Sunday, March 21, 2010

ကြက်ကာလသမီးချက်

ဒီဟင်းကို လွန်ခဲ့တဲ့ ၇နှစ်၊ ၈နှစ်လောက် မြန်မာပြည်ပြန်တုံးက နာမည်ကြီး မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ စားဘူးတာပါ။ သူချက်ထားတဲ့ ကြက်သား ကာလသမီးချက်လေးက စပါးလင်နံ့လေးမွှေးပြီး စားကောင်းလွန်းလို့ အမှတ်တရပါပဲ။ ကြက်သား ကာလသားချက်ကိုပဲ နာမည်လေးထူးအောင်ပေးပြီး ဟင်းချက်နည်းလေး နဲနဲဆန်းထားတာပါ။ စားပြီးတော့ ဟင်းချက်နည်း စာအုပ်လေးပါ လာရောင်းလို့ ၀ယ်ထားလိုက်ပါတယ်။ နန်းစန်းစန်းအေးရဲ့ အဓိပတိ ဟင်းချက်နည်း နှင့် ဟင်းအတွဲအစပ်များ စာအုပ်လေးပါပဲ။

စင်္ကာပူပြန်ရောက်တော့ စာအုပ်ထဲမှာပါတဲ့ ကြက်သားကာလသမီးချက်ကို သူပြောတဲ့ အတိုင်းချက်ကြည့်ပြီး အလွန်ကြိုက်လို့ အိမ်မှာ မကြာခဏချက်စားတဲ့ ဟင်းတစ်ခွက် ဖြစ်ခဲ့ပါတယ်။ ခုတော့ အိမ် ၇အိမ်လောက် ပြောင်းအပြီးမှာ စာအုပ်လဲပျောက်၊ ဟင်းချက်နည်းကလဲ နဲနဲတော့ ကွဲလွဲနေမလား မသိနိုင်တော့ဘူး။ ပြီးခဲ့တဲ့ အပတ်က ချက်ထားတဲ့ ဟင်းလေးကတော့ စားလို့ကောင်းဆဲပါ။ ဓာတ်ပုံလေးတွေ ရိုက်ထားလို့ ရှယ်ပေးလိုက်ပါတယ်။ ဆန်းဆန်းပြားပြားဟင်းတစ်ခွက် မဟုတ်ပေမဲ့ ချက်ရလွယ် စားလို့လဲ ကောင်းပါတယ်။ အရင်က ကိုယ်ချက်ဘူးတဲ့ ကာလသားချက်ထက် အများကြီး အရသာရှိပါတယ်။ အဲဒီတုံးက စပါးလင်နဲ့ ငါးငံပြာရည်မထည့်ပါ။

ကြက်သားကို ခုတ်ထစ်ပြီး ငါး(သို့) ပုဇွန်ငံပြာရည်၊နနွင်းအနည်းငယ်၊သကြားအနည်းငယ်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ခရမ်းချဉ်သီး ၂လုံးခန့် လှီးထားတာရယ်၊စပါးလင်၊ ကြက်သွန်ဖြူ၊-နီ၊ထောင်းထားတာနဲ့ နယ်ပြီး ၁၅မိနစ်ခန့် နှပ်ထားပါ။ နယ်တဲ့အခါ အသားထဲ ဆားပျားရောက်အောင် လက်နဲ့ နာနာဖိ၊ ဆုတ်နယ်ပေးဖို့တော့ လိုပါတယ်။
ကြက်သားအပြင် ကြက်ခြေထောက်ရိုးလို တောင်ပံမျိုးလို လည်ပင်ရိုးလို အရိုးများများနဲ့ ချက်ရင်တော့ ဟင်းက ပိုချိုမှာ အသေအချာပါပဲ။





ငရုပ်သီးခြောက် အတောင့်လိုက် ၃-၄တောင့်လောက်ထည့်ပြီး မီးအနေတော်နဲ့ တည်ပါ။



တည်နေရင်း ဆီသံဖျစ်ဖျစ် မြည်ရင် အသာမွှေပေးပါ။ ကပ်ခါနီးပြီဆို ငရုပ်ဆုံဆေးရေလေးထည့်
ကြက်သားကျက်လောက်အောင် မီးအေးအေးနဲ့ အဖုံးပိတ်ပြီးတည်ထားပါ။ စလုံးက ကြက်သားကတော့နုတော့ ၁၅မိနစ်လောက်ဆို ရပါပြီ။ ကြက်သားနူးပြီဆို ဗူးသီး အတုံးကြီးကြီး တုံးထားတာကိုထည့်၊ ရေမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ထပ်တည်ပါ။ ဗူးသီးလဲနူး ကြက်သားထဲက အချိုရည်လဲ ဗူးသီးထဲ စိမ့်ဝင်ပြီဆို ရေစပ်စပ်လေးနဲ့ စပါးလင်နံ့သင်းတဲ့ ဗူးသီးကာလသမီးချက်ရပါပြီ။ ပိုမွှေးအောင်ချခါနီး ငရုပ်ကောင်းလေးထပ်ထည့်ပါ။ဆားပေါ့ရင်တော့ ငါးငံပြာရည်လေးခပ်ပါ။ အိမ်မှာတော့ အဲဒီဟင်းချက်ရင် ဟင်းအစပ်အနေနဲ့ သခွါးသီးကိုခြစ်၊ သံပုရာသီး၊ မြေပဲဆံထောင်းနိုင်နိုင်နဲ့ သုတ်တာမျိုး၊ ခရမ်းချဉ်သီးသုတ် လိုဟာမျိုးနဲ့ စားလေ့ရှိပါတယ်။





