Wednesday, February 24, 2010

သတို့သား နဲ့ ခင်စိန် ဇာတ်လမ်း

(ခေါင်းစဉ်က ခင်စိန်ဆိုတာ kissing ကို အကိုတစ်ယောက်က မြန်မာမှုပြုထားတာသဘောကျလို့ ယူသုံးထားတာပါ။)

ပြီးခဲ့တဲ့တနင်္ဂနွေက အိမ်ငှါးနေတုံးက အတူနေဘူးတဲ့ မောင်လေးတစ်ယောက် အိမ်သစ်တက်ပွဲကို သွားခဲ့ကြပါတယ် ... စီးပွားရေး အလုပ်အကိုင်လဲ အဆင်ပြေလို့ ၀မ်းသာရပါတယ် ... မဆွိတီမှာ သူနဲ့ပတ်သတ်လို့ ရယ်ခဲ့ ရတာလေး သတိရလို့ ဖောက်သည်ချရအုံးမယ် ... နာမည်က ကိုသက်ပဲဆိုပါစို့ရဲ့ ... ကိုသက်က လူပုံစံကရော နေပုံထိုင်ပုံ အင်မတန်ရိုးပါတယ် ... အောက်အရပ် စကားဝဲတဲ့ဘက်ကပါ။ စကားပြောပုံဆိုပုံကအစ ၀ဲတဲတဲနဲ့ ရိုးရိုးကြီးပါ။ တစ်နေ့တော့ သူ့ကောင်မလေးလဲ စလုံးမှာကျောင်းပြီးလို့ ROM (Registry of Marriage) မှာ လက်ထပ်ကြဘို့ စီစဉ်ကြပါတယ်။ အဲဒီအချိန်က မဆွိတီတို့ကလဲ ROM မှာပဲ လက်ထပ်တာ တစ်နှစ်ကျော်ကျော်လောက်ပဲရှိအုံးမယ်။

သူများနိုင်ငံမှာ လက်ထပ်တာဆိုတော့ သူတို့ ဓလေ့ထုံးစံတွေနဲ့ ကမောက်ကမ မဖြစ်ရလေအောင် ကိုယ့်တုံးကအတွေ့အကြုံလေးတွေ ပြောပြရတာပေါ့ ... အဲဒီတုံးကတော့ ROM လက်ထပ်တဲ့သူတိုင်း တရားသူကြီးနဲ့ အသိသက်သေတွေရှေ့မှာ ဗိုလ်ဆန်ဆန် နှုတ်ခမ်းချင်းထိ နမ်းရတယ် ... လက်ထပ်လက်စွပ်လဲပြီး ချိန်ထင်တာပါပဲ ... ကိုယ်တွေက ဗမာလူမျိုး ... ဒါမျိုးရှက်စရာလို့ သဘောထားသူတွေ ... လူရှေ့သူရှေ့ကြီးဆိုတော့ မျက်နှာပူတာပေါ့လေ... ကိုယ်တွေတုံးကတော့ ဟန်ပြရုံလေးသာ လုပ်ခဲ့တာပါ ... အဲဒီဟာက ကိုယ်လို လူတွေအတွက် အထူးအဆန်းဆိုတော့ ပြောပြထားရတာပေါ့ ... ကိုသက်ရေ ... အဲလိုပဲ တရားသူကြီးရှေ့ ခင်စိန်ပေးရမှာနော်ဆို ... လူရိုးကြီးက ရှက်ပြုံးကြီးနဲ့ ရယ်နေသေးတယ် ...

အဲဒီနေ့ရောက်တော့ တရားသူကြီးရှေ့မှာ သူတို့ ၂ယောက်ကထိုင် ... မဆွိတီတို့က ဘေးက တစ်ဖက်တစ်ချက်ပေါ့ ... မဆွိတီတို့ လင်မယားက အသိသက်သေအနေနဲ့လက်မှတ်ထိုးဘို့ပါ ... ကိုသက်က ခုနကပြောတဲ့ ကိစ္စကို တော်တော်မဲတင်းထားပုံရပါတယ် ... တရားသူကြီးဖတ်နေတာတွေတောင် နားထဲဝင်ရဲ့လားမသိပါ ... မဆွိတီတို့ကလည်း သူ့ကိုဘယ်အချိန်မှာ အဲဒီကိစ္စပြုရမည်လဲဆိုတာ ထည့်မပြောမိလေတော့ သူ့မှာ တရားသူကြီးက စာတစ်ပ်ုဒ်ဆုံးလို့ တံတွေးမြိုချဘို့ ခဏနားတိုင်း အချိန်အခါကျပြီထင်လို့ သူ့ခေါင်းကြီးက သတို့သမီးနားကပ်ကပ်သွားပါတယ် ... သူ့ပါးစပ်ကြီးကလဲ .... သတို့သမီးမျက်နှာနား တ၀ဲလယ်လယ်ပေါ့ ...

