Thursday, January 29, 2026

Superstitious အယူသီးခြင်း (အပိုင်း ၅, ဇာတ် သိမ်း )




မနေ့ညနေကတော့ 3D printer အကြောင်းပြောနေကြရင်း အနားမှာ လူစုံတုံး ကိုယ် သိချင်နေတဲ့ အကြောင်း အရာကို မေးလိုက်တယ်။ အရမ်းသိချင်နေပြီကိုး။
...
"ဒါနဲ့ .. ငါ ထွက်သွားတော့ နောက်ထပ် ငါး တစ်ကောင်ကျန်ခဲ့တာ ... တစ်ယောက်ယောက်များ flip လုပ်မိလိုက်ကြလား .."
...
ဘေး စားပွဲက ဖိလစ်ပင်းကောင်လေးကတော့ ခေါင်း ရမ်း ပြနေတယ်။ သူမသိဘူးဆိုတဲ့ အဓိပ္ပါယ်။ သူလဲ အစောကြီးထဲက ထွက်သွားတာ။
...
ရှေ.ခုံက တစ်ယောက် ကတော့ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ပြုံးနေတယ်။
ပြီးမှ ...
..
"အေး.... ငါ ငါးရိုးကို ဖယ်လိုက်ပါတယ် ... ဘယ်သူမှ ငါးကို flip မလုပ်ကြပါဘူးဟ"
...
ဖြေတဲ့သူက Alex ဆိုတဲ့ ဟောင်ကောင်က တရုတ်လေး။ သူက စကားနဲတယ်။ မမေးရင် တော်ရုံ ဘာမှ ဝင်ပြောလေ့မရှိသူ။ ပြီးတော့ ဆက်ပြောသေးတယ်။
..
"ငါ့အမေက အိမ်မှာလဲ အဲလို ငါးပေါင်းနေကျ။ အဲလိုပဲ ငါး ကို လှန်မစားပဲ ငါးအရိုးဖယ်နေကျ လေ .. ငါလဲ used to ဖြစ်နေပြီ ..."
..
အော် ဟုတ်သားပဲ... ငါက နင်ဟောင်ကောင်က ဆိုတာ မေ့နေတာ...
ဆို ပြောပြီး စိတ်ထဲကနေ တော်သေးဆို သက်ပျင်းတစ်ချက် ခိုးချ ရပါတော့တယ်။
...
" နို့ .. ဒါနဲ့ နေပါဦး အဲဒီ အယူအဆက ဘယ်ကနေ ဘယ်လိုဖြစ်တာလဲ ရှင်းပါဦး ..."
...
"အေး ... ဒါက..ဒီလို ... သင်္ဘော တွေမှာ ငါးတွေဖမ်းလို့ရလို့ ချက်စားကြပြီဆို ငါးကို အဲလို တစ်ဖက် လှန်စားရင် ငါး ကို up side down လုပ်ရတာ မလား"
..
"အေး .. "
...
" အဲလိုဆို သင်္ဘော လဲ up side down ဖြစ်ရောတဲ့။ သ‌င်္ဘော မှောက်တတ်တယ်ပေါ့ ဟာ ... အဲလို အယူရှိတာ .."
...
" အဲဒါကို အစွဲပြုပြီး တို့တွေ ငါးကို လှန်စားမိရင်လဲ အဲလို ကျွမ်းထိုး မှောက်ခုံ ... up side down တွေ၊ ကမောက် ကမတွေ ဖြစ်မယ်လို့ ယူဆကြတာပါ .."
..... .... ....... .... .... .... ... ... ... ...
.... ...
... ...
... ...
ဟင်း ... ))))) .. ငါးကို မလှန်လိုက်မိတာ တောင်နော် ......🥶😱 See less

Superstitious အယူသီးခြင်း (အပိုင်း ၄ )

 



