Friday, February 19, 2010

Singapore Universal Studio သို့ တစ်ခေါက် - (အပိုင်း -၂)

အပိုင်း (၁)ကို တင်ပြီးတော့ လက်မှတ်အကြောင်းမေးကြလို့။ တကယ်တော့ သူငယ်ချင်းကနေ သွားကြည့်မယ် လိုက်မှာလား။
လက်မှတ်ဝယ်နေတယ်။ ပိုဝယ်လိုက်ရမလားဆိုလို့သာ မှာလိုက်တာ။ ကိုယ်လဲ လက်မှတ်အကြောင်း သေသေချာချာသိတာ မဟုတ်ပါ။ ဒါနဲ့ ၀ယ်သူကို ဖုန်းဆက်မေး၊ အင်တာနက် ဖိုရမ်တွေက ရှာတော့မှ ဒီအစမ်းဖွင့်ပွဲလက်မှတ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက sold out ဖြစ်သွားတာပါတဲ့။
တကယ်က ဒီအစမ်းဖွင့်ပွဲကို တရုတ်နှစ်သစ်ကူး promotion အနေနဲ့ အလကားပြတဲ့သဘောပါပဲ။ လက်မှတ်နဲ့ အထဲမှာ ၁၀တန် dinner free ကျွေးပါသေးတယ်။ Strait Times မှာ သတင်းပါမယ်နဲ့တူပါတယ်။ မသိသူကျော်သွားတာပါ။
တကယ်ဖွင့်တဲ့အခါကျမှသာ 4D animation တွေ နဲ့ ရှိုးတော်တော်များများ ကြည့်လို့ရမှာပါ။ ရိုလာကိုစတာလဲ စီးလို့ရပါမယ်။
ဝင်ကြေးက ၇၀လောက်တောင်ရှိမယ်ပြောနေပါတယ်။

ပုံများကို အကျယ်ချဲ့ကြည့်လိုလျင် ပုံကို ကလစ်ပါ။ Resolution ကောင်းကောင်းနှင့် တင်ထားပါသည်။

ကာစီနိုမှ ယူနီဗာဆယ် စတူရီယိုသို့အသွား လမ်းမှာတွေ့တာလေးတွေ ရိုက်ထားတာပါ။






Far Far Away မှာ ရိုက်ခဲ့တာလေးတွေ




Ancient Egypt မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။













Sci Fi City


အပြန် ဟောလီးဝုဒ်ဘက်မှ ဖြတ် အပြန် လမ်းရှုခင်းလေးတွေ ။










7 comments:

  1. ကြော်အောင်ညာတဲ့သူမှာ အပြစ်ရှိတယ်

    ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံယူပါ
    မငြင်းနဲ့ ကျောက်ကျော ကိစ္စအခဲမကြေသေးပါ :P

    ReplyDelete
  2. ပုံတွေ သေချာကြည့်သွားတယ်။ အမက ရိုလာကိုစတာ စီးရတာ ကြိုက်တယ်။
    4D ဆိုတာလည်း မြင်လိုက်သလိုပဲ ဟဲဟဲ

    ReplyDelete
  3. 4D လာရင် Sherek 4D သွားကြည့်ဖြစ်အောင် ကြည့်ပါ။ ချိုသင်း အကြိုက်ဆုံး ရှိုးမို့ပါ။ ဒါနဲ့ မဆွိက အ၀ါလေးနဲ့များလားးးး :)

    ReplyDelete
  4. အဲဒီနေရာကို လည်ချင်လိုက်တာ.. တော်တော်ပျော်စရာကောင်းမယ်နော်း)

    ReplyDelete
  5. အန်တီဆွိရေ..
    အမြဲလာဖတ်နေကြပါ၊ ကွန်မန့်တွေသာ မမန့်ဖြစ်ချင်ရှိမယ်။ MMCP မှာထဲက အမဆွိတီကို သိခဲ့တာပါ။ :)
    ဂျူဂျူးလေး universal studio မှာအတော်ပျော်ခဲ့မှာပဲနော်။
    အဲဒီနေရာက လည်စရာပတ်စရာတွေ အများကြီးအကျယ်ကြီးပါလား။
    မရောက်ဘူးသေးပေမယ့် ပုံတွေကြည့်ရတာကိုက ကိုယ်တိုင်အလည်သွားလိုက်သလိုပဲ။

    ReplyDelete
  6. မဆွီရေ အဲဒါ ဘယ်မှာ ဆောက်ထားတာလဲ စဲန်တိုဇာမှာလား
    www.saundoo.blogspot.com

    ReplyDelete
  7. အမောင်ရွာသား ... ကျောက်ကျောကိစ္စ ဒီကလည်း မမေ့သေးပါကြောင်း။ အနိတီသက်ဝေကြားရင် လာဆူနေဦးမယ်နော်။ ရှူး ... တိုးတိုး ...

    မသီတာရေ ... 4D မကြည့်ဘူးလို့ ကြည့်ချင်တယ်။ ရိုလာကိုစတာတော့ ကြောက်ကြောက် ... အစ်မ သတ္တိတော်တော်ကောင်းတယ်နော်။

    မချိုသင်း ... အ၀ါလေးဆိုလို့ ပြန်ကြည့်လိုက်ရတာ ... ဒန် ... ဒန် ... ဒန် .. အဲလိုတော့ မ၀တ်ရဲသေးဘူးလေ။ လာလည်တာကျေးဇူးနော်။

    လသာည ဘလော့က ညီမလေး။ စလုံးကဆိုရင်တော့ ဖွင့်ရင် သွားလည်လို့ရပါတယ်။ ပိုက်ပိုက်ပဲလိုတာ ...း(

    ခပ်မြင့်မြင့်ရေ ... ကျေးဇူးနော် ... သမီးတို့ ခလေးတွေ အရမ်းပျော်ပါတယ်။

    ညီမငယ်ဆောင်း ... ဟုတ်ပါတယ်။ အဲဒါဆန်တိုစာမှာပါ။ အပိုင်း (၁)မှာ သေချာရေးထားပါတယ် ညီမ။

    ReplyDelete