Dumpling with red chilli oil
ပထမဆုံး dumpling အတွက် တွေ ပြင်ဆင်ပါမယ်။
dumpling အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
Wanton wrapping (square shape) တစ်ထုပ်
ဝက်သား အကြေ ၅၀၀ ဂရမ်
chives တစ်စီး > နှုတ်နှုတ် စင်းထားပါ
ပုဇွန် ၃၀၀ ဂရမ် အသားချည်း >နှုတ်နှုတ် စင်းထားပါ
ပဲငံပြာရည် အကြည်ရည် 4 tea spoon
သကြား 3 tea spoon
ငရုပ်ကောင်း မှုန့် 1/2 tea spoon
5 spice powder 1/2 tea spoon
corn stretch 1 table spoon
ကြက်ဥ တစ်လုံး
ဂျင်း တစ်ပြား >ညက်ညက်ထောင်းထားပါ
ကြက်သွန်ဖြူ ၄ မြွှာ >ညက်ညက်ထောင်းထားပါ
နှမ်းဆီ 1 table spoon
ဆီ 1 table spoon
အထက်ပါ ပစ္စည်းတွေကို အားလုံး ရောသမမွှေ ပေးပါ။
ပြီးရင် dumpling အဖတ် (Wanton wrapping ) နှင့် dumpling လေးတွေ လုပ်ထားပါ။
..
Dumpling ပြုတ်ဖို့ soup အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဝက်ရိုး တစ်ကေဂျီ
ဂျင်း ၃ပြားခန့်
ဆား
ကြက်သွန်မြိတ် အမြစ်ပိုင်း ၄ခုခန့်
ငရုပ်ကောင်း 1/2 tea spoon
အထက်ပါ ပစ္စည်းတွေကို အားလုံး ကို soup အိုးထဲ ထည့်ပြီး ရေ ၄လီတာခန့်ထည့်ကာ တစ်နာရီခန့် ပြုတ်ထားပါ။
..
Chilli oil လုပ်ရန် လိုတဲ့ ပစ္စည်းတွေကတော့
ဆီ 500 ml
ငရုပ်သီး ခြောက် အကြမ်း မှုန့် 3 table spoon
ငရုပ်သီး အရောင်တင်မှုန့် 1 table spoon
Sichuan pepper powder အကြမ်း 1/2 tea spoon
နှမ်း 3 table spoon
ဆီကို ဒယ်အိုးထဲမှာ ပူနေအောင်တည်ပါ။ ဆီ အငွေ့ မထွက်မီ အကြမ်းမှုန့် အရင်ထည့် မွှေပေး၊ နောက်မှ အရောင်တင်မှုန့် ၊ နှမ်း နှင့် Sichuan pepper မှုန့် တို့ကို ထည့်ပါ။ ငရုပ်သီး မီးမတူးမီ ဆီကို စစ်ယူထားပါ။
Sichuan pepper နံ့ သင်းတဲ့ chilli oil ရပါပြီ။
...
ပဲငံပြာရည် sauce အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
ပဲငံပြာရည် အကြည်ရည် 6 table spoon
ဝက်ရိုး ပြုတ်ရည် 8 table spoon
ငါး ငံပြာရည် 1 table spoon
သကြား 3 table spoon
အထက်ပါ ပစ္စည်းတွေကို အားလုံး ကို ရော သမ မွှေ ပေး လိုက်လျှင် ပဲငံပြာရည် sauce ရပါပြီ။
..
vegetable အတွက်
အရွက်ကြိုက်တတ်လျှင် broccoli အရွက် (သို့) bok choi (သို့) မုန်ညင်းဖြူရွက်ကို ရေနွေးဖျောထားပါ။
ကြက်သွန်မြိတ် ပါးပါး လှီးထားပါ။
..
Dumpling ပြုတ်ရန် အတွက်
Soup တစ်ဝက်ကို အရိုးများ ရေစစ်ပြီး အိုးငယ် တစ်လုံးထဲထည့် မီးဖိုပေါ် ပွက်ပွက်ဆူအောင် တည်ပါ။
Dumpling များကို ထည့်ပြုတ်ပြီး ကျက်လျှင် ဆယ်ထားပါ။
ပွဲ ပြင်ရန် အတွက်
ဇလုံ တစ်လုံးထဲကို Dumpling ၁၀ ခုခန့် စီထည့်ပါ။
အရွက်ကိုလည်း ဘေးဖက်မှာ လှအောင် ထည့်ပါ။
အပေါ််် မှ ပဲငံပြာရည် sauce 2 table spoonနှင့် chilli oil 2 table spoon တို့ကို ထည့်ပါ။
ကြက်သွန်မြိတ် လှီးထားတာလေးတွေ အပေါ်က ဖြူးလိုက်လျှင် အလွန် အနံ့ အရသာနှင့် ပြည့်စုံတဲ့ Red Chilli oil Dumpling ကို စားသုံးနှိုင်ပါပြီ။
Soup ကြိုက်ရင် soup ထဲ ကြက်သွန်မြိတ်လေး ဖြူးကာ သောက်နိူင်ပါတယ်။
..
ငရုပ်သီးကြော််််််ကြိုက်က် လျှင် အောက်ပါ တံဆိပ် ငရုပ်သီး ကြော် ကြွပ် ကြွပ် လေး ထည့်စား ပိုကောင်းပါတယ်။
No comments:
Post a Comment