ရောဂါပျောက်သွားတော့လဲ ဇာတ်လမ်း က မပြီး သေး ပြန်ပါဘူး။

ဒီလိုပဲ ကွန်ပြူတာရှေ့ အလုပ်လေး ဆက်လုပ်နေတုံး lab ထဲက CNC machining လုပ်တဲ့ သူက ကိုယ်ခိုင်းထားတဲ့ ပစ္စည်းလေး ပြီးလို့ လာပေးတယ်။ Aluminium part ကို prototype လုပ်ဖို့ machining လုပ်ခိုင်းထားတာပါ။ holiday မတိုင်မီတစ်ပတ် အလို ကတည်းက လုပ်ခိုင်းထားတာ ခုမှပြီးတာ။
..
သူလာပေးမှပဲ ကိုယ်လဲ အဲဒီ part နဲ့ assembly လုပ်ရမဲ့ 3D print လုပ်ဖို့ မေ့နေတာ။ အမှန်ဆို ကိုယ်က သူ့ဆီက ပစ္စည်းရတာနဲ့ assembly လုပ်ဖို့ ရည်ရွယ်ထားတာ။ စိတ်မြန်တဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း မနက်ဖြန်တော့ assembly လုပ်နိူင်အောင်ဆို လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး 3D print အတွက် ပြင်ဆင်ရပါတော့တယ်။ အားလုံးပြင်ဆင်ပြီး software မှာ "print file " ဆိုပြီး လုပ်လိုက်ရော 3D printer က ကွန်ပြူတာနဲ့ အဆက် အသွယ် မရှိပါဘူးဆိုပြီး message ကြီး ပေါ်် လာတယ်။
..
အဲဒီကျမှ စောနက မီးပျက်တုံးက boss က ငါ 3D printer တွေ မီးပြန်လာရင် damage ဖြစ်မှာစိုးလို့ သွားပိတ်လိုက်ဦးမယ် ဆိုပြီး သွားပိတ်တာ သတိရ၊ machine ကို power on ဖို့ lab ထဲသွားရပါတော့တယ်။ တစ်ခုခု ပြသနာဖြစ်မှာ စိုးလို့ ဘေးက boss ကိုခေါ်် ပြီး အတူ ဖွင့်ဖို့ရာ သူက တခြား colleague တစ်ယောက်နဲ့ စကား လက်ဆုံကျနေလို့ မခေါ်ဖြစ်တော့ပါဘူး။
..
Printer နားရောက်တော့ စက်မဖွင့်မီ နောက်မှာ စက်ကို protect လုပ်မဲ့ transformer လို စက်တွေ ဖွင့်ထားရဲ့လား သေချာစစ်၊ မီးလင်းနေတာ သေချာမှာ 3D printer ရဲ့ နောက်နားမှာရှိတဲ့ ခလုပ်လေးကို နှိပ်ဖွင့်လိုက်တာ စက်က ကွန်ပြူတာတွေ ဖွင့်သလို စက်သံမျိုး ကြားရတော့ ok ... စက်က အလုပ်လုပ်သားပဲပေါ့ ဆို တွေးနေတာ။ အတွေးတောင် မဆုံးသေး "ဖောင်း " ဆို အ ထဲက တစ်ခုခု ပေါက်ကွဲသံလိုမျိုး ကြားလိုက်ရပါတယ်။
လူက လန့်သွားပြီး ဘေးက Lab ထဲက technician ကို ဟာ အထဲမှာ တစ်ခုခုတော့ ဖြစ်ပြီ ထင်တယ်။ Electrical short ဖြစ်တာလား မသိဘူးဆိုတော့ သူက အရင်ကလဲ ငါ ဒါမျိုးကြားဖူးပါတယ်။ ဒါ အထဲက air ပိုက် ပေါက်တာ နေမှာပါ။ စိတ်မပူပါနဲ့ဆို စိတ်က အေးသွားတယ်။
..
ဒါပေမဲ့ ရှေ့က screen display က ၂ မိနစ် လောက်ကြာသည်အထိ ဘာမှ မပေါ်လာပဲ black screen ပဲ မြင်နေရတာတော့ သိပ်တော့ မဟုတ်သေး ဘူး ဆို တွေးနေမိတယ်။
၅ မိနစ်လောက်ကြာတော့ လဲ ဘာမှ မထူးတော့၊
ဟေး William ဒါတော့ ပါဝါ က တခုခုဖြစ်တာ နေမှာဆို boss ဆီ အကြောင်းကြား။
boss နဲ့ တခြား ကျွမ်းကျင်တဲ့ တစ်ယောက်က လာကြည့် ပြီး power supply ကျွသွားတာလို့ ကောက်ချက်ချကြတယ်။
..
နောက်နေ့ ကျတော့ 3D printer ကို support လုပ်တဲ့ ကုမ္ပဏီက လာကြည့်၊ပြီးတေ့ သူ့ကုမ္ပဏီပြန်ပြီး power supply လဲပေးဖို့ ပြန်ယူနေတယ်ပြော သံ ကြားလိုက်တယ်။
...
နောက်ဆုံး ဇာတ်သိမ်းသော် ... လာပြင်တဲ့ သူလဲလက်လျှော့သွားပြီး 3D printer ကို write off လုပ်လိုက်ပါတော့တယ်။ ဒီ printer က အရင်ကလဲ အဲလို ပြသနာ ဖြစ်ဖူးလို့ power supply နှစ်ခါလောက် လဲဖူးပြီးသား ပါတဲ့။
ခုတော့ နောက်ထပ် 3D printer အသစ် ဝယ်ဖို့ရာ market မှာ research လုပ်နေရပါတယ်။ budget က အရမ်း မများပါဘူး၊ ဒေါ်လာ တစ်သိန်းခွဲ လောက်ပါ။ industrial သုံး 3D printer ထဲမှာတော့ အလယ် အလတ်လောက်ပဲ ရနိူင်တဲ့ budget ပါ။
...
(စကားချပ် ... ထိုနေ့က အိမ်ပြန်ရောက်တော့လဲ ညနေစာ စားပြီးပြီးချင်း နေ့ခင်းက ဖြစ်သလိုမျိုး ထက်တောင် ပြင်းထန်တဲ့ နာကျင်မှုမျိုးနဲ့ ဗိုက်အောင့်လို့ emergency ခေါ်် ရမလောက် အထိ အခြေအနေဖြစ်ခဲ့တာ၊ ည အိပ်ခါနီးလောက်မှ ဝေဒနာ ပြန်သက်သာသွားတယ်ဆိုတာတော့ ဇာတ်ရှည်နေမှာစိုးလို့ ခုလို အတို ချုံးပြီးရေးလိုက်ပါတယ်။ မဟုတ်ရင် ပိတ်သပ် က ဇာတ်ရှည်လွန်းလို့ သေနတ်ထုတ်တဲ့သူက ထုတ်ကုန်ကြပြီ Thet Wai 😁)
.....
တစ်ရက်တည်းနဲ့ ဒီလောက် ပြဿနာတွေများတာ၊ ပြသနာ တစ်ခု ဖြစ်တိုင်းလဲ boss ကို ဒါတောင် ငါ ငါးကို မလှန်တာနော် ဆို သွားပြော၊ boss ကလဲ ရယ်မြဲ။ နင်မရှိတုံး တစ်ယောက်ယောက် flip လုပ်လိုက်တာနေမယ်ဆို နောက်မြဲ။

