတာလေ။

    ReplyDelete