Tuesday, April 19, 2022

ရွှေရင်အေး လုပ်နည်း

 





နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာ ကိုယ်ဝါသနာပါတဲ့ မုန့်လုပ်နည်းလေး ရှယ်လိုက်ပါဦးမယ်။

ရွှေရင်အေး လုပ်နည်းထဲကနေ အဓိက မုန့်လက်ဆောင်းဖတ် (cendol) လုပ်နည်း ကို ရှယ်ပေးချင်တာပါ။ 

အရင်က ထုံးရည်ကြည် နဲ့လုပ်တာ ၊ ခု ထုံးရည်ကြည် ကုန်သွားလို့ သူမပါပဲ လုပ်လဲ ကောင်းကောင်းဖြစ်ပါတယ်။





မုန့်လက်ဆောင်းဖတ်

လူ အယောက် ၂၀ စာခန့် မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေက

ယိုးဒယား ဆန်မှုန့် - ဆန်ချင်ခွက် ၃ခွက်

မတ်ပဲမှုန့် (Mung Bean starch) - ဆန်ချင်ခွက် တစ်ဝက်

ပလောပီနံမှုန့်  (tapioca starch) - ဆန်ချင်ခွက် တစ်ဝက်

ဆွမ်းမွှေးရွက် အနံ့ ( Pandan paste) - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ရေ - ၁၀ ခွက်ခန့်

(ရေက လိုရင် ထပ်ထည့်ရအောင် ရေ‌နွေးလေးပွက်ပွက်ဆူ အဆင်သင့်တည်ပေးထားပါ။)

အချိုးက ဆန် ၃ချိုး ၊ (မတ်ပဲမှုန့် + ပလောပီနံမှုန့်)တစ်ချိုးပါ။

အမှုန့် တစ်ဆကို ရေ ၃ဆပါ။ ‌

စုစုပေါင်း အမှုန့်က ၄ခွက်ဆိုတော့ ရေက ၁၂ ခွက်ပါ။

ပထမဆုံးရေ ၁၀ ခွက်သာ အရင်ထည့် ကျိုပါ။

ရေမတော်လို့ များသွားရင် ပျော့ သွားတတ်ပါတယ်။

ရေနည်းနေရင် မွှေနေရင်းနဲ့ ရေနွေးပူ ထပ်ထည့်လို့ရပါတယ်။

ရေကို နောက်လိုရင် ထပ်ထည့်ရအောင် ရေနွေးဆူအောင်တည်ထားပါ။

Cendol maker or potato riser

Pandan essence

Mung bean starch


...

ပထမဆုံး ရောထားတဲ့အမှုန့်၊ ဆား ၊ Pandan essence နဲ့ ရေတွေကို ကျိုမဲ့အိုးထဲထည့် ပြီး မွှေတံလေးနဲ့ သမသွား

အောင် မွှေပေးပါ။

ပြီးတော့ မီးအနေတော်နဲ့ တည်ပြီး ယောင်းမနဲ့ အဆက်မပြတ် မွှေပေးနေပါ။ 

မုန့်တွေ ခဲပျစ်လာရင် ‌ရေ‌နွေးအနည်းငယ်ထည့် ပြီး အဆက် မပြတ် ထပ်မွှေပေးပါ။

၇မိနစ် ၈မိနစ်လောက်ကြာလို့ မုန့်တွေ ပျစ်ပြီး အရောင်ပြောင်လာရင် Cendol maker နဲ့ ရေခဲထည့်ထားတဲ့ ‌ရေအေးဇလုံထဲကို  ညှစ်ချပါ။ 

မုန့်တွေ ခေါက်ဆွဲလို အရှည်ကြီး မဖြစ်အောင် ဂရုစိုက်ပြီး ညှစ်ချပါ။

ပူနေတုံးမှာ ညှစ်ချရင် ‌အကောင်းဆုံးရပါတယ်။

....