ခူးခပ်ပြီး စားဖို့ရာ အဆင်သင့်။ ပဲတီချဉ်သုတ်လေးနဲ့။




ပဲတီချဉ် ပြုလုပ်နည်း
ဆန်ဆေးရေ မိုင်လို ပုလင်းလောက်အရွယ် ပုလင်းထဲထည့် ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့် ၊ ထမင်း စားပွဲဇွန်းတစ်ဇွန်း ချေထည့် (မခဲနေရဘူးလို့ ဆိုလိုတာပါ) ပြီးရင် ပဲတီချဉ်ကို လုံးဝ၊ လုံးဝ ရေမဆေးပဲ ဈေးက၀ယ်လာတဲ့ အတိုင်းထည့်၊ ပုလင်းအဖုံးလုံအောင်ပိတ်၊ ၃ရက်တိတိ အဖုံးမဖွင့်ပဲ ထားပါတဲ့။ အပေါ်မှာ ပုလင်းအရွယ်လေး မှန်းရလွယ်အောင် ပုံလေး တင်ပေးထားပါတယ်။ ချဉ်ရင်လဲ ပြောကြပါဦးနော်။

18 comments:

  1. စားချင်စရာလေး...
    နဲနဲလောက် ကျွေးပါ...း))

    ReplyDelete
  2. စားချင်စရာ...အရောင်ကဆွဲဆောင်တယ်... ဟူးးးးးးးး
    တီဆွိကြက်သားကာလသမီးချက်လေးကြည့်.. ကြက်ဥကြော်နဲ့လွေးလိုက်ပါအုံး မယ်။။။

    ReplyDelete
  3. ကောင်းမဲ့ပု့ဘဲ ပဲတီချဉ်.ကိုယ့်ဘာသာကိုယ်တည်တာလား။

    ReplyDelete
  4. ကာလသားချက်ဆိုတာ ကာလသားတွေ ဆွဲလို့ရတဲ့ ကြက်ကို ညဘက်မှောင်မှောင်မည်းမည်းမှာ တတ်သလောက်မှတ်သလောက် နည်းနဲ့ တိုးတိုးတိတ်တိတ် ချက်စားကြတာမျိုးလေ...

    တီတီဆွိရဲ့ ကာလသမီးချက်ကလည်း ကြည့်ရတာကိုက သွားရည်ကျချင်စရာဗျ...

    ရှ..........................လွတ်

းဝ)

    ReplyDelete
  5. တီတီဆွိ တော်တော် စားလို့ ကောင်းမယ်နော်။ မအယ်တို့လည်း ကြက်သား ဘူးသီး ကို ငြုတ်ကောင်းခပ် နံနံပင် ထည့်ပြီး ခပ်ပျစ်ပျစ် ချက်စားတတ်တယ်။ ပုဇွန်ချဉ် သုပ်နဲ့လေ။


    ဘာဖြစ်လို့ သကြားထည့်ချက်တာလဲ။ ကြက်သား ဘူးသီးက ငံပြာရည် အချိုမှုန့် မထည့် တာတောင် သူဖာသာ တော်တော် ချိုတယ် တီတီ ဆွိရ။


    မအယ်

    ReplyDelete
  6. ဘာပို့စ်တင်တင် ကွန့်မန့်လေးတွေနဲ့ အားပေးတဲ့ သူငယ်ချင်းမသက်ဝေနဲ့ အတူ လာရောက် လည်ပတ်သူများ ကျေးဇူးတင်ပါတယ်။

    စန္ဒကူးရေ၊ ချက်ရတာ အရမ်းလွယ်တယ် ။ ချက်စားနော်။

    အစ်မကွန်း ပဲတီချဉ်က အိမ်က သမီးကြီးတော် တည်ပေးတာပါ။ ၃ခါမြောက်လောက်တည်တာမှာ ပဲတီချဉ်တွေ ရိကုန်လို့ လုပ်နည်းလေးတင်ဖို့ဟာ စမ်းသပ်တုံးရှိသေးတယ်။ ပဲပင်ပေါက်ကို ရေဆေးမိလို့ဆိုလား ပြောပါတယ်။

