ရှော့ပင်းစင်တာတွေ ရောက်ရင်လဲ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ Arrow တွေကြည့်ပြီး ဒါကတော့ MRT သွားတဲ့ လမ်း၊ ဒါကတော့ Toliet၊ ဒီလမ်းကတော့်Food court အစရှိသဖြင့် ကြည့်ပြီး သွားတတ်၊ မှတ်တတ်နေကြပါပြီ။ ဒီထဲ အားအကိုးရဆုံးကတော့ သမီးလေး ဂျူဂျူပေါ့။ သူက သွက်လဲသွက်၊ E လိုကလဲ ကောင်းကောင်းတတ်နေပြီဆိုတော့ သူ့ကြီးတော်ထက်တောင် တစ်ခါတစ်လေ အားကိုးရသေး။ သူ့ကြီးတော်နဲ့ အမေ ၂ယောက်လုံးကလဲ လမ်းတွေ ၊ direction နဲ ပတ်သတ်ရင် ခပ်ပိန်းပိန်းတွေကိုး။
မနေ့က ကိုယ့်အခန်းက အိမ်သာနံဘေး နံရံမယ် စာရွက်လေးတစ်ခု ကပ်ထားတာ တွေ့လိုက်မိတယ်။ ဘာများပါလိမ့်ဆို ဖတ်လိုက်တော့ မဂျူဂျူရဲ့ လက်ရာ လမ်းညွှန်ဆိုင်းဘုတ်ကြီးပါတကား။ ခပ်တည်တည်နဲ့ရေးပြီး အိမ်သာနားကပ်ထားတာ။ ဖတ်ပြီး ကြီးတော်ရော၊ အမေရော ရယ်လိုက်ရတာ။

း))))
ReplyDeleteချစ်စရာ သမီးလေးပဲ...
ReplyDeleteအမေနဲ့ ကြီးတော် လမ်းပျောက်မှာစိုးလို့ ထင်ပါ့..း))
So sweet… ဂျူဂျူက သူ့ အမေနဲ့ သူ့ အဒေါ် အိမ်သာပျောက်နေမှာ စိုးလို့ ထင်တယ်… အိမ်မှာလဲ သားက အခန်းဝမယ် staff only ဆိုတာကြီး ကပ်ထားလို့  သူငယ်ချင်းရေ… မြေပုံကြည့်တဲ့နေရာတော့ အညံ့ဆုံးပြန်ရင် တို့ က ပထမရမှာသေချာတယ်… ဆွိဆီက ပြန်သင်ရဦးမယ်…
ReplyDeleteကောင်းရော ...အဲလိုသွက်တဲ့ကလေးတွေအရမ်းချစ်တယ်
ReplyDeleteကလေးတွေ တကယ်ရယ်ရတယ်။
ReplyDeleteဂျူဂျူရော ၊ မတန်ခူးသားလေးရော
ကလေးတွေက လူကြီးတွေထက် ပိုတော်ပါပေတယ်...
ReplyDeleteးဝ)
လမ်းညွှန်လေးလုပ်ထားတဲ့ပုံလေးသဘောကျလိုက်တာ..
ReplyDeleteအခုခေတ်ကလေးတွေများ အရမ်းထက်တာဘဲ...
မရိုးနိုင်အောင်ကိုလုပ်တတ်တယ်...
ဂျူဂျူးလေးကတော့ တော်တော်သွက်မယ့်ပုံဘဲ...