မုန့်လက်ဆောင်းလှလှလေးတွေ ရပါပြီ။ ရေအနည်းငယ်ရောပြီး ရေခဲသေတ္တာထဲ  ဗူးနဲ့ သိမ်းထားပါ၊

 



အုန်းနို့ ကျောက်ကျော

အုန်းနို့ ကျောက်ကျော ကျိုနည်း ၂ထပ် အတိအကျရအောင် လုပ်နည်းက ရေးပြီးသားမှို့ အဲမှာပဲ သွားကြည့်လိုက်ပါနော်။

http://auntysweet.blogspot.com/search/label/%28%E1%81%82-%20%E1%81%88%29%20%E1%80%A1%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC





ကျောက်ကျော ရောင်စုံ

ကျောက်‌ကျောထုပ် တစ်ထုပ် (၄၂ ဂရမ်ခန့်) ကို ရေ ၄လီတာ ၊ သကြား ၃၀၀ ဂရမ်နဲ့ ကျိုပါ။

ကျောက်ကျောတွေ အားလုံးအရည်ပျော် သွားရင် အရောင် ၃မျိုးကို ဗူး၃မျိုးထဲမှာ အအေးခံပါမယ်။

တစ်ခါသုံး ဗူးလေးတွေနဲ့ အဆင်ပြေပါတယ်။

ကျောက်ကျောရည် သုံးပုံတစ်ပုံစီကို ကိုယ်ကြိုက်ရာ အရောင်လေးတွေ ထည့်‌မွှေပြီး ဗူးလေးတွေထဲမှာ အအေးခံထားပါ။ တီဆွိကတော့ အိမ်မှာ ရှိတဲ့ အဝါ၊ အစီမ်း၊ အနီကို သုံးပါတယ်။

ကျောက်ကျော ရောင်စုံလေးတွေ ခဲသွားရင် ကျောက်ကျော ချောင်းလေးတွေရအောင် လှီးထားပါ။



သာကူစေ့

ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပါ။

မီးကို အနေတော် ထား ၊ သာကူစေ့ ဆန်ချင်ခွက် ၂ခွက်ခန့်ကို ထည့်ပြီး မွှေပေးနေပါ။ 

သာကူစေ့တွေ မျက်ဆံပျောက်ပြီဆို ရေ စစ်ပြီး အေးသွားတဲ့ အထိ ရေအေးနဲ့ ဆေးချပါ။

အရောင် အစိမ်း အနီ အစရှိသဖြင့် မိမိ နှစ်သက်သလို အရောင်ဆိုးပြီး ရေရောကာ ရေခဲသေတ္တာထဲ သိမ်းထားပါ။



ကောက်ညှင်းပေါင်း

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ခွက်ခန့်ကို တစ်ညရေစိမ်ပါ။ 

မနက်လင်းရင် ထမင်းပေါင်းအိုးက စကာထဲ ထည့် ပြီး ထမင်းပေါင်းအိုးနဲ့ ၄၅မိနစ်ခန့်ပေါင်းရပါတယ်၊

ပေါင်းနေစဉ် ရေကို အပေါ် ကနေ ၂ခါ ၃ခါခန့် ဖြန်းပေးရပါတယ်၊ ဒါမှ ကောက်ညှင်းက မမာပဲ အိအိလေးရပါတယ်။



အုန်းနို့ရည်

အုန်းနို့ရည် ready made ၆ဗူးခန့် (400 gm x6) ကို ရေ တစ်ဗူးစာခန့် ရော၍ ပွက်ပွက်ဆူအောင်ကျိုပါ။ ဆား

 လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ 

သကြားကို အချို စိတ်ကြိုက် မြည်းပြီး လိုသလောက်ထည့် ရောကျိုပါ။

 ရေခဲထည့်မယ်ဆို သကြားကို ပိုချိုအောင်ထည့်ရပါတယ်။

ပြီးရင် ရေခဲသေတ္တာထဲမှာ အေးနေအောင် အအေးခံထားပါ။





ပွဲပြင်ရန်

အပေါ်် က ပစည်းတွေကို တစ်ခုချင်းစီ ပန်းကန်လုံးထဲ စီထည့်ပြီး အုန်းနို့ရည် အေးအေးချိုချိုလေး အပေါ်် လောင်း

ထည့်လိုက်ရင် ရင်ကိုအေးစေမဲ့ ရွှေရင်အေးရပါပြီ။

(တချို့လဲ ရွှေရင်အေးကို ပေါင်မုန့်ထည့်စားတတ်ကြပါတယ်။ ပေါင်မုန့် အုန်းနို့ဆမ်းလဲ ခေါ်ကြ ပါတယ်၊)





(ပုံအချို့ မရိုက်ထားခဲ့လို့ google ကနေ ယူပါတယ်၊ credit to original uploader)

No comments:

Post a Comment