ဦးစပ်လူ၊ ဦးစပ်ဖခေါ်တဲ့ တရုပ်ကြီး ညီအစ်ကိုဟာ တရုတ်ပြည်မှာ စီးပွားမကောင်းလို့ မြန်မာပြည်မှာ စီးပွားလာရှာကြတယ်။ အဲ့မှာပဲ အညာက ဗမာမတွေနဲ့ အိမ်ထောင်ရက်သားတွေကျပြီး ဗမာပြည်မှာပဲ အခြေချနေ၊ သားသမီးတွေ ပွားစီးပါတယ်။ သားသမီးတွေထဲမှာ ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေခေါ်တဲ့ ညီအစ်မနှစ်ယောက်ကတော့ အတော် အသက်ရှည်တယ်။ ဒေါ် စက်ရွှေကတော့ အပျိုကြီး။ ဒေါ် စက်ဝေကတော့ ဗမာအစစ်နဲ့ အိမ်ထောင်ကျပြီး သားသမီး၎ယောက် ထွန်းကားပါတယ်။ ဒေါ် စက်ဝေရဲ့ သားသမီးတွေထဲက ဦးသိန်းစိန်လို့ ခေါ်တဲ့ သားတစ်ယောက်က တရုတ်သွေး တမတ်ဘိုးလောက်ပါတဲ့ ဒေါ်ရွှေခင်နဲ့ အိမ်ထောင်ကျပြီး သမီးမသန်းစိန် နဲ့ သားမောင်လှစိန် မွေးပါတယ်။
ဒီတော့ မသန်းစိန်မှာ တရုတ်သွေး အဖေဖက်က ဆယ့်ငါးပြားဘိုးလောက် (တကယ်က ၁၂ပြားခွဲဘိုးပါ) အမေဖက်က တမတ်ဘိုး ပေါင်းတော့ ပြားလေးဆယ်ဘိုး။ ဒါပေသိ ပြားလေးဆယ် မသန်းစိန်ဟာ အသားကအတော်ညိုတဲ့ အပြင် မျက်နှာမှာလဲ ကျောက်ပေါက်မာတွေနဲ့ တရုတ်နဲ့ တစ်ပြားသားမှ မတူပဲနဲ့ အညာသူမကြီးနဲ့သာ တူပါတယ်။ မသန်းစိန်လေး အိမ်ထောင်ကျတော့ ဗမာစစ်သားနဲ့ပါ။ သားသမီး ငါးယောက်ပွားစီးတာမှာ သမီးလေးတစ်ယောက်သာပါပါတယ်။
သားတွေချည်း၃ယောက်မွေးခဲ့ပြီး ၄ယောက်မြောက်မှ သမီးလေးမွေးတာပါ။ သမီးလေးမွေးတော့ ရန်ကုန်မှာ ရောက်နေပါပြီ။ အညာမှာနေတဲ့ မသန်းစိန်ရဲ့အဖွား ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေ ညီအစ်မဟာ မြစ်မလေးမှို့ လာကြည့်ချင်ပေမဲ့ အသက်က ၈၀ကျော်ဆိုတော့ ခရီးမသွားနိုင်တော့ပါဘူး။ မကြာခင်မှာပဲ ဒေါ် စပ်ဝေဆုံးပါတယ်။ စိတ်က ရန်ကုန်လာချင်စိတ်နဲ့ဆိုတော့ ဒေါ် သန်းစိန်က အဲဒါကိုစွဲပြီး အိမ်မက်မက်တယ်။ အဖွားဒေါ် စပ်ဝေဟာ အညာဖျင်တဘတ်လေး ခေါင်းပေါ်တင်လို့ အိမ်ကိုရောက်လာသတဲ့။ မကြာခင်ပဲ အဖွားမမြင်ဘူးလိုက်တဲ့ သမီးလေးအတွက် မောင်လေးတစ်ယောက်ဖြစ်လာမဲ့ ကိုယ်ဝန်ထပ်ရှိလာပြန်ပါတယ်။ အဲဒီသားလေးဟာ သူ့အဖွား ဒေါ် စပ်ဝေ ၀င်စားတယ်လို့ ချည်း ဒေါ် သန်းစိန် စိတ်ထဲ စွဲနေတော့တာပါပဲ။