    ဆန်ဆေးရေ မိုင်လို ပုလင်းလောက်အရွယ် ပုလင်းထဲထည့် ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့် ၊ ထမင်း စားပွဲဇွန်းတစ်ဇွန်း ချေထည့် (မခဲနေရဘူးလို့ ဆိုလိုတာပါ) ပြီးရင် ပဲတီချဉ်ကို လုံးဝ၊ လုံးဝ ရေမဆေးပဲ ဈေးက၀ယ်လာတဲ့ အတိုင်းထည့်၊ ပုလင်းအဖုံးလုံအောင်ပိတ်၊ ၃ရက်တိတိ အဖုံးမဖွင့်ပဲ ထားပါတဲ့။ အပေါ်မှာ ပုလင်းအရွယ်လေး မှန်းရလွယ်အောင် ပုံလေး တင်ပေးထားပါတယ်။ ချဉ်ရင်လဲ ပြောကြပါဦးနော်။

    ကိုလူထွေး ပြောမှပဲ ကြက်ကာလသားချက် ရာဇ၀င်သိတော့တယ်။ ရယ်ရတယ်။


    မအယ်ရေ မအယ်ပြောတာ သိပ်မှန်တယ်။ အချိုမှုန့်မပါ ဘာမပါနဲ့ ကြက်သားနဲ့ ဗူးသီးကို အဲလို ငံပြာရည်နဲ့ ချက်တာလောက် ချိုတဲ့ဟင်း မတွေ့ဘူးသေးဘူး။ သကြားကတော့ မဆွိတီက အိမ်မှာ အချိုမှုန့်လဲမသုံးလို့ ဟင်းချိုသထက်ချိုချင်လို့ နည်းနည်းလေးထည့်ပါကြောင်း။ ဟုတ်တယ်။ ပုဇွန်ချဉ်သုတ်၊ ငါးချဉ်သုတ်လိုဟာမျိုးနဲ့ သိပ်လိုက်။

    ReplyDelete
  7. ရှလွတ် ဂလု ပလပ် ဒေါ်ဆွီတီရေ ဗိုက်ချာနေပါတယ် ဆိုမှဗျာာာ လုပ်ရက်တယ် စားချင်ချာကြီးတော့ အဟီးးးးးးးးးးးးးး သွားရည်တွေ သိမ်းပြီး ပြန်သွားပြီ ဗျိုးးး တာ့တာ လိုက်ခေါ်နဲ့တော့ ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးးးးးး

    ReplyDelete
  8. အပေါ်က ၀က်ဝံလေး ... ဖတ်ပြီးရယ်လိုက်ရတာ ... ၀က်ဝံဆိုတော့ ဒုန်းဒုန်းမြည်တာပေါ့ ...

    ဒါပေမဲ့ ၀က်ဝံတွေ ကြက်ကာလသမီးချက်ကြိုက်တာ ဒီတစ်ခါပဲ တွေ့ဘူးသေးတယ် ... မသကာ ပျားရည်လေးဘာလေး ရက်ပေါ့ ... ဟားဟား ...

    ReplyDelete
  9. ဗိုက်တောင်ဂွိဂွိမြည်သွားတယ် ဖတ်တာကလည်း ၁၁း၄၈ ကိုး

    ReplyDelete
  10. အဲဒီဟင်း စားချင်တယ် စားချင်တယ်..။ ဓါတ်ပုံလေးတွေက အရမ်းကို ဗိုက်ဆာစေတာပဲ..။
    ဘူးသီးလည်း မစားရတာ ကြာပေါ့ အီးးးးးးးးးးးးး :'(

    ReplyDelete
  11. စားချင်လို့ ငိုပြန်သွားတယ် ;)

    ReplyDelete
  12. ကာလာသားချက်မှာ ဆေးခြောက်တွေ ထဲ့ချက်ကြတယ်တဲ့

    ReplyDelete
  13. နှစ်မျိုးလုံး အရမ်းကြိုက်ပါသည်။ ပဲတီချဉ်ကို အိမ်မှာ ကြော်စားတတ်တယ်။

    ReplyDelete
  14. ကြိုက်တယ်... ဒါမျိုးချက်မစားဖြစ်တာတောင်ကြာပြီ... ပဲတီချဉ်တည်ရင် ရေမဆေးရတာခုမှသိတယ်... ဒါကြောင့် ကျမစိမ်တဲ့ဟာတွေ အထားမခံတာကိုး... ခုတော့သိပြီ... ကျေးဇူး

    ReplyDelete
  15. စားသွားပါတယ်ဗျို့

    ReplyDelete
  16. ဒီနေ့ချက်စားလိုက်ပါတယ်။ ကျေးဇူး။ ပဲတီချဉ်သုတ်တော့မပါဘူး။ ဒီက ယူရစ်အက်ဆစ်များတတ်တော့ မတည့်လို့ သရက်ချဉ်သုတ်လေးနဲ့ စားလိုက်မယ်နော်။ ကျေးဇူး...နောက်တခါ

    ReplyDelete
  17. ကြက်ကာလသားချက်ပဲစားဖူးတယ်။ကြက်ကာလသမီးချက်မစားဖူးဘူး။စားကြည့်ချင်တယ်။

    ReplyDelete
  18. ချက်ကြည့်ပါအုံးမယ်

    ReplyDelete