superstitious အယူသီးခြင်း (အပိုင်း ၃)

 


စိတ်ထဲမှာတော့ အော် ... ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့ ၊ ငါထွက်သွားပြီး ၊ နောက်ငါးတစ်ကောင်ကို သူတို့ အရိုးမဖယ်ပဲ တစ်ဖက်လှန်စားလိုက်ကြတယ်ထင်တယ်ဆို တွေးနေတာ။
...
ဇာတ်လမ်းက မပြီးသေး...
မီးပြန်မလာခင် ၁၀ မိနစ်လောက်မှာပဲ ကိုယ်လဲ ဟိုဒီလျှောက် လမ်းသလားပြီး လေကပစ်ထားတော့ ရေက ဆာလာပါလေရော။ စားပွဲ ပြန်ပြီး ရေယူတော့ ရေဗူးထဲ ရေက တစ်စက်မှမရှိ။

ခါတိုင်းဆိုရင်တော့ မနက် ရုံးရောက်တာနဲ့ အိတ်ကလေးအသာချ ကွန်ပြူတာလေး ထပ် ကနဲ ဖွင့်ပြီး ထိုင်တောင် မထိုင်ဘူး။ ရေဗူးရယ် ကော်ဖီ ဖျော်တဲ့ မတ်ခွက်လေးရယ်ကိုင်ပြီး pantry ထဲသွား။ နွားနို့ကိုခွက်ထဲ အပြည့်ထည့် မိုက်ခရိုဝေ့ထဲ နွှေး ထားခဲ့ပြီး ရေအိမ်ဝင်၊ ပြန်လာ ကော်ဖီဖျော် ရေဗူးထဲ ရေ အပြည့်ဖြည့်နေကျ။

