ခုတော့ မဆီမဆိုင် list ထဲမှာ ဒေါ်ဆွိတီတစ်ယောက် ရှက်ကိုးရှက်ကန်း ကြီးနဲ့ အဖြစ်ကိုသာ မြင်ယောင်ကြည့်ကြပါတော့။ နဂိုကလဲ အပြင်မှာ လူထူထူဆို အင်မတန် ရှက်တတ်ပါတယ်။ လူထုပရိတ်သတ်ရှေ့ဆို လက်တောင်ဘယ်နားထားရမှန်း မသိတာပါ။ ဘွဲ့ယူတုံးကတောင် စင်ပေါ်မှာ အယောင်ယောင်အမှားမှားနဲ့ ဖြစ်နေလို့ အဟားခံခဲ့ရဘူးသူပါ။
ဘလော့ဂ်လာဖတ်တဲ့ ပရိတ်သတ်တစ်ယောက်က ပေးလိုက်သလား၊ ခင်တဲ့မင်တဲ့ သူငယ်ချင်းတွေကပဲ စာရင်းပေးလိုက်လား မသိပါ။ မိုးတိုးမတ်တတ်ကြီးတော့ ပါသွားပါတယ်။ အောက်မှာဆက်ကြည့်တော့ သူငယ်ချင်း တန်ခူးရဲ့ဘလော့လဲ တွေ့ပါကြောင်း။
ဒီပို့စ်ကိုရေးတဲ့ရည်ရွယ်ချက်က အဲဒီ ဘလော့ဂ် အကယ်ဒမီ list ထဲမှာ ဘလော့ဂ်ဂါ ကိုယ်တိုင် မသိလိုက်ရပဲ စာလာဖတ်သူ ပရီတ်သတ်တွေကနေပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကဖြစ်ဖြစ် စာရင်းပေးတာမျိုးတွေရှိနေပါတယ်ဆိုတာပါ။ ဒါမျိုး ကြိုက်သူလဲရှိမယ်။ မကြိုက်သူလဲရှိမယ်။ ဘယ်လိုမှ မနေသူလဲရှိမယ်။ နောင်နှစ်ရွေးပွဲအတွက် ဘလောဂါ အကယ်ဒမီစီစဉ်သူတွေ ဘက်က စဉ်းစားစရာ အချက်ပါ။
ကိုအန်ဒီရဲ့ ပို့စ် ကိုအောက်က လင့်မှာ ဖတ်နိုင်ပါတယ်။
http://wesheme.blogspot.com/2010/02/mbaa.html
တီဆွိရေ..အဲဒါအမှန်ဘဲ..
ReplyDeleteကူးကူးလဲ စာရင်းမပေးဘဲ... သူငယ်ချင်းတစ်ယောက် သူ့ ဘလော့ သွား vote ပေးပါဆိုလို့ဝင်သွားတာ..ကူးဘလော့ကြီးသွားတွေ့လို့ လန့်သွားတာ... ပီးတော့ အခုတစ်လော ဟိုကြားဒီကြား ဆိုတော့ ဘာမှန်းလဲမသိဘူး... ဘယ်သူစာရင်းသွားပေးလဲ လဲမသိဘူး...