တရားသူကြီးက အဟမ်းဆိုပြီး နောက်တစ်ပိုဒ်ပြန်စမယ်လုပ်မှ သူ့ခေါင်းကြီးက နဂိုနေရာပြန်ရောက်သွားပါတယ် ... နောက်တစ်ပိုဒ်နားပြန်တော့လဲ ဒီလိုပါပဲ ... သူ့ဟာက တရားသူကြီး တစ်ပိုဒ်နားတိုင်း သူခေါင်းကြီးက ဟန်ရေးတပြင်ပြင်နဲ့ဆိုတော့ မဆွိတီတို့က ပြုံးစိစိ ဖြစ်နေပါပြီ ... နောက်ဆုံးတရားသူကြီးတောင် ဖတ်ရင်းနဲ့ ပြုံးပြုံးကြီးဖြစ်လို့ ... အချိန်အခါကျတော့မှ သူ့မှာ ရှက်ရှက်ကြီးနဲ့ အဲဒီကိစ္စပြီးမှပဲ စိတ်ဒုံးဒုံးချနိုင်ပါတော့တယ် ... မဆွိတီတို့မှာလဲ အခန်းထဲကထွက်မှ အောင့်ထားရတာ လွတ်လွတ်လပ်လပ် ရယ်နိုင်ပါတော့တယ် ...

ဘာပဲပြောပြော သူ့လက်ထပ်စာချုပ်လက်မှတ်ထိုးပွဲလေးက ပျော်စရာ ရယ်မောသံတွေနဲ့ ...

9 comments:

  1. ခင်စိန်က အတော် ဒုက္ခပေးတာပဲ။ ရယ်လိုက်ရတာ...။

    ReplyDelete
  2. တီတီဆွိတို့တုန်းကတော့ မခင်စိန်ကြောင့် ပြဿနာမကြုံခဲ့ရဘူးပေါ့...

းဝ)

    ReplyDelete
  3. ဟုတ်ပါတီဆွိရေ..မြန်မာတွေအနေနဲ့တော့ အမြင်ရိုင်းသလိုဖြစ်ပီး ရှက်စရာဖြစ်ပေမယ့် ဒီမှာကတော့ မင်္ဂလာပွဲသွားတိုင်းတွေ့နေရတော့ နဲနဲတော့ ရိုးလာပီ.း)

    ReplyDelete
  4. ဘယ်မှာလဲမသိတော့ဘူး ဖတ်ဖူးတာတော့ အဲလို ခင်စိန်ပေးခါနီးမှာမှ သတို့သမီးအဖေ ထသောင်းကြမ်းလို့ ပွဲပျက်ပြီး နောက်၃လစောင့်ရတယ် ဆိုတာလေး...။
    အော်.. ဒီမှာပါ.. ခုပဲပြန်ရှာကြည့်တာ အမှတ်ထင်ထင်လေး..
    http://phoonuthit.blogspot.com/2009/03/blog-post_618.html

    ReplyDelete
  5. ခင်စိန်အကြောင်းကတော့ တကယ်ပါပဲ :D
    TTSweet တုန်းကတော့ အားလုံး အဆင်ချောခဲ့တယ် မဟုတ်လားဟင်...။ နောက်စ်

    ReplyDelete
  6. သူငယ်ချင်းရေ ကိုယ်တို့ တုန်းက အဲလို ခင်စိန်လုပ်ပါဘူး… ရိုးရိုးတန်းတန်း ပါးလေးနဲ့ ပြီးသွားတာပါ… ကိုယ့်လူကြီးကို ပြန်မေးကြည့်ဦးနော်.. ဘယ်သူမြှောက်ပေးတာလဲလို့ … ဟိ

    ReplyDelete
  7. ဆွိ တုန်းကရော ဟင်....ချောချော မောမောပဲ မှုတ်လား...ခိခိ...:))
    တို့တုန်းက အဲလိုလည်း လုပ်ရဝူး.....

    ReplyDelete
  8. kmm ရေ လင့်လေးအတိုင်းသွားဖတ်ကြည့်တာ ရယ်မှရယ်ရ ... အဲဒီအဖြစ်က ပိုဆိုးတယ် ... ကျေးဇူး ...

    တန်ခူးပြောမှပဲ အဲလိုလဲရတယ်ဆိုတာ သိတော့တယ် ... ဒီက အညာခံလိုက်ရတောပေါ့

    ကိုယ်တုံးက ချောချောမောမော ခင်စိန်ခဲ့ရဲ့လား ဆိုတော့ကာ ...အင်း ...

    အကိုတို့ကလဲ ရှက်စရာ ...ဘာတွေ ပြောနေတာ ... (ပွင့်အသံဖြင့်ဖတ်ပါရန်)

    ReplyDelete
  9. ခင်စိန် ခင်စိန် ပြောချင်ဘူးနော် မေးနဲ့။:)
    ပွင့်အသံဖြင့် ဖတ်ပါရန်။

    တီဆွိ မအယ်လည်း ပွင့်ကို ကြိုက်တယ်။ အရမ်းရီရတယ် သူက။ အကျီ င်္တွေလည်း လှတယ်။

    မအယ်

    ReplyDelete