ဒီနေ့ကျတော့ ခဏနေ steam fish စားမှာပဲဆို ခါတိုင်း လုပ်နေကျ routine တွေ မလုပ်မိတော့ဘူး။

ဒါနဲ့ ရေဗူးလေးယူပြီး pantry ထဲ ရေသွားခပ်တာ ရေအေး ပိုက်ကလဲ မီးပျက်လို့ အလုပ်မလုပ်ရှာဘူး။ လူက ရေဆာနေပြီ။ နောက်တော့ ငါဒီနေ့ နွားနို့ မှ မသောက်ရသေးတာဆို မတ်ခွက်လေး ပြေးယူ နွားနို့ ထည့်ပြီး နွှေးမယ်ကြံတော့ မိုက်ခရိုဝေ့ကလဲ အလုပ်မလုပ် တာနဲ့ (မီးမှ မလာတာ) နွားနို့ ကို ခွက်အပြည့် အစိမ်းအတိုင်း မော့ချလိုက်တာ ရေဆာတော့ တော်တော် ပြေသွားတယ်။

နောက်တော့ မီးပြန်လာတာနဲ့ ကွန်ပြူတာရှေ့ထိုင် အလုပ်လုပ်နေတာ ။
၁၅ မိနစ်လောက်ပဲ ရှိသေး ဗိုက်ထဲကနေ မခံမရပ်နိူင်အောင် ထိုးအောင့် လာပါလေရော။ နောက်တော့ အစာအိမ်နေရာလောက်မှာ လေတွေခိုသလို လေပျို့ချင်သလိုလို အန်ချင်သလိုလို ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ ဗိုက်အောင့် လေထိုး ဝေဒနာကြီးကို ခံစားရတော့တာပါပဲ။ ဗိုက်ခဏခဏ အောင့်ဖူးပါတယ်။ ဒါပေမဲ့ အဲလို ရင်ခေါင်းကနေ လှိမ့်ပြီး လေပူပေါင်းလိုဖြစ်ပြီး တစ်ခါမှ မအောင့်ဖူးတော့ တော်တော်ခံရခက်ပါတယ်။

မခံနိူင်တော့ အိမ်သာထဲသွားထိုင်လိုက်၊ စားပွဲဆီပြန်လာလိုက် ၊ ဆေးခန်းပြေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာဖြစ်တာလဲဆို google ကြည့်တော့ နွားနို့မှာပါတဲ့ lactose intolerance ဖြစ်တာလို့ သဘောပေါက်လိုက်တယ်။ ပြောရရင်တော့ food poison သဘောမျိုးဖြစ်တာ။

နွားနို့ အစိမ်းကို နေ့စဉ်.နှစ်ပေါင်းများစွာ သောက်ခဲ့ဖူးတာ (ကိုယ်က ဝမ်း ချုပ် တတ်သူမို့ တမင် သောက်တာပါ) ဒီနေ့ကျမှ ဘာလို့ ထူးဆန်းစွာ ထ ဖြစ်ရလဲဆိုတာ တွေးနေမိပြီး ဟို ငါးလှန်စားတဲ့ ကိစ္စ ကိုပဲ စိတ်က ရောက်သွားပြန်တယ်။ ဒီနေ့ကျမှ ဒီလို ထူးထူးဆန်းဆန်း တစ်ခါမှ မဖြစ်ဖူးတာတွေ ထ ဖြစ်နေရတာလဲ ??