တရုတ်စပ်အဖွားတွေ မမြင်ဘူးလိုက်တဲ့ သမီးလေးကို ဒေါ် သန်းစိန်တို့က ငယ်ငယ်က ၀၀ကစ်ကစ်လေးမှို့ ဘုတ်အီးမ ခေါ်ပါတယ်။ ကျောင်းထားတော့ ဆွိဆွိတီလို့ နာမည်ပေးပါတယ်။ ဘုတ်အီးမလေးကြီးလာတော့ စလုံးရွှေမြို့တော်ကြီးမှာ အလုပ်လုပ်ပြီး နေထိုင်ပါတယ်။ ဗမာနဲ့ပဲ အိမ်ထောင်ရက်သားကျပါတယ်။ ခုနက တရုတ်သွေးကိုပြန်တွက်ရရင် ဘုတ်အီးမမှာ တရုတ်သွေးက ပြား၂၀ဘိုးလောက်ပါနေပါတယ်။ မျက်နှာကျ အဆစ်အပေါက်က တရုတ်နဲ့တော်တော်ဆင်တယ်လို့ ဘုတ်အီးမက သူ့ကိုယ်သူထင်နေပါတယ်။
ဆွိဆွိတီခေါ် ဘုတ်အီးမငယ်ငယ်က နေပူထဲမှာ နှင်းဆီပန်းတွေခူးရလွန်းလို့ နေလောင်ပြီး အသားအင်မတန် ညိုပါတယ်။ အပျိုအရွယ်လေး ရောက်လာတော့ ပရိုမီနာတွေ အလိမ်းများလို့ မျက်နှာက အတော်ဖြူလာပါတယ်။ ပရိုမီနာ မရောက်တဲ့ လက်တွေ၊ ခြေထောက်တွေကတော့ ညိုမြဲပါ။ စလုံးမြို့ကြီးရောက်လာတော့ ပြား၂၀မဆွိတီဟာ ပရိုမီနာ တန်ခိုးနဲ့ တရုတ်သွေး ပြား၂၀ပေါင်းပြီး မကြာခဏ လူမှားခံရပါတယ်။ မဆွိတီကို စလုံးတွေက တရုတ်လို့ပဲ ထင်ကြတယ်။ အမေတို့ပေးတဲ့ နာမည်ကလဲ တရုတ်ဆန်ဆန် ဆွိတီဆိုတော့ ရုံးမှာဆိုလဲ တရုတ်လို့ပဲ ထင်နေကြတယ်။ မလေးရှားကတရုတ်လား၊ စလုံးတရုတ်လား၊ တရုတ်မျိုးနွယ်တစ်ခုခုကပေါ့။
ရှော့ပင်စင်တာသွားရင်၊ အပြင်သွားရင် တရုတ်လိုချည်းသာ လာလာပြောနေကြတော့တာပဲ။ Sorry ဆို နားမလည်တဲ့ပုံနဲ့ ပြောလိုက်ရင်တော့ Channel 8 ကနေ Channel 5 ကို လိုင်းပြောင်းပြောကြပါတယ်။ ဒီကြားထဲ မဆွိတီဟာ ဆံပင် အညိုရောင်လေးဆိုးပါတယ်။ လှချင်လွန်းလို့မဟုတ်။ အသက်ကြီးလွန်းလို့ မဟုတ်။ မျိုးရိုးအရ ဆံပင်ဖြူတွေ များလာတာ မနိုင်တော့လို့ ကာကွယ်ရအောင်ပါ။ အနက်ကြီးကျတော့လဲ တောကျတယ်ထင်လို့ အညိုရောင်ပြေပြေလေးပါတဲ့ ဆံပင်အရောင်ဆိုးရပါတယ်။ ဒီတော့ သူ့ကိုယ်သူ ဆံပင်အညိုရောင်နဲ့ စလုံးမတွေနဲ့ ခွဲမရအောင်တူနေပြီရယ်လို့တောင် ထင်နေသေးလား မသိနိုင်ဘူး။
