အိမ်မှာ သားအဖ၂ယောက်က သတင်းပလင်းစုံသည်။ နိူင်ငံမှာ တစ်ခုခု ဖြစ်ပြီ၊ ကမ္ဘာမှာ တစ်ခုခု ဖြစ်ပြီဆို သူတို့ အရင်သိနှင့်သည်။ TV ကနေ လိုင်းပေါ်ကနေ သတင်း ပလင်း update တွေကြည့်ပြီး သားအဖ နှစ်ယောက် အမြဲ ဆွေးနွေးနေတတ်သည်။
ဥပမာ.. ခုတက်လာတဲ့ ဝန်ကြီးချုပ် အသစ်က တလွဲနော် .. %^&())))(%$$@#%^^&&&&&
ထရန့်က ရှက်လဲ မရှက်ဘူး လျှောက်ပြောနေတာ ...
ဘီလ်ဂိတ်က ရုရှမ တွေနဲ့ ရှုပ်တာ ဝန်ခံလိုက်ပြီ နော် ဘလာ .. ဘလာ..
...
ထိုသတင်းများကို သူတို့ဟာသူတို့ ဆွေးနွေးရုံမက ဘေးက အသာနေသည့် အန်တီဆွိပါ ဆွဲဆွဲထည့်သေးသည်။
အမေ သိပြီးပလား.. &^%$#$*))__*&^%@@$&)(&^%&&***^$#@$^&(( ဘလာ .. ဘလာ
...
...
ဒီမနက်လဲ စောစောစီးစီး အိပ်ရာမှ နိုးနိုးချင်း အဖေလုပ်သူက သတင်းပေးလာသည်။
ဆွိလေးရေ သိပြီးပလား ...
..
ဘာတုံးတော့။
ထရန့်က အီရန်ကို စစ်ကြေငြာလိုက်ပြီ။
သူပြောပုံက ခြောက်ခြောက်ခြားခြား ရှိလှသည်။
ဟိုး ဝထ္ထုတွေထဲမှာဖတ်ဖူးသလို အဘွားတို့ ခေတ်က ဒုတိယကမ္ဘာစစ်ကြီး စဖြစ်တုံးက အခြေ အနေ ပြောပုံမျိုးကြီး။
အို ..ဟုတ်လားတော့ ))))))
အဲဒါဆို ကမ္ဘာစစ်တောင် ဖြစ်တော့မလား မသိဘူးတော်။
..
အေးကွာ.. အခြေအနေက မပြောနိူင်ဘူး ...
..
သူပြောမှပဲ မပြေးသော်လည်း ကံရာရှိ ကမ္ဘာစစ် ဖြစ်ရင် ဘယ်နား ပြေးရမလဲစဉ်းစား။ ဆစ်ဒနီဆိုတာ မြို့ကြီးဆိုတော့ အနုမြူဗုံး လာ ချရင်ဒုက္ခပါပဲတော်။
အန်တီဆွိ ကတော့ ထုံးစံအတိုင်း တဆုံးတွေးချလိုက်သည်။
သြဇီ အလယ်က Alice Spring ဆိုတဲ့ မြို့သေးလေး ဆိုရင်တော့ မဆိုး။
အိမ်စျေးတွေ ဘယ်လောက်ရှိလဲ ကြည့်ဦးမှပါဆို Au ရဲ့ Real Estate ကြော်ငြာ တွေထဲ ဝင်ကြည့်သည်။
ယောက်ျားရေ အိမ်စျေးတွေက သက်သာသားတော့၊ ဆစ်ဒနီ တစ်ဝက်လောက်ပဲရှိတာ ... ဘလာ .. ဘလာ ... လင်မယားနှစ်ယောက် စစ် အကြောင်းကနေ အိမ်အကြောင်း ရောက်သွားကြသည်။
..
..
သို့နှင် မနက် ထမင်းဟင်း ထချက်ပြီး သမီးတော် နိူးလာသည်။
သမီးနိုးပြီလား .. အမေ ဘာတွေ ချက်နေလဲ နှုတ်ဆက်ကြရင်း ဂျူဂျူမှ ရုပ်တရက်ကြီးမေးချလာသည်။
အင်တန်မှ အရေးကြီးသော သတင်းကြီးတစ်ခု သူမထံမှာ ရှိနေသည့် ပုံစံမျိုး ..
..
မေမေ သိပြီးပလား။
..
ဘာတုံးဟက်။
..
ပထမတော့ ဘာပြောမှန်းမသိ ကြောင်နေရာကနေ စောနကပဲ သူ့အဖေက သတင်းကို ဦးအောင် ပြောပြီးပြီဆိုတော့ သတိရလာသည် စစ်သတင်းပဲ ဖြစ်မှာပေါ့..
..
..
..
အော် ဒါလား ... အမေက စစ်ဖြစ်ရင် ပြေးဖို့ နေရာတောင် ရှာပြီးနေပြီ...
Alice Spring မှာ သွားနေမလားလို့ စောနက အိမ်ကြော်ငြာတွေတောင်ကြည့်နေတာ၊
..
ဟာ ... မေကလဲ ... လုပ်ပြီ ...
ဂျူဂျူကား သူ့ အမေကြီး သူမနိူင်ဆိုသော ရုပ်ဖြင့် ထုံးစံအတိုင်း ပြောလေသတည်း။
No comments:
Post a Comment