ဆက် google ကြည့်တော့ ဒီရောဂါက သိပ်စိတ်ပူစရာ မရှိပါဘူး။ နာရီဝက် တစ်နာရီလောက်နေရင် ကောင်းသွားတတ်ပါတယ်ဆို တော့ တကယ်ပဲ တစ်နာရီခွဲလောက် နေတော့ ပြန်ကောင်းသွားပါတယ်။ ရေအိမ်ထဲတော့ ခဏခဏ သွားထိုင်လိုက်ရတယ်။

ရုံးကလူတွေကတော့ ဒီနေ့ Cho Cho တစ် ယောက်တော်တော် ဂဏှာမငြိမ်ဖြစ်တယ် ထင်နေမှာပဲ။ ဘယ်သူ့မှတော့ ပြော မနေပါဘူး။ ဆေးခန်းမှ မသွားလိုက်ရတာဆိုတော့။
ရောဂါပျောက်သွားတော့လဲ ဇတ်လမ်း က မပြီး သေး ပြန်ပါဘူး။

superstitious အယူသီးခြင်း (အပိုင်း ၂)




ဒီလိုနဲ့ အားလုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြ အလုပ်ကိုယ်စီလုပ် နေကြတယ်။


ဒီအချိန်မှာပဲ ... ကိုယ်တွေ သုံးနေတဲ့ ကွန်ပြူတာတွေရော အပေါ််် ကမီးတွေရော ဖျတ် .. ဖျတ် .. ဖျတ် ဆို မျက်တောင်ခတ်သလို ဖြစ်သွားတော့ အားလုံးက ဟာ ... ဆို ကွန်ပြူတာတွေကို save ထားကြဆို တစ်ယောက်က လှမ်းသတိပေးလိုက်တယ်။

ကိုယ်လဲ လုပ်နေတဲ့ အလုပ်ကို အမြန် save လိုက်ရတယ်။ အရင်ကလဲ ဒါမျိုး ဖြစ်ဖူးတော့ မီးပျက်တော့မှာလား မသိဆို ပြောနေတုံး ရုံးတစ်ခုလုံး အမှောင်ကျသွားပါတော့တယ်။ UPS ခံထားတဲ့ ကွန်ပြူတာအချို့ပဲ ဆက် run နေလို့ ကိုယ်တွေ အခန်းထဲတော့ နဲနဲ လင်းနေသေးတယ်။

အရင်ကလဲ မီးပျက်ဖူးတာ ၅ မိနစ်လောက်ကြာရင် ပြန်လာတာပဲ။ ခု ၁၅မိနစ်လောက်ကြာလို့ UPS တွေကလဲ (စက်အဟောင်းတွေမှို့လား မသိ ) အကုန် power off ဖြစ်ကုန်တာတောင် မီးက ပြန်မလာသေး။

ကိုယ်လဲ ဟိုစားပွဲကူးလိုက် ဒီ စားပွဲကူးလိုက်နဲ့ chit chat လုပ်နေတာ။ holiday ပြီးကထဲက သေချာ စကားစမြည် မပြောရ‌သေးတဲ့ သူတချို့နဲ့ holiday အကြောင်းတွေ ပြန်ပြောနေကြတာ။

ခဏနေတော့ အခန်းတစ်ခုရဲ့ ပြတင်းပေါက် ကနေ လမ်းပေါ််် က မီးပွှိုင့်မှာ ကားတွေကို လှမ်းမြင်နေရတာ ကို သွားကြည့်နေကြတယ်။ ကားတွေကလဲ ဖရိုဖရဲ သွားချင်သလို သွားနေကြတော့ မီးက ရုံးတစ်ခုထဲ ပျက်တာ မဟုတ်ပဲ ဒီတစ်ရပ်ကွက်လုံး ပျက်တာပါလားဆိုတာ သဘောပေါက်ကြတယ်။

ဒါနဲ့ google ကြည့်ကြတော့ ကိုယ်တွေနားက ရပ်ကွက် ၄ခုတောင် power outage ဖြစ်တာကို သိရပါတော့တယ်။

အလုပ်မှာလဲ production က back order တွေ အများကြီးရှိနေလို့ အရေးတကြီးလုပ်နေရတာ အလုပ်သမားတွေ အကုန် နားနေတဲ့နေရာကို ထွက်လာပြီး မီးအလာကို ထိုင်စောင့်နေကြရတယ်။