ဟိုတနေ့က မဆွိတီ တစ်ယောက် သွားနေကျ ရှော့ပင်စင်တာကို ဈေးပတ်တယ်။ တီရှပ်ကလေးတွေ လှလို့ဆို ၀ယ်မယ်ဆိုပြီး fitting room ထဲမှာ try ပါတယ်။ အပြင်မှာ ဗမာလိုလေးတွေ ပြောသံ ခပ်သဲ့သဲ့ကြားနေရတယ်။ ထွက်လာတော့ ဗမာ အတွဲလေး နှစ်ယောက်။ ကောင်မလေး try မှာကို ကောင်လေးကပါ တန်းစီပြီးစောင့်နေတာ။ သူတို့တွေ ဗမာလို ပြောဆိုနေတာကို အသာအကဲခတ်နေတာပေါ့။ မသိရင် ဗမာပဲ မဟုတ်သလိုလို။ တစ်ခါတစ်လေလဲ မင်သေသေနဲ့ မသိချင်ယောင်ဆောင်ပြီး နေတတ်ပါတယ်။ အမြဲတမ်းကြီးတော့လဲ မဟုတ်ပါဘူး။
သူ try တဲ့ ဆိုဒ်က မတော်လို့ နောက်တစ်ထည်ယူပြီး တန်းစီတော့ စောနက အတွဲလေးနောက်မှာ။ သူတို့ အလှည့်ဝင်ပြီး ပြန်ထွက်လာတော့ ဟိုဘက်ငေးနေတဲ့ မဆွိတီကို လက်တို့ပြီး " အစ်မရေ ပြီးပြီ၊ ၀င်လို့ရပြီ " တဲ့ .... ဗမာလို ပီပီသသကြီး။ " ဟဲ့ ... နင်တို့က အစ်မကို ဗမာမှန်း ဘယ်လိုသိတာလဲ .." မေးတော့ ... " အစ်မကလဲ မြန်မာ ရုပ်ကြီးဟာကို ... အသိသာကြီး ... " တဲ့ ...
အော်မျိုးရိုးဆိုတာ မတိမ်ကောဘူး လို့။ ငါ့မှာ ပြား၈၀ ဗမာ ပါသေးသကိုးဟ ... လို့သာ သူ့ဟာသူတွေးမိပြီး ပြုံးနေတော့တယ်။
Saturday, December 5, 2009
Subscribe to:
Post Comments (Atom)
ပို့စ်လေးဖတ်ပြီးပြုံးမိသွားတယ် ။
ReplyDeleteကျွန်မလည်း တရုတ်လို ခဏခဏ လာပြောခံရတယ်။
ReplyDeleteတကယ်က တရုတ်သွေးလဲ လုံးဝမပါ၊ တူလဲမတူပါဘူး။ ရုံးကို ရောက်ကာစတုန်းက အသက်ကြီးကြီး S'porean ဦးလေးကြီးတစ်ယောက်က စီနီယာနဲ့ စကားပြောနေတုန်း "အော် မြန်မာလား၊ ငါက Chinese ထင်လို့ " လို့ ပြောဖူးတယ်။
ပန်းသေးတရုတ်မလို့ ထင်လား မသိဘူး။
မြန်မာပြည်မှာတုန်းကတော့ Indian လို့ ထင်ကြတာပါ။
ပိုစ့်ခေါင်းစဉ်တွေ့တော့ ဘုရားရေ... ဘာတွေကြောင့်များ ဒေါ်ဆွီတီက ပြား ၂၀ ဖြစ်ရတာလဲ ဆိုပြီး အလန့်တကြားနဲ့ မြန်မြန်လာဖတ်တာပါ...
ReplyDeleteအင်း... ဆွေမျိုးတွေ အတင်းစပ်ကြည့်ပြီး နဲနဲတော့ ရွာလည်သွားသေးတယ်... ထားပါလေ... ဘာပဲဖြစ်ဖြစ် တီတီဆွိကတော့ ပြား ၂၀ ဖိုးလို့ မှတ်ထားပါ့မယ်...။ သမီးလေး ဆိုရင်ကော... ဘယ်လောက်ဖြစ်မလဲပါ တခါတည်းစဉ်းစားနေမိသေး...