နာရီဝက်လောက်ကြာတော့ safety မန်နေဂျာနဲ့ အဖွဲ့ဝင် ၃-၄ ယောက် ဝတ်စုံအပြည့်နဲ့ ရောက်လာပြီး safety အတွက် အမှောင်ထဲမှာ လျှောက်မသွားကြဖို့ ၊ သတိနဲ့ နေဖို့ တစ်စားပွဲချင််းစီကို လိုက်သတိပေးနေတယ်။

power outage က ‌နေ့လည် ၂နာရီခွဲလောက်မှာမှ ပြန် ပြီး recover ဖြစ်နိူင်ကြောင်း၊ ဒီကြားထဲ အိမ်ပြန်လုပ်ရမယ်ဆို အထက်က ညွှန်ကြားချက်ကိုစောင့်ဖို့ လိုကြောင်း ပြောသွားတယ်။

မနက် ၁၀ နာရီလောက်မှာ စဖြစ်တာဆိုတော့ ဒီတစ်ခါ power outage က အကြာဆုံးပဲ။ ရုံးမှာ တစ်ခါမှ ဒါမျိုး မဖြစ်ဖူးသေးတော့ ကိုယ်လဲ အံ့သြနေတာ။
ဒါနဲ့ ဘေးက ကိုယ့် boss ကို ငါ ငါးကို မလှန်တာတောင် တစ်ခုခု ဖြစ်တယ်နော် ၊ Even though I didn't flip the fish, it is still happening!! ဆို ပြောတော့ boss က ရယ်နေပြီး နင် သွားတော့ တစ်ယောက်ယောက်က flip လုပ်လိုက်တာ နေမှာပေါ့ ဆို နောက်နေသေးတယ်။

တချို့လဲ အိမ်ပြန် အလုပ်လုပ် ချင်လို့ အထက်က အမိန့်ကို စောင့်နေကြတယ်။ software အင်ဂျင်နီယာ တချို့ကတော့ ပြန်ကုန်ကြတယ်။
စောင့်နေကြတုံးမှာပဲ ၁၂ နာရီခွဲလောက်ကျ မီးက ပြန်လာလို့ အားလုံး လုပ်ငန်းခွင် ပြန်ဝင်ကြရပါတော့တယ်။
...
စိတ်ထဲမှာတော့ အော် ... ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့ ၊ ငါထွက်သွားပြီး နောက်ငါးတစ်ကောင်ကို သူတို့ အရိုးမဖယ်ပဲ လှန်စားလိုက်ကြတယ်ထင်တယ်ဆို တွေးနေတာ။
...
...
...
...
ဇာတ်လမ်းက မပြီးသေး...
ဆက်ရန် ..

superstitious အယူသီးခြင်း (အပိုင်း ၁)



အယူသီးခြင်း (အပိုင်း ၁)
ဟိုနေ့က ရုံးက colleague က ငါးမျှားပြီး ရလာတဲ့ ငါးနှစ်ကောင်ပေးလာတော့ အိမ်မှာ မနက်စောစော steam fish လေး ထ လုပ်ပြီး ရုံးကို ယူသွားတယ်။
ကိုဗစ်ကြောက်လို့ မျက်နှာကို mask သေချာတပ်၊ လက်အိပ်ဝတ် အသန့် ရှင်းဆုံး လုပ်ပြီး ရုံးက colleague လေး - ငါးယောက်ကို supper အနေနဲ့ လာစားကြပါဆို pantry ထဲ ခေါ်ကျွေးရတာ။
တရုတ် restaurant တွေမှာ ကျွေးတဲ့ စတိုင်မျိုး soya sauce နဲ့ လုပ်ထားတဲ့ steam fish ပေါ့။ သူတို့တွေ တော်တော်ကြိုက်ကြတယ်။ ထမင်းရော ၊ veggie လေးပါ ပါအောင် မုန်ညင်းရွက်လေးတွေပါ လှီးပြီး ပြုတ်ယူသွားသေးတယ်။ အထူးသဖြင့် ငါးပေါင်းထဲမှာ ထည့်တဲ့ sauce ကို တော်တော်ကောင်းတယ် ပြောကြတယ်။
ထားပါတော့။ အဲဒါ ငါးကို စားကြပြီး အပေါ်က အသားလွှာလဲ ကုန်ရော ကိုယ့် boss က မေးတယ်။ ဒီထဲမှာ ဘယ်သူ superstitious ပါလဲတဲ့ ဆို ငါးကို နောက်တစ်ဖက်လှန်စားဖို့ လုပ်နေတာ။
အားလုံးက ဘာမှ မပြောကြပဲ ကြောင်ကြည့်နေကြတယ်။
ဒီမယ် ကိုယ်က ကမန်းကတမ်းပြေးပြီး mask အမြန်တပ်၊ boss ဆီက tongs ကို အတင်းဆွဲယူပြီး ငါ superstitious ဖြစ်တယ်၊ ငါးကို မလှန်ပါနဲ့ ဆိုပြီး ကျန်တဲ့ ငါးအသား ပေါ်က အရိုးကို ဘေးကို ဆွဲ ဖယ်လိုက်တယ်။ တော်သေးတယ် အလွယ်တကူပဲ ဖယ်လို့ ရလို့။ ပြီးတော့ စားလို့ရပြီဆို ပြောလိုက်တယ်။
ပြီးတော့ boss ကို ရှင်းပြရသေးတယ်။ ငါလဲအရင်က ဒါတွေ သိတောင်မသိဘူးလို့။ ငါ့ယောက်ျားက အိမ်မှာ steam fish လုပ်တိုင်း ငါးကို တစ်ဖက် မလှန်ကောင်းဘူး။ လာဘ် တိတ်တတ်တယ်ဆို ပြောနေကျဆိုတော့ ငါပါ အခုလို superstitious ဖြစ်လာတာဆို ရှင်းပြရတယ်။ (အိမ်က တစ်ယောက်က ယိုးဒယားကနေ အကျင့် ပါလာတာ)
boss က အိန္ဒိယ သားပေမဲ့ သူက ဟောင်ကောင်မှာ ၁၀ နှစ်လောက် နေခဲ့ဖူးတော့ တရုတ်တွေရဲ့ ရိုးရာ ကို သိနေတာ။
ဒါပေမဲ့သူက ဘာကိုမှ အယူမရှိတာ။ ခုပဲငါးကို လှန်မယ် လုပ်နေတာကြည့်လေ။ သူက ဘာသာရေးလဲသိပ် အယူ အဆမရှိ၊ ဟိန္ဒူပေမဲ့ ဘာသားမှမရှောင် အကုန်စားတဲ့သူ ဆိုတော့ superstitious မဖြစ်တာ မထူးဆန်းပါဘူး။
ငါးပေးတဲ့ တစ်ယောက်က Russia က ဒေါက်တာ ဂျဲလ်ကို။ သူကလဲ ငါ ငါးကို အကြိမ်ကြိမ် လှန်ဖူးတယ်။ ဘာမှ ကံဆိုးတာတွေ မဖြစ်ခဲ့ပါဘူး ဆိုပြီး ရယ်မော နေလေရဲ့။
အားလုံးလဲ steam fish စားနေရင်း topic က superstitious ဆီ ရောက်ကုန်တယ်။ ခဏနေတော့ လူတွေ ဒီနား စုနေတယ် ဖြစ်မှာစိုးလို့ သူတို့ကိုထားခဲ့ပြီး အလုပ်စားပွဲမှာ အလုပ်ပြန်လုပ်နေလိုက်တယ်။
လုပ်နေရင်း အတန်ကြာတော့မှ ဟာ ငါးတစ်ကောင် ကျန်သေးတာပဲ ငါးကိုလှန် စား လိုက်ရင် ဒုက္ခပဲ။ ငါသွားပြီး အရိုးဖယ်ပေးလိုက်ရင် ကောင်းမလား တွေးနေမိတယ်။
တွေးနေရင်းနဲ့ Pantry ထဲ အပြေးရောက်သွားတယ်။ ကြည့် လိုက်တော့ ငါးက ကုန်လုပြီ။ ငါး ကိုလှန်လိုက်လား ဘယ်လို စားလိုက်ကြလဲ ကိုယ်လဲမသိ။ မေးရင်လဲ ကိုယ့်ကို သိပ် အယူသီးတယ် ထင်မှာစိုးလို့ မမေးတော့ပါဘူးလို့ ဆုံးဖြတ် လိုက်တယ်။
....…..
ဒီလိုနဲ့ အားလုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြ အလုပ်ကိုယ်စီလုပ် နေကြတယ်။
ဒီအချိန်မှာပဲ........
....
...
.....
....
ဆက်ပါမည်။