အမဆွိတီရေ။ တွက်ပုံတွက်နည်လေးမှတ်သွားတယ်။ အရင်ကဘယ်လိုတွက်ရပါ့ မလဲလို့ ခေါင်းခဲနေတာ။ ကျွန်တော်က ၁ကျပ်နဲ ငါးမူးနဲ့ ပေါင်းတာဆိုတော့ ၇၅ပြားပေါ့ ။
ReplyDeleteဟမလေး ... အရပ်ကတို့ရေ ... မှားနေပါတယ်။ ခုမှ ပြန်တွက်ကြည့်တာ။ ကိုယ့်မှာ အဲလောက်ပါတယ် ထင်နေတာ .... ခေါင်းစဉ်လဲရေးပြီးသားမှို့ မပြင်လိုတော့ပါဘူး။ ဟူး ... ဟူး ... ဒါကြောင့် သင်ချာ သိပ်တော်တဲ့ ကိုယ်တို့ ကျောင်းက မသက်ဝေတို့ ကိုကိုထက်တို့ တွက်လို့မရ မျက်စိတွေ လည်ကုန်တာ။ ကျမမှားနေတာပါရှင့်။ အမေ ဒေါ်သန်းစိန်က တမတ်၊ ကျမ မဆွိတီက အမေ့တစ်ဝက် ပြား၂၀တောင်မရှိ ... ၁၂ပြားခွဲသာရှိပါသရှင်။
ReplyDeleteပြန်ပြင်ဖတ်ချင်သူများ ၁၂ပြားခွဲ မဆွိတီလို့သာ ပြင်ဖတ်ကြပါကုန်။
တီဆွိ အလေးခိုးထားတယ်။:))
ReplyDeleteအ၀က်သားပဲရှိတာကို အစိပ်သား ပြောတယ်။
မအယ်
ဟုတ်သားပဲ အသိသာကြီးဟာကို........
ReplyDeleteဖွားစပ်ဝေမဘုတ်အီးတီတီဆွိရဲ့...းD
လူစိတ်ဝင်စားအောင်ရေးတတ်တယ်.. အဆုံးကျမှ ရယ်ရတာ... ခွီးခွီးနဲ့ နေတာပဲ...
းဝ)
တရုတ်ဖိုးဖိုးကြီးရဲ့ နာမည်မှာလည်း "လူ" ပါတယ်.. ဧကန္တ အမျိုးတွေလား မသိ...
ReplyDeleteးဝ)
ကိုယ့်ကိုကိုယ်တော့ မတွက်ကြည့်တော့ဘူး...မတွက်တတ်လို့..ဟီး.
ReplyDeleteနေဦး ပြီးမှ ယောက်ျားကို တွက်ခိုင်းလိုက်ဦးမယ်
ReplyDeleteအင်း... အန်တီဆွိအဖြစ်ကမှ တော်သေးတယ်။ ဘူးဂစ်က ထိုင်းဆိုင်မှာ တခါ နေ့လည်စာစားတော့ ဆိုင်ရှင်က ကျနော့်ကို မင်းက ဗမာမို့လားလို့ မေးတယ်။ ကျနော်က ဘယ်လိုသိလဲမေးတော့... မင်းရဲ့ ကိုယ်လုံးက Typical Burmese body မျိုးပဲ၊ သိတာပေါ့လို့ ပြောတဲ့အတွက် စိတ်ထဲမှာ အတော်အောင့်သွားရဘူးပါတယ်။ ဗမာနဲ့တူတယ်ပြောလို့ အောင့်တာမဟုတ်ပါဘူး။ သူ့ဘာသူ လှပဝဖြိုးနေတဲ့ ကိုယ်လုံးလေးကို လာခလုတ်တိုက်လို့ အောင့်တာပါ။
ReplyDeleteအဲလိုမှန်းတတ်တာ တော်တာပေါ့နော်
ReplyDeleteအရမ်းရီရယ်ဗျာ ကွန်မန့် တွေကလည်း ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ
ReplyDelete